Pages
Friday, August 24, 2012
ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ
နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်းပိုက်ရန် ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ပြည်တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ 547873 10150973548941374 1484605201 nလှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။
အစိုးရ၏ဖြေရှင်းချက်များ
မကြာသေးမှီက မြန်မာပြည်သို့ ရောက်ရှိလာသည့် UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး) Antonio Guterres {အန်တိုနီယို ဂူတရီး(စ်)} နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေဆုံရာတွင် ၄င်းဘင်္ဂလီများအတွက် ဒုက္ခသည် စခန်းများ ဖွင့်ပေးရန်နှင့် တတိယနိုင်ငံ (သို့မဟုတ်) လက်ခံသည့်နိုင်ငံများရှိပါက UNHCR မှတာဝန်ယူ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုခဲ့သည့် အတွက် ရခိုင်လူမျိုးများ သမ္မတကို ချီးကျူး ကျေးဇူးတင်ခဲ့ကြသည်။ ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ခဲ့သည်ဟု ခံယူခဲ့ကြသည်။ ထိုဖြေရှင်းနည်းမှာ လက်တွေ့ မကျကြောင်းကို သမ္မတသိရှိပြီးဖြစ်ပါသည်။ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးက အဆိုပါတင်သွင်းချက်ကို ပါယ်ချခဲ့သည်။ UNHCR အနေဖြင့် ထိုသို့သော နိုင်ငံထဲတွင် နေထိုင် သူများကို ဒုက္ခသည် စခန်းဖွင့်ကာ နိုင်ငံတကာသို့ ပို့ဆောင်ရန်မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ဆိုပါလျှင် အစိုးရ၏ နောက်ကွယ်တွင် မည်သည့်မြုတ်ကွက်များ ရှိနေသနည်းဆိုသည်ကို လေ့လာ ဆန်းစစ်ရန် လိုပါသည်။ 
နေပြည်တော်ရှိ သမ္မတရုံးမှ ရခိုင်ပြည်သူကို စော်ကားလိုက်ခြင်း
စာမျက်နှာတော့ အစီအစဉ်တကျ မဖြစ်လိုက်ပါ။ ဒါကြောင့် ဒေါင်းလုပ်ပြီးတော့ အစီအစဉ်တကျ ဖတ်ကြည့်နိုင်ပါတယ်။ 
Monday, August 6, 2012
ကျောက်တော်မြို့နယ်တွင် မီးရှို့မှုများပေါ်ပေါက်နေ
ထွန်းထွန်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် ရခိုင်နှင့် မွတ်ဆလင်များ အကြားး တဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့မူများ ပေါ်ပေါက်နေကြောင်း  သတင်း ရရှိသည်။
ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အပြန်အလှန် မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာ ဒေသအတွင်း တာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း  အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
“ ကျွန်တော် ကျောက်တော်မြို့ ကားဂိတ်ကို သြဂတ်စ်လ ၂ ရက်နေ့ ၀ါဆိုလပြည့်နေ့ မှာပိုက်သည် ရွာက မွတ်ဆလင် လူအုပ်က  ညဥ့် ၂ နာရီတီးမှာ ၀င်ရောက် ဖျက်ဆီးတယ်။ ရွှေပြည်သစ် ကားးဂိတ် အပါအ၀င် တခြား အဆောက်အဦးတွေ ပြူတင်းတွေ ဖျက်ဆီးခြင်းကို ခံရတယ်။ မြို့ထဲက လူတွေနဲ့ လုံခြုံရေး ယူထား သူတွေ လိုက်သွားတော့ ဆူပူ အကြမ်းဖက်သူတွေက ထွက်ပြေးသွားတယ်။ ရဲကို သွားတိုင်တောာ့ စစ်တပ်က အမိန့်မရတဲ့ အတွက် ဘာမှ အရေး မယူဘူး။ ဒီလို လုပ်တော့ ရခိုင်တွေက မကျေနပ်မူတွေ တိုးပွား လာကြတယ်” ဟု ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
ကျောက်တော်မြို့ အခြေစိုက် စကခ ၉ တပ်မမှူးအား  ကျပ်သိန်း ၅၀၀ နှင့် တပ်ရင်းမှူးအား ကျပ်သိန်း ၃၀၀ စီ မွတ်ဆလင် ကျေးရွာများကို ကာကွယ်ရန် ဘာသာရေး ခေါင်းဆောင်များက လာဒ်ငွေ ပေးထားသည်ဟု စွပ်စွဲမူများလည်း ကျောက်တော်တွင် သတင်း ထွက်ပေါ်နေကြောင်း ပြောသည်။
“ အခုလို အကြမ်းဖက်တဲ့ သူတွေကို မွတ်ဆလင်တွေ ဖြစ်ဖြစ်၊ ရခိုင်တွေဘဲ ဖြစ်ဖြစ် ချက်ချင်း  အရေး မယူတော့ တဘက်နဲ့ တဘက်ကြားမှာ မကျေနပ်မူတွေ တိုးပွားလာပြီး အခု အပြန်အလှန် မီးရှို့မူတွေ ပေါ်ပေါက် လာတယ်” ဟု သူက ပြောသည်။
သြဂတ်စ်လ ၅ ရက်နေ့က မီးရှို့မူ ဖြစ်ပွားရာ အပေါက်ဝတွင် ၂၅ ဆောင်၊ ဂုတ်ပီထောင့်တွင် အိမ်ခြေ ၅၃ ဆောင်နှင့် ရွှေလိုင်တွင် ၃၅ ဆောင် ပါဝင်သွားခဲ့သည်ဟု သိရသည်။ အများစုမှာ မွတ်ဆလင် နေအိမ်များ ဖြစ်ကြောင်း သိရသည်။
ကျောက်တော် တောင်ဘက် တမိုင်ခန့်အကွာတွင် တည်ရှိသော တောင်ပေါက်ရွာမှ ရခိုင် အမျိုးသား ပိုင်ဆိုင်သော ဆန်စက်ကြီး တလုံးကို သြဂုတ်လ ၅ရက်နေ့ ညဥ့်အချိန်တွင် မီးရှို့ခံရပြီး ဆန်အိပ် ၁၀၀ နှင့် စပါးတင်း ၄၀၀၀ မီးထဲ ပါသွားခဲ့သည်ဟု ဆိုသည်။
ယခု မီးရှို့မူများကို တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပြီး  မွတ်ဆလင်များမှာ ကျောက်တော်တွင် လူနည်းစု ဖြစ်သဖြင့် ပိုမို  ထိခိုက် ပျက်စီးဖွယ်ရှိသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
narinjara
ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့ခံရ
ရန်ကုန်၊ သြဂုတ် ၆
မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိ
ကြောင်း အဆိုပါ မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။
“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။
ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။
အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။
ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။
Situation in Rakhine State
Situation in Rakhine State
Saturday, August 4, 2012
ကဏ္ဍစုံလင် / တပ်မှူးတပ်သား ပြောစကား အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို ၁၉၄၈ လွတ်လပ်ရေးခါနီးအချိန်က စတင် ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ်အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ သူ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံ တွေကို ဦးရော်နီညိမ်း က မေမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။
ဦးတင်ဦး ။     ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့အတူ တပြိုင်နက်တည်း အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း မစ္စတာဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် များ) ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ သို့သော်လည်း မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန် (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။
“အဲဒီအချိန်မှာ ကျနော်တို့ဘက်ကလည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ၀င်ထွက်သွား လာနေတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုး ဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်) ကလည်း ပြီး သွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာတွေက ဒီဘက်ကို တော်တော်များများရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။
“အဲဒီတုန်းက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးပေါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။”
ဦးရော်နီညိမ်း ။     ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။
ဦးတင်ဦး ။     ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက ဒီဘက် (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။
BDC ဒါရိုက်တာ ဦးမျိုးသိန်းမှ သတင်းသမားများသို့ ရှင်းလင်းချက်
Tuesday, July 24, 2012
ဗိုလ်ကြီး ကိုကိုပိုင်ရဲ့ ဘင်္ဂါလီကုလားများအပေါ် ကိုယ်ပိုင်အမြင်
ကျေးဇူးပြု၍ နားဆင်ပါ ... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တည်ငြိမ်သွားလိမ့်မယ်လို့ ထင်ထားတဲ့ ရခိုင်နဲ့ရိုဟင်ဂျာအရေးကို ခုတုံးလုပ်ပြီး နှစ်ကာလရှည်ကြာစွာ နေထိုင်လာတဲ့ ကုလားတွေကပါ ခုဆို အထင်တွေ အမြင်တွေ စောင်းနေတဲ့ အနေအထားတွေရှိလာကြပြီ ... ဒီတော့ ဒီအရေးဟာ ကျွန်တော်တို့ သမ္မတလက်ထပ်မှာတော့ ဖြေရှင်းရ အခက်ဆုံးပြဿနာအနေနဲ့ စတင်နေခဲ့ပါပြီ ...
( သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Antonio Guterres နှင့် ဇူလိုင်လ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးချိန်တွင် တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသော ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
၎င်းပြင် သမ္မတ ဦးသိန်းစိန်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း ပြောကြားသည်။
“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း” သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုသို့ ပြောကြားချက်ကို ကုလသမဂ္ဂ မဟာမင်းကြီးက ပယ်ချခဲ့ပြီးထိုသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း အဆိုပါ ပြဿနာ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။ )
နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ UNHCR လက်ခံလာအောင် ၊ ဒီရိုဟင်ဂျာတွေကို သူတို့နဲ့ သင့်တော်တဲ့ အမျိုးတွေဆီကိုသာ ပို့ဖို့လိုကြောင်းကို အဝေးရောက်ရော အနီးရှိတွေကပါ ၀ိုင်းဝန်းနိုးဆော်ပါ .. ဒီပြဿနာဟာ အခန့်မသင့်ရင် စစ်မက်ဖြစ်ပွားနိုင်တဲ့ အနေအထားနဲ့တောင် ရင်ဆိုင်လိုက်ရမှာ။ ကျွန်တော်တို့ စစ်ဖြစ်မယ်ဆို စစ်ကိုအခွင့်ကောင်းယူပြီး သယံဇာတကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံကို မှောင်ခိုတွေနဲ့ ၀င်လာမယ့်သူတွေ ရှိကြမှာပဲ။ ဒီတော့ ဒါကိုနိုင်ငံရေးအရပဲ ဖြေရှင်းကြပါ။ စစ်ရေးအရမဖြေရှင်းကြပါနဲ့။ လူထုအုံကြွမှုဖြစ်တာကနေ စစ်ဖြစ်နိုင်ပါတယ်။ အခြေအနေအရပ်ရပ်ကို FB နေ့တိုင်းဝင်၍ စဉ်းစားဆုံးဖြတ်ကြပါ။ သင့်တော်မှန်ကန်မည်ထင်သည့် နည်းလမ်းများကို သမ္မတထံ အကြံပေးစာများအား တယ်လီဖုန်းဖြင့် ဖြစ်စေ ၊စာဖြင့်ဖြစ်စေ ၀ိုင်းဝန်းပေးပို့ကြပါ။ မိမိနိုင်ငံခေါင်းဆောင်အားလည်း အားပေးနှစ်သိမ့် ထောက်ခံကြပါ။ အကောင်းဆုံးပြောချင်တာက ကျွန်တော်မနေ့က ရေးတင်တဲ့ “ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး” ကို အစဉ်နှလုံးသွင်းပြီး ဖြစ်နေတဲ့ ယခုအရေးကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်ကြပါ။
မှတ်ချက်။ ။ ကျွန်တော် အစိုးရ၀န်ထမ်းပါ ... တပ်မတော်သားတစ်ယောက်ပါ ၊ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါ။ အမျိုးချစ်၍ အမျိုးသားရေးကို လေ့လာရန်သာ နိုးဆော်တိုက်တွန်း၍ ရေးသားခြင်းဖြစ်ပါသည်။ ပညာသင်စရာရှိ မသင်ပဲ စောင့်ရူးထနေပြန်ပြီလို့မထင်နဲ့ .. ကျွန်တော်လုပ်တာ အမှားပါလျှင် ... ပေးသည့်အပြစ်ဒဏ်ခံရဲ ၍ ကျွန်တော့်စကား ကျွန်တော် ဤနေရာမှ တာဝန်ခံရဲပါသည်။
ကြည်း ၊ ၄၀၅၆၇ ဗိုလ်ကြီး ကိုကိုပိုင်
Friday, July 20, 2012
" ရိုဟင်ဂျာ" သည်အမျိုးသားလုံခြုံရေးချိမ်းချောက်မှု - National security threat - ဖြစ်သည်
“ ကုလားအရေးကိုဖြင့် - ဓါးသွေးလောက်တယ်ဆရာမထင်လို့ ”
 - - - သ္ခင်ကိုယ်တော်မှိုင်း
မလေးရှားသို့ လှေဖြင့်ခိုးဝင်လာသူဘင်္ဂလီလူမျိုးတိုင်းကသူတို့ သည်မြန်မာ
နိုင်ငံမှရိုဟင်ဂျာလူမျိုးဒုက္ခသည်များပါဟုပြော၍ခိုလှုံခွင့်တောင်းနေကြသည်။
ထိုင်း၊ မလေးရှားစသည့်နိုင်ငံများသို့ ရောက်သွားသောဘင်္ဂလီများ၏ရည်မှန်း ချက်သည်တစ်ဦးချင်းအားဖြင့်ခိုလှုံခွင့်ရရေးအထိသာဖြစ်သည်စင်စစ်ထိုနိုင်ငံများ
သည်နောက်ဆုံးအခြေချမည့်ချမ်းသာသောနိုင်ငံတစ်ခုခုသို့ ရွှေ့ ပြောင်းခွင့်
မရမီကြားစခန်းမျှသာဖြစ်သည်။
မြန်မာနိုင်ငံဘက်ကမ်းသို့ တရားမ၀င်ခိုးဝင်လာသူဘင်္ဂလီလူမျိုးများ၏အဆုံးစွန် ရည်မှန်းချက်မှာတိုင်းရင်းသားလူမျိုးတစ်ခုအဖြစ်အသိအမှတ်ပြုခံရရေးသီးသန့် နယ်မြေ
တစ်ခုရရှိရေးဖြစ်သည်။ သူတို့ သည်မြန်မာဘက်ကမ်းကူးလာ၍တိုင်းပြည်လာတည်နေကြ
သူတွေဖြစ်သည်။သက်သေမှာယခုလက်ငင်းသူတို့ စုဝေးနေသောဒေသတွင်
လူဦးရေတိုးပွားရေး (population building) နှင့်မြေပြင်ရှုခင်းပြောင်းလဲရေး
(landscape alteration) အတွက်ဗလီတွေဖြစ်နိုင်သမျှများများဆောက်သည်။
Thursday, July 19, 2012
Analysis on the answer of Mark Farmaner
Analysis on the answer of Mark Farmaner
By Mg Mike Mike on Tuesday, July 17, 2012 at 4:21am
This writing is followed by the article I recently read and in which some comments I liked to point out and discuss, by Mark Farmaner the director of Burma Campaign UK about the explanation to the people’s misunderstanding and criticism to his organization’s operations of Rohingyas’ human rights.
Is the Burma Campaign UK really working to protect the Human Rights in Myanmar?    
There is no doubt on their efforts of campaigning for the human right violations in Myanmar. Their movements however has been objective to human rights only for Rohingyas in a way of claiming this certain group of people are belonged to the nationalities of Myanmar which is quite controversial, but not involved in other significant human right problems in Myanmar.                                                                                     
His Organization mission is to subside the Human Rights violation for the welfare of Myanmar people. So their efforts is not supposed to only focus on Rohingyas who is only known as the Stateless People and also partially regarded as Nationalities of Myanmar, which the latter is also not assured. Instead they are more expected on other significant human rights problems like, to one of the most persecuted Myanmar natives who are displaced in the refugee camps on the border of Thai-Myanmar, in the area of Myanmar East. Those Myanmar natives are living on the edge with inadequate support from organizations including the United Nations and private institutions whereas Rohingyas are receiving the funds of approximately US$ Ten to hundreds millions annually under the names of various funds generating projects and that of other NGOs.
The Helpless Children in Thai-Myanmar border
The Helpless Children in Thai-Myanmar border
Then, is Burma Campaign UK really doing well for Rohingyas welfare?                                
Wednesday, July 18, 2012
မာ့ခ် ဖာမနာ (Mark Farmaner) ၏ ဖြေရှင်းချက်အား သုံးသပ်ခြင်း
Burma Campaign (UK) ၏ ဒါရိုက်တာဖြစ်သော မာ့ခ်ဖာမနာ (Mark Farmaner) ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် ပါတ်သက်ပြီး BC (UK) အဖွဲ့ တိုက်ခိုက်ခံရမှုများအား ရေးသားထားခြင်းနှင့် ၎င်းတို့အဖွဲ့အား အထင်လွဲနေသည် ဆိုသည့် ဖြေရှင်းချက်စာတန်းကို ဖတ်လိုက်ရပါတယ်။ အဆိုပါ စာတန်းကို ဖတ်ရှုပြီးသည့်နောက် စိတ်ထဲမှာ အချို့သော အကြောင်းအရာလေးများ ပေါ်လာတဲ့အတွက် ချရေးဖြစ်ပါတယ်။
Burma Campaign (UK) ဟာ အမှန်တကယ်ပဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဆောင်ရွက်နေပါသလား။
အဆိုပါအချက်နှင့် ပါတ်သက်၍ သံသယရှိစရာမလိုပါ၊ BC (UK) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရးနှင့် ပါတ်သက်၍ ၎င်းတို့ ကျရာ ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ သို့သော် ၎င်းတို့၏ Activities အများစုမှာ မြန်မာတိုင်းရင်းသားအဖြစ် အငြင်းပွားဖွယ် ဖြစ်နေသည့်၊ တနည်းအားဖြင့် မြန်မာတိုင်းရင်းသားဟု ကြွေးကျော်နေသည့် ရိုဟင်ဂျာများအရေး လှုပ်ရှားမှုများသာ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် များစွာရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးတယူလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို အထင်သား လေ့လာတွေ့ရှိခဲ့ရပါသည်။
ထိုင်း-မြန်မာ နယ်စပ်မှ သနားစဖွယ် နယ်မြေမဲ့ ကလေးငယ်များ
Monday, July 16, 2012
သူခိုးက လူဟစ်သည် BBC
၁၂ ဇူလိုင် ၂ဝ၁၂ မှာ ဘီဘီစီကနေပီး ဖေ့စ်ဘုတ်အပါအဝင် အင်တာနက် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲပုတ် ခတ်ဆဲဆို ပြောဆိုမှုတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက်ဖောက်ဖျက်နေသလဲ၊ တန်ပြန်အကျိုးဆက်တွေ ဘာ တွေ ရှိလာနိုင်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ သတင်းအစီအစဉ်တခု ထုတ်လွှင့်သွားပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့လိုချင်တဲ့ ပုံစံ၊ လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ဝင်ရောက်ဆွေး နွေးသူ ပါမလာရင် အတင်းကိုဖြတ်ချတဲ့ အာဏာရှင်အကျင့်တွေလည်း ထပ်မံဆိုးရွားစွာ တွေ့ရပါတယ်။
ဘီဘီစီ ကျင့်ဝတ်ဆိုတာကို နားလည်ရဲ့လား
ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားသော်ငြား ဘီဘီစီမှ ဝင်ရောက် ပြောဆိုသည့် ကိုမျိုးခေါ် မျိုးသာထက်ဟာ အမှန်ကို ထောက်ပြဝေဖန် ပြောဆိုလာသူများကို အတင်းစကား စ ဖြတ်ချပစ်တာသည် ဆွေးနွေးပွဲ တခုရဲ့ လုပ်ရပ်နဲ့ မတူဘဲ လုပ် ပိုင်ခွင့်ကို ကိုင်ထားကာ မိမိလိုချင်သည့် ပုံစံဝင်မလာပါက ရှင်းထုတ်ပစ်သည့် အာဏာရှင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည် မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါတယ်။ သာမန် သတင်းအစီအစဉ်လေးကိုပင် အာဏာရှင်ဆန်ဆန် ပြုမူ ကျင့်ကြံနေ သည်ကို တွေ့ရသည်မှာ လွတ်လပ်သည့် သတင်းဌာန ဆိုသည့်စကားနှင့် အတော်ပင် ဆနဲ့ကျင်နေပါတယ်။
ဘီဘီစီမှ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနှင့်ပင် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွတ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှုလို့ ရေး သားထားသည့်အချိန်သည် ရိုဟင်ဂျာများ မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသမှာ နယ်မြေကျူးကျော်၊ ဒေသခံ ရခိုင် လူမျိုးတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး သူခိုးက လူဟစ်နေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ မတရားခံရတဲ့အပြင် သူခိုးက လူဟစ်တာကိုခံနေရတဲ့ မြန်မာတွေရဲ့ အွန်လိုင်းပေါ်က ပေါက်ကွဲနေမှုများ၊ အထူးသဖြင့် အဆိုပါ မီးစအား မ တောက်လောင် တောက်လောင်အောင် အစပျိုးခဲ့သည့် ဘီဘီစီနှင့် ပြည်ပအခြေစိုက် မြန်မာပြည်နှင့် ပါတ်သက်သည့် မီဒီယာများကို ဝေဖန်နေမှုများအား ရပ်တန့်သွားစေရန် အားထုတ်ခြင်း တခုပဲ ဖြစ်ပါတယ်။
Saturday, July 14, 2012
UNHCR မဟာမင်းကြီး MR-Antonio Guteeress က ဒုက္ခသည်ဆိုတာ ခွဲ ခြားမသိသေး
မနေ့ က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး -MR-Antonio Guteeress  အခုလိုရှင်းလင်းပြောသွားတယ်  --
( ကုလသမဂ္ဂမဟာမင်းကြီးရုံးက စီစဉ်ဆောင်ရွက်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ် ဆိုတာဟာ အလွန်ထူးခြားတဲ့ အခြေအနေကြောင့် တခြားတိုင်းပြည်ကို ထွက်ပြေးလာသူ ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ် ) -------
နေပြည်တော်မှာ သမ္မတကြီး ဦးသိန်းစိန်က Mr-Antonio Guteeress ကို အခုလို ပြတ်ပြတ်သားသား ပြောဆိုခဲ့ ပါတယ် --------
( ရိုဟင်ဂျာဆိုတာ ရေလမ်းမှတဆင့် ခိုးဝင်လာတဲ့ သူတွေဖြစ်လို့  တရားမ၀င် ၀င်ရောက်လာသူဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းသို့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုင်ဂျာများကို လက်ခံရန် မည်သို့ မျှ မဖြစ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်တယ် )ဒီနေရာမှာ သူတို့ နှစ်ဦး ဘာတွေများ ကွာခြားနေကြတာလဲ ။ ဘယ်သူကများ လက်လွပ်စပ္ပါယ် ပြောကြားနေတာလဲ ဆန်းစစ်ကြည့်
ကြရအောင် လိုအပ်လာပြီဖြစ်တယ် ။Mr Antonio စကားမှာ အလွန်ထူးခြားတဲ့  အခြေအနေကြောင့် ဆိုတဲ့  စကားရပ် တခုကို ထုတ်ဖေါ်ပြောဆိုသွားပါတယ် ။ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက  သူသိနေတာက တိုင်းပြည်တပြည်မှာ အစိုးရက ဖိနှိပ်ကွပ်လို့  -ဒါမှမဟုတ် အတိုက်အခံဖြစ်လို့ 
လူမျိုးတုံးသတ်ဖြတ်လို့  နယ်စပ်ကျော်ပြီး ထွက်ပြေးလာသူတွေကို ဒုက္ခသည်များအဖြစ် အလွန်ထူးခြားတဲ့  အခြေအနေကြောင့်ဆိုတာထုတ်ဖေါ်ပြောသွားတာ ဖြစ်တယ် ။