Pages

Wednesday, April 25, 2012

ရိုဟင်ဂျာ ကိစ္စ-ရခိုင် ချေပချက် 06/04/2009 (ရှမ်းသံတော်ဆင့်)

သျှမ်းသံတော်ဆင့် မှ ဖေဖေါ်ဝါရီလ တွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်း နှင့် ပတ်သက်၍ ထိုင်းသတင်းစာများ မှ ကူးယူ ဖေါ်ပြသည် ဟူသော ဆောင်းပါး၌ “ရိုဟင်ဂျာ ဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစု လောက်က ရခိုင်ပြည် မြောက်ပိုင်း တဝိုက်စီးပွား ကုန်သွယ် အလုပ် နဲ့ ရွှေ့ပြောင်း အခြေချ လာတဲ့ အာရပ် လူမျိုးစု ကနေ တဆင့် မူဆလင် ဖြစ်လာကြတာ”ဟု ရေးသား ဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့် ရပါသည်။ ဤဆောင်းပါး ကို ဖေါ်ပြသော ထိုင်း သတင်းစာ များသည် ရိုဟင်ဂျာ ဆိုသူများ ထံမှ ရရှိ သော အချက်အလက် ဖြစ်ဟန်တူသည်။

 ရောက်တဲ့နေရာမှာ လူမျိုးရေးအရ၀ါးမျိုရန်ကြိုးစားနေသော ဘင်္ဂလီကုလားများ၊ ထိုင်းနိုင်ငံတွင် မွတ်စလင်ခွဲထွက်သူပုန်တို့၏ အကြမ်းဖက်မှုကို အပြင်းအထန်နှိမ်နင်းနေရသောကြောင့် ထိုင်းနိုင်ငံမှ ဘင်္ဂလီကုလားများကို မည်သည့်အကြောင်းပြချက်နဲ့မဆို နိုင်ငံတွင်းသို့ တရားမ၀င်လာရောက်ခွင့်ကို ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိသည်။

အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့
ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိ အမှတ်ပြုထား ပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုး တမျိုး ဖြစ်သော ကြောင့် ရခိုင်ပြည် ၌ ဤကဲ့သို့ မူဆလင် ဘာသာ ကိုးကွယ်သော ရခိုင် တိုင်းရင်းသား ကမန် လူမျိုး ရှိသည်ကိုပင် သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိ ကို မိမိ ရိုဟင်ဂျာ ဟု ကြွေးကြော် နေသူများ မှာ ၁၈၂၅-နောက်ပိုင်း ရခိုင် ကို အင်္ဂလိပ် တို့ သိမ်းပိုက် ပြီးမှ ဝင်ရောက် လာသော မူဆလင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်း တောင်းတန်း နေ ဘင်္ဂလီ များသာ ဖြစ်သည်။



၁၈၂၅-တွင် ရခိုင်ပြည် ၌ မူဆလင် ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှ အစိုးရ က မူဆလင် ဦးရေ တိုးလာမှု ကိစ္စ ကို စိုးရိမ် လာသောကြောင့် အခြေအနေ စုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့စည်း ပေးခဲ့သည်။ ကော်မရှင် က မူဆလင် ဦးရေ အတားအဆီး မရှိ တိုးဝင် လာမှုကို မဟန့်တား ပါက နောင်အခါ ၌ လူမျိုးရေး ပဋိပက္ခ များ ဖြစ်နိုင်ကြောင်း အစီရင် ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာ စစ်ကြောင့် မည်သို့မျှ မလုပ် နိုင်ခဲ့ပေ။ အစီရင် ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ခဲ့ လေသည်။ မောင်တော မြို့နယ် ရှိ ရခိုင် ရွာအား လုံး ဖျက်ဆီး ခံရသည်။ ရခိုင် တချို့မှာ ပြည်တွင်း သို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ် ပိုင်နက် ဒိန်နာဂ်ျပူ သို့ထွက်ပြေး ခဲ့ကြရ သည်။

၁၉၄၂-ဂျပန် များ ဝင်လာသော အခါ ရခိုင် များကို သတ်ဖြတ် ခဲ့သော ကုလား အဖွဲ့သည် ဘာသာရေး အသွင် ပြောင်းကာ ဂျမေယာတူ အိုလမာ အသင်း ဖွဲ့စည်း ကြသည်။ အဖွဲ့ ဥက္ကဌ မှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော် များ အဖွဲ့သည် အနောက် ပါကိစ္စတန် မှ အော်လနာမူဟာမတ် မူဇဟတ်ခန် နှင့် မော်နာအီဗြာဟိန်း တို့ကို ခေါ်၍ မူဂျာဟိန်း အဖွဲ့ ဖွဲ့စည်း ကြသည်။ ပါကိစ္စတန် နယ်သို့ ရခိုင်ပြည် ထည့်သွင်း ရေး အစီစဉ် ပင်ဖြစ်သည်။ စစ်ရေး အရ မြန်မာ စစ်တပ် နှင့် မယှဉ် ပြိုင်နိုင်သော မူဂျာဟိန်း တို့သည် အခြား တိုင်းရင်းသား များနည်းတူ အခွင့်အရေး ရလို၍ မစ္စတာ ဂေါ်ဖားက ရိုဟင်ဂျာ ဟူသော လူမျိုးသစ် တစ်ခုကို ၁၉၅၀- စက်တင်ဘာလ ထုတ် ဂါဒီးယန်း သတင်းစာ တွင် အသက် သွင်းခဲ့သည်။

သို့သော် ၁၉၅၁- ဇွန်လ တွင် ကျင်းပ ခဲ့သော အလယ် သံကျော် မူဆလင် ညီလာခံ ကမူ ရိုဟင်ဂျာ မဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင် မူဆလင် လူမျိုး ဟု ခေါ်ဝေါ်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ရခိုင် တို့က ငါတို့ ရခိုင် တွင် မူဆလင် ဘာသာဝင် မရှိ ဟု ပြောလာကြသော အခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက် ရန် ထွက်ပေါက် ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင် တွင် ရိုဟင်ဂျာ သတင်းစာ၊ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား အသင်း ထိ လှုပ်ရှား လာခဲ့ကြသည်။

၁၃၊ ၅၊ ၈၈ - နေ့က မောင်တော မြို့နယ် တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ကုလား လှုပ်ရှားမှု တစ်ခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့် သည် မောင်တော မြို့ကို အရပ် ရှစ်မျက်နှာ မှ ဝိုင်းပြီး ဟစ်အော် ကြွေးကြော် မီးရှို့သတ်ဖြတ် ရန် ချီတက် လာခဲ့ကြသည်။ လှုပ်ရှားမှု မှာ ညနေ ရှစ်နာရီခွဲ မှ နောက်တနေ့ နံနက် ၃-နာရီခွဲ အထိ ကြာခဲ့သည်။ သူတို့ ဘာသာ စကား ဖြင့် ဘုရားသခင် အလိုကျ တိုက်ပွဲ ဝင်ကြ၊ မင်းတို့ တိုင်းပြည် ငါတို့ တိုင်းပြည် ဖြစ်ရမည် ဟူ၍ ဟစ်အော် ကြ သည်။

ရခိုင်ပြည်နယ်ကို ဘာသာရေး၊ လူမျိုးရေးအရ ၀ါးမျိုရန်နှင့် အကြမ်းဖက်ဖောက်ခွဲ၊ သတ်ဖြတ်ရန်အတွက် ဤကဲ့သို့ မူဂျာဟစ်ကုလားဆိုးသောင်းကျန်သူများ (သို့) ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များကို တည်ထောင်ခဲ့သည်။ (ရိုဟင်ဂျာသည် အကြမ်းဖက်အဖွဲ့အစည်း)

၁၉၄၂ မတိုင်မှီ က မောင်တော မြို့နယ် အတွင်း တည်ရှိ ခဲ့သော ရခိုင် ရွာပေါင်း ၁၉၅-ရွာ မှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါ တော့သည်။ ကျန်ရွာ များအား မူဆလင် များက လူဦးရေ အသာစီး ရမှုဖြင့် သိမ်းပိုက် ခဲ့ကြ ပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများ ပေါ်ပေါက် လာပုံ သမိုင်း အကျဉ်း ဖြစ်သည်။ လက်ရှိ အဖြစ်အပျက် များနှင့် တိုက်ဆိုင် ၍ အောက်ပါ ဆောင်းပါး ဖြင့် ချေပ တင်ပြ လိုက်ရ ပါသည်။

လိမ်လည်ခြင်း နှင့် ဟန်ဆောင်ခြင်း နောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသော အသံ သည် ၁၉၈၈ လူထု အုံ-ကြွမှု နှင့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အော်ကြီး ဟစ်ကျယ် ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာ အမည်ခံ” ဘင်္ဂလီ မူဆလင် များ၏ စတန့်ထွင် လုပ်ဇာတ် ခင်းမှုများ လည်း Media များမှ တဆင့် ပလူပျံ ထွက်ပေါ် လာပါသည်၊၊ မိမိ တို့၏ သမိုင်းမှန်၊ ဖြစ်ရပ်မှန်များ ကို ဖုန်းကွယ် ၍ သမိုင်း လိမ်၊ ဖြစ်ရပ် လိမ်များ အစားထိုး တင်ပြကာ “ရိုဟိန်ဂျာ” အမည် ကိုသုံး၍ လူမျိုးသစ် ဖန်တီးရေး နှင့် နိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင် လာကြပါသည်၊၊

မှတ်မိ သလောက်၊ ၁၉၉၀ ရွေးကောက်ပွဲ တွင် ရိုဟိန်ဂျာ အမည် သုံး၍ ရွေးကောက်ပွဲ ဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာ အမည် အသုံး မပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေး ခိုင်းပြီး ယင်း ဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသား များ၊ အခြေမဲ့ အနေမဲ့ များနှင့် ပူးပေါင်းကာ ဗမာ စစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှု ကြောင့် လူ (၂၀၀၀၀၀) ကျော် ထွက်ပြေး ရကြောင်း စာရင်း ပြကာ ရိုဟိန်ဂျာ အမည် ကိုကမ္ဘာ ကျော် အောင် နည်းမျိုးစုံ လုပ်ကြံ ဖန်တီး လာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုခံ ထားရသော မူဆလင် များအား ရွေးကောက်ပွဲ ဝင်ခွင့် ပြုခဲ့သည် ကို ရိုဟိန်ဂျာ အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရ သလိုလို လိမ်လည် လှည့်ဖြား လာကြ ပါသည်။ ဘာသာရေး အစွန်းရောက် တချို့ ၏ ဤကဲ့သို့ လုပ်ကြံ ဖန်တီးမှု များ အစ ပိုင်းတွင် အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်း တွင် တိမ်ကော လာပြီဖြစ်သည်။

အင်္ဂလိပ် အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများ အဖြစ် ရခိုင်ပြည် သို့ လာရောက် လုပ်ကိုင် လာခါစ၌ စီးပွားရေး နှင့် ဘဝ ရပ်တည်ရေး ရည်မှန်းချက် သာရှိကြ သဖြင့် ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင် များက လူသားချင်း စာနာ၍ အမှတ် မထင် လက်ခံ ထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလား ဒေသ မှ ရခိုင် ပြည်ဘက်သို့ ယင်းဘင်္ဂလီ မူဆလင် များ မတရား လိမ့်ဝင် လာမှု ကြောင့် အင်္ဂလိပ် အစိုးရ ကိုယ်တိုင် စိုးရိမ်၍ လူဦးရေ စာရင်း စစ်တမ်းများ လုပ်လာခဲ့ ရသည်၊၊ ရခိုင် မြေ၌ လူဦးရေ အလုံးအရင်း ဖြင့် အခြေချ နေထိုင်ခွင့် ရှိပြီး နောက် ဘာသာရေး အစွန်းရောက် များနှင့် နယ်မြေ ချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင် များ နိုင်ငံရေး ဘက်သို့ ဦးတည် လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံ တိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည် လှည့်ဖြား တင်ပြ လာကြပါသည်။ စစ်တကောင်း ဒေသမှ ယင်းဘင်္ဂလီ မူဆလင် များ သည် ယနေ့ ထက်ထိ လည်း ရခိုင်ပြည် ထဲ နည်းမျိုးစုံ ခိုးဝင် နေကြရုံသာ မက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည် ၏ စီးပွားရေး ချုပ်ကိုင်ဖို့ ကြိုးစား နေကြသည်ကို တွေ့ရှိ ရပါသည်။
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ခေါင်းဆောင်နှင့် ၄င်းတို့၏ အကြမ်းဖက်သတ်ဖြတ်၊ မုဒိန်းကျင့်ခြင်းခံရသော ဌာနေဗုဒ္ဓဘာသာရခိုင်တိုင်းရင်းသားများ။

အစပိုင်းတွင် မြန်မာ နိုင်ငံ ရှိ အခြား တိုင်းရင်းသား များက ရိုဟိန်ဂျာ အမည် နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲ ဝင် မှုကို လက်ခံရန် ရခိုင် တို့အား ဖိအား ပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များ မှလည်း လူ့အခွင့်အရေး ရှုထောင့် မှနေ၍ ရိုဟိန်ဂျာ ဆိုသူများ အား အသိ အမှတ် ပြုမှုများ ရှိလာသည် သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ အမည် နှင့် နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများကို အသိအမှတ် ပြုကာ ရိုဟိန်ဂျာ ဆိုသူများနှင့် လက်တွဲ တိုက်ပွဲဝင် ရန် နည်းမျိုးစုံ ဖိအား ပေးမှုများ လုပ်လာ ခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသား များက သူတို့၏ လိမ်လည်ခြင်း နှင့် ဟန်ဆောင်မှု များ ကို သိလာရသော အခါ ရိုဟိန်ဂျာ အမည် နှင့်တကွ သူတို့ ၏ နိုင်ငံရေး အရ ရပ်တည် တိုက်ပွဲဝင် မှုများ ကိုပါ လုံးဝ အသိ အမှတ် မပြု ဖြစ်လာကြသည်၊၊

ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ရခိုင်ပြည် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရခိုင် ပြည်မှ ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံသို့ လှေစီး ဒုက္ခသည် ပုံစံ မျိုးဖြင့် အလုံးအရင်း ဖြင့် ဝင်ရောက်ခြင်း များ ပြုလုပ် လျက် ယင်း နိုင်ငံများ ၌လည်း လူမှုရေး နှင့် ဘဝ ရပ်တည်ရေး အပါအဝင် နိုင်ငံရေး အရ ကြွေးကြော် တိုက်ပွဲဝင် မှုများ ပြုလုပ် လာကြ ပါသည်။ ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ယခုအခါ တွင် မလေးရှား နိုင်ငံ ၌ သောင်း နှင့် ချီရောက်ရှိ နေပြီဖြစ်ပြီး၊ ထိုင်း နိုင်ငံ ၌လည်း စနစ်တကျ ဝင်ရောက် ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရ က ယင်း ရိုဟိန်ဂျာ အမည်ခံ များ ထိုးဖေါက် ဝင်ရောက် မှုကို စနစ်တကျ တားဆီး မှုပြုလုပ်လာသော အခါ ယင်းရိုဟိန်ဂျာ အရေး သည် ဒေသခံ နိုင်ငံများ အား ရိုက်ခတ် လာသဖြင့် ဒေသခံ နိုင်ငံများ သတိထား ဆောင်ရွက် လာကသည် ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး ၌ပင် ယင်းရိုဟိန်ဂျာ ပြဿနာ သည် နံပါတ်(၁) နေရာ ရယူထား ပြီး ဖြစ်သည်၊၊

ထိုင်း နိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည် စခန်းများ ဖွင့်ခွင့် လက်မခံ သနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်း ရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေး အရ တိုက်ပွဲဝင် နေသူများ သည် Al-Quada အဖွဲ့ နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်း နိုင်ငံ အကြမ်းဘက် လှုပ်ရှား နေသူများ နှင့် ပေါင်းမိပြီး ထိုင်း နိုင်ငံ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ ဖြစ်သည်၊၊

နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ က ရိုဟိန်ဂျာ အမည်ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့် မှနေ၍ ယင်း တို့၏ နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများ အသိ အမှတ် ပြုရန် ရခိုင် တို့အား ဖိအား ပေးနေကြသည် ကို တွေ့ရှိ ရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင် များ အလုံးအရင်း နှင့် ဝင်ရောက်ပြီး နောက်ပိုင်း ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွါးပြီးနောက် မိမိ တို့၏ ပိုင်ဆိုင်မှု နယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေး လာကြရသော ဒေသခံ ရခိုင်များ ၏ ရှေ့အနာဂတ် အရေးကို တွေးပူ သည်ကိုကား မတွေ့ ရှိရသေးပေ၊၊ ယင်း အဓိကရုဏ်း ကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှု ကြောင့် အသက် ဆုံးရှုံး ခဲ့ရသော ရခိုင် ပြည်သူများ၊ ဗုဒ္ဓဘာသာ ရဟန်းတော် များ၊ မူဆလင် များ၏ မီးတိုက် ဖျက်ဆီး မှုကြောင့် ပြာကျ ခဲ့ရသော ရခိုင် ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များ၊ ဘာသာရေး အစွန်း ရောက် ယင်းမူဆလင် များ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော ရခိုင် သူမ များနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်း အထိတ် တလန့် ဖြစ်နေ ရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ် အရေး ကို တွေးပူ စဉ်းစား မိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့ အစည်း များကို မတွေ့ ဖူးသေးပေ၊၊

ဗမာ စစ်အစိုးရ ၏ နှိပ်စက်မှုကို ခံနေ ရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင် သက်သက် မှ မဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓ ဘာသာဝင် များအပါ အဝင် မြန်မာ တစ်နိုင်ငံ လုံးရှိ ပြည်သူများ သည်လည်း နည်းမျိုးစုံ ဖိနှိပ် ညှင်းဆဲ ခံနေ ရသည်ကို သတိ တရား လက်ကိုင် ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်း နိုင်ငံများ၊ NGO များ ကုလသမဂ္ဂ အဖွဲ့ အစည်း များက ချင့်ချိန် မစဉ်းစား ဘဲ ရိုဟိန်ဂျာ ဆိုသူများ ၏ အရေး ကိုစောင်းပေးပြီး ရိုဟိန်ဂျာ အမည် နှင့် ယင်း တို့၏ နိုင်ငံရေး အရ ရပ် တည် တိုက်ပွဲဝင် မှုကို လက်ခံ ခဲ့ လျှင် မကြာ သော တနေ့ ၌ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရိုဟိန်ဂျာ အမည်ခံ သူများ လက်ထဲသို့ ကျရောက် သွားပြီး၊ ဒေသခံ ရခိုင် ပြည်သူများ အသတ် ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေး ရမှုနှင့် ရင်ဆိုင် ရမည်။ ယင်း အရေး သည် ရခိုင်ပြည် တခုလုံး၊ ဗမာပြည် တစ်ခုလုံး နှင့် အိမ်နီးချင်း နိုင်ငံ များ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာပြီး ယင်း နိုင်ငံ ၌ နေထိုင် နေကြသော ဒေသခံ ပြည်သူများ လည်း ရခိုင်သား များ ကဲ့သို့ ဘေးဆိုး ကြီးများ နှင့် ရင်ဆိုင် ရမည် ဖြစ်ပါကြောင်း။

ရိုဟင်ဂျာ ကိစ္စ-ရခိုင် ချေပချက်(သျှမ်းသံတော်ဆင့်)

0 comments: