Pages

Monday, July 16, 2012

သူခိုးက လူဟစ်သည် BBC

၁၂ ဇူလိုင် ၂ဝ၁၂ မှာ ဘီဘီစီကနေပီး ဖေ့စ်ဘုတ်အပါအဝင် အင်တာနက် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲပုတ် ခတ်ဆဲဆို ပြောဆိုမှုတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက်ဖောက်ဖျက်နေသလဲ၊ တန်ပြန်အကျိုးဆက်တွေ ဘာ တွေ ရှိလာနိုင်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ သတင်းအစီအစဉ်တခု ထုတ်လွှင့်သွားပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့လိုချင်တဲ့ ပုံစံ၊ လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ဝင်ရောက်ဆွေး နွေးသူ ပါမလာရင် အတင်းကိုဖြတ်ချတဲ့ အာဏာရှင်အကျင့်တွေလည်း ထပ်မံဆိုးရွားစွာ တွေ့ရပါတယ်။
ဘီဘီစီ ကျင့်ဝတ်ဆိုတာကို နားလည်ရဲ့လား
ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားသော်ငြား ဘီဘီစီမှ ဝင်ရောက် ပြောဆိုသည့် ကိုမျိုးခေါ် မျိုးသာထက်ဟာ အမှန်ကို ထောက်ပြဝေဖန် ပြောဆိုလာသူများကို အတင်းစကား စ ဖြတ်ချပစ်တာသည် ဆွေးနွေးပွဲ တခုရဲ့ လုပ်ရပ်နဲ့ မတူဘဲ လုပ် ပိုင်ခွင့်ကို ကိုင်ထားကာ မိမိလိုချင်သည့် ပုံစံဝင်မလာပါက ရှင်းထုတ်ပစ်သည့် အာဏာရှင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည် မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါတယ်။ သာမန် သတင်းအစီအစဉ်လေးကိုပင် အာဏာရှင်ဆန်ဆန် ပြုမူ ကျင့်ကြံနေ သည်ကို တွေ့ရသည်မှာ လွတ်လပ်သည့် သတင်းဌာန ဆိုသည့်စကားနှင့် အတော်ပင် ဆနဲ့ကျင်နေပါတယ်။
ဘီဘီစီမှ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနှင့်ပင် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွတ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှုလို့ ရေး သားထားသည့်အချိန်သည် ရိုဟင်ဂျာများ မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသမှာ နယ်မြေကျူးကျော်၊ ဒေသခံ ရခိုင် လူမျိုးတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး သူခိုးက လူဟစ်နေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ မတရားခံရတဲ့အပြင် သူခိုးက လူဟစ်တာကိုခံနေရတဲ့ မြန်မာတွေရဲ့ အွန်လိုင်းပေါ်က ပေါက်ကွဲနေမှုများ၊ အထူးသဖြင့် အဆိုပါ မီးစအား မ တောက်လောင် တောက်လောင်အောင် အစပျိုးခဲ့သည့် ဘီဘီစီနှင့် ပြည်ပအခြေစိုက် မြန်မာပြည်နှင့် ပါတ်သက်သည့် မီဒီယာများကို ဝေဖန်နေမှုများအား ရပ်တန့်သွားစေရန် အားထုတ်ခြင်း တခုပဲ ဖြစ်ပါတယ်။



ဆိုရှယ် မိဒီယာရာများ၏ အကျိုးသက်ရောက်မှုဟာ အကောင်းလား အဆိုးလား
ထိုအထဲတွင် ဝင်ရောက် ဆွေးနွေးသွားသည့် မြန်မာနိုင်ငံ၏ ဘလော့ဂါဟု ခေါ်သော၊ မည်သို့ မည်ပုံ ကြိုးစားလိုက်မှန်း မသိသော်လည်း အနောက်တိုင်း မီဒိယာများ၏ စင်တော်ကောက်မှုဖြင့် ထင်ပေါ်သွားသည့် ဘလော့ဂါ နေဘုန်းလတ် မှလည်း အွန်လိုင်းအား မီဒီယာကျင့်ဝတ်ကို မသိလျင်မသုံးနဲ့ဟု အာဏာရှင်ဆန်ဆန် ပြောဆိုသွားတဲ့အပြင် အီလက်ထ ရောနစ် ဥပဒေသာမက အခြားသော ဥပဒေများနှင့်လည်း အရေးယူနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။ ဘလော့ဂါ နေဘုန်းလတ်ဆိုသည်မှာ ၂ဝဝ၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် အီလက်ထရောနစ် ဥပဒေဖြင့် အရေး ယူခံရသည့် အွန်လိုင်းဘလော့ဂါ တယောက် ဖြစ်ပါတယ်။ နေဘုန်းလတ် ဘာတွေလုပ်ခဲ့လည်း၊ ဘာတွေ တိုင်းပြည်အ တွက် စေတနာထားလည်း သူအသိဆုံးသာ ဖြစ်ပါတယ်။
မဲမဲမြင်ရာတွေ့သမျှကို အကုန်ထောင်ထဲ ထည့်နေသော စစ်အစိုးရအတွက် ရေဒီယိုနားထောင်သည်ပင် အမြင်ကတ်ပါက အီလက်ထရောနစ် ပုဒ်မနှင့် ဖမ်းဆီးထောင်ချသည့်အချိန်တွင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မှာ နေဘုန်းလတ် ထောင် ထဲရောက်တဲ့အချိန် ပြည်ပ မီဒီယာတွေရဲ့ ထောင်ကျသူများကို မီဒီယာပေါ် မြှောက်စားမှုနဲ့ ထင်ပေါ်သွားတာဆိုရင်လည်း မှားမယ် မထင်ပါဘူး။ သို့သော်လည်း မိမိကိုယ်တိုင် ထောင်ထဲရောက်နေစဉ်က ဆနဲ့ကျင်ခဲ့တဲ့ အီလက်ထရောနစ် ပုဒ်မ ကို ယခုလို အချိန်မှာ တွင်တွင်သုံးနေတာ စဉ်းစားစရာပင် ဖြစ်ပါတယ်။
ဘလော့ဂါတို့ ရှေ့ပြေး၊ Citizen Journalist တို့ခောတ်စလို့ ယခင်က မီဒီယာတွေ ကြွေးကျော်ခဲ့တဲ့ ဆောင်ပုဒ်တွေ အခု တော့ မြောင်းထဲရောက်ကုန်ပီလို့ ယူဆရမလို ဖြစ်နေပါတယ်။ မီဒီယာကျင့်ဝတ် ဆိုတဲ့နေရာမှာ ဘီဘီစီ သတင်းဌာနကြီး ကော မီဒီယာကျင့်ဝတ် ညီရဲ့လား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနှင့်ပါတ်သက်လျင် တာဝန်ယူမှု ကင်းမဲ့ သော သတင်းထုတ်ပြန်မှုတွေ တွင်တွင်လုပ်ခဲ့တဲ့ ဘီဘီစီဟာ ၎င်းတို့ ထုတ်လွှင့်တဲ့ သတင်းမှားယွင်းနေပါက ပြည်သူလူ ထုကို တောင်းပန်ရန် မဆိုထားနှင့် မသိချင်ဟန် ဆောင်တာကို အားလုံးလည်း အသိပင် ဖြစ်ပါတယ်။
ထို့အတူပင် သတင်းအစီအစဉ် တခုအနေဖြင့် ဆွေးနွေးသည်ဟု ခေါင်းစဉ်တပ်ပါက ဆွေးနွေးရန် ဦးတည်ထားသည့် ခေါင်းစဉ်နှင့် အချက်အလက်များ ကိုက်ညီနေပါက ဟိုဘက်ဒီဘက် အမြင်ကို အပြန်အလှန် ပြောဆိုခွင့်ရှိရမှာ ဖြစ်သော် လည်း မိမိလိုချင်သည့် အဖြေထွက်မလာသဖြင့် ဆွေးနွေးနေသည့် တဖက်သားအား အလျင်အမြန် ဖြတ်ချလိုက်သည့် မျိုးသာထက်ရဲ့ သတင်းသမား မပီသမှု၊ မီဒီယာကျင့်ဝတ် မပီသမှု၊ သတင်းတင်ဆက်သူ မပီသမှုကိုလည်း အတိုင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။
သို့ဖြစ်သည့်အတွက် စကတည်းက ယဉ်သကိုး ဆိုသကဲ့သို့ နေဘုန်းလတ်မှ ပြောခဲ့သည့် မီဒီယာကျင့်ဝတ်သိမှ အွန်လိုင်း ကို သုံးရမည်ဆိုလျင် ဘီဘီစီမှ နာမည်ကြီးသတင်းထောက်အပါအဝင် သတင်းတင်ဆက်သူများကော မီဒီယာကျင့်ဝတ်နဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်တာနဲ့တင် နောက်ကောက်ကျသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် ပြည်သူတွေ အွန်လိုင်းမီဒီယာ၊ အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ကို သုံးစွဲနေတာကို သူတို့ မကျေမလည် ဖြစ်နေတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။
အားလုံးသိကြသည့်အတိုင်း ရိုဟင်ဂျာ ကိစ္စစတင် ဖြစ်ပေါ်လာသည်မှ ယနေ့အချိန်ထိ မျက်နှာဖုံး ကွာကျလာခြင်း၊ ပင် ကိုယ် အစွယ်တဖွားဖွား ပေါ်လာခြင်း၊ တိုင်းရင်းသား ရခိုင်လူမျိုးများ ဘဝ ဆင်းရဲနိမ့်ကျနေခြင်း၊ တဖက်သတ် အနှိမ်ခံနေ ရခြင်း စတာတွေဟာ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွသူများကြောင့်ဆိုရင် မှားမယ် မထင်ပါဘူး။ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများကြောင့်သာ ရိုဟင်ဂျာများ စနစ်တကျ ကြိုတင် ကြံစည်ထားတဲ့ နယ်မြေ ဖဲ့ထုတ်မယ့် အကြံအစည်တွေကို ပြည်သူအများ သိခွင့်ရခဲ့ပီး မျက်လုံးတွေ ပွင့်သွားတယ် ဆိုရင် လည်း မမှားပါဘူး။
ထို့အတူပင် ဖေ့ဘွတ်ပေါ်မှ အသံများကြောင့် မြန်မာနိုင်ငံ အစိုးရမှ အရေးပါသည့် မြစ်ဆုံ စီမံကိန်းမှသည် အခြားသော ကိစ္စရပ်များတွင်ပါ အရေးတယူ လုပ်ဆောင်ခဲ့ကြရတာကို သတိထားမိရင် သိနိုင်ပါတယ်။ ဒါဟာ ဆိုရှယ် မီဒိယာကို အ ကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးကျေးဇူးရဲ့ ရလာဒ်တွေပဲ ဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆို အကောင်းရှိလျင် အဆိုး ရှိမှာ ဖြစ်ပါတယ်။ မိုက်မိုက်တို့ ဗုဒ္ဓမြတ်စွာဘုရားသော်မှ သတ္တဝါတွေကို နိဗ္ဗာန်လမ်းကြောင်းကို ပို့ဆောင်ဖို့ ဘုရားအဖြစ် ကနေ တရားရေအေး အမြိုက်ဆေးတွေ တိုက်ကြွေးခဲ့သော်ငြား ယောက္ဖအရင်းဖြစ်တဲ့ဒေဝဒတ်ရဲ့ မကျေနပ်မှုနှင့် အသေ သတ်ရန် ကြံစည်ခဲ့တာတွေကို ရှိခဲ့တာ သာဓကပါပဲ။
သို့ဖြစ်သည့်အတွက် ဖေ့ဘွတ်အား အကောင်းအနေဖြင့် အသုံးပြုသူများ ရှိသကဲ့သို့ တလွဲဆံပင်ကောင်းစွာ အသုံးပြုနေ သူများလည်း ဒုနဲ့ဒေးပင် ဖြစ်ပါတယ်။ ထို့အတူပင် ဖေ့ဘွတ်၏ ထိရောက်မှုအား သတိထားမိလာသဖြင့် ကောလာဟလ ထုတ်လွှင့်လိုသူများမှ ၎င်းတို့လိုရာ ပုံဖော်ရန် ဖေ့ဘွတ်မှ တင်ဆက်နေတာများကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဖေ့ ဘွတ်အား တနည်းအားဖြင့် တင်စားရလျင် အရောင်များစွာပါဝင်သော ရေစီးကြောင်းများစွာဖြင့် စီးဆင်းနေသော အ ရောင်စုံသည့် မြစ်တစင်းအနေနှင့် တင်စားရမှာ ဖြစ်ပါတယ်။
ဖေ့ဘွတ်ဟု အမည်တွင်သည့် မြစ်အတွင်းတွင် စီးဆင်းနေသည့် အရောင်များတွင် မည်သည့်အရောင်များသည်၊ မည် သည့်နေရာမှ မြစ်ဖြားခံလာသည့် ရေစီးကြောင်းသည် အဆိပ်အတောက်ကင်း၍ မည်သည့်နေရာ မည်သည့်အရောင်များ သည် အဆိပ်အတောက်နှင့် မယုံကြည်ရသည် ဆိုသည်ကို လူအများ ခွဲခြား သိမြင်၍ ဖတ်ရှုနေကြပြီး ဖြစ်ပါတယ်။ ထိုအ ထဲတွင် ဘီဘီစီသည် မည်သည့်အဆင့် ရှိသည်ဆိုသည်ကို စာရှုသူများ မှတ်ချက်နှင့်ပင် သိရှိနိုင်မှာ ဖြစ်ပါတယ်။
ထို့ကြောင့် ဖေ့ဘွတ် ပေါ်လာခြင်းသည် နိုင်ငံရေးအား စိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသည့် မြန်မာနိုင်ငံသူ မြန်မာနိုင် ငံသားများ အနေဖြင့် အန္တရာယ်ကင်းစွာ နိုင်ငံရေးအား ပါဝင်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတခုအဖြစ် ရှုမြင်ရမှာ ဖြစ် ပြီး လမ်းကြောင်းမှားနေသူများကို တည့်မတ်သွားရန်မှာ သက်ဆိုင်ရာ မီဒီယာများနှင့် သြဇာသက်ရောက်သည့် ပုဂ္ဂိုလ် များ၏ စွမ်းဆောင်မှုဟာ အရေးပါပါတယ်။ လွန်စွာအကျိုးရှိသည့် လမ်းကြောင်းတခုအား ပိတ်ပင်ရန် ကြိုးစားအားထုတ် သည်မှာ အလွန်ပင် မိုက်မဲသည့် အပြုအမူနှင့် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါတယ်။
အချုပ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ အွန်လိုင်းလွှတ်တော်ဟု အမည်တွင်နေသည့် ဖေ့ဘွတ်သည် မြစ်ဆုံ၏ အလှအပ များကို ဖျက်စီးရန် ကြိုးစားအားထုတ်သည်များကို တားမြစ်နိုင်ရုံသာမက၊ မတရားမှုများစွာအား အများပြည်သူ သိရှိစေ၍ အစိုးရ၏ မှားယွင်းသည့် လမ်းကြောင်းအား တဖက်တလမ်းမှ ထောက်ပြပေးနေနိုင်သည့်အပြင်၊ ပြည်သူလူထုတို့၏ နိုင် ငံရေး အသိအမြင်ကို ကြွယ်ဝလာစေရန် တဖက်တလမ်းမှ ထောက်ပံ့ပေးနေသည့် အရင်းအမြစ် တခုပင် ဖြစ်ပါတယ်။ သို့ ဖြစ်သည့်အတွက် ဘီဘီစီ၏ အဆိုပါ အစီအစဉ်သည် ရှေးယခင်က မိမိတို့ လိမ်သမျှ ခံနေရသည့် ပြည်သူပြည်သားများ ကိုယ်တိုင် စူးစမ်းလေ့လာမှုနှင့် အကျိုးသက်ရောက်မှုများအား မနာလို မရှုစိမ့်သဖြင့် ကဖျက်ကယက်လုပ်ရန် ကြိုးစား အားထုတ်သည့် အပြုအမူဟုသာ သတ်မှတ်လိုက်ရပါတယ်။
by Mg Mike Mike on Friday, July 13, 2012 at 7:22pm
Mg Mike Mike ဖေစ့်ဘုတ်မှ ကူးယူဖေါ်ပြသည်

1 comments:

Anonymous said...

Pro-Islam Media, You can not kill Freedom.

I don't know how much Saudi Moslem's $ invested in BBC and DVB to broadcast Islamic Propaganda, but

It's " FREEDOM OF EXPRESSION " Got that?
You can't ban Facebook, You can't ban Youtube.
You can't kill internet.

Why are Pro-Islam Media so afraid of Internet Freedom of Speech?
It's internet age and " Freedom of Expression " is our rights.
Don't be a dictatorship !

Let me tell you 1 example.
Mohammed raped 9 years old child when he was 54.
Mohammed is Pedophile, Rapist. Can you deny that fact that is written in it's own Islamic Books.

It's FREEDOM OF EXPRESSION. You can kill us, but you can't kill the truth.

Killing the people who speak out about the Threat of Islam, & Global Islamism, kill them.
That's all Pro-Islam Media can do.

_