Pages

Saturday, March 29, 2014

စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းနှင့် အမေးအဖြေ


ရခိုင်ပြည်နယ်အတွင်းနှင့် စစ်တွေတွင်ဖြစ်ပွားသော ကိစ္စများအားမေးမြန်းခဲ့သည်။
အခုစစ်တွေမှာဖြစ်တဲ့ကိစ္စကလည်း အကြောင်းအရင်းနှစ်ရပ်ရှိတယ်။

၁- နောက်ခံအကြောင်းတရားရှိတယ်။
၂- ရုတ်တရက်ဖြတ်တဲ့ကိစ္စရှိတယ်။

(၁) ရုတ်တရက်ဖြစ်တဲ့ကိစ္စက ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားတဲ့ သာသနာ့အလံတော်ကို နိုင်ငံခြား သားဘာသာအမျိုးသမီးတစ်ဦးက မတော်ရာနေရာတွေမှာ ဟိုပွတ်ဒေပွတ်လုပ်တာကို မြင်လိုက်ကြရတဲ့ အတွက် ဒေါသထွက်ပြီးဖြစ်သွားတဲ့ ကိစ္စရပ်ဖြစ်တယ်။
အဲဒီလိုဖြစ်ပေါ်လာအောင် စေ့ဆော်တဲ့အကြောင်းတရား နှစ်ခုရှိတယ်။ ပထအချက်က ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် အစိုးရက စာရင်းသွင်းဖို့ ကြံစည်နေတာကို ရခိုင်တိုင်းရင်းသားတွေက မကျေမနပ်နဲ့ သန်းခေါင်စာရင်းကို ကန့်ကွက်သွားဖို့ ဖြစ်နေတဲ့အချိန်၊ ကန့်ကွက်ဖို့ ပြုလုပ်ထားကြတဲ့ အကြောင်းအရင်းကတစ်ကြောင်း။ နောက် တစ်ချက်က ဒီနိုင်ငံခြားသားများပါဝင်သော UN, INGO အားလုံးနီးပါးသည် ဘင်္ဂါလီနဲ့ ရခိုင်နှစ်ဘက်ရှိတဲ့နေရာ မှာ ဘင်္ဂါလီတို့ကို သီးသန့် ကူညီထောက်ပံ့၊ သွေးထိုးမြှောက်ပင့်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို နှစ် ပေါင်း ၂၀ /၃၀ ခန့် အတွေ့အကြံအရ ခံစားဖူးပြီဖြစ်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ UN, INGO တွေ အပေါ်မှာ အမြင်မကြည်လင်မှုအကြောင်းတရားတွေရှိနေခဲ့တယ်။ ယင်းအကြောင်းတရားနှစ်ခုကြောင့် အခု လတ်တလောဖြစ်ရပ် ဖြစ်တဲ့ သာသနာ့အလံကိစ္စမှာ ပေါက်ပွဲသွားကြတာလို့ ယူဆပါတယ်။
မေး- UN, INGO တွေဟာ ရခိုင်ပြည်နယ်ထဲကို အခုလိုမျိုးအလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ခြင်းမရှိဘူးဆိုရင် ဘင်္ဂါလီနဲ့ ရခိုင်တွေ အယင်ကလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းရှိနေဦးမလား။ ဒါမှမဟုတ် အခုလိုမျိုး ပဋိပက္ခတွေဖြစ်လာနိုင်သလား။ မဖြစ်လာနိုင်ဘူးလို့ယူဆပါသလား။

ဖြေ- ၂၀၁၂ ဇွန်လကစပြီးဖြစ်တဲ့ ကုလားဘင်္ဂါလီနဲ့ရခိုင်တွေဖြစ်တဲ့ အဓိက တရားခံဟာ UNHCR အမှူးပြုသော UN, INGO အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကြောင့်ဖြစ်တယ်ဆိုတာကို မှတ်တမ်းမှတ်ရာ အထောက် အထားများက အတိကျဖော်ပြလို့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အခုလိုမျိုးခိုးဝင်လာသမျှ လူတိုင်းကို ကျွေး မွေးပြုစုထားတယ်။ ခိုးဝင်လာသမျှလူတိုင်းကိုလည်း ခင်ဗျားတို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ သွေးထိုးလှုပ် ဆော်မှုတွေရှိခဲ့တယ်။ နောက်တစ်ချက်က UN, INGO တွေရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးဟာ ဘင်္ဂါလီ တွေအတွက်ဖြစ်ပြီး ၀န်ထမ်းတွေကအစ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေအဖြစ် ခိုင်းစေခြင်းဖြစ်တယ်။ ကယ်လို့ UN, INGO တွေသာ မရှိခဲ့ဘူးဆိုရင် ဘင်္ဂါလီတွေနဲ့ ရခိုင်တွေဟာ ယခင်တုန်းက ဆက်ဆံခဲ့ဖူးသောပုံစံ အတိုင်း ထက် သိပ်ပြီး ပျက်ပြားသွားမယ့်ပုံစံမျိုးတော့မရှိခဲ့ဘူး။

Friday, March 28, 2014

အန်ဂျီအိုဝန်ထမ်းမှ သာသနာ့အလံအား မဖွယ်မရာပြုမှုကြောင့် စစ်တွေမြို့တွင် လူထုအုံကြွမှုဖြစ်ပွား

မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့မှာ ရုံးစိုက်ထားတဲ့ မာတီဇာအန်ဂျီအိုဝန်ထမ်း အမေရိကန်အမျိုးသမီးတစ်ဦးဟာ အစိုးရရဲ့သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့အနေနဲ့ လွှင့်ထူထားတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ့အလံကို ဆွဲဖြုတ်ပြီး ထမီကဲ့သို့ တင်ပါးမှာပတ်ကာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် စစ်တွေမြို့ခံ အရေအတွက် ရာဂဏန်းလောက်ဟာ မာတီဇာအန်ဂျီအိုရုံးကို ၀ိုင်းရံပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။


မတ်လ ၂၇ရက်နေ့ နံနက်ပိုင်းမှာတော့ အန်ဂျီအိုတွေကို မကျေနပ်တဲ့ စစ်တွေမြို့ခံတွေဟာ စစ်တွေမြို့တွင်းက အန်ဂျီအိုတွေငှားရမ်းထားတဲ့ အိမ်တွေကို ကျောက်ခဲများနဲ့ ပစ်ပေါက်လို့ အဲဒီအိမ်တွေမှာ ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေက အန်ဂျီအိုဝန်ထမ်းနိုင်ငံခြားသားတွေကို လုံခြုံရေးယူပြီး နေအိမ်တွေကနေ စစ်တွေဟိုတယ်ကို ခေါ်ထုတ်သွားကြပါတယ်။ အဲဒီအချိန်မှာ ဦးဥတ္တမလမ်းက ဒုရဲအုပ်အငြိမ်းစား ဦးခင်မောင်ဝင်းရဲ့အိမ်မှာ ငှားရမ်းထားတဲ့ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) က ၀န်ထမ်းနိုင်ငံခြားသားတစ်ဦးက အိမ်အပေါ်ထပ်ကနေ ဆန္ဒပြနေတဲ့လူတွေကို ဓာတ်ပုံလှမ်းရိုက်တာကြောင့် လမ်းပေါ်ကလူတွေက အဲဒီအိမ်ကို ကျောက်ခဲများနဲ့ ၀ိုင်းပစ်ကြလို့ နေအိမ်ပြတင်းပေါက်များနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့နေရာ စုစုပေါင်း ၆နေရာရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် အန်ဂျီအိုတွေဟာ တရားမ၀င်ဘင်္ဂလီလူမျိုးတွေကို တစ်ဖက်သတ်အကူအညီပေးပြီး ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေကို မမှန်မကန်သတင်းလွှင့်လေ့ရှိတာကြောင့် ဒေသခံရခိုင်လူမျိုးများနဲ့ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တာ တော်တော်ကြာပါပြီ။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ဘင်္ဂလီအရေးဖိအားပေးတောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံသား

Sunday, February 9, 2014

ရခိုင်ခေါင်းဆောင်များအား လုပ်ကြံသည့်အပေါ် ပြင်းထန်စွာရှုတ်ချခြင်း

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များဖြစ်ကြသော RNDP ဥက္ကဌဒေါက်တာအေးမောင် နှင့် ALD ဥက္ကဌ ဦးအေးသာအောင်တို့ ဦးဆောင်သောရခိုင်ခေါင်းဆောင် တချို့မလေးရှားသို့ သွားရောက်စဉ် ဖေဖေါ်ဝါရီ လ (၅) ရက်နေ့တွင် ထိုခေါင်းဆောင်များအား အကြမ်းဖက်သေနတ်သမားတချို့မှ ပစ်ခတ်သတ်ဖြတ်ရန် ကြံစည်ခဲ့ ကြောင်း ကြားသိရသည့်အတွက် မိမိတို့ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာ စိတ်မကောင်း ဖြစ်ရသည့် အပြင် ယခုကဲ့သို့အကြံပက် စက်သောလုပ်ရပ်အ ပေါ်ပြင်းထန်စွာရှုတ်ချ လိုက်သည်။

မိမိတို့ ရခိုင်ခေါင်းဆောင်များသည် အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဇောင်းပေးးလုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များဖြစ်ကြောင်း မိမိတို့မှ အခိုင် အမာယုံကြည်သည်။


ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်

ကေဇူး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။

Friday, January 31, 2014

မြန်မာနိုင်ငံ၏ လ၀ကဥပဒေအရ ငြိစွန်းနေသော ဘင်္ဂလီ ကြံ့ဖွတ်အမတ်များနှင့် ပတ်သက်၍

သို့ ….
နိုင်ငံတော် သမ္မတရုံး

အကြောင်းအရာ ။ မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့် ကြာ နေရသည်ကို စိစစ်ဖော်ထုတ်ပေးပါရန် တင်ပြခြင်း ။


၁။ မောင်တောမြို့ နယ်နေ မဲဆန္ဒရှင် ပြည်သူ ၄၁၃၉ ဦးမှ ရခိုင်ပြည်နယ် မှ ရွေးကောက်ခံ လွှတ်တော် အမတ် ၅ ဦး သည် ဖွဲ့ စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆ က - ၄ အရ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်ဖြင့် မညီညွတ်သည့် အတွက် စိစစ်အရေးယူပေးပါရန် ၂၀၁၃ မတ်လ ၁၄ ရက်နေ့ နေ့ စွဲပါ စာ ဖြင့် ရေးသားတိုင်ကြားခဲ့ပါသည်။

၂။ အစိုးရ အဖွဲ့ ရုံး မှ လ၀က ၀န်ကြီးရုံးသို့ ၎င်းကိစ္စ ပြန်လည်စိစစ်ပေးရန် အကြောင်းကြားခဲ့ပြီး
ဝန်ကြီးရုံးမှ ၃၀.၇.၂၀၁၃ ရက်စွဲပါ ရုံးစာဖြင့်လက်အောက်ဌာနများအား ပြန်လည်စိစစ်မှု ပြုလုပ်စေခဲ့ ပါသည်။

၃။ စိစစ်ဖော်ထုတ်ချက်များ အရ…
ဦးအောင်မျိုးမင်း (ခ) ဇာဟိန်းဂိရ် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် )
ဒေါက်တာ ဘော်ရှီးအာမက် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် )
ဦးဌေးဝင်း (ခ) ဇာယာဒ်ရော်မန် ( အမျိုးသား လွှတ်တော်ကိုယ်စားလှယ် )
ဦးရွှေမောင် (ခ) အဒူရော်ဇာတ် ( ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် )
ဦးအောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက် ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် )

တို့ ငါးဦးစလုံး သည် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား အက်ဥပဒေ မရေးဆွဲခင်က မွေးဖွားခဲ့သူများ ဖြစ်ပြီး
၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ ၄(၂) အရ နိုင်ငံသား အရည်အချင်း ရှိကြောင်း သုံးသပ်နိုင်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏ မိဘနှစ်ပါး တို့ သည်
အထောက်အထားများအရ နိုင်ငံသားအရည်အချင်း ရှိသူများ မဟုတ်ကြောင်း
စိစစ်တွေ့ ရှိပါသည်။

၎။ အကယ် ၍ မိဘများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ရှိခဲ့ပါက လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း၊ စာဖြင့်သော် လည်းကောင်း၊ ဆက်သွယ် အကြောင်းကြား ပေးပို့ ပေးပါရန် လ၀က ညွှန်ချုပ်ကိုယ်တိုင် စာဖြင့်ရေးသား မေတ္တာရပ်ခံခဲ့သော်လည်း ဦးအောင်ဇော်ဝင်း တစ်ဦးတည်းသာ အထောက်အထား စာရွက်စာတမ်းများအား ပြည်သူ့ လွှတ်တော် ဥက္ကဌကြီး ထံ တင်ပြထားရှိပါကြောင်း အကြောင်း ပြန်ကြားခဲ့ပြီး ကျန်သူများမှာ လုံးဝဆက်သွယ်ခြင်း မရှိခဲ့ပါ။

၅။ လ၀က စုံစမ်းစစ်ဆေးမှုများ အားလုံးမှာ ၂၀၁၃ စက်တင်ဘာလ အတွင်းခန့် ကတည်းက ပြီးစီး ခဲ့ပြီ ဖြစ်ကြောင်း နှင့်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ ခ နှင့် ပုဒ်မ ၁၀ စ တို့ အရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းနိုင်ရေးရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆောင်ရွက်သွားရန် အကြံပြုထားပြီး
၎င်း အစီရင်ခံစာအား ယနေ့ အချိန်အထိ အစိုးရ အဖွဲ့ ရုံးသို့  တင်ပြရခြင်း မရှိသေးကြောင်း စုံစမ်းသိရှိ ရပါသည် ။


၆။ သို့ ဖြစ်ပါ ၍ မည်သည့်အတွက်ကြောင့် လ၀က ၀န်ကြီးရုံးမှ အမှုတွဲ တင်ပြလာခြင်း မရှိသေးကြောင်း နှင့်
မည်သည့် အတွက်ကြောင့် အစိုးရ အဖွဲ့ ရုံးမှ Reminder နိုးဆော်စာ မထုတ်ပြန်ရသည်ကို အလျှင်အမြန် စိစစ် ဖော်ထုတ်ပေးပါရန်လေးစားစွာ တင်ပြ အပ်ပါသည် ။

( လ၀က စုံစမ်းရေးမှူး ရဲမိုး )

Thursday, January 30, 2014

ရခိုင်တွင် အခြေအမြစ် မရှိသည့် သတင်းထုတ်ပြန်မှုများ အဖြစ်မှန်ပေါ်ပေါက်လျှင် ပြည်သူက ခွင့်လွှတ်မည် မဟုတ်ဟု ပြည်ထဲရေးဝန်ကြီးပြော

30.1.2014

ရန်ကုန် ။ ။ ရခိုင်တွင် အခြေအမြစ်မရှိသည့် သတင်းထုတ်ပြန်မှု များကြောင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေ သဖြင့် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည်သူများက ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြော ကြားလိုက်သည်။

ဇန်န၀ါရီ ၂၈ ရက် နိုင်ငံခြားရေးရုံးတွင်ကျင်းပ သည့် ရခိုင်ပြည်နယ် ဒုချီးရားတန်းဖြစ်စဉ် နှင့် ပတ်သက်ပြီး နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ““အဖွဲ့အစည်းတွေအနေနဲ့ သတင်းများ ထုတ်ပြန်တဲ့အခါမှာ လုံလောက် ခိုင်မာတဲ့ အချက်အလက်များ အပေါ်မူ တည်ပြီး ထုတ်ပြန်သင့်ပါတယ်။ သတင်းအခြေ အမြစ်မရှိတဲ့ ထုတ်ပြန် ချက်တွေဟာ အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေး ကို အဟန့်အတားဖြစ်ပြီး ထိခိုက်စေနိုင်တဲ့အတွက် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည် သူတွေက ခွင့်လွှတ်နိုင်မှာမဟုတ် ပါဘူး””ဟု ပြောကြား ခဲ့သည်။

ဒုချီးရားတန်းကျေးရွာသို့ ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် တပ်ကြပ်ကြီး တစ်ဦး ပျောက် ဆုံးမှုကြောင့် ဒုချီးရားတန်းကျေးရွာရှိ ရွာသား ၄၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာသတင်း ဌာနတချို့တွင်ဖော်ပြခဲ့ ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က ““အေပီသတင်းဌာနကို ဒီမှာရုံးခွဲဖွင့် လှစ်ခွင့်ပေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ သတင်းတွေကို မှန်မှန် ကန်ကန် ရေးနိုင်အောင်ဖြစ် ပါတယ်။ ခုလိုသတင်းမျိုးကို သက်ဆိုင်ရာကို အတည် မပြုဘဲ ရေးခဲ့တဲ့အတွက်ကြောင့် အဲဒီဒေသမှာ တင်းမာမှုတွေမြင့် တက် လာတယ်””ဟု ပြောသည်။

Wednesday, January 29, 2014

ဘင်္ဂလီကုလားများ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသော့ လက်နက်ကိုင် အရာရှိ၊ တပ်ဖွဲ့ဝင်များ

ခေတ်အဆက်ဆက် မောင်တောမြို့နယ်တွင်း ဘင်္ဂလီကုလားများ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသော့ လက်နက်ကိုင် အရာရှိ၊ တပ်ဖွဲ့ဝင်များ၏ အခင်းဖြစ်အကျဉ်းချုပ်အား လက်လမ်းမီသလောက် တင်ပြအပ်ပါသည် -

၂၂.၈.၁၉၈၉ ခုနှစ်
မောင်တောမြို့ရဲစခန်းမှ ဒုရဲအုပ်ဦးသာဇံပါတပ်ဖွဲ့ဝင်(၃)ဦးနှင့် သက်သေ (၂)ဦးတို့သည် ၂၂.၈.၁၉၈၉ ရက်နေ့ တွင် မောင်တောမြို့၊ ပြားသားရွာအနီးရှိ ဘင်္ဂလီကျေးရွာသို့ တရားခံဖမ်းရန် သွားရောက်စဉ် ၄င်းရွာရှိ ရွာသားများမှ ထမင်းကျွေးမွေးဧည့်ခံပြီးနောက် ရွာသား (၆၀)ဦးခန့်မှ ၀ိုင်းဝန်းလုံးထွေး သတ်ပုတ်ကြပြီး ဒုရဲအုပ် ဦးသာဇံထံမှ (၆)လုံးပြူးသေနတ်အားလုယက်ပြီး ကျန်းလူများအား ၀ိုင်းရံရိုက်နက်ခဲ့ကြသည်။ ဒုရဲအုပ် ဦးသာဇံ မှာ ကျန်ခဲ့ပြီး ကျန်လူများမှာ ဒဏ်ရာများစွာဖြင့် ထွက်ပြေးလွှတ်မြောက်ခဲ့ကြကြောင်း၊ ဒုရဲအုပ်ဦးသာဇံအား အသေသတ်ပြီး သေပြီအထင်နှင့် ဂုံနီအိတ်ထဲ ထည့်ပြီး ချောင်းတစ်ဘက်ကမ်းရှိ ပုစွန်ကန် ဘေးတွင် လွှင့်ပစ် ထားစဉ် သတင်းအရ လမ်းဖောက်လုပ်ငန်းဆောင်ရွက်နေသော တပ်မတော် GE အဖွဲ့မှ ၀န်ထောက် ချင်းအဖွဲ့ ၀င်ရောက်ရှင်းလင်းစဉ် ၄င်းဒုရဲအုပ်အား တွေ့ရှိကာ မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

၁၉၉၀ မေလ ၁၃ ရက်
မောင်တောမြို့ရဲစခန်းမှ ယာဉ်ထိန်းတပ်သား ၀င်းအောင်နှင့် အရပ်သား (၂)ဦးတို့သည် ၁၃.၅.၁၉၉၀ ရက်နေ့ ရဲစခန်းမှ ထမင်းစားပြီး ယခင်မြှို့ဝင်ဂိတ်ယာဉ်ထိန်းစခန်း၊ (ယခု ငါးလုပ်ငန်းဦးစီးဌာန)နေရာသို့ သွားရောက်စဉ် မြို့မကညင်တန်းလမ်းဆုံ (ယခုခရိုင်ထွေအုပ်) လမ်းဆုံရှေ့အရောက် ဘင်္ဂလီ (၅၀)ဦးခန့်မှ ၄င်းတို့အား ၀ိုင်းဝန်း ရိုက်ပုတ်၊ ခုတ်သတ်ဖြတ်သဖြင့် အရပ်သား (၂)ဦးမှာ ထွက်ပြေး လွှတ်မြောက်သွားကာ ရဲတပ်သား ၀င်းအောင်မှ ၄င်းအုပ်စုမှ ဖမ်းဆီးရမိသွားပြီး ၄င်းနေရာတွင်ပင် ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကြသည်။ သတ်ဖြတ်မှုမှာ ကြည့်ရှုစရာမရှိအောင် သတ်ဖြတ်ခံထားရခြင်းဖြစ်ပါသည်။


တိုက်ဆိုင်မှုများ များပြားလွန်းနေသော ဒူချီရာတန်းကျေးရွာ မီးရှို့မှု

28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊ သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။ photo: western gate guard

28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊ သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။ photo: western gate guard
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● တိုက်ဆိုင်မှုများ များပြားလွန်းနေသော ဒူချီရာတန်းကျေးရွာ မီးရှို့မှု ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● "ဒူချီရာတန်းကျေးရွာလုပ်ကြံသတင်းဖြန့်ချိမှု"အကြောင်းကို ၂၈-၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များကို ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

● သတင်းမှန်၊ ဖြစ်စဉ်အမှန် ဖြစ်သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် လုံခြုံရေးအဖွဲ့အား ကြိုတင်စီစဉ်သော အုပ်စုဖွဲ့အကြမ်းဘက်မှုကို ခိုင်ခိုင်မာမာ ရှင်းလင်းခဲ့ပြီး

● [လူတစ်ယောက်အား စာကျက်၍ ပြောခိုင်းခြင်း၊ အသင့်ရေးထားသည်များ ဖတ်ခိုင်းခြင်း၊ ဟိုယခင်က ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ ၀ါဒဖြန့်ချိခြင်း၊ မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ခြင်း စသည့်]မခိုင်လုံသော အထောက်အထားများ၊ မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသည့် လုပ်ကြံသတင်းများကို ခိုင်ခိုင်မာမာဖြင့် ထောက်ပြဝေဖန်ခဲ့ပြီး ဖြစ်ရပ်အမှန်၊ သတင်းအမှန်များကို ဖော်ထုတ်ရှင်းလင်းခဲ့သည်။

● ထိုသို့ ရှင်းလင်းမှုပြုလုပ်ခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့ညတွင် (တိုက်ဆိုင်လှစွာဖြင့်) ဒူချီရာတန်း၌ မီးလောင်မှု အမှန်တစ်ကယ် ဖြစ်နေကြောင်း ထင်ရှားစေရန် အတွဲလိုက် မီးလောင်မှုဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်နဲ့ မေးမြန်းချက်ကို အောက်ပါ ဗီဒီယို ဖိုင်တွင် ကြည့်ရှုနိုင်သည်။ [http://www.youtube.com/watch?v=tfsUOyi3FWU&feature=youtu.be]

● မည်သူမျှနေထိုင်ခြင်းမရှိသော နေအိမ်များအောက်တွင် ထင်းများပုံ၍ မီးရှို့ခဲ့သော ဖြစ်စဉ်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင်လည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။ [http://www.bbc.co.uk/burmese/burma/2014/01/140128_muslim_rohingar_fire.shtml]

● ထိုသို့ မီးလောင်သည်နှင့် မရှေးမနှောင်းမှာပင် ဆိုရှယ်မီဒီယာအပါအ၀င် အင်တာနက် စာမျက်နှာများ၌ ဘင်္ဂလီတက်ကြွလှုပ်ရှားသူများက မီးလောင်နေသည့် ဓါတ်ပုံများဖြင့် သတင်းမှားများ (တိုက်ဆိုင်လှစွာဖြင့်)ထပ်မံထုတ်ပြန်ခဲ့သည်။

Monday, January 27, 2014

ရဲတကက အောင်ကျော်သိန်း အသတ်ခံရသော ဖြစ်စဉ်နှင့် ဆက်စပ်သော ဓာတ်ပုံမှတ်တမ်းများ



Sunday, January 26, 2014

ကျောက်တော်မြို့တွင် ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်ဒုက္ခသည်များ အကူအညီလိုအပ်နေပြီး၊ သက်ဆိုင်ရာ အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးမှုမရှိ


မိုးဇော် (သတင်း)




ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်းတွင် ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အတွင်း၌ရှိသည့် ရခိုင်လူမျိုး ဒုက္ခသည် ၁၂၀ ဦးခန့်သည် ကျောက်တော်မြို့နယ် အတွင်းသို့ ယခုလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး ၄င်းတို့၏ စားဝတ်နေရေး အကူအညီများ လိုအပ်နေပြီး သက်ဆိုင်ရာ အစိုးရအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမှုများ မရှိသေးကြောင်း သိရသည်။

ယခုလက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို ကျောက်တော်မြို့ ဒေသခံများက စုပေါင်းပြီး မြို့နယ် သံယာ့ဗိမာန်တွင် ကယ်ဆယ်စခန်းဖွင့်လှစ်ထားပြီး ကူညီဆောင်ရွက်မှုများ ပြုလုပ်နေ ကြသည်။

" အခုကျနော်တို့ ဘင်္ဂလားဒေ့ခ်ျကနေပြီးတော့ ပြန်လာရတယ်ဆိုတာ အနေမသာလို့ပါ။ အနေမသာတဲ့ အကြောင်းကတော့ ဘင်္ဂလာမှာ ကျနော်တို့ကို ဘင်္ဂါလီလူမျိုးတွေက အစစအရာရာ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ဒါကို တဖက်သက် အနိုင်ကျင့်လာတယ်။ အဲဒါကြောင့် ဘင်္ဂလာမှာ ဆက်ပြီးနေဖို့ အနေမသာတော့ပါ။ အဲဒီတော့ ကျနော်တို့ ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ရခိုင်လူမျိုးရှိတဲ့နေရာ ရခိုင်ပြည်ကို ကျနော်တို့ ထွက်ပြေးလာရတာ ဖြစ်ပါတယ်။ " ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ ကိုအောင်ရွှေသိန်းက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်များကို စားဝတ်နေရေး၊ နေအိမ်များ၊ အလုပ် အကိုင်များ တို့ကို ကူညီဆောင်ရွက်ပေးစေချင်ကြောင်း ရောက်ရှိလာသည့် ဒုက္ခသည်များက ပြောဆိုကြသည်။

ကျောက်တော်၊ မြို့မိမြို့ဖတစ်ဦးက " လူဦးရေကများလာတယ်၊ သူတို့စားဝတ်နေရေးကအစ အကုန်လုံးကို အဆင်ပြေအောင် အတတ်နိုင်ဆုံး ပံ့ပိုးပေးထားပါတယ်။ သက်ဆိုင်ရာရော၊ အင်ဂျီအိုတွေကပါ ဘာမှဆောင်ရွက်ပေးတာမျိုးမရှိဘူး။ သက်ဆိုင်ရာကတော့ ဒီဒုက္ခသည်တွေကို ပို့မယ်ဆိုပြီးတော့ သူတို့ဦးဆောင်ပြီးတော့ ပို့ပေးမယ်ဆိုတဲ့ အစီအစဉ်တခုတော့ ရှိပါတယ်။ ကျန်တဲ့ဟာကတော့ ဘာမှ မရှိပါဘူး။ " ဟု ပြောသည်။


ဒုက္ခသည်တစ်ဦးက " ကျနော်တို့ ရခိုင်ပြည်ထဲမှာ နေဖို့ စိတ်ရှိပါတယ်။ ဒါပေမယ့် အခု လူကြီးတွေ၊ အစိုးရတွေက ဘယ်နေရာ၊ ဘယ်ဒေသမှာ ချပေးမလဲဆိုတာ မရှိပါဘူး။ ချပေးတဲ့နေရာမှာ ကျနော်တို့က နေရမှာပါ။ " က ပြောသည်။

ရောက်ရှိလာသော ရခိုင်ဒုက္ခသည်များကို အစိုးရတာဝန်ရှိသူများက စားရေးကောင်းသည့်နေရာ၊ စီးပွားရေး လုံလုံခြုံခြုံရှိသည့်နေရာနှင့် လုံမှုရေးလုံခြုံမှုရှိသော နေရာများတွင် နေချင်ပါသည်ဟု ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၊ ရွာတော်ခရိုင်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ကိုတင်မောင်က ဆိုသည်။

ရောက်ရှိလာသော ဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွာအိုခရိုင်နှင့် ကျောက်ဆူးရွာ၊ နတ်တောင်ရွာ၊ ရမ္မက်ကျေးရွာ စသည့် ကျေးရွာများမှ ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝ ကတဆင့် ကျောက်တော်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်းလာခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်အစိုးရဖွဲ့အနေဖြင့် စာရင်းကောက်ခံယူမှု တစ်ခုသာရှိပြီး တခြားအင်ဂျီအိုများအနေဖြင့်လည်း ကူညီထောက်ပံ့ပေးခြင်းများ မရှိသေးဟု သိရသည်။

http://www.arakantimes.net

Saturday, January 25, 2014

မလေးရောက်လျှင် မြန်မာနိုင်ငံသားအဖြစ် လိမ်လည်ခံယူကြမည့် ဘင်္ဂလီများ နယ်စပ်တွင်ဖမ်းမိ

( ဖမ်းမိထားတဲ့ မလေးကိုသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို တွေ့ရစဉ်။)
မလေးရှားရောက်လျှင် မြန်မာနိုင်ငံသားဖြစ်ကြောင်း လိမ်လည်ခံယူကြမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၅၇ ဦးကို မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၊ တက်ကနက်မြို့မှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိသူတွေအထဲမှာ နော်ချိန်ဒီမြို့မှ ၁၇ ဦး၊ ဂျော်ဆိုးမြို့မှ ၇ ဦး၊နာရာယန်ဂေါင်မြို့မှ ၁၃ ဦး၊ ဘိုဂုနမှ ၄ ဦး၊ ဘိုဂူရာမှ ၃ ဦး၊ ချီရာဂေါင်မြို့မှ ၃ ဦး၊ ချကီးရာမှ ၂ ဦး၊ မဟာပူရ်မှ ၂ ဦး၊ ဘော်ရီခ်ျ ၄ ဦးနဲ့ ကော်မီလာမြို့က ၂ ဦးတို့ ဖြစ်ကြတယ်လို့ ဘင်္ဂလာဒေခ်ျ့ရဲက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
သူတို့တွေကို မလေးရှားကို ရေလမ်းကနေ တဆင့် စက်လှေတွေနဲ့ ခိုးသွားဖို့ စီစဉ်နေစဉ်မှာ တက်ကနက်မြို့နယ် ကော်စူနီယာအရပ်မှာ ဘင်္ဂလာဒေခ်ျ့ အကောက် အခွန်ဌာနက ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ (၅) နာရီမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သူတို့ကို အခုအခါမှာတော့ တက်ကနက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ မလေးရှားကို အလုပ်သမားတွေ တရားဝင်ပို့ဆောင်နေပေမယ့် အများစု ဘင်္ဂလီတွေကတော့ တရားဝင်အလုပ် သွားလုပ်မှာကိုထက် တရားမ၀င် သွားလုပ်ရတာကို ပိုနှစ်သက် သဘောကျကြတယ်လို့ သိရပါတယ်။

ခုလို နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ တရားမ၀င် အလုပ်သွားလုပ်ရင် အစိုးရကို အခွန်ဆောင်စရာမလိုတဲ့အပြင် နှစ်အကန့်အသတ်မရှိ ဘင်္ဂလာဒေခ်ျ့ကို မပြန်ဘဲ နေထိုင် အလုပ် လုပ်ကိုင်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဒါ့ပြင် မလေးရှားကိုဖြစ်ဖြစ်၊ ထိုင်းကို ဖြစ်ဖြစ် ရောက်သွားတဲ့ အခါ သူတို့တွေဟာ မြန်မာအစိုးရနဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေရဲ့ နှိပ်စက်မူကြောင့် ထွက်ပြေးလာရတဲ့ လူနည်းစု ရိုဟင်ဂျာတွေ ဖြစ်တယ်ဆိုပြီး လိမ်လည်ကာ ခိုလုံခွင့်တောင်းတို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ရယူကြတာ တို့ကို ပြုလုပ် ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လူပ်ရှားသူတွေကလည်း သူတို့ကို ရိုဟင်ဂျာတွေ အဖြစ် တံဆိပ်ကပ်ကာ နိုင်ငံတကာမှာ လူပ်ရှားကြတယ်လို့ သိရပါတယ်။ အများစု ဘင်္ဂလီတွေဟာ မလေးကိုရောက်တဲ့အခါ မြန်မာနိုင်ငံက ထုတ်ပေးတဲ့ White card အဖြူရောင်ကဒ်တွေကို အတုလုပ် ကိုင်ဆောင်ပြီး ယူအန်မှာ ဒုက္ခသည်တွေအဖြစ် လျှောက်ထားကြတယ်လို့လည်း သိရပါတယ်။

အခုလို လိမ်လည်မူတွေကြောင့် မလေးရှားနဲ့ ထိုင်းမှာ ယခင်က ဖမ်းမိခဲ့သူတွေ အထဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ သူတို့ရဲ့ အမည်စာရင်းတွေ ပျောက်ကွယ်နေ တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

(နိရဉ္စရာ- ၂၅ ဇန်န၀ါရီ ၂၀၁၄)
narinjara.com

Friday, January 24, 2014

ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံး (MRTV News)

Tuesday, January 21, 2014

ကမန် အစစ်များ၏ လူဦးရေ စာရင်း စတင်ကောက်ယူ



မာန်ယုကျော် (ရွှေဝမြေ)


ရန်ကုန် ၊ ဇန်န၀ါရီ ၂၀ ။ ။ မြန်မာ နိုင်ငံရှိ ကမန်အစစ်များ၏ လူဦး ရေအတိအကျကိုရယူနိုင်ရန် စစ်တမ်းများ စတင်ကောက် ခံ နေပြီဖြစ်ကြောင်း ကမန်အမျိုး သားတိုးတက်ရေးပါတီ၏
အ ထွေထွေအတွင်းရေးမှူး ဦးတင် နိုင်ဝင်းက ပြောသည်။

ရန်ကုန်နှင့် ရခိုင်ပြည်နယ် တွင်ရှိကြသည့် ကမန်လူဦးရေ စာရင်းအတိ အကျရရှိစေရန် ကမန်လူဦးရေစာရင်း ကောက် ခံရေးဆပ်ကော်မတီတစ်ခုကို ကမန်အမျိုးသားပါတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ရက်တွင် ဖွဲ့ စည်းခဲ့ပြီး ဒီဇင်ဘာ ၃၀ရက်မှ စတင်ကာ စာရင်းကောက်ခံခဲ့ ကြောင်း သိရသည်။

““ခန့်မှန်းခြေအားဖြင့် ရန် ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ကမန် ဦးရေ ငါးသောင်းလောက်ရှိ မယ်လို့ ခန့်မှန်းရတယ်။ အတိ အကျတော့ ပြော လို့မရသေး ဘူး။ လက်ရှိမှာ ကျွန်တော်တို့ တစ်သောင်းလောက်တော့ ကောက် ခံရရှိနေပြီ””ဟု ဇန်န၀ါ ရီ ၁၈ရက်က တာမွေမြို့နယ်ရှိ ကမန်အမျိုးသားပါတီရုံး၌ပြုလုပ်သော ကမန်များနှင့် ရခိုင် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အဆိုပါ ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်ဝင်းက ပြောသည်။

ကမန်များအနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြသော် လည်း ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ ကမန်နှင့် မရမာကြီး စသည့်ရခိုင်တိုင်းရင်းသားမျိုး နွယ် စုဝင်များတွင် သမိုင်းကြောင်း အရဖြစ်တည်လာခဲ့သည်ကို သံ သယမဖြစ်စေရန် အ တွက် ယခု ကဲ့သို့ကောက်ခံရန် စီစဉ် ရခြင်း ဖြစ်ပြီး ကောက် ခံ ရရှိလာသည့် ကမန်အစစ်များ၏ ဦးရေစာရင်း များကို သက်ဆိုင်ရာအစိုးရအ ဆင့်ဆင့်ထံ တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။