Pages

Wednesday, April 25, 2012

VOA ရဲ့ အင်တာဗျူးပေါ် သဘောထားများ

“ဒီမနက် ကျက်သရေမရှိဆုံး အသံလွှင့်ဆွေးနွေးခန်း”
ခေါ်တောအရေး ဗွီအိုအေ အပတ်စဉ်ကြိုးစား

ဒီလိုရေးလိုက်ရတာ တကယ်ကို စိတ်မကောင်းပါဘူးဗျာ၊ ဗွီအိုအေ
မြန်မာဌာနရဲ့အကြီးအကဲ ဦးသန်းလွင်ထွန်းဟာ ကျနော်နဲ့ခင်မင်ရင်းရှိတဲ့
မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့ သူက အခု “ခေါ်တော ပရိုမိုးရှင်း” လုပ်လာတဲ့အတွက်
ကျနော် အမှန်ပဲ စိတ်မကောင်းပါဘူး။

ဘာလို့ ဒီအထိ ပြောလိုက်ရသလဲဆိုတော့ ဒီ ဝပ်ကာ အူဒင်ဆိုတဲ့
အမေရိကန်ခေါ်တောအဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့ ဆွေးနွေးခန်းကို ပြီးခဲ့တဲ့အပတ်ထဲကလဲ
ထုတ်လွှင့်ခဲ့ပြီးသားမို့ပါ။ ဒီခေါ်တောကိစ္စကို ကိုင်တွယ်မယ်ဆိုရင် မြန်မာတွေဖက်က
ရခိုင်တွေဖက်ကလဲ အသေအချာထည့် စဉ်းစားဖို့လိုပါတယ်။ သာမန်အသိကလေးနဲ့
လူပြောသူပြောလေးနဲ့တင် မလုံလောက်ပါဘူး။ ဟိုက အမေရိကန်တက္ကသိုလ်တစ်ခုက
ပါမောက္ခဖြစ်တာနဲ့တင် ဇန်းတင်နေဖို့ မလိုဘူးလို့လဲ မြင်ပါတယ်။
ဒီလိုဆွေးနွေးခန်းဆိုတာ တစ်တိုင်းတစ်ပြည်လုံးအပေါ် သြဇာရိုက်ခတ်နိုင်ပါတယ်။
ဒါကို သိသိလျက်နဲ့ အသုံးချလိုက်တယ်ဆိုရင်တော့ ဒီ ဝပ်ကာ အူဒင်လို
ပျော့ပျော့နဲ့နံတဲ့ကြောင်ချီးကို ကိုယ့်လက်ဖဝါးပေါ်တင်ပြီး “ကြည့်ကြပါဗျာ၊
ကြည့်တတ်ရင် လှပါတယ်ဗျာ၊ နံလဲမနံပဲနဲ့” ဆိုတာမျိုးဖြစ်သွားပါပြီ။

ဟန်ညောင်ဝေတုန်းကတော့ အာရပ်တွေဆီက ငွေလိုချင်လို့ဆိုပြီး ဆဲလိုက်ကြတာဗျာ၊
နက်ပေါ်မှာ စာတွေပလူပျံနေတာပါပဲ။ တကယ်ဆိုရင် အရင်တစ်ပါတ်က ခေါ်တောကို
အလှည့်ပေးရင် ဒီအပတ် ရခိုင် သုတေသနပညာရှင်တွေအလှည့် ဖြစ်သင့်တာပေါ့။

ခုဟာက တစ်တိုင်းတစ်ပြည်လုံးလောက်က လက်မခံတဲ့ ရှိပြီးသား ဘင်္ဂါလီလူမျိုးကို
ခေါ်တောဆိုပြီး ပွဲထုတ်တာဆိုတာ ကိုသန်းလွင်ထွန်းလဲ မြန်မာတစ်ဦးပဲဗျာ၊
မသိစရာအကြောင်းမရှိပါဘူး။ ဝပ်ကာ အူဒင် က သူတို့ခေါ်တောတွေဟာ
ဘင်္ဂါလီနဲ့မတူပါဘူးတဲ့။ ကျနော်တင်ပေးလိုက်တဲ့ ဓာတ်ပုံသာ ကြည့်ပါဗျာ၊ တူသလား
မတူဘူးလားဆိုတာ။ ဂျာမဏီကကိုအောင်သန်းဦး စိန်ခေါ်ထားတာလေးဗျာ၊ ဘင်္ဂါလီနဲ့တူမတူ
ဒီအဲန်အေ အစစ်ခံရဲလားဆိုတာ အူဒင်ကို ပေးလိုက်ဖို့ ဘယ်လောက်ကောင်းလဲဗျာ။

တကယ်လို့ သိပ်ကို အမြင်ကျယ်၊ လူ့စိတ်ထားနှလုံးသားတွေပြည့်ဝလွန်း
နေတယ်ဆိုရင်တော့ ဒီခေါ်တောတွေ ကျနော်တို့နိုင်ငံမှာ ၂ သန်း ၃ သန်း
ရှိမလားမဆိုနိုင်ဘူးဗျာ၊ အဲဒါ အမေရိကားတို့ ကနေဒါတို့အကျယ်ကြီးဗျာ၊
အဲဒီကခေါင်းဆောင်တွေကို အနူးအညွတ်တောင်းပန်ပြီး နေရာချပေးလိုက်ပေါ့။ ဒီအတွက်
စရိတ်လိုရင် ဆော်ဒီကို လှမ်းပြီး လက်ဖြန့်လိုက်ပေါ့ဗျာ။ မိန်းမကဗျောက်သောက်ယူ၊
ခလေးက မွေးချင်သလောက်မွေး။ လူဦးရေ တိုးသလားလဲ မမေးနဲ့။ ဒီကိစ္စ
မြန်မြန်မဖြေရှင်းနိုင်ရင် ရခိုင်တွေ အကုန်ပြောင်းပေးရမဲ့ ယာရှင်ကို
မျောက်မောင်းတဲ့ကိန်း ဆိုက်တော့မယ်လေ။

ကိုသန်းလွင်ထွန်းအနေနဲ့ တကယ်လို့များ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်အဝင်
အင်္ဂလိပ်အထွက်မှာ ဒီခေါ်တောတွေကို အင်္ဂလိပ်က ဗွီဖို့စ် ဖွဲ့ လက်နက်တပ်ဆင်ပေးပြီး
ဂျပန်တွေကို ပြန်ချခိုင်းတုန်းက ဘူးသီးတောင် မောင်တောနယ်မှာ ဒီကောင်တွေက
ဂျပန်ကို သွားမတိုက်ပဲ အဲဒီတုန်းက အများစုဖြစ်တဲ့ရခိုင်တွေကို
သောက်သောက်လဲသတ်၊ ရခိုင်ရွာမှန်သမျှ မီးရှို့ဖျက်ဆီး၊ ရခိုင်သမီးပျို သမီးအို
တွေ့သမျှ မုဒိန်းကျင့် လုပ်ခဲ့တဲ့ သမိုင်းလောက်သိရင် ဝပ်ကာ ဥဒင်ကို
ဒေါက်ဖြုတ်နိုင်တာပေါ့ဗျာ။ ဒီလိုလဲ လုပ်ချင်ဟန်မရှိတာလဲ ဖြစ်နိုင်ပါတယ်လို့ပဲ
သုံးသပ်ရမလိုဖြစ်နေတယ်ဗျာ။ရသေ့တောင် တဲ့၊ ဘူးသီးတောင်တဲ့ဗျာ၊ အဲဒါ
တိုင်းရင်းသားခေါ်တော နာမည်တွေလားဆိုတာ ကိုသန်းလွင်ထွန်းပဲ ရခိုင်တွေကို
ရှင်းပြလိုက်ပါဦး။ အဲဒီအရပ်မှာ ဘာလို့ရခိုင်တွေ မရှိသလောက်
နည်းသွားရပါလိမ့်လို့ကော စဉ်းစားကြည့်ဖူးရဲ့လား မသိဘူးဗျာ။

နောက်ဆုံးဗျာ၊ ဗွီအိုအေမှာ ရခိုင်အရင့်အမာကြီး ဦးကျော်ဇံသာရှိပါတယ်ဗျာ။
အချက်အလက်ကလေးမေးမြန်းပြီး ခေါ်တောဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုတာလောက်တော့
နားထောင်တဲ့မြန်မာပရိတ်သတ် နားလည်အောင် ပြောနိုင်မယ်ထင်ပါတယ်။ အခုတော့ ဝပ်ကာ
ဥဒင်ကိုပဲ အရောင်တင်ပေးသလိုလား တင်ပေးနေတာလား ဒါကလဲ ၂ ပတ်ဆက်တိုက်
ဒါချည်းပြန်ဖွင့်ပြတာဆိုတော့ဗျာ၊ ဒီလိုပဲ ကောက်ချက်ချရမယ်ထင်ပါတယ်။

ဟိုတလောတုန်းကလဲ ဒီဝပ်ကာ ဥဒင်ပဲလေ၊ အာရ်အက်ဖ်အေက စင်တော်ကောက်လို့
ရခိုင်မြန်မာတွေက ဖိနပ်နဲ့ပေါက်ပါရောလား။ ဒီခေါ်တောကပဲ ဦးတင်ဦးကို
တောင်းပန်ရမယ် ဘာညာနဲ့ အကဲစမ်းလိုက်သေးတယ်လေ။

လူဟာ ဘာနဲ့စားစား တစ်နေ့ထမင်း ၃ နပ်ထက် ပိုမစားနိုင်ပါဘူးဗျာ။
ရင်းနှီးတဲ့အတွက် မစွပ်စွဲချင်ပေမဲ့ ခေါ်တောတွေနဲ့ သူတို့ဆရာတွေက ဘာနဲ့
မျှားတယ်ဆိုတာ နားရည်ဝနေလို့ အဲဒီမစင်ထဲတော့ အနစ်မခံဖို့နဲ့ အမျိုးဘာသာ
သာသနာကိုလဲ သတိရပါ၊ တတ်စွမ်းသမျှ စောင့်ရှောက်ပါလို့ သတိပေးချင်ပါတယ်။
ဒီလောက်ပါပဲ။

မောင်ညွန့် (မင်းကျောင်းတိုက်)

0 comments: