Pages

Saturday, March 29, 2014

စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းနှင့် အမေးအဖြေ


ရခိုင်ပြည်နယ်အတွင်းနှင့် စစ်တွေတွင်ဖြစ်ပွားသော ကိစ္စများအားမေးမြန်းခဲ့သည်။
အခုစစ်တွေမှာဖြစ်တဲ့ကိစ္စကလည်း အကြောင်းအရင်းနှစ်ရပ်ရှိတယ်။

၁- နောက်ခံအကြောင်းတရားရှိတယ်။
၂- ရုတ်တရက်ဖြတ်တဲ့ကိစ္စရှိတယ်။

(၁) ရုတ်တရက်ဖြစ်တဲ့ကိစ္စက ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားတဲ့ သာသနာ့အလံတော်ကို နိုင်ငံခြား သားဘာသာအမျိုးသမီးတစ်ဦးက မတော်ရာနေရာတွေမှာ ဟိုပွတ်ဒေပွတ်လုပ်တာကို မြင်လိုက်ကြရတဲ့ အတွက် ဒေါသထွက်ပြီးဖြစ်သွားတဲ့ ကိစ္စရပ်ဖြစ်တယ်။
အဲဒီလိုဖြစ်ပေါ်လာအောင် စေ့ဆော်တဲ့အကြောင်းတရား နှစ်ခုရှိတယ်။ ပထအချက်က ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် အစိုးရက စာရင်းသွင်းဖို့ ကြံစည်နေတာကို ရခိုင်တိုင်းရင်းသားတွေက မကျေမနပ်နဲ့ သန်းခေါင်စာရင်းကို ကန့်ကွက်သွားဖို့ ဖြစ်နေတဲ့အချိန်၊ ကန့်ကွက်ဖို့ ပြုလုပ်ထားကြတဲ့ အကြောင်းအရင်းကတစ်ကြောင်း။ နောက် တစ်ချက်က ဒီနိုင်ငံခြားသားများပါဝင်သော UN, INGO အားလုံးနီးပါးသည် ဘင်္ဂါလီနဲ့ ရခိုင်နှစ်ဘက်ရှိတဲ့နေရာ မှာ ဘင်္ဂါလီတို့ကို သီးသန့် ကူညီထောက်ပံ့၊ သွေးထိုးမြှောက်ပင့်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို နှစ် ပေါင်း ၂၀ /၃၀ ခန့် အတွေ့အကြံအရ ခံစားဖူးပြီဖြစ်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ UN, INGO တွေ အပေါ်မှာ အမြင်မကြည်လင်မှုအကြောင်းတရားတွေရှိနေခဲ့တယ်။ ယင်းအကြောင်းတရားနှစ်ခုကြောင့် အခု လတ်တလောဖြစ်ရပ် ဖြစ်တဲ့ သာသနာ့အလံကိစ္စမှာ ပေါက်ပွဲသွားကြတာလို့ ယူဆပါတယ်။
မေး- UN, INGO တွေဟာ ရခိုင်ပြည်နယ်ထဲကို အခုလိုမျိုးအလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ခြင်းမရှိဘူးဆိုရင် ဘင်္ဂါလီနဲ့ ရခိုင်တွေ အယင်ကလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းရှိနေဦးမလား။ ဒါမှမဟုတ် အခုလိုမျိုး ပဋိပက္ခတွေဖြစ်လာနိုင်သလား။ မဖြစ်လာနိုင်ဘူးလို့ယူဆပါသလား။

ဖြေ- ၂၀၁၂ ဇွန်လကစပြီးဖြစ်တဲ့ ကုလားဘင်္ဂါလီနဲ့ရခိုင်တွေဖြစ်တဲ့ အဓိက တရားခံဟာ UNHCR အမှူးပြုသော UN, INGO အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကြောင့်ဖြစ်တယ်ဆိုတာကို မှတ်တမ်းမှတ်ရာ အထောက် အထားများက အတိကျဖော်ပြလို့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အခုလိုမျိုးခိုးဝင်လာသမျှ လူတိုင်းကို ကျွေး မွေးပြုစုထားတယ်။ ခိုးဝင်လာသမျှလူတိုင်းကိုလည်း ခင်ဗျားတို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ သွေးထိုးလှုပ် ဆော်မှုတွေရှိခဲ့တယ်။ နောက်တစ်ချက်က UN, INGO တွေရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးဟာ ဘင်္ဂါလီ တွေအတွက်ဖြစ်ပြီး ၀န်ထမ်းတွေကအစ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေအဖြစ် ခိုင်းစေခြင်းဖြစ်တယ်။ ကယ်လို့ UN, INGO တွေသာ မရှိခဲ့ဘူးဆိုရင် ဘင်္ဂါလီတွေနဲ့ ရခိုင်တွေဟာ ယခင်တုန်းက ဆက်ဆံခဲ့ဖူးသောပုံစံ အတိုင်း ထက် သိပ်ပြီး ပျက်ပြားသွားမယ့်ပုံစံမျိုးတော့မရှိခဲ့ဘူး။

Friday, March 28, 2014

အန်ဂျီအိုဝန်ထမ်းမှ သာသနာ့အလံအား မဖွယ်မရာပြုမှုကြောင့် စစ်တွေမြို့တွင် လူထုအုံကြွမှုဖြစ်ပွား

မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့မှာ ရုံးစိုက်ထားတဲ့ မာတီဇာအန်ဂျီအိုဝန်ထမ်း အမေရိကန်အမျိုးသမီးတစ်ဦးဟာ အစိုးရရဲ့သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့အနေနဲ့ လွှင့်ထူထားတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ့အလံကို ဆွဲဖြုတ်ပြီး ထမီကဲ့သို့ တင်ပါးမှာပတ်ကာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် စစ်တွေမြို့ခံ အရေအတွက် ရာဂဏန်းလောက်ဟာ မာတီဇာအန်ဂျီအိုရုံးကို ၀ိုင်းရံပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။


မတ်လ ၂၇ရက်နေ့ နံနက်ပိုင်းမှာတော့ အန်ဂျီအိုတွေကို မကျေနပ်တဲ့ စစ်တွေမြို့ခံတွေဟာ စစ်တွေမြို့တွင်းက အန်ဂျီအိုတွေငှားရမ်းထားတဲ့ အိမ်တွေကို ကျောက်ခဲများနဲ့ ပစ်ပေါက်လို့ အဲဒီအိမ်တွေမှာ ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေက အန်ဂျီအိုဝန်ထမ်းနိုင်ငံခြားသားတွေကို လုံခြုံရေးယူပြီး နေအိမ်တွေကနေ စစ်တွေဟိုတယ်ကို ခေါ်ထုတ်သွားကြပါတယ်။ အဲဒီအချိန်မှာ ဦးဥတ္တမလမ်းက ဒုရဲအုပ်အငြိမ်းစား ဦးခင်မောင်ဝင်းရဲ့အိမ်မှာ ငှားရမ်းထားတဲ့ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) က ၀န်ထမ်းနိုင်ငံခြားသားတစ်ဦးက အိမ်အပေါ်ထပ်ကနေ ဆန္ဒပြနေတဲ့လူတွေကို ဓာတ်ပုံလှမ်းရိုက်တာကြောင့် လမ်းပေါ်ကလူတွေက အဲဒီအိမ်ကို ကျောက်ခဲများနဲ့ ၀ိုင်းပစ်ကြလို့ နေအိမ်ပြတင်းပေါက်များနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့နေရာ စုစုပေါင်း ၆နေရာရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် အန်ဂျီအိုတွေဟာ တရားမ၀င်ဘင်္ဂလီလူမျိုးတွေကို တစ်ဖက်သတ်အကူအညီပေးပြီး ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေကို မမှန်မကန်သတင်းလွှင့်လေ့ရှိတာကြောင့် ဒေသခံရခိုင်လူမျိုးများနဲ့ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တာ တော်တော်ကြာပါပြီ။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ဘင်္ဂလီအရေးဖိအားပေးတောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံသား