Pages

Monday, November 4, 2013

NGO, INGO ကို ကျနော်တို့ လုပ်နိုင်သလောက် လုပ်ကြည့်မယ်


ရခိုင်တွေ ဘာကြောင်း NGO, INGO တွေ အပေါ်ကို အမြင်မကြည်လင်တာလဲဆိုတာကို ဒါလေးကို အယင်းဖတ်လိုက်အုံ့။ ပြီးမှ တစ်ချက်ချင်း ဆွဲမယ်...

#10.6.2012 - UNHCR အဖွဲ့မှ တာဝန်ရှိသူ ဒေါ်မြနန္ဒာအောင်ထံမှ မင်္သကာဖွယ်ရာ စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိသည် စစ်တွေလေဆိပ်၌ ခေတ္တ ထိန်းသိမ်းခံရပြီး ပြန်လွှတ်ပေးခဲ့သည်။ သူမနှင့်အတူ တခြား (၂)ယောက်ကိုပါ ထိမ်းသိမ်းခဲ့သည်။

#12.6.2012 - ဘင်္ဂလီကုလား အကြမ်းဖက် ခေါင်းဆောင် ဒေါက်တာထွန်းအောင်(ခ) နုရ်ဟောက်ကို မောင်တောမြို့တွင် ဖမ်းဆီးခဲ့သည်။

#14. 6. 2013 - ဘင်္ဂလီကုလားတို့၏ အကြမ်းဖက်ခေါင်းဆောင် UNHCR/ CSSEP အဖွဲ့မှ ချိုလေးမာကို အာလီဆိုသူနှင့်အတူ မောင်တောရဲမှ သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ကျီးကန်းပြင် နစက ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

#15.6.2012 -ခင်မောင်(ခ) အန္န၀ါဆာဒတ် (UNHCR)၊ ခင်ဆွေ(ခေါ်)ကာယာစ်(ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)တို့ အပါအ၀င် NGO အဖွဲ့အစည်းမှ ထိပ်ပိုင်းခေါင်းဆောင် (၁၀)ဦးလောက်ကို ထိန်းသိမ်းခဲ့သည်။

#17.6.2012 -နယ်စည်းမထား ဆရာဝန်များအဖွဲ့ AZG မှ အကြီးတန်ဝန်ထမ်း ဦးကျော်လှအောင် အဖမ်းခံရမှုနှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် အရေးအခင်းကာလထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ NGO, INGO က လူတွေပါ။ သူတို့ဟာ ဒီလောက်နဲ့ ရပ်တန့်မသွားခဲ့ပါဘူး။ နောက်ဆက်တွဲ လှုပ်ရှားမှုတွေရှိလာပါတယ်။ အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ ရခိုင်မှာ NGO, INGO အဖွဲ့ (၁၅)ဖွဲ့ရှိတယ်လို့ဆိုပါတယ်။ ဒီစာရင်းတောင် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရကြား ကွဲလွဲချက်ရှိပါသေးတယ်။ ဒါကြောင့် အစိုးရခင်ဗျာ ဒီမိုကရေစီဆိုတာ လူထုကို အစိုးရဖြစ်တာကြောင်း လူထုကို ပွင့်ပွင့်လင်းလင်း ချပြစေချပါတယ်။

#အစိုးရ အကြောင်းပြချက်က - “ဒီကုလားတွေကို NGO, INGO က ကျွေးမထားရင် ဘယ်သူက တာဝန်ခံကျွေးမွေးမလဲ။ ဒါကြောင့် မချစ်သော်လည်း အင့်ကာ နမ်းနေရပါတယ်။ MoU စာချုပ်ကို ပြည်ထောင်စု အစိုးရနဲ့ ချုပ်ဆိုထားတာပါ၊ ပြည်နယ်အစိုးရ ဘာမှ မတတ်နိုင်ပါဘူး။”

#NGO, INGO က- “ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသတိုးတက်အောင်နဲ့ ဆင်းရဲသားပပျောက်အာင် လူ့အခွင့်အရေးအရ အကူးအညီလာပေးတာ။ ကုလားတွေကို ပေးသလို ရခိုင်တွေကိုလည်း ပေးပါတယ်။”

#ဒါဆိုရင် ကျနော်တို့ ဒေသခံတွေဘာကို လိုအပ်နေသလဲ။ ဘာကို သံသယတွေဝင်နေကြသလဲ သိရအောင် ကျနော်အမြင်ကို ချမရေးတော့ပါဘူး။ အယင်းကလည်း ထပ်ကာ ထပ်ကာ ပြောခဲ့ပြီးပါပြီ။

အထူးသဖြင့် Facebook ဆိုတာ ပညာတတ်အသိုင်းအ၀ိုင်းတွေက သုံးစွဲတာများပါတယ်။ ကျေးလက်ဒေသက ပညာတတ်တွေ ပါသလို ၊ မြို့ပြက ပညာတတ်တွေလည်း ပါပါတယ်။ နိုင်ငံခြားက ပညာတတ်တွေလည်း ပါပါတယ်။ ဒါကြောင့် တယောက်ချင်းအမြင်ကို ချရေးပြီးတော့ အကောင်းဆုံးအချက်အလက်တွေကို အစိုးရဆီးကိုဖြစ်ဖြစ်၊ ရခိုင်လူမှုအဖွဲ့အစည်းတွေကို ဖြစ်ဖြစ် ၊ ပါတီတွေကို ဖြစ်ဖြစ် ကျနော်သွားပို့ပေးပါမယ်။ ခင်ဗျားတို့ အမြင်တွေကို ချရေးပေးခဲ့ပါ။

ဝေဟင်အောင်
၎၊ ၁၁၊ ၂၀၁၃။

0 comments: