ကျမ
ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ
ရှိလို့ မေးပါရစေ၊ အချိန်တော်တော်ယူလိုက်မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့
ဆက်မေးပါရစေ။
ဖြေ။
ဟုတ်ကဲ့။
မေး။
။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊ ရိုဟင်ဂျာ အရေး
ဆောင ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊ အဲဒီအဖွဲ့တွေ ကပဲ ဒေါ်အောင်ဆန်းစုကြည်
လန်ဒန်ကိုရောက်တော့လည်း ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆိုပြီး
ပြောကြတာတွေကို တဆင့်စကားနဲ့ ကြားရပါတယ်။ စတာလင်ပေါင် ၇ ထောင်လား၊ ရ သောင်းလားဆိုတာတော့
ကျမ သေချာမသိပါဘူ၊ ဒါပေမဲ့ အဲဒီကိစ္စတွေက facebook တွေမှာလည်း ရေးသားကြတာတွေတွ့ရပါတယ်။
အဲဒီကိစ္စတွေ ဟုတ်မဟုတ်နဲ့၊ NlD _LA အနေနဲ့ ရော တကယ်ပဲ ရိုဟင်ဂျာတွေ ဆီကနေ အလှူငွေလက်ခံပြီး
ပါတီကိစ္စတွေ ဆောင်ရွက်နေခြင်း ရှိမရှိဆိုတာလည်း သိချင်ပါတယ်။အကို့အနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။
။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။
ဖြေ။
။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဋ္ဌာန ခွဲတွေလည်း ရှိပါတယ်။ ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင်
ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့
နိုင်ငံရေး မရောရပါဘူး။ ကနေဒါ ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ
ကိစ္စတွေကို လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။