Pages

Sunday, May 13, 2012

အမည်ခံရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီများအရေးနှင့် အနာဂတ်ရခိုင်ပြည်နယ် ( ပ+ဒု)

လေ့လာချက်အကျဉ်း
အနာဂတ် မြန်မာနိုင်ငံရေးနှင့် ရခိုင်နိုင်ငံရေးတွင် ကြီးမားသောနိုင်ငံရေးပြဿနာ တခုပေါ်ပေါက် လာနိုင်မည့်ကိစ္စမှာ ရခိုင်ပြည်နယ်အတွင်းဝင်ရောက်နေသော ဘင်္ဂလီ မူဆလင် ဘာသာဝင်တို့၏ ပြဿနာဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေးဆိုင်ရာ    နိုင်ငံတကာ အခင်းအကျင်းတွင်လည်း  ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ နိုင်ငံရေးဆိုင်ရာ      အမြတ်ထုတ်မှုကို နေ့စဉ်နှင့်အမျှ တွေ့နေကြရပါသည်။ ဤကိစ္စနှင့်ပတ်သတ်၍ ပြည်ပရောက်   မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း သမိုင်းမှန်ကို သိရှိထားရန် လိုအပ်ပေသည်။ ရခိုင်ပြည်အတွင်းဝင်ရောက်နေသော (Bengali) ပြဿနာသည် ရခိုင်လူမျိုးတခုတည်း၏ သီးခြားပြဿနာ မဟုတ်ဘဲပြည်ထောင်စုအတွင်း နေထိုင်သော တိုင်းရင်းသားအားလုံး၏ ပြဿနာဖြစ်ကြောင်းကိုသိရှိထားရန် လိုအပ်ပေသည်။

ရခိုင်သမိုင်းကိုပြန်ကြည့်ပါက အေဒီ (၁၇၈၄) မတိုင်မီ ရခိုင်သည် လွတ်လပ်သော သီးခြား နိုင်ငံတခုဖြစ်သည်။[1] (၁၈၂၄-၁၈၂၆) ပထမအင်္ဂလိပ်-မြန်မာစစ်အပြီးတွင် အင်္ဂလိပ်တို့၏ လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်မှ လယ်ကူလီ အမြောက်အများ ခေါ်သွင်းခဲ့သည်။ ၄င်းတို့ခေါ်သွင်းခဲ့သော ဘင်္ဂလီတို့သည် ရခိုင်ပြည်မေယုမြစ်ဝှမ်းဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်။ ၄င်းတို့မျိုးရိုးမှ ပေါက်ဖွားလာသူများကို စစ်တကောင်း ဘင်္ဂလီမူဆလင်များဟု ခေါ်ဝေါ်ကြသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များကို အုပ်စုလေးခုခွဲခြားနိုင်သည်။ ၄င်းအုပ်စုလေးခုမှာ မေယုမြစ်ဝှမ်းဒေသရှိ စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီမူဆလင်များ၊ မြောက်ဦးနှင့်ကျော်တော်မြို့နယ်များအတွင်းနေထိုင်ကြသည့် မြောက်ဦး ခေတ် (၁၄၃၀-၁၇၈၄) မှ ဆင်းသက်လာသည့် မူဆလင်များ၊ ရမ်းဗြဲကျွန်းရှိ အေဒီ (၁၆၆၀) ခုနှစ်အတွင်း ဝင်ရောက် လာသည့် ကမန် (ခေါ်) မဂိုလေးကိုင်စစ်သည်တော်များ နှင့် သံတွဲမြို့နယ်အတွင်း ရခိုင်ပြည်အား ဘိုးတော်တရား ဝင်ရောက်သိမ်းပိုက်စဉ် ဗမာစစ်တပ်နှင့် အတူပါလာသည့် မြေဒူးမူဆလင်များ ဖြစ်ကြသည်။

မူဆလင်များ ရခိုင်ပြည်သို့ဝင်ရောက်လာခြင်းကို လေ့လာချက်
ရိုဟင်ဂျာ ဆိုသော ဝေါဟာရအသုံးအနှုန်းကို (၁၉၅၀) မတိုင်မီ မည့်သည့်သမိုင်းဆိုင်ရာ အထောက်အထားတွင်မှ တွေ့ရမည် မဟုတ်ပေ။ (၁၉၅၀) ပြည့်နှစ်ကာလများအတွင်း ဘင်္ဂလီတစုမှအဆိုပါ ဝေါဟာရကို တီထွင်ခဲ့ခြင်းဖြစ်သည်။ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့သည့် မင်းစောမွန်သည် ဘင်္ဂလားဒေသတွင် ဆူလတန်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ မင်းစောမွန်အုပ်ချုပ်စဉ် ကာလအတွင်း မူဆလင်ဘာသာဝင်များကို မြောက်ဦးမြို့အပြင်ဘက်အရပ်၌ နေထိုင်ခွင့်ပေးခဲ့သည်။ ရခိုင်ပြည်အတွင်း ပထမဆုံးမူဆလင် ဘာသာဝင်များ အခြေချနေထိုင်ခြင်းဖြစ်သည်။ (၁၇) ရာစု အလယ်ပိုင်းတွင်လည်း မူဆလင်ဘာသာဝင်များ ဝင်ရောက်လာခဲ့သည်။ ပေါ်တူဂီ ပင်လယ်ဓါးပြများသည် ဘင်္ဂလားဒေသရှိ လူများကိုဖမ်းဆီးပြီး ရခိုင်ဘုရင်ထံ ကျွန်များအဖြစ်ရောင်းချခဲ့သည်။ ၄င်းကျေးကျွန်အများစုကို လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုခဲ့သည်။[2]



ဘုရင်အပါး၌ အခစားခဲ့သူများလည်း အနည်းအကျည်း ရှိမည်ဟု သမိုင်းပညာရှင် (Talish) မှတင်ပြခဲ့သည်။[3] ရှုပ်ထွေးဖွယ်ရာ အထောက်အထားတခုဖြစ်သည့် ရခိုင်ဘုရင်များ မူဆလင်ဘွဲ့ အမည်ခံယူမှုနှင့်ပတ်သတ်၍ သမိုင်း ပညာရှင် (Charney) မှ ရခိုင်ဘုရင်၏ အုပ်ချုပ်နယ်ပယ်၌ ဘင်္ဂလားဒေသပါဝင်သည့်အတွက် အုပ်ချုပ်ရေး၌ လွယ်ကူ စေရေးအတွက် မူဆလင်ဘွဲ့ကို ခံယူခဲ့ခြင်းဖြစ်မည်ဟု တင်ပြခဲ့သည်။[4] ဗမာဘုရင် အုပ်ချုပ်စဉ်ကာလအတွင်း အုပ်ချုပ်ရေး ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်လူမျိုးအမြောက်အများသည် အင်္ဂလိပ်အုပ်ချုပ်ရေးအောက်ရှိ ဘင်္ဂ လားနယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။[5] ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီ၏မှတ်တမ်းများအရ ရခိုင်လူမျိုး (၃၅၀၀၀) ကျော်သည်(၁၇၉၉)နှစ်တွင် အင်္ဂလိပ်အုပ်ချုပ်ရေး အောက်ရှိ စစ်တကောင်းဒေသသို့ ခိုလှုံလာခဲ့ကြသည်ဟု မှတ်တမ်း တင်ခဲ့ကြသည်။[6] မြန်မာဘုရင်အုပ်ချုပ်ရေးကာလအတွင်း ပုန်ကန်သူများကို နှိမ်နှင်းရန်အတွက် ရခိုင်ပြည်မှပြည်သူ အမြောက်အများကို မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ပြောင်းရွေ့ခဲ့ရာ ရခိုင်ဒေသ၌ လူဦးရေ ကျဆင်းခဲ့ရပြန်သည်။ အင်္ဂလိပ်လက်အောက်သို့ ရခိုင်နှင့်တနင်္သာရီ ကျရောက်ခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးအတွက် ဘင်္ဂလီ မြောက်အများကိုခေါ်သွင်းခဲ့သည်။ ၄င်းအပြင် အင်္ဂလိပ်တို့သည် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ပြီးနောက် ရခိုင်၏ နယ်ခြားမျဉ်းပျောက် ကွယ်ကာ ဘင်္ဂလီတို့ တံခါးမရှိဝင်ရောက်လာခဲ့သည်။ ဤသို့ ဝင်ရောက်လာခြင်းမှာ အလုပ်အကိုင် ရှာဖွေရန်အတွက် ဝင်ရောက်လာခြင်းဖြစ်သည်။ ဆာအာသာဖေယာ၏ (၁၈၃၀) ခုနှစ်အစီရင်ခံစာအရ ရခိုင်ဒေသ၏ လုပ်အားခမှာ ဘင်္ဂလီဒေသလုပ်အားခနှင့် နှိုင်းယှဉ်ပါက လုပ်အားခ အလွန်တရာမြင့်မားကြောင်းတင်ပြခဲ့သည်။ ဘင်္ဂလီများဝင်ရောက်လာမှုကို စစ်တွေခရိုင်၏လက်ထောက် ကော်မရှင်နာမင်းကြီး(R.B Smart)မှ အောက်ပါ အတိုင်း တင်ပြခဲ့သည်။
”၁၈၇၉ မှစ၍ဘင်္ဂလီများ ရခိုင်ပြည်အတွင်းဝင်ရောက်မှု များပြားလာခဲ့သည်။ ကျွန်များမှဆင်းသက်လာသည့် မျိုးဆက်များသည်လည်း ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များတွင် အခြေချနေထိုင်ခဲ့ကြသည်။ မောင်တောမြို့နယ်မှာ ခိုးဝင်လာသည့် ဘင်္ဂလီများနှင့်ပြည့်နှက်နေကြောင်း၊ အသစ်ရောက်လာသည့် ဘင်္ဂလီများကို နေရာအနှံ့အပြားတွင်တွေ့ရသည်။”[7]
၎င်းကော်မရှင်နာမင်းကြီး၏ တင်ပြချက်တွင် စစ်တကောင်းဒေသမှ နှစ်စဉ်ဝင်ရောက်လာသော ဘင်္ဂလီဦးရေမှာ (၅၀၀၀၀) ခန့် ရှိမည်ဟု တင်ပြခဲ့သည်။ ကူလီလုပ်ငန်း လယ်ယာလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ကြသော်လည်း မြေယာများပိုင်ဆိုင်မှုကို အဓိကထားဆောင်ရွက်လာခဲ့ကြသည်။ (၁၉၁၃)ခုနှစ် တွင် ထုတ်ပြန်သော စစ်တွေခရိုင် တရားရုံး၏ အစီရင်ခံစာတွင် ဘူးသီးတောင်မြို့နယ်၌ ဘင်္ဂလီဦးရေ အဆမတန် များပြား လာကြောင်းကို တင်ပြခဲ့ကြသည်။[8] အင်္ဂလိပ်အစိုးရ၏ ပေါ်လဆီသည် ဘင်္ဂလီများ ရခိုင်ဒေသသို့ ဝင်ရောက်လာစေရေးကို အားပေးခဲ့ကြောင်းတွေ့ရသည်။ ရခိုင်ဒေသ၏စီးပွားရေးမှာ တိုးတက်လာခဲ့ပြီး စစ်တွေဆိပ်ကမ်းသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ဆိပ်ကမ်းတခုဖြစ်လာခဲ့သည်။

ဘင်္ဂလီဦးရေ များပြားလာမှုကို (၁၈၇၁) (၁၉၀၁)နှင့် (၁၉၁၁) ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ အရသိရှိနိုင်သည်။ (၁၈၇၁)ခုနှစ်တွင် ဘင်္ဂလီဦးရေ(၅၈၂၅၅)မှ (၁၉၀၁)ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ မူဆလင်ဦးရေ(၁၇၈၆၄၇)ထိ တိုးတက်လာခဲ့သည်။[9] (၁၉၂၁)ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ရခိုင်ဒေသရှိ မူဆလင် ဘာသာဝင်များအားလုံးကို အိန္ဒိယတိုင်းရင်းသားများအဖြစ် မှတ်တမ်းတင်ခဲ့သည်။

ဘာသာရေးဆိုင်ရာအဓိ ကရုဏ်းများ
ကိုလိုနီခေတ်မြန်မာနိုင်ငံအတွင်း ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သတ်၍ သမိုင်းပညာရှင်(Moshe Yegar) မှတင်ပြခဲ့ရာတွင် အိန္ဒိယတိုင်းရင်းသားများ ဝင်ရောက် အခြေချ နေထိုင်လာမှုကို မကျေနပ်သော ကြောင့် ဖြစ်သည်ဟု တင်ပြခဲ့သည်။[10] သို့ရာတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်သာ ပေါ်ပေါက်ခဲ့ပြီး(၁၉၂၆)နှင့် (၁၉၃၈) ကာလအတွင်း ရခိုင်ဒေသတွင် မည်သည့်အရေးအခင်းမှ ပေါ်ပေါက်ခြင်းမရှိသေးချေ။ ဒုတိယ ကမ္ဘာစစ် ပေါ်ပေါက်လာသည်အထိ မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ခဲ့ကြသည်။[11] သို့ရာတွင်ရခိုင်လူမျိုးနှင့် မူဆလင်တို့အကြား သွေးထွက်သံယို ပဠိပက္ခဖြစ်ပွားမှုမှာ ဒုတိယကမ္ဘာစစ် အတွင်းနှင့် လွတ်လပ်ရေးခေတ်အကြို ကာလတို့တွင် ပိုမိုပြင်းထန်လာခဲ့သည်။ ယခုထိ အသက်ထင်ရှားရှိနေသော အသက်(၈၀) (၉၀) အရွယ် ရခိုင်လူကြီးများမှာ (၁၉၄၂)နှင့်(၁၉၄၃) အတွင်းဖြစ်ပေါ်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းအား မေ့ပျောက်ခြင်း မရှိသေးချေ။    ဤကဲ့သို့လူမျိုးရေ အဓိဂရုန်း ပြစ်ပွားရခြင်းနှင်း ပက်သတ်၍ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းမှ ဗြိတိသျှအစိုးရတွင် လုံးဝ တာဝန်ရှိကြောင်းတင်ပြခဲ့သည်။ လူမျိုးရေးအဓိကရုန်းဖြစ်ပွားရခြင်းအကြောင်းရင်းမှာ အင်္ဂလိပ်အစိုးရမှ ဇာမီဒါ မြေရှင်စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည်ဟုထောက်ပြခဲ့သည်။[12]

၎င်းစနစ်အရ ဘင်္ဂလီမြေရှင်များအားမြေဧကပေါင်း မြောက်များစွာကို နှစ်(၉၀) မြေငှားစာချုပ်ချပေးမှုကြောင့် ဖြစ်သည် ဟုထောက်ပြခဲ့သည်။ မြန်မာမင်းများ အုပ်ချုပ်စဉ် ကာလအတွင်း ရခိုင်လူမျိုးမြောက်များစွာတို့သည် အုပ်ချုပ်ရေး ရက်စက်မှုကြောင့် ဘင်္ဂလားဒေသသို့ မြောက်မြားစွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်ပိုင်း မိမိနေရပ်ပြန်လည်ဝင်ရောက်လာသောအခါ ဘိုးဘွားပိုင်မြေများ၊ ၄င်းလယ်မြေများကို ပြန်လည်းပေးအပ်ခဲ့ခြင်း မရှိချေ။ ဘင်္ဂလီမြေရှင်များသည် ၄င်းတို့ငှားရမ်းထားသော မြေ၌မူလပိုင်ရှင် ရခိုင်တို့အား သီးစားမြေယာ လုပ်သားအဖြစ်သာ အလိုရှိကြသည်။ စစ်တကောင်းဒေသ ဘင်္ဂလီထောင်ပေါင်းများစွာသည် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရခိုင်ဒေသသို့ ဝင်ရောက်ခဲ့ကြသည်။[13] ရခိုင်ဒေသသို့ ဝင်ရောက်လာသော ဘင်္ဂလီ အများစုသည် ဘင်္ဂလားဒေသတွင် ဖြစ်ပေါ်နေသည့် (Farai-di) လှုပ်ရှားမှု၏ သြဇာလွှမ်းမိုးမှုကို ခံခဲ့ကြရသည်။ ၄င်း လှုပ်ရှားမှု၏ အတွေးအခေါ်သည်(Wahhabis)ခေါ် ဆော်ဒီအာရေးဗီးယားရှိ မူဆလင်ဘာသာရေး ဂိုဏ်းကို အခြေခံ ထားခြင်းဖြစ်သည်။

လယ်သမားများသည် လယ်ယာလုပ်ငန်းအပြင် ဘာသာရေးဆရာများ၏ သင်ပြမှုကြောင့် အလာအရှင်မြတ်၏ အလိုတော် အရ ဘာသာရေးစစ်ပွဲဆင်နွှဲရန် တောင်းဆိုလာပါက အဆင်သင့် ပြင်ဆင်ထားရသည်။[14] (၁၉၁၀)ခုနှစ်များအတွင်း မောင်တောမြို့နယ်တခုတည်း၌ပင် ဘင်္ဂလီမြေပိုင်ရှင်(၁၅)ဦး ရှိရာ စစ်တကောင်းဒေသမှ မူဆလင် ဘာသာ ဝင် မြောက်များစွာအား လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် ခေါ်သွင်းလာခဲ့သည်။ ၄င်းဘင်္ဂလီမူဆလင်များသည် ၄င်းတို့ လုပ်ကိုင်မြေယာ၌ပင် ရက်ရွာများတည်ထောင်ကာ၊ ဗလီများနှင့် ဘာသာရေးစာသင်ကျောင်းများကို တည်ဆောက် ခဲ့ကြသည်။ အင်္ဂလိပ်မှတ်တမ်းများအရ ၎င်းကျေးရွာများအား ရခိုင်အမည်များကိုသာ ဆက်လက်ခေါ်ဝေါ်စေခဲ့သည်။[15]

(၁၉၂၀-၁၉၃၀)ခုနှစ်ကာလများအတွင်း ရခိုင်ပြည်မေယုမြစ်ဝှမ်းဒေသရှိ ဘင်္ဂလီမူဆလင်များသည် အိန္ဒိယ မူဆလင် အဖွဲ့ချုပ်နှင့် ဆက်စပ်နေစဉ်ကာလအတွင်း မြန်မာနိုင်ငံပြည်မရှိ (M.A Rashid)နှင့် ဦးရာဇာတ်တို့မှာ မြန်မာ့အမျိုးသား လှုပ်ရှားမှုတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ဗြိတိသျှ ပါလီမန်မှ မြန်မာနိုင်ငံအား အိန္ဒိယနှင့် တွဲရေး၊ခွဲရေးနှင့် ပတ်သတ်ပြီး ဆိုင်မွန်ကော်မရှင်ကို စုံစမ်းစစ်ဆေးရေးအတွက် စေလွှတ်စဉ် အိန္ဒိယရှိ မူဆလင်အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှ မြန်မာနိုင်ငံရှိ မူဆလင်များအနေဖြင့် အစိုးရအုပ်ချုပ်ရေးတွင် (၁၀)ရာခိုင်နှုန်းထိ ပါဝင်ခွင့် ရရှိရေးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များအား စိုက်ပျိုးရေးနှင့် ငွေချေးငှာရေးတို့တွင် တန်းတူအခွင့်အရေး ရရှိရန်တောင်းဆိုခဲ့ကြသည်။[16] ဒုတိယကမ္ဘာစစ်မစတင်မီ အစ္စလာမ်ဘာသာကို အခြေခံသည့်နိုင်ငံရေးပါတီ (Jami-a-tul Ulema-e Islam)ပေါ်ပေါက်လာသည်။ ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သည့်လူမျိုးရေး အဓိကရုန်းနှင့်ပတ်သတ်၍ သမိုင်း ပညာရှင်(Moshe Yegar)မှ (၁၉၄၂)ခုနှစ်အတွင် အင်္ဂလိပ်တို့ အိန္ဒိယဘက် ဆုတ်ခွာသွားပြီးနောက် ရခိုင်လူရမ်းကားများမှ မူဆလင်ဘာသာဝင်ကျေးရွာများအား တိုက်ခိုက်ခဲ့မှုကြောင့်၊ ဘူးသီးတောင်နှင့် မောင်တောရှိ မူဆလင်များကလည်း ရခိုင်လူမျိုးများအား လက်စားချေတိုက်ခိုက်ခဲ့ကြောင်း ဖေါ်ပြခဲ့သည်။[17]

သို့ရာတွင် ရခိုင်မှတ်တမ်းများ၌ ဂျပန်တပ်များ ဝင်ရောက်သိမ်းပိုက်မှုကြောင့် အုပ်ချုပ်ရေးပျက်ပြားစဉ် ကာလအတွင်း မြေပုံမြို့နယ် ရမ်းချောင်းကျေးရွာမှ ညီအစ်ကိုနှစ်ဦး ကုလားလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ရခိုင်လူငယ် သိန်းအောင်ကျော်နှင့် ကျော်ယတို့မှ လူငယ်များစုစည်းကာ ကုလားရွာများအားပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ဖေါ်ပြ ထားသည်။(၁၉၄၂)မတ်လ(၂၃)ရက်နေ့တွင် ဂျပန်လေတပ်မှ စစ်တွေမြို့အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်္ဂလိပ် အစိုးရ သည် သူတို့၏ဌာနချုပ်ကို အိန္ဒိယသို့ မတ်လ(၃၀)ရက်နေ့တွင်ပြောင်းရွေ့ခဲ့သည်။ စစ်တွေခရိုင်တွင် စစ်အုပ်ချုပ်ရေးအား ဧပြီလ(၃၁)ရက်နေ့တွင် စတင်ခဲ့ပြီးနောက် လူမျိုးရေးတင်းမာမှုမှာလည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး မငြိမ်မသက်မှုကိုဖြစ်ပေါ်စေခဲ့သည်။[18] ဂျပန်တို့အား တိုက်ခိုက်ရန်အတွက် ဗြိတိသျှအုပ်ချုပ်ရေးအရာရှိများမှ ဘင်္ဂလီများ ပါဝင်သည့် အပျော်တမ်းတပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့သည်။
၎င်းအပျော်တမ်း တပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့ရခြင်း၏ရည်ရွယ်ချက်မှာ ဂျပန်တပ်များအား ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန် ဖြစ်သည်။ သို့သော်လည်း ၄င်းစေတနာ့ ဝန်ထမ်းတပ်ဖွဲ့များသည် ဂျပန်တပ်များကို တိုက်ခိုက်ရမည့်အစား ဗုဒ္ဒဘာသာ ဘုရားကျောင်း ကန်များအား ဖျက်ဆီးခြင်း၊ ရခိုင်ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တွေခရိုင်၏ လက်ထောက်ကော်မရုင်နာ
ရခိုင်အမျိုးသား ဦးကျော်ခိုင်အား သတ်ဖြတ်ခဲ့ပြီး အကာအကွယ်ကင်းမဲ့နေသောရခိုင်လူမျိုး အရပ်သားမြောက်များစွာကိုသတ်ဖြတ်ခဲ့သည်။ (v.Force) တပ်ဖွဲ့ဝင်များ ၏သိက္ခာကို ထိခိုက်စေကြောင်း အင်္ဂလိပ်အရှိ(Irwin)မှ အထက်အရာရှိများထံရေးသားအစီရင်ခံခဲ့သည်။[19] စစ်တွေမြို့အား ဂျပန်တပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ပြီး နောက်ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်သည်။ ငြိမ်ဝပ်ပိပြားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အား ပြန်လည် ဖွဲ့စည်းပြီး လူမျိုးရေးအဓိကရုန်းဖြစ်ပွားမူကို ရပ်တန့်ရန်ကြိုးပမ်းခဲ့သည်။ ဗိုလ်ရန်အောင်သည် ရခိုင်နှင့်မူဆင်လင် ခေါင်း ဆောင်များနှင့်ဆွေးနွေးပြီးသူ၏ လက်ထောက် ဗိုလ်ရန်နောင်နှင့် ဗိုလ်မျိုးညွန့်တို့အား မောင်တောမြို့သို့စေလွတ်ကာ စေ့စပ်ညှိနှိုင်းမူပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့နှစ်ဦးလုံးမှာ ကုလားများ၏လက်ချက်ဖြင့် ကျဆုံးခဲ့သည်။[20] စစ်တကောင်း ဘင်္ဂလီ တို့၏အဓိကရည်ရွယ် ချက်မှာ ဘာသာရေး ပြဿနာမှတဆင့်   မူဆလင်နိုင်ငံတည်ထောင်ရေးဖြစ်သည်။

(Irwin) မှတ်တမ်းတွင်လူမျိုးရေးအဓိကရုန်းဖြစ်ပြီးနောက် အင်္ဂလိပ်တပ်များပြန်လည်ဝင်ရောက်လာသောအချိန်၌ မောင်တောဒေသ သည် မူဆလင်များကြီးစီုးသောဒေသတစ်ခုဖြစ်လာခဲ့သည်။ မေယုမြစ် အနောက်ဖက်ခြမ်းဒေသရှိ  ရခိုင်တို့၏ ကျေးရွာ အမြောက်အများကို (V.force) တပ်များမှဖျက်စီးခဲ့သည်။ လူအများစုသည် တောတောင်များတွင် ပုန်းအောင်းနေရ ဆဲဖြစ်ကြောင်း ရခိုင်လူမျိုးတို့သည် သူတို့ဘိုးဘွားပိုင်မြေမှ နှင်ထုတ်ခံခဲ့ရကြောင်းမှတ်တမ်းတင်ခဲ့သည်။[21] အင်္ဂလိပ် အစိုးရမှမြန်မာနှိုင်ငံအား လွတ်လပ်ရေးပေးရန် စီစဉ်သောအခါ မူဆလင်များသည် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်မိ သောကြောင်း(၁၉၄၆)နှစ်တွင် (Jami-atul Ulema-e Islam)အဖွဲ့မှ ကိုယ်စလှယ်အဖွဲ့တဖွဲ့အား(Karachi)သို့စေလွတ်ပြီး မောင်တော ဘူသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အား ပါကစ္စတန်နှင့် ပူးပေါင်းရေး အတွက်မူဆလင် အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်ဆွေးနွေးခဲ့ကြသည်။[22] သို့ရာတွင် မူဆလင်များ၏ တင်ပြချက်ကိုဗြိတိသျှ အစိုးရမှငြင်းပယ်ခဲ့သည်။ ၎င်းတို့၏ တောင်းဆိုချက် ငြင်ပယ်ခံခဲ့ရပြီးနောက် လက်နက်ကိုင် ပုန်ကန်မူကိုစတင်ခဲ့ကြပြီး ဘာသာရေး စစ်ပွဲအဖြစ် ကြေငြာခဲ့သည်။ ၎င်းတို့ကို မူဂျာဟစ် သူပုန် ဟုခေါ်ဝေါ်ခဲ့ကြသည်။ ၎င်း မူဂျာဟစ် တပ်ဖွဲ့တွင် လက်နက်ကိုင်အင်အား (၂၇၀၀)ထိ အလွယ်တကူ စုစည်းနိုင်ခဲ့သည်။[23] မြန်မာလွတ်လပ်ရေးအကြိုကာလတွင်မူဆလင်များသည် ၎င်းတို့၏ မတူကွဲ ပြားသော ဘာသာရေးနှင့် ယဉ်ကျေးမူကိုသိမြင်လာခဲ့သည်။ တပြိုင်နက်ထဲမှာပင် ရခိုင်များသည်လည်း မူဆလင် ဘာသာဝင်များ ဒီရေအလားတိုးလာမူကို စိုးရိမ်မူများဖြစ်ပေါ်ခဲ့ကြသည်။ လွတ်လပ်ရေး ရရှိပြီးစ ကာလတွင် မေယုဒေသ ကျေးလက်ဒေသများတွင် လူမျိုးရေး အဓိကရုန်းများ တဖန်ပေါ်ပေါက်လာခဲ့သည်။ ဘာသာရေးအသွင်ဆောင်သည့် စစ်ပွဲအရှိန်မြင့်တက်လာပြီး မူဆင်ဗလီဆရာများသည်လည်း အရေးကြီးသည့် အခန်းဏ္ဍတွင် ပါဝင်လာခဲ့ပြီး နေရာ အနှံ့အပြားတွင်လုယက် တိုက်ခိုက်မူနှင့်အဓမ္မပြုကျင့်မူများနေရာအနှံ့ပြားတွင်ပေါ်ပေါက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မှီ ကာလ မောင်တောမြို့တွင်ရခိုင် ကျေးရွာပေါင်း (၂၀၀) ကျော်ရှိခဲ့သော်လည်း စစ်ပြီးကာလတွင် ရွာခြောက်ရွာတွင်သာ ရခိုင်လူမျိုးတို့အခြေချနေထိုင်ခွင့်ရရှိခဲ့ကြသည်။  

 ရွာပေါင်း (၄၄) ရွာအား မူဂျာဟစ် သူပုန်များမှသိမ်းပိုက်ထားခဲ့ကြသည်။ မူဂျာဟစ် သောင်းကျန်းမူသည် လွတ်လပ် ရေးမရမှီ (၂)နှစ်အကြာကပင်ပေါ်ပေါက်ခဲ့သည်။ (၁၉၄၆)ခုနှစ်တွင်(Muslim Liberation Organization)ကို စစ်တကောင်းဇာတိ (Zaffar Kawal)မှ တည်ထောင်ခဲ့သည်။ (၁၉၄၈) ခုနှစ်တွင် ၎င်းအဖွဲ့အား (Mujahid Party)ပါတီအဖြစ်ပြောင်းလဲခဲ့သည်။

 မူဂျာဟစ်ပါတီမှမြနှ်မာအစိုးထံရာဇာသံပေးပို့ခြင်း
မူဂျာဟစ် ပါတီမှ (၁၉၄၈)ဇွန်လ(၉)ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးအရာရှိထံသို့ အူရာဒူ ဘာသာရေး ဖြင့်ရေးသားထားသည့် ၎င်းတို့၏လိုလားချက်ကို တောင်ခံထားသည့်စာတစ်စောင်ပေးပို့ခဲ့သည်။

၎င်းတို့၏ တောင်းဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။[24]           
၁။ ကုလားတန်မြစ်၏ အနောက်ဘက်နှင့် နတ်မြစ်အရှေ့ဖက်ရှိနယ်မြေကို မူဆလင်တို့နယ်မြေအဖြစ် သတ်မှတ်ပေးရမည်။ 
၂။ ရခိုင်ပြည်နယ် အတွင်းရှိမူဆလင်များကို မြန်မာတိုင်းရင်သားအဖြစ်အသိမှတ်ပြုရမည်။
၃။ မူဂျဟစ်ပါတီအား တရားဝင်နိုင်ငံပါတီအဖြစ်အသိမှတ်ပြရမည်။
၎။ အူရာဘူဘာသာအား ရခိုင်ပြည်နယ်အတွင်းရှိမူဆလင်များ၏ မိခင်ဘာသာအဖြစ်သတ်မှတ်ပြီး ကျောင်းများတွင်လည်း အူရဒူဘာသာဖြင့်သင်ကြားပေးရန်။
၅။ ကျောင်းတော်နှင့်မြောက်ဦးမြို့မှ ဒုက္ခသည်များအား နှိင်ငံတော်မှအကုန်ကျခံကာ ၎င်းတို့၏ မူလ ကျေးရွာများတွင် ပြန်လည်နေရာချထားပေရန်။
၆။ ထိမ်းသိမ်းခံထာရသည့် မူဆလင်မျာအား ခြွင်းချက်မရှိလွတ်ပေးရန်။
၇။မူဂျာဟစ် ပါတီဝင်များအား အထွေထွေလွတ်ငြိမ်းချမ်းသာခွင်းပေးရန်တို့ဖြစ်သည်။

မြန်မာအာဏာပိုင်များမှ ၄င်းတို့တောင်းဆိုချက်ကို ငြင်းပယ်လိုက်သောအခါ မောင်တောမြို့နယ်ရှိ ရခိုင်ရွာများအား စတင် တိုက်ခိုက်တော့သည်။ (၁၉၅၁)အလယ် သံကျော်ရွာတွင် ရခိုင်ပြည်လုံးဆိုင်ရာ မူဆလင်ကွန်ဖရင့် (All Arakan Muslim Conference) ကို ကျင်းပကာ ရခိုင်မူဆလင်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပဋိညာဉ်စာတန်းကို တင်သွင်းခဲ့သည်။ ၄င်းစာတန်း၌ ရခိုင်နှင့် မူဆလင်တို့အကြား အာဏာခွဲရေးကို တင်ပြထားခြင်းဖြစ်သည်။ ရခိုင်မြောက်ပိုင်းအား ရှမ်း၊ ကရင်နီ၊ တောင်တန်းဒေသနှင့် ကချင်ဇုန်ကဲ့သို့ မူဆလင်တို့၏သီးခြား လွတ်လပ်သောပြည်နယ် အဖြစ်ဖွဲ့စည်းပေးရန် တောင်းဆို ခဲ့သည်။[25] ၄င်းမူဆလင်တို့၏ တောင်းဆိုချက်တွင် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို ဖေါ်ပြထားခြင်းမရှိချေ။ ရိုဟင်ဂျာ ဆိုသောအသုံးအနှုန်းအား ဘူးသီးတောင်မြို့နယ်မှ လွတ်တော်အမတ်(Mr. Abdul Gaffar)၏ (၁၉၅၁)ခုနှစ်တွင် ဂါဒီယန် ဒေလီး  ၌ရေးသားသည့် ( The Studeten Muslims) ဆောင်းပါးတွင်စတင်သုံးစွဲကြောင်းတွေ့ရသည်။[26]

လွတ်လပ်ရေးရပြီးခေတ် မူဆလင်တို့၏တောင်းဆိုမှု
လွတ်လပ်ရေးရပြီးနောက် လွှတ်တော်ရွေးကောက်ပွဲကျင်းပသောအခါ ဘူးသီးတောင်နှင့်မောင်တော မဲဆန္ဒနယ်များမှ လွှတ် တော်ကိုယ်စားလှယ်လေးဦး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် မူဂျာဟစ်သောင်းကျန်းမှု ပေါ် ပေါက်ခဲ့သည်။
၁၉၆၀ မဲဆွယ်ပွဲ ကာလအတွင်း ဝန်ကြီးချုပ်ဦးနုသည် ရခိုင်နှင့်မွန်တို့အား ပြည်နယ်ပေးရန် ကတိပြုခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဦးနု ဝန်ကြီးချုပ်ဖြစ်လာစဉ် ပြည်နယ်ပေးရန်ဖြစ်ပေါ်လာခဲ့သည်။ လွတ်တော်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမှ လွတ်တော်အမတ်များသည် ရိုဟင်ဂျာပြည်နယ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။[27]

စစ်အာဏာရှင်နေဝင်း လက်ထက် မူဆလင်များ၏ အခြေအနေ
၁၉၆၂ တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာလှုပ်ရှားမှုအားလုံး မြေအောက်အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားကြသည်။ (၁၉၇၃)ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ ဖွဲ့အုပ်ချုပ်ပုံအခြေခံ ဥပဒေသစ်ရေးဆွဲသောအခါ ရခိုင်ပြည်မြောက်ပိုင်းမှ မူဆလင်တို့သည် သီးခြားမူဆလင်ပြည်နယ် တည်ထောင်ပေးရန် ဖွဲ့စည်းပုံရေးဆွဲ၍ ကော်မရှင်ထံတင်ပြတောင်းဆိုခဲ့သည်။[28] သို့ရာတွင် ကော်မရှင်မှ ပယ်ချခဲ့သည်။ (၁၉၇၄)တွင် ရွေးကောက်ပွဲ ကျင်းပ သောအခါ မေယုဒေသမှ ဘင်္ဂလီမူဆလင်တို့အား ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် အရွေးခံပိုင်ခွင့်မရှိခဲ့ချေ။ မြန်မာစစ်အစိုးရ အဆက်ဆက်တို့သည် ရခိုင်ပြည်မြောက်ပိုင်းဒေသမှ မူဆလင်တို့အား နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။ (၁၉၈၂)နိုင်ငံသားဖြစ်မှု ဥပဒေအရ ပထမ အင်္ဂလိပ် မြန်မာစစ် (၁၈၂၄) မတိုင်မီကရောက်ရှိနေသူများကိုသာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့သည်။ ၄င်းဥပဒေသည် ရခိုင်ပြည်အတွင်းရှိ မူဆလင် ဘာသာဝင်များအား နိုင်ငံခြားသားအဖြစ် သတ်မှတ်ခဲ့သည်။ (၁၉၈၃)သန်းခေါင်စာရင်းအရ ရခိုင်ပြည်အတွင်းရှိ မူဆလင် အားလုံးအား ဘင်္ဂလီဟုသတ်မှတ်ခဲ့သည်။[29] ၁၉၈၈ အရေးအခင်းကာလအတွင်း မူဆလင်များ တဖန်ထကြွလာခဲ့ပြန်သည်။
လက်ရှိ ရှိနေသော ဘင်္ဂလီမူဆလင်အဖွဲ့များမှာ-

၁) RSO (Rohingya Solidarity Organization)
၂) ARIF (Arakan Rohingya Islamic Front)
၃) RPF (Rohingya Patriotic Front)
၎) RLO (Rohigya Liberation Organization)
၅) ARNO (Arakan Rohingya National Organization)
၆) IMA (Itihadul Mizahadin of Arakan) တို့ဖြစ်ကြသည်။

ကိုးကားချက်

[1] The Burma Lost Kingdom, the splendor of Arakan, Pamela Gutman, Bangkok, Orchid Press, 2011.
 [2]  “The Frengi Pirates of Chatagaon”. Shihabuddin Talish, Jadunath Sakar (tr). Journal Asiatic Society of Bangal (3): 419-415.
 [3]  “The Frengi Pirates of Chatagaon”. Shihabuddin Talish, Jadunath Sakar (tr). Journal Asiatic Society of Bangal (3): 419-415.
 [4]  ”Where Jambudipa and Islamdom Converget: Religious Change and the Emergence of Buddhist Communalism in Early Modern Arakan: Michael Charney, 1999.
 [5]  “Account of Arakan”. Arthur Phayre, Journal of Asiatic Society, 10: 629-721.
 [6]   Asiatic Annual Register,1799: 61; Charney 1999: 265.
 [7]  “Account of Arakan”. Arthur Phayre, Journal of Asiatic Society, 10: 629-721.
 [8]  “Account of Arakan”. Arthur Phayre, Journal of Asiatic Society, 10: 629-721.
 [9]  Burma Gazetteer: Akyab District, Volume (A). RB Smart, Rangoon, Government Press.
 [10]  The assessment of the census reports for 1871, 1901 and 1911.
 [11] The Muslim of Burma: A study of Minority Group. Moshe Yeagar, 1972, Wiesbaden.
 [12] The development of a Muslim Enclave in Arakan (Rakhine) State of Burma (Myanmar) 1.
[13] Report on the Settlement Operations in Akyab District 1887-88. Government of British Burma, Rangoon, Government Press.
 [14] Islam. Chicago, Fazlur Rahman, University of Chicago Press, 1979.
 [15] Burma Gazetteer: Akyab District, Volume (B), Rangoon, Government Press.
 [16] The Muslim of Burma: A study of Minority Group. Moshe Yeagar, 1972, Wiesbaden.
 [17] Ibid.
 [18] Pyinay-Phyitisn-thamaing  (Chronological Record of Arakan State). Rakhine State People’s Council, A tyoe-written Manuscript of circulation.
[19] Report on the Settlement Operations in Akyab District 1887-88. Government of British Burma, Rangoon, Government Press.
[20] Burmese Outpost, Anthony Irwin, 1945. London, Collins
 [21] Pyinay-Phyitisn-thamaing  (Chronological Record of Arakan State). Rakhine State People’s Council, A tyoe-written Manuscript of circulation.
[22] British Library, London India Office records R/8/993. 4243.
[23] Who are the Mujahids in Arakan? Khin Gyi Pyaw, Rakhine Tazaung Magazine, Rangoon, Rangoon University Arakanese Culture Association.
[24] Pyinay-Phyitisn-thamaing  (Chronological Record of Arakan State). Rakhine State People’s Council, A tyoe-written Manuscript of circulation.
[25] Department of Defense Service Achieves: DR. 1016/10/11.
[26] Guardian Daily on 20, August 1951.
[27] Myanmar politics (1958-62), Kyaw Win, Thein Hlaing and Mya Han, Rangoon, University Press, 1991.
[28] Background of the Rohingya Problem, Kyaw Zan Tha, Rakhaine Tazaung Mazine, Rangoon.
[29] Rakhine State 1983 population Census, Rangoon, Immigration and Manpower Department, Ministry of Home Affairs. 


  xxxxxxxxxxxxxxxxxxxxxxxxxxx

ဒုတိယပိုင်း
လေ့လာချက်အကျဉ်း

အကြမ်းဖက်ဝါဒနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့ဆက်နွယ်မှု
(၂၀၀၁) စက်တင်ဘာ (၁၁) အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်၊ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ အာဖဂန် တာလီဘန်အစိုးရနှင့် အကြမ်းဖက်သမားခေါင်းဆောင် အိုစမာဘင်လာဒင်တို့အား စစ်အရ အရေးယူသောအခါ ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ အသွင်သဏ္ဍာန်ကို ကမ္ဘာ့ပြည်သူအပေါင်းတို့ မျက်ဝါးထင်ထင်တွေ့မြင်ကြရသည်။ အမေရိကန် တပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိသော မှတ်တမ်းတင်ဗီဒီယိုတိပ်ခွေပေါင်း (၆၀)ကျော်၌ ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့ အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းကို အမေရိကန်(CNN)ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ [30] အကြမ်းဖက်အဖွဲ့ အစည်းတခုဖြစ်သည့် (Rohingya Solidarity Organization) ကို (၁၉၈၀)ပြည့် ခုနှစ်များအတွင်း တည်ထောင်ခဲ့ပြီး ဒေါက်တာ(Muhammad Yunus) မှ ဦးဆောင်သည်။ ဘင်္ဂလား မြန်မာနယ်စပ် တွင် အခြေစိုက်ပြီး အစွန်းရောက် ဘာသာရေးကို အခြေခံသောအဖွဲ့အစည်းတခုဖြစ်သည်။ (RSO) မူဆလင်ကမ္ဘာမှ ထောက်ပံ့မှုကို အများဆုံးရသော အဖွဲ့အစည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် အခြေစိုက်(Jamaat-e-Islami) အာဖဂန်နစ္စတန် အခြေစိုက (Hekmatyar’s Hizb-e-Islami) ဂျမူးနှင့် ကတ်ရှ်မီးယား အခြေစိုက် (Hizb-ul-Mujahideen (HM)နှင့် မလေးရှား အခြေစိုက် (Angkatan Belia Islam sa-Malaysia (ABIM) – the Islamic Youth Organization) တို့မှ အကူ အညီများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။[31] (RSO) သည် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစွန်းရောက် မူဆလင်အဖွဲ့ တစ်ခု ဖြစ်သည့် (Hakrat-ul-Jihad-al-Islami (HuJI) နှင့်ဆက်သွယ်ကာ တပ်ဖွဲ့ဝင်များအား အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။[32] အမေရိကန်နိုင်ငံသား တာလီဘန်တပ်သားတစ်ဦးဖြစ်သည့် (John Walker Lindh)နှင့် (CNN) တွေဆုံခန်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်သည်ဟု ပြောဆိုခဲ့သည်။ [33] (၂၀၀၄) သြဂုတ်လ (၁၇) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဗုံးပေါက်ကွဲမှု (၄၀၀)ကျော် ဖြစ်ပွားခဲ့ရာ၌ (Arakan Rohingya National Organization) ပါဝင်ပတ်သတ်နေကြောင်း ဖေါ်ပြထားသည်။[34] အမေရိကန်မှ အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီးနောက် အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ပြောင်းရွှေ့လာခဲ့သည်။ (၂၀၀၃) ဇူလိုင်လအတွင်းက အယ်လ်ကိုင်ဒါနှင့် တာလီဘန်အကြမ်းဖက်သမား(၁၀၀)ကျော်အား (ARNO) မှနေထိုင်ခွင့်ပြုခဲ့သည်ဟု ဖေါ်ပြခဲ့သည်။[35] ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ ရိုဟင်ဂျာခေါ် ဘင်္ဂလီ(၂၅)ယောက်အား ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှဖမ်း ဆီးခဲ့သည်။ ဘင်္ဂလီ(၈)ဦးသည် ၄င်းဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ကြောင်းဝန်ခံခဲ့သည်။[36]

နိုင်ငံတကာဖြစ်ရပ် များအားလေ့လာတင်ပြချက်
နှစ်ဆယ်ရာစုနှောင်းပိုင်းကာလများအတွင်း ဖြစ်ပေါ်ခဲ့သော ဘာသာမတူ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှစ်ခုအကြား ဖြစ်ပွားသော စစ်ပွဲများ၏အသွင်သဏ္ဍာန်ကိုလေ့လာရာတွင် မူဆလင်များ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာသည်။ ဘော့စနီးယားစစ်ပွဲ၏ အသွင်သဏ္ဍာန်သည် ရခိုင်အရေးကို စိတ်ဝင်စားသူများအနေဖြင့် အထူးလေ့လာ သင့်သည်ဟု ယူဆမိပါသည်။ ယခင်ယူဂိုဆလားဗီးယား ပြည်ထောင်စု၌ ဖြစ်ပေါ်ခဲ့သော လူမျိုးရေးမျိုးရေး မျိုးဖြုတ် သုတ်သင်မှုသည် သမိုင်း၌ သင်ခန်းစာယူထိုက်သော ဖြစ်ရပ်ဖြစ်သည်။ လူမျိုးရေးသုတ်သင်မှု ဖြစ်ပေါ်ရသော အဓိက အကြောင်းရင်းမှာ ကိုဆိုဗိုဒေသ၌ လူဦးရေး အချိုးအစားပြောင်းလဲမှုကြောင့်ဖြစ်သည်။[37]
ကိုဆိုဗိုဒေသသည် ယူဂိုဆလားဗီးယား ပြည်ထောင်စုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခု အနက်တခု အပါအဝင် ဖြစ်သည့် ဆားဘီးယား သမ္မတနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သည်။ ၁၉၆၁ ခုနှစ် ကာလအတွင်း ကိုဆိုဗို ဒေသတွင်နေထိုင့်သည့် လူဦးရေ၏(၆၇)ရာခိုင်နှုန်းသည် အယ်လ်ဘေးနီးယား မူဆလင်ဖြစ်ပြီး ကျန်(၂၄)ရာခိုင်နှုန်းမှာ ခရစ်ယာန် အောသဒေါ့စ် ဆာ့ဘ်အနွယ်ဝင်များဖြစ်ကြသည်။ အယ်လ်ဘေးနီးယားတို့၏ ခလေးမွေးဖွားနှုန်းသည် ဥရောပတွင် အမြင့်ဆုံးဖြစ်သည့်အတွက် ကိုဆိုဗိုဒေသသည် လူဦးရေအထပ်ဆုံးနေရာတခုဖြစ်လာခဲ့သည်။ ဆာ့ဘ် လူမျိုးတို့သည် အလုပ်အကိုင် ရှားပါးမှုကြောင့် ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းသွားကြသည့်အတွက် (၁၉၉၁) ခုနှစ်တွင် မူဆလင် (၉၀)ရာခိုင်နှုန်းနှင့် ခရစ်ယန် အာ့သဒေါ့စ် ဆာ့ဘ်(၁၀) ရာခိုင်နှုန်းထိ ပြောင်းလဲသွားခဲ့သည်။[38] ဆာ့ဘ်တို့ အနေဖြင့် ကိုဆိုဗိုဒေသသည် ဂျေရူဆလင်ကဲ့သို့ မြင့်မြတ်သောနေရာဖြစ်သည်။ အော်တိုမင် အင်ပါယာ လက်ထက် (၁၃၈၉) ခုနှစ်တွင် ဖြစ်ပွားသည့် တာခ် နှင့်ဆာ့ဘ်တို့၏ ဘာသာရေးစစ်ပွဲတွင် ဆာ့ဘ်တို့ ရှုံးနိမ့်ပြီး နှစ်ပေါင်း (၅၀၀) နီးပါး အော်တိုမန်လက်အောက်သို့ကျရောက်သွားခဲ့သည်။
(၁၉၈၀)ပြည်နှစ် ကာလများအတွင်း အယ်လ်ဘေး နီယား မူဆလင်တို့မှ ကိုဆိုဗိုဒေသအား ယူဂိုဆလဗ်ပြည်ထောင်စု၏ သီးခြားသမ္မတနိုင်ငံတခုအဖြစ် တည်ထောင်ပေးရန် တောင်းဆိုခဲ့သည်။ ဆာ့ဘ်နှင့်ယူဂိုဆလဗ် အစိုးရတို့မှ ကန့်ကွက် ခဲ့ကြသည်။ အကျိုးဆက်အဖြစ် ဆာ့ဘ်တို့မှ လူဦးရေ မညီမျှမှုသည် ၄င်းတို့၏အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် လာကြောင်း ပြောဆိုလာပြီး (၁၉၈၆) ခုနှစ်တွင် ကိုဆိုဗိုဒေသမှ ဆော့ဘ်များ အိမ်နီချင်းပြည်နယ်များသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသည်။ ဆာ့ဘ်လူမျိုးအလွှာပေါင်းစုံမှ ထင်ပေါ်ကျော်ကြားသောပုဂ္ဂိုလ်များမှ ကိုဆိုဗိုဒေသတွင် ဆာ့ဘ်တို့အား မျိုးဖြုတ်သတ်ဖြတ်နေမှုကို အရေးယူပေးရန် ယူဂိုဆလဗ်အစိုးရထံ တောင်းဆိုခဲ့သည်။ ဆားဘီးယား မျိုးချစ်ခေါင်းဆောင် မီလိုဆီဗစ်သည် အမျိုးသားရေးစိတ်ဓါတ် နိုးကြားလာမှုကို အခွင့်ကောင်းယူကာ ခေါင်းဆောင် တဦးဖြစ်လာခဲ့သည်။ နှစ်နှစ် အကြာတွင် မီလိုဆီဗစ်သည် ဆာ့ဘ်လူမျိုး နှစ်သန်းနှင့်အတူ ကိုဆိုဗိုသို့ချီတက်လာပြီး မူဆလင်တို့နှင့်ဆင်နွှဲခဲ့သည့် စစ်ပွဲ နှစ်ပေါင်း (၆၀၀) ပြည့် အခမ်းအနား ကျင်းပရန် ချီတက်လာခဲ့သည်။ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၌လည်း လူဦးရေ  အချိုးအစားများစွာ ပြောင်းလဲခဲ့သည်။ ၁၉၆၁ခုနှစ်တွင် ဆာ့ဘ်လူမျိုး (၄၃)ရာခိုင်နှုန်း၊ မူဆလင်(၂၆)ရာခိုင်နှုန်း ရှိရာမှ (၁၉၉၁)ခုနှစ်တွင် ဆာ့ဘ်လူမျိုး(၃၁) ရာခိုင်နှုန်းနှင့် မူဆလင်ဦးရေ(၄၄)ထိ ပြောင်းလဲ သွားခဲ့သည်။

ဤကဲ့သို့ လူဦးရေ မညီမျှမှုနှင့် လူများစုမှ လူနည်းစုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုသည် မျိုးဖြုတ်သန့်စင်ရေး စစ်ပွဲဆီသို့ ဦးတည်ခဲ့ကြောင်းတွေ့ရသည်။[39] လက်ရှိရခိုင်ပြည်၏ လူဦးရေမွေးဖွားနှုန်းကိုကြည့်ပါက လာမည့် ဆယ်စုနှစ်များအတွင်း ဘင်္ဂလီဦးရေသည် ရခိုင်လူဦးရေကိုကျော်တက် သွားမည်ဖြစ်သည်။ သက္ကရာဇ် (၂၀၀၄) ခု မေလ (၁၆) ရက်နေ့တွင် ရိုဟင်ဂျာ အမျိုးသားညီလာခံမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် (၁၉၄၈) မှစ၍ ပြည်ပတွင်ရောက်ရှိနေသည့် ရိုဟင်ဂျာ (၁.၅) သန်းရှိသည်ဟုဖေါ်ပြခဲ့သည်။[40] သို့ရာတွင် ၁၉၈၅ခုနှစ် သန်းခေါင်စရင်းအရ ရခိုင်ပြည်တွင် လူဦးရေ စုစုပေါင်း (၂၆၉၈၀၀၀) ဟုဖေါ်ပြခဲ့သည်။ မူဆလင်ဘာသာဝင် (၂၅) ရာခိုင်နှုန်းရှိကြောင်း ဖေါ်ပြထားသည်။ မူဆလင်ဘာသာဝင်တို့၏ အထိမ်းအကွပ်ကင်းမဲ့သော ကလေးမွေးဖွားနှုန်းသည် ရခိုင်လူဦးရေကို မကြာမီကျော်တက်သွားနိုင်ကြောင်း တွေ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တွေမဲဆန္ဒ အမှတ်( ) မှဘင်္ဂလီလွတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်တင် မြှောက်ခြင်းခံရသည်ကို ကြည့်ပါက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၌ ဘင်္ဂလီဦးရေသည် ရခိုင်လူဦးရေထက် များပြား နေသည်ကိုတွေ့ရသည်။ ဤကဲ့သို့ လူဦးရေ အချိုးအစားပြောင်းလဲမှုသည် အနာဂါတ် ကာလအတွင်း လူမျိုးရေး အဓိကရုန်းဖြစ်ပေါ်ရန် ဦးတည်နေသည်။

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု၏တည်ငြိမ်ရေးကိုခြိမ်းခြောက်နေသော (မီးပွား)
စစ်အာဏာရှင် အဆက်ဆက်၏ အုပ်စိုးမှုအောက်၌ ဒီမိုကရေစီဆိတ်သုန်းခြင်းနှင့် တိုင်းရင်းသား တန်းတူညီမျှမှု အခွင့် အရေးများ ဆုံးရှုံးခြင်းတို့ကြောင့် ပြည်သူလူထုတရပ်လုံးက ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံစားကြရသည်။ မြန်မာ နိုင်ငံ၏ပြဿနာသည် ဖွဲ့စည်းပုံနှင့်ဆိုင်သော နိုင်ငံရေးပြဿနာဖြစ်သည်။[41] ထို့အတွက် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး နှီးနှောဖလှယ်ပွဲတရပ်ကို သက္ကရာဇ်(၂၀၀၅)ခုနှစ် ဖေဖော်ဝါရီ(၉)ရက်မှ (၁၂)ရက်ထိ နယ်စပ်တနေရာတွင် ကျင်းပခဲ့ပြီး အခြေခံမူ(၈)ချက်ကို ချမှတ်ခဲ့သည်။ အစည်းအဝေးသို့ လွတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ခေါင်းဆောင်များ နှင့်ကိုယ်စားလှယ်စုစုပေါင်း (၁၀၆) ဦးတက် ရောက် ခဲ့ကြပြီး၊ အခြေခံမူ(၈)ချက်ကို တညီတညွတ်တည်း အတည်ပြုနိုင်ခဲ့ကြသည်။[42] ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်သူ လူထုအား အာမခံပေးနိုင်မည့်အရာဖြစ်သည်။ သို့ရာတွင် ယခုပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ရိုဟင်ဂျာတို့၏ သဘော ထင်ဟတ်မှုမရှိသည့်အတွက် အကြံပြုလိုသည်မှာ ရိုဟင်ဂျာတို့၏ ပြဿနာကိုမဖြေရှင်းနိုင်သရွေ့ မြန်မာ နိုင်ငံတွင်ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဟု အကြံပြုလိုပါသည်[43] ဟု (ARNO) ခေါင်းဆောင် (Nuru Islam) ၏ ပေါ်လစီစာတန်းတွင် ဖေါ်ပြထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ဘင်္ဂလီများသည် ပါကစ္စတန်နှင့် ပူးပေါင်းရေး(Pakistan Jindabad) ကိုကြွေးကြော်လာခဲ့သည်။ သို့ရာတွင် ပါကစ္စတန်အစိုးရမှ လက်မခံသည့် အတွက်ကြောင့် ၄င်းတို့၏ပေါ်လစီမှာ မှေးမှိန်သွားခဲ့သည်။ နောက်ပိုင်းတွင် အစ္စလမ်ကို အခြေပြုသည့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ် တည်ထောင်ရန်တောင်းဆိုလာခဲ့သည်။ ဘင်္ဂလီတို့၏ (ရိုဟင်ဂျာ) တိုင်းရင်းသားဟု အသိအမှတ်ပြုရန် တောင်းဆိုလာမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် တောင်းဆိုလာမှုသည် ရခိုင်လူမျိုးတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို တိုက်ရိုက်ခြိမ်းခြောက်လာခဲ့သည်။
ရခိုင်လူမျိုးတို့၏ (အမျိုးသီလ၊ နှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အန္နတ္တသညာ၊ ခေါ်အပ်ရာတည်း) ဟူသော အမျိုးသားရေးဆိုင်ရာ အတွေးအခေါ်ကိုပါ တိုက်ရိုက်ခြိမ်းခြောက်လာသည့် အတွက် အနာ ဂါတ်တွင်လည်း ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးဟူသော အတွေးအခေါ်မှာလည်း ဖြစ်လာနိုင်ခြေမရှိကြောင်း တွေ့ရသည်။ ရခိုင်လူမျိုးတို့သည် လက်ရှိပိုင်ဆိုင်ထားသော နယ်မြေအား ဗျာဒိတ်မြေဟုခံယူထားခြင်းနှင့် ရခိုင်ဖြစ်လျှင် ဗုဒ္ဓဘာသာ ဖြစ်ရမည်ဟူသော အတွေးအခေါ်သည် (Jihad)[44] ကို အခြေပြုထားသည့် အစ္စလာမ်ဘာသာ ချဲ့ထွင်ရေးနှင့် ဖြောင့်ဖြောင့် ကြီးဆန့်ကျင် နေသည့်အတွက် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ကြီးမားသော စိမ်ခေါ်မှုနှင့် ရင်ဆိုင် ရနိုင်သည်။

ကိုးကားချက်
[30] Championing Islamist Extremism, Bertil Linter, Far Eastern Economic Review ( FEER), September 16, 2002.
[31] Ibid.
 [32]Ibid.
 [33] Ibid.
[34] Fear of the Dhaka in fanatic grip, the telegraph, August 21, 2005.
 [35] Ibid.
 [36] Burmese Muslim Seventeen Jailed, Eight Remanded, Narinjara News, October 20, 2005.
 [37] The Clash of civilization, the remarking of world order, Samuel P. Huntington, Simon and Schuster, New York. 1996.
[38] Balkan Tragedy, Chaos and dissolution after cold war, Susan Woodward, Washington DC, 1995.
[39] The Clash of civilization, the remarking of world order, Samuel P. Huntington, Simon and Schuster, New York. 1996.
[40] The statement of Rohingya National Convention, May 16, 2004.
 [41] Statement on Basic Principle Seminar, February9-12-2005.
[42] Ibid.
[43] Rohingya Autonomous State A Must in the Future Constitution of Burma, Nuru Islam, ARNO’s press department.
[44] . Jihad (ဤစစ်ပွဲမျိုးမှာ အစ္စလာမ်ဘာသာ ထွန်းကားရေးနှင့်တည်မြဲရေးအတွက် ဆင်နွဲ့ရသောစစ်ပွဲ အမျိုးအစားဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များအဖို့ မိမိအသက်၊ ခန္ဓာနှင့် ဓနဥစ္စာကို ဤကဲ့သို့သော စစ်ပွဲများကြောင့် ရရှိသောကုသိုလ်ထက်ကြီးမြတ်သောအရာ ဟူ၍ မရှိဟူသော ယုံကြည်ချက်ဖြစ်သည်။

7 comments:

Anonymous said...

ရခိုင်လူမျိုးတို့ဟာ အရှေ့အလယ်ပိုင်း ယူဖရေးတီးမြစ်ဝန်တွင်နေထိုင်ခဲ့သော Assyrian လူမျိုးတို့၏အဖြစ်မျိုးမဖြစ်နိုင်ဘူးလို့အာမခံချက်ပေးနိုင်သောအနေအထားတွင်မရှိပါ။ မည်သိုပင်အခြေအနေဖန်တီးခြင်းခံရပါစေ diaspora condition မရောက်အာင် ကျားကန်ထားရမယ်။ အဲဒီအခြေအနေ ရောက်ရင်တော့ရခိုင်ပြည်နယ်ဟာ မူဆလင်ကုလားပြည် ဖြစ်သွားနိုင်ပြီး ရခိုင်လူမျိုးတွေလည်း Assyrian လူမျိုးတွေလိုဟိုတစဒီတစရောက်သွားနိုင်တယ်။ဒီပြသနာဟာအကိုင်အတွယ်မတတ်ရင်တော့တကယ့်မီးဘဲ (နယ်မြေချဲ့ထွင်ချင်သူဘင်္ဂလီတွေကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်ထားမှတော်ကာကျမယ်)

Anonymous said...

မအေလိုးခေါ်တောတွေ မင်းတို့ကြောင့် တခြားလူမျိုး မူဆလင်တွေပါ သိက်ခါကျတယ် မင်းတို့ပါးစပ်က အစ်စလမ်တို့ မူဆလင်တို့ ပြောတာတွေရပ်တန်းကရပ်
ဥပမာ
၁။ ကုလားတန်မြစ်၏ အနောက်ဘက်နှင့် နတ်မြစ်အရှေ့ဖက်ရှိနယ်မြေကို မူဆလင်တို့နယ်မြေအဖြစ် သတ်မှတ်ပေးရမည် လို့ပြောမယ့်အစား
ကုလားတန်မြစ်၏ အနောက်ဘက်နှင့် နတ်မြစ်အရှေ့ဖက်ရှိနယ်မြေကို ခေါ်တော နယ်မြေအဖြစ် သတ်မှတ်ပေးရမည် လို့ ပြော ရှင်းသလား???? မအေလိုး ခေါ်တောတွေ

Anonymous said...

အင်း ဒီလိုတောင်းဆိုရဲ တဲ့  မင်းတို့ လို စောက်ကျွန်ကုလားမျိုးတွေ ရဲ့  ပါးစပ်ကို ၀က်သား ၃ ထပ်သားကိုသာ ပစ်သွင်းလိုက်ချင်ပါဘိ မင်းတို့ လိုချင်တဲ့  အ၇ာတွေကို ၇ခိုင်ပြည်ကတော့ ဘယ်တော့  မှရမှာ မဟုတ်ဘူး မင်းတို့ ရဲ့  အလာဆီမှာသာ ဘီလူးမျက်လုံးနဲ့  ဖင်ကုန်းပြီး သွားတောင်း တစ်ခုတော့  ရှိတယ် ရခိုင်ပြည်ကတော့  မင်းတို့ ကို လူသားချင်းစာနာတဲ့  အနေနဲ့  အထူး ကူညီတဲ့ အနေနဲ့  ၀က် အထူးမွေးမြူရေးဇုန် တစ်ခုအတွက် ဆောက်ပေးဖို့ တော့  ငါလုံးဝ လက်ခံတယ် မင်းတို့ လို နိုင်ငံခြားကို ၂ေ၇ာက်နေတဲ့  ၂ ယောက်တစ်ပိုင်းသော စောက်ကုလားတွေက ဖြုတ်ဦးနှောက်လောက်ပဲ ရှိတဲ့  ကုလားဥာဏ်လေးနဲ့  ငါတို့  ရခိုင်ပြည်ကို လာတောင်းချင်နေသေးတယ် မင်းတို့  အဲလို စောက်ဦးနှောက် လက် ၂လုံးလေးနဲ့  ဆ၇ာကြီးစတိုင် ဖမ်းလေ မင်းတို့ ရဲ့  ၇ခိုင်ပြည်မှာ ရှိနေတဲ့  စောက်သုလားမျိုးတွေ ၀က်ဖြစ်လေပဲ သေအောင်မှတ်ထား ကုလားဆိုတာ ၇ခိုင်ထက် အမြဲတမ်း တစ်နှစ်ငယ်တယ် ကုလားဆိုတာ ၇ခိုင်တွေရဲ့  ( ပွာချေ ) သူငယ်လေးတွေ ဆိုတာ မမေ့ နဲ့  ခွေးမသားတွေကို ၂၀၀၂ စစ်တွေမှာ GTC ကျောင်းသားဘ၀တုန်းက နာဇီရွာ အေ၇းအခင်းမှာ အကုန်ရှင်းခွင့် မ၇ခဲ့ ဘူး ဗမာအစိုး၇ အာဏာပိုင်နဲ့  စောက် ထောက်လှမ်းေ၇းတွေကြောင့် မင်းတို့  စောက်ကုလားတွေ ဒီလောက် ခေါင်းမော့ နိုင်တာ စစ်တွေက နာဇီရီာ လို အေ၇းအခင်း နောက် ၃ ခေါက်လောက်သာ ဖြစ်ခွင့် ပေးလို့ ကတော့  မင်းတို့ စောက်ကုလားတွေ မျိုးပြုန်းတယ် မှတ်ထား ကုလားကို ကြောက်တဲ့  ထဲမှာ ရခိုင် ဘယ်တော့  မှ မပါဘူး မင်းတို့ ကောင်တွေ အင်လိုင်းလောက်ကပဲ ခွေးလို ဟောင်လို့ ၇မယ် ၇ခိုင်ပြည်မှာ ၇ခိုင်လူမျိုးကသာ သေသေချာချာ အာဏာကို သုံးခွင့် ၇လာလို့ ကတော့  မင်းတို့  စောက်ကုလားတွေ အမျိုးပြုတ်ဖို့ သာ ပြင်ပေတော့  ကုလားဘယ်လောက်များများ ရခိုင်အတွက်ကတော့  ကျွန်ပဲ မကျေနပ်ရင် မင်းတို့ အလာကို ဖင်ကုန်းပြီးသွားတိုင် ၀က်ချီးပဲကွာ !!!!!!!!!!!!!!!!!!!!!!

Anonymous said...

http://www.youtube.com/watch?v=OvgNPga8KIA&feature=fvwrel
ဒီ link ကိုကြည့်ပြီး မြောက်ဦးမှာရှိတဲ့ရှေးဟောင်းအမွေအနှစ်တွေကိုစိုးရိမ်မိတယ်ဗျာ။ဗုဒွ့သာသနာနှစ်(၅၀၀၀) ဗျာတိတော်အတိုင်းရခိုင်ပြည်နယ်မှာဗုဒွ့ဘာသာ တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်
ကြပါစို့။(Geographical အနေအထားအရ သိပ် မျက်နှာသာမပေးဘူးဗျ။)

Myat Thu said...

My comments is, they have to protect Burma if they born in Burma. In Burma. Government Authorized people are very responsible about all Migrant and permanent residence visa holder live in Burma and before they get the citizen of Burma.Burma national ID department authorized persons corruption and have mistakes one day big critical crisis situation like that .They will occupied our country land and make a war mate. Government should do something by citizen laws.One more things I never here such as things like Rohingya have a state in Burma? that is really suck mate
Who are they ?from Bangladeshis when they flood water and live in Burma refugee.Now they are citizen want their state freedom what the hell. that why my grandfather said some example about that , Don't feed the Tiger and Don't give place for mu slum. If they got place to live that will be Moss every where in Burma mate that is and I agree with u some mate.Good on you mate protect your Identity and Land of your culture history mate.Thaks
Myat Thu TBB

Unknown said...

တောင်းဆိုချက်မှာ---

၁။ဆော်ဒီမှာ နေရာသွားတောင်းပါလား။
၂။မုတ်ဆိတ်ဖြတ်ပြီး အီရန်မှာ ဖင်ခံလာခဲ့။
၃။ငါတို့နိုင်ငံသတင်းတွေ ဝက်မျိုးခွေးသားတွေဆီပေးချင်လို့လား။
၎။စာရေးရင် သူများလို ရှေ့ကနေ အနောက်ရေးရင်----ဝက်ပုံနဲ့တူတာမပါစေနဲ့။
၅။ငါးသောင်းတန် ပိုက်ဆံထွက်ရင်စဉ်းစားမယ်။
မင်းအမေလင် မဒိန်းကောင်ရောပါသလား။
၇။မင်းတို့ဝက်မျိုးခွေသားတွေ ကမ္ဘာပေါ်မရှိမှရမယ်။

Anonymous said...


Hidden agenda of so-called “Rohingya” or “Chittagonian Bengali”.

In mass migration of Chittagonian seasonal laborers to and fro, the Arakan Flotilla Company constructed a Railway between Buthidaung and Maungdaw in 1914. Their plan was to connect Chittagong by railway with Buthidaung, from where the Arakan Flotilla Steamers were ferrying Chittagonians to Akyab(now Sittwe) and other town in central and southern Arakan. Later on they settle down in Arakan. Obviously, they are the Chittagonian Bengalis of Chittagong areas (now Bangladesh).

1. Parents are pure Chittagonian Bengalis, how can their children be so-called "Rohingya” .


2. No "Rohingya" during British time census records and Burmese census records, therefore no "Rohingya” in Burma. British called them “Chittagonian Bengali” and they speak 100% Chittagonian dialects. They are pure Chittagonian Bengalis.

From where the word "Rohingya" has come?
In reality ancient Bengali called Rakhaing as Roshang or Rohang, but Chittagonian dialects was corrupted Bengali words and the Chittagonians pronounced it Rohang or Rohung or Rohing, gya means people or man. Actually they called Rohingya, those who came from Rakhaing region or Rakhaing Pray or Rakhaing State. The word Rohingya is not a race name. If a Burmese go to Bangladesh they will call a Bramahgya, its means who came from Burma or a native of Burma, it is not a race name like Shan, Karen, or Kachin, or Rakhine. It is only a regional name. Even in British time, seasonal workers, those who worked in Rakhaing State 4-5 months long came back to Chittagong areas, called them Rohingya, it means came back from Rakhaing(as a native Rakhaing).
So-called “Rohingya” and so-called “Rohingya researcher” confused and very crazy on the “Rohingya” or “Rooinga” word because of no “Rohingya word” in history. In a writing of Francis Bucharnan in 1799 he used the word “Rooinga”, as people who came from Arakan or Rakhaing native. But his usage was not a race name very clearly. Hindu or Buddhist or Muslim, those who came from Arakan or Rakhaing, called them “Rooinga”(it means they came from Rakhaing or native of Rakhaing). He met with some people from Rakhaing State in Burmese Kingdom city Amrapura. They told Bucharnam that they are coming from Rakhaing or native of Rakhaing but not a race name. Chittagonian uncovered the reality of this adopted word “Rohingya”. They never explore it, but they expressed very fanciful and fake meaning of the “Rohingya” word as you learned from their websites and their writing. In reality no “Rohingya” language and no “Rohingya” literature at all. They used 100% Chittagonian dialects only. British called them Chittagonians.


3. The Chittagonian Bengalis were coming from East Bengal, East Pakistan (now Bangladesh). We have never seen the word(term) "Rohingya" in Burmese history, Rakhine(Arakan) history and in the history of Bengal. Anyway, their native country is Bangladesh.


4. So-called “Rohingya” ship wreck story cannot make a human race, this is very fanciful and fake story. All of their fake and fanciful story cannot overtake or supersede British time reports and records.


5. We have already seen the elephant, so no need to trace the elephant footprints. (During British time the Chittagonian Bengalis came from Chittagong district to Arakan as Seasonal laborers for rice cultivation, hard labors for railway road construction, and coolies for rice mills and rice export. All the records are documented in British administration).They crossed Naff river to reach Maungdaw, Arakan State, Burma.

6.Issue to be considered deeply is that "Can the crossing of Naff river create a new race ???”