Pages

Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Friday, March 28, 2014

အန်ဂျီအိုဝန်ထမ်းမှ သာသနာ့အလံအား မဖွယ်မရာပြုမှုကြောင့် စစ်တွေမြို့တွင် လူထုအုံကြွမှုဖြစ်ပွား

မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့မှာ ရုံးစိုက်ထားတဲ့ မာတီဇာအန်ဂျီအိုဝန်ထမ်း အမေရိကန်အမျိုးသမီးတစ်ဦးဟာ အစိုးရရဲ့သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့အနေနဲ့ လွှင့်ထူထားတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ့အလံကို ဆွဲဖြုတ်ပြီး ထမီကဲ့သို့ တင်ပါးမှာပတ်ကာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် စစ်တွေမြို့ခံ အရေအတွက် ရာဂဏန်းလောက်ဟာ မာတီဇာအန်ဂျီအိုရုံးကို ၀ိုင်းရံပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။


မတ်လ ၂၇ရက်နေ့ နံနက်ပိုင်းမှာတော့ အန်ဂျီအိုတွေကို မကျေနပ်တဲ့ စစ်တွေမြို့ခံတွေဟာ စစ်တွေမြို့တွင်းက အန်ဂျီအိုတွေငှားရမ်းထားတဲ့ အိမ်တွေကို ကျောက်ခဲများနဲ့ ပစ်ပေါက်လို့ အဲဒီအိမ်တွေမှာ ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေက အန်ဂျီအိုဝန်ထမ်းနိုင်ငံခြားသားတွေကို လုံခြုံရေးယူပြီး နေအိမ်တွေကနေ စစ်တွေဟိုတယ်ကို ခေါ်ထုတ်သွားကြပါတယ်။ အဲဒီအချိန်မှာ ဦးဥတ္တမလမ်းက ဒုရဲအုပ်အငြိမ်းစား ဦးခင်မောင်ဝင်းရဲ့အိမ်မှာ ငှားရမ်းထားတဲ့ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) က ၀န်ထမ်းနိုင်ငံခြားသားတစ်ဦးက အိမ်အပေါ်ထပ်ကနေ ဆန္ဒပြနေတဲ့လူတွေကို ဓာတ်ပုံလှမ်းရိုက်တာကြောင့် လမ်းပေါ်ကလူတွေက အဲဒီအိမ်ကို ကျောက်ခဲများနဲ့ ၀ိုင်းပစ်ကြလို့ နေအိမ်ပြတင်းပေါက်များနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့နေရာ စုစုပေါင်း ၆နေရာရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် အန်ဂျီအိုတွေဟာ တရားမ၀င်ဘင်္ဂလီလူမျိုးတွေကို တစ်ဖက်သတ်အကူအညီပေးပြီး ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေကို မမှန်မကန်သတင်းလွှင့်လေ့ရှိတာကြောင့် ဒေသခံရခိုင်လူမျိုးများနဲ့ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တာ တော်တော်ကြာပါပြီ။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ဘင်္ဂလီအရေးဖိအားပေးတောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံသား

Sunday, February 9, 2014

ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်

ကေဇူး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။

Thursday, January 30, 2014

ရခိုင်တွင် အခြေအမြစ် မရှိသည့် သတင်းထုတ်ပြန်မှုများ အဖြစ်မှန်ပေါ်ပေါက်လျှင် ပြည်သူက ခွင့်လွှတ်မည် မဟုတ်ဟု ပြည်ထဲရေးဝန်ကြီးပြော

30.1.2014

ရန်ကုန် ။ ။ ရခိုင်တွင် အခြေအမြစ်မရှိသည့် သတင်းထုတ်ပြန်မှု များကြောင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေ သဖြင့် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည်သူများက ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြော ကြားလိုက်သည်။

ဇန်န၀ါရီ ၂၈ ရက် နိုင်ငံခြားရေးရုံးတွင်ကျင်းပ သည့် ရခိုင်ပြည်နယ် ဒုချီးရားတန်းဖြစ်စဉ် နှင့် ပတ်သက်ပြီး နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ““အဖွဲ့အစည်းတွေအနေနဲ့ သတင်းများ ထုတ်ပြန်တဲ့အခါမှာ လုံလောက် ခိုင်မာတဲ့ အချက်အလက်များ အပေါ်မူ တည်ပြီး ထုတ်ပြန်သင့်ပါတယ်။ သတင်းအခြေ အမြစ်မရှိတဲ့ ထုတ်ပြန် ချက်တွေဟာ အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေး ကို အဟန့်အတားဖြစ်ပြီး ထိခိုက်စေနိုင်တဲ့အတွက် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည် သူတွေက ခွင့်လွှတ်နိုင်မှာမဟုတ် ပါဘူး””ဟု ပြောကြား ခဲ့သည်။

ဒုချီးရားတန်းကျေးရွာသို့ ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် တပ်ကြပ်ကြီး တစ်ဦး ပျောက် ဆုံးမှုကြောင့် ဒုချီးရားတန်းကျေးရွာရှိ ရွာသား ၄၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာသတင်း ဌာနတချို့တွင်ဖော်ပြခဲ့ ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က ““အေပီသတင်းဌာနကို ဒီမှာရုံးခွဲဖွင့် လှစ်ခွင့်ပေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ သတင်းတွေကို မှန်မှန် ကန်ကန် ရေးနိုင်အောင်ဖြစ် ပါတယ်။ ခုလိုသတင်းမျိုးကို သက်ဆိုင်ရာကို အတည် မပြုဘဲ ရေးခဲ့တဲ့အတွက်ကြောင့် အဲဒီဒေသမှာ တင်းမာမှုတွေမြင့် တက် လာတယ်””ဟု ပြောသည်။

Wednesday, January 29, 2014

တိုက်ဆိုင်မှုများ များပြားလွန်းနေသော ဒူချီရာတန်းကျေးရွာ မီးရှို့မှု

28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊ သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။ photo: western gate guard

28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊ သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။ photo: western gate guard
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● တိုက်ဆိုင်မှုများ များပြားလွန်းနေသော ဒူချီရာတန်းကျေးရွာ မီးရှို့မှု ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● "ဒူချီရာတန်းကျေးရွာလုပ်ကြံသတင်းဖြန့်ချိမှု"အကြောင်းကို ၂၈-၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များကို ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

● သတင်းမှန်၊ ဖြစ်စဉ်အမှန် ဖြစ်သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် လုံခြုံရေးအဖွဲ့အား ကြိုတင်စီစဉ်သော အုပ်စုဖွဲ့အကြမ်းဘက်မှုကို ခိုင်ခိုင်မာမာ ရှင်းလင်းခဲ့ပြီး

● [လူတစ်ယောက်အား စာကျက်၍ ပြောခိုင်းခြင်း၊ အသင့်ရေးထားသည်များ ဖတ်ခိုင်းခြင်း၊ ဟိုယခင်က ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ ၀ါဒဖြန့်ချိခြင်း၊ မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ခြင်း စသည့်]မခိုင်လုံသော အထောက်အထားများ၊ မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသည့် လုပ်ကြံသတင်းများကို ခိုင်ခိုင်မာမာဖြင့် ထောက်ပြဝေဖန်ခဲ့ပြီး ဖြစ်ရပ်အမှန်၊ သတင်းအမှန်များကို ဖော်ထုတ်ရှင်းလင်းခဲ့သည်။

● ထိုသို့ ရှင်းလင်းမှုပြုလုပ်ခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့ညတွင် (တိုက်ဆိုင်လှစွာဖြင့်) ဒူချီရာတန်း၌ မီးလောင်မှု အမှန်တစ်ကယ် ဖြစ်နေကြောင်း ထင်ရှားစေရန် အတွဲလိုက် မီးလောင်မှုဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်နဲ့ မေးမြန်းချက်ကို အောက်ပါ ဗီဒီယို ဖိုင်တွင် ကြည့်ရှုနိုင်သည်။ [http://www.youtube.com/watch?v=tfsUOyi3FWU&feature=youtu.be]

● မည်သူမျှနေထိုင်ခြင်းမရှိသော နေအိမ်များအောက်တွင် ထင်းများပုံ၍ မီးရှို့ခဲ့သော ဖြစ်စဉ်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင်လည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။ [http://www.bbc.co.uk/burmese/burma/2014/01/140128_muslim_rohingar_fire.shtml]

● ထိုသို့ မီးလောင်သည်နှင့် မရှေးမနှောင်းမှာပင် ဆိုရှယ်မီဒီယာအပါအ၀င် အင်တာနက် စာမျက်နှာများ၌ ဘင်္ဂလီတက်ကြွလှုပ်ရှားသူများက မီးလောင်နေသည့် ဓါတ်ပုံများဖြင့် သတင်းမှားများ (တိုက်ဆိုင်လှစွာဖြင့်)ထပ်မံထုတ်ပြန်ခဲ့သည်။

Monday, January 27, 2014

ရဲတကက အောင်ကျော်သိန်း အသတ်ခံရသော ဖြစ်စဉ်နှင့် ဆက်စပ်သော ဓာတ်ပုံမှတ်တမ်းများ



Saturday, January 18, 2014

ပျောက်ဆုံးနေတဲ့ တပ်ကြပ်ကြီး သတင်းဆက်

အသတ်ခံရပြီ ဟု ယူဆရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
ဒုချရားတန်းဗလီပုံ

ဗလီနားက ၀ါးရုံမှာ ရဲယူနီဖေါင်းကို မြေတွင်းမှ တူးဖော်ရရှိပုံ
 ဒုချရားတန်းဗလီ ဒုတိယဗလီဆရာအား စစ်မေးချက်အရ  ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းအား  ပုံတွင်ပြထားသည့် ဗလီတွင် လည်လှီးပြီး ချောင်းကမ်းစပ်ကို အလောင်းအား ဆွဲယူကာ ဖျောက်ဖျက်လိုက်ကြောင်း လေးဝတီသတင်းထောက်၏ သတင်းစုံစမ်းချက်အရ ကနဦးသိရှိထားရပါသည်။ 

သက်စွန့်ဆံဖျား မှတ်တမ်းဓါတ်ပုံများဖြစ်ပါသောကြောင့် ရှယ်ယာယူသူများ၊ သုံးချင်သူများ ဓါတ်ပုံနေရာမှာ လေးဝတီဓါတ်ပုံဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။ သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပေးပါမည်။

 လေးဝတီလွတ်လပ်သော ရခိုင်သတင်းဌာန

အစိုးရခွင့်ပြုချက်မရှိဘဲ စစ်တွေမြို့နယ်အတွင်း တိတ်တဆိတ် ဗလီဆောက်ခြင်းများကို ပြုလုပ်လာခြင်းများလည်း ရှိနေကြောင်း သိရှိရ

စစ်တွေ၊ ဇန်န၀ါရီလ ၁၃။

တရားမ၀င် ခိုးဆောက်နေသော ဗလီ

တရားမ၀င် ခိုးဆောက်နေသော ဗလီ

အစိုးရခွင့်ပြုချက်မရှိဘဲ စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာအုပ်စု လက်သမားကျေးရွာတွင် တိတ်တဆိတ်ဗလီဆောက် လုပ်ခြင်းများ ကိုပြုလုပ်နေခြင်းများရှိနေကြောင်းသိရှိရသည်။

ထိုသို့ဆောက်လုပ်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော် မတီဥက္ကဌ ဦးလှသိန်းက “တရားဝင်ခွင့်ပြုထားတာလည်းမရှိဘူး။ ဗလီဆောက်ခွင့်ဘယ်သူ့ကိုမှ မပေးဘူး။ ဒါပေမယ့် အခု ဆောက်လုပ်နေတယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့မသိသေးဘူး။ သက်ဆိုင်ရာဝန်ကြီးကိုအကြောင်းကြားပြီး လိုအပ်တာ ဆောင်ရွက်သွားမှာပါ” ဟုပြောကြားခဲ့ပါသည်။

ယင်းသို့ဗလီဆောက်လုပ်ရန်အတွက် ပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံအခြေစိုက် မူဆလင် အဖွဲ့စည်း တစ်ခုဖြစ်သည့် MRA ကလှူဒါန်းထားခြင်းဖြစ်ကြောင်းနှင့် ထိုဆောက်လုပ်နေသော နေရာသည် ကယ်ဆယ်ရေးစခန်းမဟုတ်ဘဲ ယခင်ကတည်းက ရှိ နေသော ကျေးရွာတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကယ်ဆယ် ရေးစခန်းများတွင်လည်း ယာယီဗလီများကို ပြုလုပ်ထားပေးပြီး အခိုင်အမာဆောက်လုပ်ခွင့်ကို ခွင့်ပြုထားခြင်းရှိကြောင်း လည်း သိရှိရပါသည်။

Saturday, December 7, 2013

အစိုးရကို အပြစ်မတင်ရင် ဘယ်သူကို အပြစ်တင်ရမလဲ.. ဖြေပါ။

ဤမှတ်ပုံတင်အတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။ နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။

Monday, December 2, 2013

မြန်မာအလင်းသတင်းစာက အပုင်းအစ


Friday, July 13, 2012

Get Out NGOs, INGOs, UN in our land

 မောင်တောမြို့က ဒုက္ခသည်စခန်း တစ်ခုပါ။ နောက်က နံရံပေါ်မှာ သူတို့ ကပ်ထားတဲ့ စာရွက်မှာ ကန့်လန့်ဖြတ်အမှတ်အသားပါ စာဟာ ဂရုပြုစရာပါ။
ရခိုင်ပြည်သူတွေ ယုံကြည့်မှု မရှိတော့တဲ့ ယူအန်။ ဘက်လိုက်တဲ့ ယူအန် ငါတို့ မြေမှာ အလိုမရှိဘူး။ မင်းတို့ အထောက်အပံ့နဲ့ ငါတို့ ရပ်တည်နေတာမဟုတ်ဘူး။ ငါတို့မြေက ထွက်သွားပါ။

Thursday, June 14, 2012

ဝါဒဖြန့်ချိမှု မပြုရန် ကန့်ကွက်ဆန္ဒပြမှုတစ်ခုဖြစ်ပွား

Popular Myanmar News Journal
လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ပ မီဒီယာများ၏ ရေးသားဖော်ပြမှုများတွင် ဘက်လိုက်မှုများရှိနေသဖြင့် ဘက်မလိုက်ရန်၊ ဘက်လိုက်မှုရပ်တန့်ရန်၊ မီဒီယာ အနေဖြင့် ၀ါဒဖြန့်ချိမှု မပြုလုပ်ရန် ကန့်ကွက်ဆန္ဒပြမှု တစ်ခုအား ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒပြမှုတွင် ပြည်တွင်း၌ လုပ်ကိုင်နေကြသည့်မီဒီယာများပါဝင်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မည်သည့် ပြည်တွင်းမီဒီယာမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရသည်။ — (5 photos)



Wednesday, June 13, 2012

'တလိမ်နှစ်လိမ် ... စိန် ... လူလိမ်'

'တောမီးလောင် တောကြောင် လက်ခမောင်းခတ်' ဟူသော စကားကို လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသော ဆူပူအုံကြွမှုများနှင့် ဆီလျော်အောင် 'ရခိုင်အိမ်မီးလောင် ရိုဟင်ဂျာ လက်ခမောင်းခတ်' ဟူ၍သာ ပြင်လိုက်ချင်ပါသည်။
.
မည်သို့ သော ရိုဟင်ဂျာများ ဝမ်းသာအားရ အူလှိုက်သည်းလှိုက် ရယ်နေကြမည်နည်း။ ရိုဟင်ဂျာများကို မြန်မာနိုင်ငံအတွင်းသို့  သွတ်သွင်းရန် ကြိုးစားနေသူများ၊ ရိုဟင်ဂျာနှင့် ပတ်သက်သော သမိုင်းလိမ် ဖန်တီးရှင် ရိုဟင်ဂျာဘလော့ဂါများပင် ဖြစ်သည်။ ယင်းတို့ အနက် ရှင်မင်းယာတို့  မြန်မာနိုင်ငံသား ဖေ့ဘုတ် သုံးသူများအကြားတွင် အထူးထင်ရှားသော၊ ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အရေးအခင်းများတွင် ရိုဟင်ဂျာတွေ အသတ်ခံနေရပါသည်ဟု အားမနာ လျှာမကျိုး မျက်နှာပြောင်တိုက်ကာ လိမ်လည်ငိုယိုနေသူကား ရိုဟင်ဂျာဘလော့ဂါ ဦးဘစိန်ပင် ဖြစ်သည်။ ဦးဘစိန်သည် ဘူးသီးတောင် မောင်တောဇာတိ၊ နိုင်ငံရေးသမားဟောင်း တစ်ဦးဖြစ်သည်။ RSO ဟု အမည်တွင်သော Al Qaeda နှင့် ဆက်နွယ်မှုရှိသည့် Rohingya Solidarity Organization အဖွဲ့ဝင်လည်း ဖြစ်သည်။ ထိုမျှမက အလားတူ အဖွဲ့အစည်း ဖြစ်သော Arakan Rohingya National Organization ၏ ဥက္ကဋ္ဌဖြစ်သော Nurul Islam နူးရ်အစ္စလာမ်၊ British Rohingya Oraginzation UK (BROUK) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းခင်တို့ နှင့် မပြတ် အဆက်အသွယ် ရှိသည်။
.
ARNO မှ နူးရ်အစ္စလာမ်ကို အချို့သော မြန်မာများ သတိထားမိပေလိမ့်မည်။ ၂၀၀၈ ခုနှစ်၊ OIC, Organizarion of Islamic Conference တွင် Democratic Voice of Burma (DVB) ၏ ဥက္ကဠ ဦးဟန်ယောင်ဝေဖြင့် အတူပူးတွဲ တွေ့ မြင်ရသူ ဖြစ်သည်။ ထိုစဉ်မှ စ၍ DVB သည် ရိုဟင်ဂျာများကို အင်တိုက်အားတိုက် ပွဲထုတ်လာခဲ့ပြီး နီးစပ်ရာ အသိုင်းအဝန်းမှ ဦးဟန်ယောင်ဝေသည် OIC တွင် နူးရ်အစ္စလာမ်နှင့် တွေ့ဆုံ၍ အခကြေးငွေယူကာ ရိုဟင်ဂျာများကို ပွဲထုတ်ပါမည်ဟု သဘောတူညီမှု ရှိခဲ့ကြောင်း သိရသည်။
.
တချိန်တည်းမှာပင် တဖက်မှ BROUK မှလည်း Burma Campaign UK (BCUK) နှင့် BBC တို့ ၏ အကူအညီဖြင့် အင်တိုက်အားတိုက် ရိုဟင်ဂျာများအတွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ သတင်းဋ္ဌာနတွင် ရိုဟင်ဂျာများနှင့် ပတ်သက်သော သမိုင်းလိမ်များကို ဖြန့် ဝေခဲ့သည်။
.

Terrorists’ tricks in Myanmar

The extremist terrorist Rohingers from Inbaba Bengali village, Sittwe set fire their own house trying to setting up the authority and local create the chaos. The fire was spread to the Kyaung Gyi street and Kone Tan street along with Chin Pyan street.
In Kone Tan quarter, While local Rakhines tried to extinguish, the extremist terrorist Rohingers riots and brawl with locals. During the riots, police arrived and they tried to calm down the riots with blank bullets. When the terrorist Rohingers knew the police were using blank bullets, they riots with crowds.

Photo News

Who dare to say that the Burmese army shot and killed the Muslim people?
As you see, the army protected and made a shelter for them.
We need to report about the news agencies such as BBC, VOA and RFA( Burmese Services) of their corruption to the governments for their artificial news making.

Who dare to say that the Burmese army shot and killed the Muslim people?
As you see, the army protected and made a shelter for them.
We need to report about the news agencies such as BBC, VOA and RFA( Burmese Services) of their corruption to the governments for their artificial news making.


Credit: Cho Tu Zaw

Tuesday, June 12, 2012

Photo News

These Bangli so called Rohingya are sitting fire on native Rakhine's houses.

Updated timeline of situations in Rakhine State ( 12 June)

Reported by Editorial Team Translated and Edited by Eleven Media   

jun12-07

jun12-08






jun12-10
jun12-05

ပြည်ပမှ ခိုးဝင်နေတဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ ကလိမ်ကကျစ် အကောက်ကြံပုံများ

လွန်ခဲ့တဲ့ ၃ နှစ်ကျော် ရက်အတိအကျဆိုရင် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဖက်အကျဆုံး ကမ်းလွန်ရေပိုင်နက်ထဲမှာ စက်လှေတစီး နစ်မြှုပ်သွားတော့မယ်လို့  သတင်းရတာကြောင့် အင်ဒိုနီးရှား ရေတပ်က သွားရောက်ကယ်ဆယ်ပြီး ကမ်းခြေကို ပို့ပေးခဲ့ပါတယ်။ စက်လှေပေါ်မှာ ယောက်ျားချည်း ၁၉၃ ဦး ရှိနေပြီး ၁၇ ဦးကလွဲလို့ ကျန်တဲ့သူအားလုံး ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားကမ်းခြေမှာ လဲလျောင်းနေကြတာကို ဓါတ်ပုံထဲမှာ တွေ့မြင်နိုင်ပါတယ်။ ရိုဟင်ဂျာတွေဟာ အင်ဒီုနီးရှား နိုင်ငံသား မဟုတ်တာ နိုင်ငံတကာက သိကြပါတယ်။


မူရင်းဓါတ်ပုံကို ကြည့်ရန် လင့်ခ် - http://newshopper.sulekha.com/indonesia-myanmar-ships-of-misery_photo_649883.htm

ဒါပေမယ့် အဲဒီဓါတ်ပုံဟာ မောင်းတော ဆူပူအကြမ်းဖက်မှုမှာ ရခိုင်စစ်သားတွေ သတ်လို့ သေနေရတဲ့ ရိုဟင်ဂျာ ၇ ဦးရဲ့ ဓါတ်ပုံ ဖြစ်တယ်လို့ ဦးဘစိန် ဆိုသူက လုပ်ကြံဇာတ်လမ်းဆင်ပြီး Facebook ပေါ်မှာ မနေ့က (၁ဝ-၆-၂ဝ၁၂) တင်ထားပါတယ်။

အောက်ဖော်ပြပါ ၂ ပုံတွဲ ဓါတ်ပုံကို ယှဉ်ကြည့်ပါ။

Photo News

Banghli rioters attempt to burn and destroy the village of Dhanyawaddi where Rakhine ethnic live.




A buddhist monk injured by the attack of Banghli rioters in Dhanyawaddi village of Sittway Township.

Fake News and Photo By U Ba Sein (rohingyablogger.com)


Fake News and Photo By U Ba Sein (rohingyablogger.com)

Today Photo News

Banghli rioters attempt to burn and destroy the village of Dhanyawaddi where Rakhine ethnic live.