လူ့အခွင့်အရေးဆိုတာက လူသားများဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရေးလို့ စာရေးသူ အနေဖြင့် ထင်မြင်မိပါသည်။ လူ့သားများ ဂုဏ်ကိက္ခာရှိစွာ ရပ်တည်ရာတွင် တစ်ဦး၏ အခွင့်အရေးကို တစ်ဦးက မချိုးဖောက်ရန် အလွန်အရေးကြီးပါသည်။ ထိုအတူ တစ်ဦး၏အခွင့်အရေးကိုလည်း လေးစား လိုက်နာရန် အလွန်အရေးကြီးပါသည်။ လူတစ်ဦးချင်းသာမက လူအုပ်စု
၊ လူမျိုးအုပ်စုများမှာလည်း ထိုနည်းတူစွာ တစ်အုပ်စုကို တခြားတစ်အုပ်စုက လေးစားရန်နှင့် မချိုးဖောက်မိစေရန် အလွန်အရေး ကြီးပေသည်။ သို့သော် ချိုးဖောက်ပါကလည်း အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ ကမ္ဘာကြီးတွင် စာချုပ်များ၊ အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များမှာလည်း ကမ္ဘာအနှံ ပေါ်ပေါက်နေပြီး ဖြစ်ပါသည်။
သို့သော်တစ်ခါတစ်ရံမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် လေ့လာစုံစမ်းမှုများ လိုအပ်နေသည်များကိုလည်း တွေ့ရသည်။ လူ့အခွင့်အရေးအဖွဲအစည်းများသည် သေချာစုံစမ်းမှုများ မလုပ်ဘဲ သတင်းဌာနများမှ သတင်းများကို အားကိုးမှုမှာကောင်းသော်လည်း တချို့သော သတင်းများ မှာ လုပ်ကြံဖန်တီးမှုသတင်း၊ ပေါ်ပြူလာဖြစ်မှုကို ဦးစားပေး၍ အင်တာဗျူးလုပ်ထားသောသတင်း၊ လူမျိုးတစ်မျိုးမှ ငွေကြေး၊ အသိုင်းအဝိုင်းအားကောင်း၍သော်လည်းကောင်း စနစ်တကျ ထိုးဖောက်ပြီး လုပ်ကြံဖန်တီးထားသော သတင်းများနှင့် ဘာသာရေးဘက်လိုက်ပြီး တမင်တကာ ဖန်တီးထားသော သတင်းများမှ အချက်အလက်များ ရယူမိလျှင်တော့။ သတင်းလက်ဦးမှု၊ အသိုင်းအဝိုင်းကောင်းမှု၊ ငွေကြေးတတ်နိုင်မှု၊ သာသာရေး၊ လူမျိုးရေးဘက်လိုက်မှု အားသာသောလူမျိုးမှာ အသာစီး အလိုလျှောက်ရသည်ကိုလည်း တွေ့နေရပါသည်။

လှုပ်ရှား
နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs
အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊
တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး
စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ
ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့်
မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy)
ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ
ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။
