Pages

Saturday, September 1, 2012

မြန်မာနိုင်ငံ အနောက်ဘက်ဒေသတွင် လူ့အခွင့်အရေးကို ဘယ်သူတွေ ချိုးဖောက်နေကြသလဲ


လူ့အခွင့်အရေးဆိုတာက လူသားများဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရေးလို့ စာရေးသူ အနေဖြင့် ထင်မြင်မိပါသည်။ လူ့သားများ ဂုဏ်ကိက္ခာရှိစွာ ရပ်တည်ရာတွင် တစ်ဦး၏ အခွင့်အရေးကို တစ်ဦးက မချိုးဖောက်ရန် အလွန်အရေးကြီးပါသည်။ ထိုအတူ တစ်ဦး၏အခွင့်အရေးကိုလည်း လေးစား လိုက်နာရန် အလွန်အရေးကြီးပါသည်။ လူတစ်ဦးချင်းသာမက လူအုပ်စု
၊ လူမျိုးအုပ်စုများမှာလည်း ထိုနည်းတူစွာ တစ်အုပ်စုကို တခြားတစ်အုပ်စုက လေးစားရန်နှင့် မချိုးဖောက်မိစေရန် အလွန်အရေး ကြီးပေသည်။ သို့သော် ချိုးဖောက်ပါကလည်း အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ ကမ္ဘာကြီးတွင် စာချုပ်များ၊ အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များမှာလည်း ကမ္ဘာအနှံ ပေါ်ပေါက်နေပြီး ဖြစ်ပါသည်။

သို့သော်တစ်ခါတစ်ရံမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် လေ့လာစုံစမ်းမှုများ လိုအပ်နေသည်များကိုလည်း တွေ့ရသည်။ လူ့အခွင့်အရေးအဖွဲအစည်းများသည် သေချာစုံစမ်းမှုများ မလုပ်ဘဲ သတင်းဌာနများမှ သတင်းများကို အားကိုးမှုမှာကောင်းသော်လည်း တချို့သော သတင်းများ မှာ လုပ်ကြံဖန်တီးမှုသတင်း၊ ပေါ်ပြူလာဖြစ်မှုကို ဦးစားပေး၍ အင်တာဗျူးလုပ်ထားသောသတင်း၊ လူမျိုးတစ်မျိုးမှ ငွေကြေး၊ အသိုင်းအဝိုင်းအားကောင်း၍သော်လည်းကောင်း စနစ်တကျ ထိုးဖောက်ပြီး လုပ်ကြံဖန်တီးထားသော သတင်းများနှင့် ဘာသာရေးဘက်လိုက်ပြီး တမင်တကာ ဖန်တီးထားသော သတင်းများမှ အချက်အလက်များ ရယူမိလျှင်တော့။ သတင်းလက်ဦးမှု၊ အသိုင်းအဝိုင်းကောင်းမှု၊ ငွေကြေးတတ်နိုင်မှု၊ သာသာရေး၊ လူမျိုးရေးဘက်လိုက်မှု အားသာသောလူမျိုးမှာ အသာစီး အလိုလျှောက်ရသည်ကိုလည်း တွေ့နေရပါသည်။

Friday, August 24, 2012

ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ

နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်းပိုက်ရန် ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ပြည်တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ 547873 10150973548941374 1484605201 nလှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။
အစိုးရ၏ဖြေရှင်းချက်များ
မကြာသေးမှီက မြန်မာပြည်သို့ ရောက်ရှိလာသည့် UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး) Antonio Guterres {အန်တိုနီယို ဂူတရီး(စ်)} နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေဆုံရာတွင် ၄င်းဘင်္ဂလီများအတွက် ဒုက္ခသည် စခန်းများ ဖွင့်ပေးရန်နှင့် တတိယနိုင်ငံ (သို့မဟုတ်) လက်ခံသည့်နိုင်ငံများရှိပါက UNHCR မှတာဝန်ယူ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုခဲ့သည့် အတွက် ရခိုင်လူမျိုးများ သမ္မတကို ချီးကျူး ကျေးဇူးတင်ခဲ့ကြသည်။ ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ခဲ့သည်ဟု ခံယူခဲ့ကြသည်။ ထိုဖြေရှင်းနည်းမှာ လက်တွေ့ မကျကြောင်းကို သမ္မတသိရှိပြီးဖြစ်ပါသည်။ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးက အဆိုပါတင်သွင်းချက်ကို ပါယ်ချခဲ့သည်။ UNHCR အနေဖြင့် ထိုသို့သော နိုင်ငံထဲတွင် နေထိုင် သူများကို ဒုက္ခသည် စခန်းဖွင့်ကာ နိုင်ငံတကာသို့ ပို့ဆောင်ရန်မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ဆိုပါလျှင် အစိုးရ၏ နောက်ကွယ်တွင် မည်သည့်မြုတ်ကွက်များ ရှိနေသနည်းဆိုသည်ကို လေ့လာ ဆန်းစစ်ရန် လိုပါသည်။ 

နေပြည်တော်ရှိ သမ္မတရုံးမှ ရခိုင်ပြည်သူကို စော်ကားလိုက်ခြင်း


စာမျက်နှာတော့ အစီအစဉ်တကျ မဖြစ်လိုက်ပါ။ ဒါကြောင့် ဒေါင်းလုပ်ပြီးတော့ အစီအစဉ်တကျ ဖတ်ကြည့်နိုင်ပါတယ်။ 

Monday, August 6, 2012

ကျောက်တော်မြို့နယ်တွင် မီးရှို့မှုများပေါ်ပေါက်နေ

ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် ရခိုင်နှင့် မွတ်ဆလင်များ အကြားး တဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့မူများ ပေါ်ပေါက်နေကြောင်း  သတင်း ရရှိသည်။

ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြန်အလှန် မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာ ဒေသအတွင်း တာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း  အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော် ကျောက်တော်မြို့ ကားဂိတ်ကို သြဂတ်စ်လ ၂ ရက်နေ့ ၀ါဆိုလပြည့်နေ့ မှာပိုက်သည် ရွာက မွတ်ဆလင် လူအုပ်က  ညဥ့် ၂ နာရီတီးမှာ ၀င်ရောက် ဖျက်ဆီးတယ်။ ရွှေပြည်သစ် ကားးဂိတ် အပါအ၀င် တခြား အဆောက်အဦးတွေ ပြူတင်းတွေ ဖျက်ဆီးခြင်းကို ခံရတယ်။ မြို့ထဲက လူတွေနဲ့ လုံခြုံရေး ယူထား သူတွေ လိုက်သွားတော့ ဆူပူ အကြမ်းဖက်သူတွေက ထွက်ပြေးသွားတယ်။ ရဲကို သွားတိုင်တောာ့ စစ်တပ်က အမိန့်မရတဲ့ အတွက် ဘာမှ အရေး မယူဘူး။ ဒီလို လုပ်တော့ ရခိုင်တွေက မကျေနပ်မူတွေ တိုးပွား လာကြတယ်” ဟု ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

ကျောက်တော်မြို့ အခြေစိုက် စကခ ၉ တပ်မမှူးအား  ကျပ်သိန်း ၅၀၀ နှင့် တပ်ရင်းမှူးအား ကျပ်သိန်း ၃၀၀ စီ မွတ်ဆလင် ကျေးရွာများကို ကာကွယ်ရန် ဘာသာရေး ခေါင်းဆောင်များက လာဒ်ငွေ ပေးထားသည်ဟု စွပ်စွဲမူများလည်း ကျောက်တော်တွင် သတင်း ထွက်ပေါ်နေကြောင်း ပြောသည်။
“ အခုလို အကြမ်းဖက်တဲ့ သူတွေကို မွတ်ဆလင်တွေ ဖြစ်ဖြစ်၊ ရခိုင်တွေဘဲ ဖြစ်ဖြစ် ချက်ချင်း  အရေး မယူတော့ တဘက်နဲ့ တဘက်ကြားမှာ မကျေနပ်မူတွေ တိုးပွားလာပြီး အခု အပြန်အလှန် မီးရှို့မူတွေ ပေါ်ပေါက် လာတယ်” ဟု သူက ပြောသည်။

သြဂတ်စ်လ ၅ ရက်နေ့က မီးရှို့မူ ဖြစ်ပွားရာ အပေါက်ဝတွင် ၂၅ ဆောင်၊ ဂုတ်ပီထောင့်တွင် အိမ်ခြေ ၅၃ ဆောင်နှင့် ရွှေလိုင်တွင် ၃၅ ဆောင် ပါဝင်သွားခဲ့သည်ဟု သိရသည်။ အများစုမှာ မွတ်ဆလင် နေအိမ်များ ဖြစ်ကြောင်း သိရသည်။

ကျောက်တော် တောင်ဘက် တမိုင်ခန့်အကွာတွင် တည်ရှိသော တောင်ပေါက်ရွာမှ ရခိုင် အမျိုးသား ပိုင်ဆိုင်သော ဆန်စက်ကြီး တလုံးကို သြဂုတ်လ ၅ရက်နေ့ ညဥ့်အချိန်တွင် မီးရှို့ခံရပြီး ဆန်အိပ် ၁၀၀ နှင့် စပါးတင်း ၄၀၀၀ မီးထဲ ပါသွားခဲ့သည်ဟု ဆိုသည်။

ယခု မီးရှို့မူများကို တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပြီး  မွတ်ဆလင်များမှာ ကျောက်တော်တွင် လူနည်းစု ဖြစ်သဖြင့် ပိုမို  ထိခိုက် ပျက်စီးဖွယ်ရှိသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

narinjara

ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့ခံရ

ရန်ကုန်၊ သြဂုတ် ၆

မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိ
ကြောင်း အဆိုပါ မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။
“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။

ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။

အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။

ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။