Pages
Friday, December 30, 2011
နှိုးဆော်စာ
ကျနော်တို့ Anti Rohingya မှ ဦးဆောင်ပြီးတော့ ရခိုင်အဖွဲ့အစည်း အားလုံး အပါအ၀င် ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ မြန်မာပြည်မှ ပြည်သူလူထုတွေရဲ့ ဆန္ဒအရ စုပေါင်းလက်မှတ်ထိုးကာ သတင်းဌာနတွေကို လိပ်မူတပ်ပြီးတော့ နောက်နောင် ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသုံးကြဖို့ လက်မှတ်ထိုးတောင်းဆိုချက်တခုကို နောက် ၂၀၁၂ ခုနှစ် နှစ်စပိုင်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရခိုင်အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျနော်တို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါပြီး။ ဘီဘီစီအပါအ၀င် ပြည်တွင်း ပြည်ပ သတင်းဌာတွေ အကုန်လုံးကို ပို့ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မီဒီယာဆိုတာလည်း မီဒီယာ ဥပဒေရှိတယ်။ ဒီလက်မှတ်ထိုးထားတဲ့ စာတွေကို ပို့ပြီးနောက်၊ နောက်ထပ်လည်း ဒီအသုံးအနှုန်းကို သုံးလာမယ်ဆိုရင် ကျနော်တို့ လုပ်သင့်တဲ့အလုပ်ကို ဆက်လုပ်သွားဖို့လည်း တိုင်ပင်ထားကြပါတယ်။ ဒါပြည်သူတွေရဲ့ ဆန္ဒပါ။
Thursday, December 15, 2011
ဘင်္ဂလီကုလားရိုဟင်ဂျာသည် အာရကန်မဟုတ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပတိပက္ခများကို အခွင့်အရေးတစ်ရပ်အဖြစ်အသုံးချလို၍ ဘင်္ဂလားဒေ ခ်ျိနိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်နေထိုင်ကြသော ဘင်္ဂလီ ကုလားလူမျိုးတို့ သည် မြန်မာတိုင်းရင်း သားလူ မျိုးတမျိုးအဖြစ် အသိအမှတ် ပြုရန်တောင်းဆို တိုက်ပွဲဝင်နေကြသည်ကိုတွေ့ မြင်နေရပါ သည်။ သို့ သော်သူတို့ သည် ဘင်္ဂလီလူမျိုး အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုနေကြခြင်း မဟုတ်ဘဲ ရိုဟင်ဂျာ ဆိုသော အသစ်ထွင်နာမည်ဖြင့် ကမ္ဘာကသိအောင် ကြော်ငြာမောင်းခတ်ပြနေကြပါသည် ။
ပြည်ပနိုင်ငံများသို့  ရောက်ရှိနေကြသော ဘင်္ဂလီ ကုလားလူမျိုးတို့ သည် မိမိကိုယ်ကိုမိမိ ဘင်္ဂလီကုလားလူမျိုးဟု သုံးနှုန်းပါက ဘင်္ဂလားဒေခ်ျ နိုင်ငံသားများ ဖြစ်ကြ သည်ကို လူသိမှာ စိုးရိမ်၍ ရိုဟင်ဂျာဟု တစ်မျိုး arakan ဟု ဆိုပြီးတဖုံ အမျိုးမျိုးသုံးနှုန်းနေကြသည် ကို တွေ့ မြင်ကြားသိနေရပါသည်။ ရခိုင်ပြည်နယ်၌ နေထိုင်လျှက်ရှိကြသော ဘင်္ဂလီလူမျိုးများမှာကား ထိုရိုဟင်ဂျာ နှင့် arakan ဆိုသည် အမည်နာမများကို မခံယူကြရုံသာမက သိရှိသူများပင် အလွန်နည်းပါးသည်ကို
လေ့လာစုံစမ်း သိရှိနိုင်ပါ သည်။ ရခိုင်ဆိုသည့် အမည်နာမမှာ အာရက္ခဆို သည့် ပါဠိဝေါဟာရမှ ဆင်းသက်လာပြီး အမျိုးကိုစောင့်ရှောက်ခြင်းဟု အဓိပ္ပါယ်ရရှိပါသည် အာရကန် ဆိုသည် မှာလည်း အာရက္ခဆိုသည့် ဝေါဟာရနှင့် အတူတူပင်ဖြစ်ပေသည်။
1875 ခုနှစ်တွင် ရခိုင်ပြည်ကို အင်္ဂလိပ်အစိုးရများသိမ်းပိုက်ခဲ့ စဉ်အခါက အင်္ဂလိပ်လူမျိုးများမှ ရခိုင်လူမျိုးများကို အာရကန် ဟုခေါ်ဝေါ်ခဲ့ကြပေသည်၊ ရခိုင်လူမျိုးများမှာလည်း မိမိ ကိုယ်မိမိ မျိုးစောင့်တရားရှိသူ အာရကန်ဟု ဂုဏ်ယူဝင့်ကြွား ပြောဆိုခဲ့ကြပေသည်။ထိုစဉ်အခါက ရခိုင်ပြည်တွင် ဘင်္ဂလီကုလားလူမျိုးများ အတည်တကျ ၀င်ရောက်နေထိုင် ခြင်းမ ရှိကြသေးပါ။ အင်္ဂလိပ်အစိုးရတို့ သည် ရခိုင်ပြည်တွင် အာရကန်ကုမ္ပဏီတခု တည်ထောင်ခဲ့ပါသည်။ ထိုကုမ္ပဏီမှ မီးသင်္ဘောများသည် ရေကြောင်းသယ်ယူပို့ ဆောင်ရေးတွင် အာရှနှင့် ဥရောပနိုင်ငံအနှံအပြားသို့ ရောက်ရှိကြပြီး အလွန်ပင်နာမည်ကြီးလျှက် လူသိများခဲ့ပါသည်။
ပြည်ပနိုင်ငံများသို့  ရောက်ရှိနေထိုင်ကြသော ဘင်္ဂလီကုလားလူမျိုးများမှ မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် အခွင့်အရေးတောင်းဆိုရာတွင် ရိုဟင်ဂျာ သို့ မဟုတ် အာရကန်ဟုဆိုပြီး ပြောဆိုသုံးနှုန်းနေကြသည်မှာ မည်သည့်အ တွက်ကြောင်းဖြစ်သည်ကို လေ့လာနိုင်ရန်တင်ပြလိုက်ရပါသည်။
အနောင်
အထွေထွေအတွင်းရေးမှူး
ရခိုင်ယဉ်ကျေးမှု့ ကော်မတီ။
Tuesday, December 13, 2011
စာရေးဆရာကြီး အောင်သင်း ပြောတဲ့ ရိုဟင်ဂျာ
မေး ။ ။ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်ပါသလား ဆရာ၊ သူ့သမိုင်းကကော ဘယ်လို ရှိပါသလဲ၊ ဘီဘီစီကတော့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းထားတဲ့အတွက် ပြသနာတွေ ဖြစ်နေကြပါတယ်။ ဆရာ့အနေနဲ့ကော ဘယ်လိုမြင်မိပါသလဲ`လို့ ကျမက မေးပါတယ်။
ဖြေ ။ ။ `ဆရာ့အနေနဲ့က ရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါတယ်လို့တခါမှမယူဆခဲ့ဘူး။ သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သူဟာ တိုင်းရင်းသားထဲမှာမပါဘူး။ ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့တွေက နေရာယူချင်လာတယ်။ နယ်စပ်မှာဖြစ်နေတဲ့ အခါကျတော့အစိုးရကမလွှမ်းမိုးနိုင်ဘူး။ အဲဒီအခါမှာ ရိုဟင်ဂျာက ပြည်တွင်းမှာသူပုန်အနေနဲ့ ၀င်လာပြီး သောင်းကျန်းမှု့တွေတော်တော်လုပ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာစာရေးဆရာကြီးအချို့တွေကလည်း ရိုဟင်ဂျာတွေ အကြောင်းကို ၀တ္ထုတွေထဲမှာ တော်တော်လေးရေးခဲ့တယ်။ ရိုဟင်ဂျာတွေကလည်း လက်နက်ကိုင်ပြီးတော့လွှမ်းမိုးနိုင်လာချင်တယ်။ အဲဒီနေရာမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက လက်နက်မဲ့တဲ့အခါကျတော့ ခံခဲ့ရတာတွေ ရှိတယ်။ ဗမာတွေက သိပ်ကိုမုန်းတီးခဲ့တယ်။ ဆိုလိုတာက တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာကို ဘယ်တုန်းကမှတိုင်းရင်းသားလို့မသတ်မှတ်ဘူး။ သူတို့က ပြည်ထဲဝင် ဇွတ်အတင်းနေရာယူ သောင်းကျန်းသူတွေပဲဖြစ်တယ်လို့ ဆရာကတော့ အဲလိုပဲ မြင်တယ်`
ဆရာအောင်သင်းနှင့် အင်တာဗျူး ( ၂ ) မမေသင်္ကြန်ဟိန်း
Oh Mar Oo (facebook's wall) 
Monday, December 12, 2011
Protest Against the BBC and Anna Jones in New York City
Protest Against the BBC and Anna Jones in New York City. During the demonstration, over a hundred people originally from Burma joined together and expressed out about the BBC and Anna Jones' wrong reporting. This is part one of the protest and how and why this event is held. And you can watch the attractive and active view of the demonstrators in the part two soon. Don't miss the video, Watch...Watch...Watch!
Sunday, December 11, 2011
Demonstration on BBC NewsDepartment by Myanmar In USA
Saturday, December 10, 2011
အမေရိကန်ရောက် မြန်မာများက BBC မှ အင်နာဂျုံးဝန်ချ တောင်းပန်ရန် ဆန္ဒပြ တောင်းဆို
အမေရိကန်ရောက် ရခိုင်လူမျိုးများအပါအဝင် တခြားမြန်မာနိုင်ငံသားများက ဘီဘီစီမှ သတင်းထောက် အန်နာဂျုံးရေးသားသော သတင်းနှင့် ဓာတ်ပုံအတွက် ၀န်ချတောင်းပန်ရန် နယူးယောက်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲကို ရခိုင်အပါအဝင် တခြားတိုင်းရင်းသား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး နယူးယောက်မြို့ရှိ BBC Worldwide Americas ရှေ့တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Tuesday, December 6, 2011
ရခိုင်လူမျိုးမှာ ကုလားမရှိပါ။
ရခိုင်လူမျိုး
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
Monday, December 5, 2011
နိုင်ငံတော်ဦးသျှောင်တွေ / နိုင်ငံရေးပါတီတွေ ဘာတွေလုပ်နေ
အယောင်ဆောင်ရိုဟင်ဂျာနဲ့ ပါသက်လို့ BBC ရဲ့မှားယွင်းစွာဖေါ်ပြမှုအပေါ် BBC အနေနဲ့ပြန်လည် တောင်းပန်ဖြေးရှင်းဖို့အရေးကို တိုင်းရင်းသားညီအကို မောင်နှမတွေ တတ်နိုင်သလောက် ကြိုးပမ်းပြီးပါပြီ။ တကယ်တော့ ဒီကိစ္စဟာပေါ့သေးသေး ကိစ္စမဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမျိုးရေး (လူမျိုးရေးမှာတောင် တိုင်းရင်းသားအားလုံးနဲ့ ပါတ်သက်တဲ့လူမျိုးရေး)။ ဒါကြောင့်ဒီကိစ္စမှာ ရွှေမြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်နေတဲ့ အချုပ်သူတွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ ထိရောက်တဲ့ နိုင်ငံရေးသမားကြီးတွေကိုယ်တိုင် အဓိကနေရာကနေပြီး ဖြေရှင်းပေးရမှာပါ။ ရွှေမြန်မာပြည်က အတိုက်အခံပါတီတွေကကော BBC လုပ်သမျှ ထိုင်ကြည့်နေကြတာလား။ ဘာအတွက်အတိုက်အခံလုပ်နေကြတာလဲ ကိုယ်အာဏာရလာဖို့အတွက်လား၊ မြန်မာပြည်သူ ပြည်သားတွေ ကောင်းစားဖို့အတွက်လား။ NLD တို့လိုအထိကရ အတိုက်အခံပါတီတွေကော ဘာတွေလုပ်နေကြတာလဲ။ တကယ်လို့ BBC က NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီမဟုတ်ပါဘူး အလိမ်အညာ သက်သက်သာဖြစ်တယ်လို့ ကြော်ငြာရင်ကော NLD လက်ပိုက်ကြည့်နေမှာလား နိုင်ငံရေးသမားကြီးတွေကကော ငြိမ်နေမလား။ ပါတီကိုထိတာမဟုတ်လို့ ငြိမ်နေကြတာလား။ ဘာအတွက်လုပ်နေကြတာလဲ။ ဘယ်သူ့အတွက် အလုပ်လုပ်နေကြတာလဲ။ မင်းတိုအာဏာရရေးသက်သက်လား။ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခါရှိရှိ ရပ်တည်နေတဲ့ ကမ္ဘာကျော် အသံလွှင့်ဌာန BBC အနေနဲ့ မိမိတို့မှားမိတဲ့အမှားကို သိက္ခါရှိသူများပီပီ ရဲရဲကြီး ပြန်လည်တောင်းပန် ဖြေရှင်းသင့်ပါတယ် ဆိုတာကို NLD တို့၊ တခြားနိုင်ငံရေးပါတီတို့က ဘာကြောင့်များ မတောင်းဆိုကြတာလဲ။ မြန်မာ့တိုင်းရင်းသားအရေးက NLD တို့ တခြားနိုင်ငံရေးပါတီတွေနဲ့ လုံးလုံးမသက်ဆိုင်တာလား။
Saturday, December 3, 2011
နယူးယော့ခ်ဆန္ဒပြပွဲသို့ ဖိတ်ကြားလွှာ
Friday, December 2, 2011
Anti-Rohingha လှုပ်ရှားမှု ထောက်ခံအားပေးသူများနှင့် တက်ကြွလှုပ်ရှားသူအားလုံးသို့  အိတ်ဖွင့်ပေးစာ
Thursday, December 1, 2011
ပြည်သူကြားက ပြည်သူ.အသံ
မြန်မာနိုင်ငံ အရေးသည် မြန်မာနိုင်ငံသား အားလုံးနှင့်သက်ဆိုင်သလို ထိုမြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အရေးသည်လည်း မြန်မာ နိုင်ငံသား အားလုံး နှင့် သက်ဆိုင်ပါသဖြင့် ကျမ simple views မှ တွေ.မြင် ကြားသိ ရသမျှကို ဖောက်သည် ချသွားပေးမှာ ဖြစ်ပါတယ်.
နာမည်ကြီး သတင်းဌာနတခု ရဲ့ အမှား က အစပြုပြီး လူ.အခွင့်အရေး ဟစ်ကြွေးပြီး မဏ္ဍပ်တိုင်တက်ကာ မြန်မာတိုင်းရင်းသား ဖြစ်ချင်နေရှာသော ရိုဟင်ဂျာ များရဲ့ ခြေလှမ်းများ ကို အများပြည်သူ သိခွင့်ရလိုက်တာဟာ အင်မတန်ကံကောင်းတယ် အချိန်မီသွားတယ်လို. အကောင်းဖက်က မြင်မိပါတယ်...
ဘာကြောင့်လဲ ဆိုတော့ ဒီ ရိုဟင်ဂျာအမည်ခံတွေဟာ ဆန္ဒပြပွဲတွေ ရှိတယ်ဆိုရင် နိုင်ငံရေးအဖွဲ.အစည်းတွေနဲ.ရောပြီး မြင်တွေ.နေရပါတယ် ၊ ပွဲတခုခုလုပ်ရင်လည်း လူဝံဆန်.အောင် အများဂရုထားမိအောင် အကျွေးအမွေးနဲ. ထောက်ပံ့ပြီး နေရာယူနေကြတာ နိုင်ငံရေး သမားများက လွဲလို. မြန်မာပြည်သူပြည်သားများ မသိကြပါဘူး... အဲ့လိုနဲ. နိုင်ငံရေးသမားများနဲ.ရောနှောကာ တဆင့်ပြီးတဆင့်တက်လို. ရိုဟင်ဂျာ အခွင့်အရေးဆိုတာတွေကို ဥရောပင်္နဲ. အမေရိက တခွင်မှာ မတရားတောင်းဆိုပါတော့တယ်... ( ဒီနေရာမှာ နား နဲ. မနာ ဖဝါးနဲ. နာပါ.. အသက်သာကြီးသော်ငြား အချိန်မစီး ကျပ်မပြည့်ရှာသည့် နိုင်ငံရေးသမား အဖိုးအို တို. က ရိုဟင်ဂျာ အမည်ခံများရဲ့ နွားများပါပဲ )
RFA နဲ. အင်တာဗျူးခဲ့တဲ့ ဝါကာအူတင် ရဲ့ အဆိုအရ
၁ ။ သူတို.သည်အာရပ်က လာခဲ့ကြတယ်လို. ဆိုပါတယ်
( အာရပ်က လာမှန်းသိရင် အာရပ်ကို ပြန်ပါ . မြန်မာပြည်မှာ သင့်အတွက် နေရာမရှိပါ )