နိဒါန်း
မေလနှင့်
ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ်
ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို
အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည်
သွေးရိုးသားရိုး မဟုတ်ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး
အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်းပိုက်ရန်
ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ပြည်တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ
အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ
လှုပ်ရှား
နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs
အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊
တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး
စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ
ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့်
မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy)
ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ
ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။

အစိုးရ၏ဖြေရှင်းချက်များ
မကြာသေးမှီက မြန်မာပြည်သို့ ရောက်ရှိလာသည့် UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး) Antonio Guterres {အန်တိုနီယို
ဂူတရီး(စ်)} နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေဆုံရာတွင် ၄င်းဘင်္ဂလီများအတွက်
ဒုက္ခသည် စခန်းများ ဖွင့်ပေးရန်နှင့် တတိယနိုင်ငံ (သို့မဟုတ်)
လက်ခံသည့်နိုင်ငံများရှိပါက UNHCR မှတာဝန်ယူ ပို့ဆောင်ပေးရန်
တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုခဲ့သည့် အတွက် ရခိုင်လူမျိုးများ သမ္မတကို
ချီးကျူး ကျေးဇူးတင်ခဲ့ကြသည်။ ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ခဲ့သည်ဟု
ခံယူခဲ့ကြသည်။ ထိုဖြေရှင်းနည်းမှာ လက်တွေ့ မကျကြောင်းကို
သမ္မတသိရှိပြီးဖြစ်ပါသည်။ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များဆိုင်ရာ မဟာ
မင်းကြီးက အဆိုပါတင်သွင်းချက်ကို ပါယ်ချခဲ့သည်။ UNHCR အနေဖြင့် ထိုသို့သော
နိုင်ငံထဲတွင် နေထိုင် သူများကို ဒုက္ခသည် စခန်းဖွင့်ကာ နိုင်ငံတကာသို့
ပို့ဆောင်ရန်မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ဆိုပါလျှင် အစိုးရ၏
နောက်ကွယ်တွင် မည်သည့်မြုတ်ကွက်များ ရှိနေသနည်းဆိုသည်ကို လေ့လာ ဆန်းစစ်ရန်
လိုပါသည်။