Pages

Sunday, February 9, 2014

ရခိုင်ခေါင်းဆောင်များအား လုပ်ကြံသည့်အပေါ် ပြင်းထန်စွာရှုတ်ချခြင်း

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များဖြစ်ကြသော RNDP ဥက္ကဌဒေါက်တာအေးမောင် နှင့် ALD ဥက္ကဌ ဦးအေးသာအောင်တို့ ဦးဆောင်သောရခိုင်ခေါင်းဆောင် တချို့မလေးရှားသို့ သွားရောက်စဉ် ဖေဖေါ်ဝါရီ လ (၅) ရက်နေ့တွင် ထိုခေါင်းဆောင်များအား အကြမ်းဖက်သေနတ်သမားတချို့မှ ပစ်ခတ်သတ်ဖြတ်ရန် ကြံစည်ခဲ့ ကြောင်း ကြားသိရသည့်အတွက် မိမိတို့ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာ စိတ်မကောင်း ဖြစ်ရသည့် အပြင် ယခုကဲ့သို့အကြံပက် စက်သောလုပ်ရပ်အ ပေါ်ပြင်းထန်စွာရှုတ်ချ လိုက်သည်။

မိမိတို့ ရခိုင်ခေါင်းဆောင်များသည် အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဇောင်းပေးးလုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များဖြစ်ကြောင်း မိမိတို့မှ အခိုင် အမာယုံကြည်သည်။


ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်

ကေဇူး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။