Pages

Sunday, May 26, 2013

ဘင်္ဂလီနှင့် မင်းကြီးတာ....

ကျွန်တော် ပို့စ်များစွာတင်ခဲ့ဖူးပါတယ်..။
မြစ်ဆုံကိစ္စ၊ ဘင်္ဂလီ (BBC) ရိုဟင်ဂျာကိစ္စ၊ ပြီးတော့ တရုတ်နဲ့ပတ်သက်သော ပို့စ်များ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊  နောက်ပြီး ရခိုင်အရေး၊ ရခိုင်အရေးနောက်ပိုင်းမှာ လက်ပံတောင်းတောင်ကိစ္စ အပါအ၀င် တရုတ်ရဲ့ အခြားဝါးမျိုမှု များကို အထောက်အထားများ သုံးသပ်ချက်များနဲ့ပါ..။

 အရင်ကတည်းက ကချင်စစ်ပွဲသတင်းတွေကို ဖတ်ဖြစ် ရှယ်ဖြစ်ပါတယ်..။ နောက်ပိုင်းမှာ နောက်ပိုင်းမှာ ကိုယ်ပိုင်သုံးသပ်ချက်တွေနဲ့ တချို့ မေးမြန်းချက်တွေ ဆောင်းပါးတွေကို ကိုးကား ရေးသားခဲ့ဖူးပါတယ်..။ အဲဒီတော့ တချို့က မေးပါတယ်..။ ဘင်္ဂလီအရေးကို မရေးတော့ဘူးလားတဲ့..။ ဟုတ်ကဲ့ ... ကျွန်တော်ရေးပါတယ်..။
လက်ရှိ ဖြစ်ပေါ်နေတဲ့  အခြေအနေတွေအပေါ်မူတည်ပြီး ရေးသင့်တာကိုရေးပါတယ်..။ ကျွန်တော့်ကို ဘယ်သူ့လွှမ်းမိုးမှုမှ မရှိတဲ့အတွက်/ခိုင်းတာလုပ်တာမဟုတ်တဲ့အတွက် ဘင်္ဂလီကိုချည်းပဲ သီးသန့် တစ်လိုင်းသွားရေးစရာမလိုသလို၊ တရုတ်ကိစ္စ၊ ကေအိုင်အေ ကိစ္စ၊ အစရှိသဖြင့် တစ်ခုတည်းကို တလိုင်းသွား ပင်တိုင် မရေးပါ။
တစ်ခါတလေ ကျွန်တော်ရေးတာတွေက သူများမြင်တဲ့ ရှုထောင့်က ရေးတာမဟုတ်တဲ့အတွက် တမျိုးဖြစ်ရင်ဖြစ်နေတတ်ပါတယ်..။ တစ်ခါတလေ လေ့လာမှုတွေက အစိုးရနဲ့ ဌာနဆိုင်ရာကိုသာ ဦးတည်နေတဲ့အတွက် တချို့ဟာတွေကို မိမိအယူအဆနဲ့ လွပ်လပ်စွာရေးပါတယ်...။ အဲဒါကိုလည်း လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်..။
 -------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မြန်မာစကားပုံတစ်ခု ရှိပါတယ်။
 ရွှေသမင် ဘယ်ကထွက်မင်းကြီးတာက ထွက် သည် ဆိုသည့်စကား...
အဲဒီစကားမှာ သင်ခန်းစာရတာက ကိုယ့်တာကိုယ် လုံအောင်ကာဖို့ပါပဲ..။

အခု ဘင်္ဂလီကိစ္စကို သမိုင်းနဲ့ချီပြီး ရေးနေကြပါတယ်..။ ရှဲကြ လိုက်နေကြပါတယ်..။ debate တွေတောင် လုပ်ဖို့ စီစဉ်နေကြတယ်.။ အားပေးထောက်ခံပါတယ်..။ ဒါတွေဟာ သမိုင်းမှာ ဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ..။

ဒါပေမယ့် immigration အပိုင်းကို ရေးသူနည်းသလို ဘင်္ဂလီတွေ ဘာ့ကြောင့် အဲဒီလောက် ကျယ်ကျယ်လောင်လောင် အော်နေကြတယ်..။ အခြားနိုင်ငံတွေကိုထွက်ပြေးရင် နေရပ်ဖြစ်တဲ့ မြန်မာပြည်ကို ပြန်ပို့တယ်လို့ သူတို့က ပြောကြတယ်..။
အဲဒီလို ဘာ့ကြောင့် ပြောကြတာလဲ..။ ပြောရဲ၊ ပြောနိုင်ကြတာလဲ.။

ကျွန်တော်တို့မြန်မာတိုင်းရင်းသားလူငယ်တွေ သူတို့ကို မျိုးချစ်စိတ် အပြည့်အ၀နဲ့ ကန့်ကွက်နေကြတယ်..။ အွန်လိုင်းတိုက်ပွဲတွေ ဖြစ်နေကြတယ်..။ အပြင်မှာ ဆန္ဒတွေပြတယ်...။
သူတို့ရဲ့ နိုင်ငံတကာ ဖိအားကို အစိုးရအပါအ၀င် ကျွန်တော်တို့တတွေ အောင်မြင်စွာကျော်လွှားနိုင်ပါတယ်..။ သမိုင်းဆိုင်ရာ debate တွေမှာလည်း လုပ်ဖြစ်ရင် နိုင်ဖို့များပါတယ်..။ ဒေါက်တာအေးချမ်းနဲ့ ဌေးလွင်ဦးဆိုတာ တန်းမတူပါ..။

ဒါပေမယ့် ကျွန်တော်တို့ မေ့နေတဲ့ အချက်ကြီးတစ်ခုရှိတယ်..။ အဲဒါက ပြည်တွင်းက လူဝင်မှုကိစ္စပါ..။

ရခိုင်အရေးအခင်းဖြစ်ပြီးတော့ သမ္မတ ဦးသိန်းစိန်က ကုလမဟာမင်းကြီးကို ပြောခဲ့တဲ့စကားဖြစ်တဲ့ ... ဘင်္ဂလီတွေကို နေရပ်ပြန်ပို့မယ် ဆိုတဲ့ စကား ဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ခဲ့ပါတယ်..။

ဒါပေမယ့် နောက်ပိုင်းမှာ .. လ၀က၀န်ကြီး ဦးခင်ရီက ကျွန်တော်တို့နိုင်ငံမှာ ခိုးဝင်လာသူမရှိပါဘူး ဆိုတဲ့ ..စကားက အားလုံးကို သံသယဖြစ်စရာဖြစ်ခဲ့ပါတယ်..။
နောက်စကားတစ်ခုက ဘင်္ဂလီ (၅၀၀၀၀၀) ကို white Card ထုတ်ပေးခဲ့တယ်ဆိုတဲ့ ဂျာနယ်တစ်ခုက ဦးခင်ရီရဲ့ ပြောကြားချက်ပါပဲ..။

အဲဒီမှာ လေ့လာရင်းနဲ့ လင့်တစ်ခုကို သွားတွေ့ပါတယ်...။ UNHCR ရဲ့ မြန်မာပိုင်းဆိုင်ရာ လင့်ပါ
အဲဒီလင့်မှာရေးထားတဲ့ စာတစ်ပိုဒ်က

In NRS, UNHCR assists some 800,000 Muslim residents who do not have citizenship. Members of this group were allowed to vote in the November 2010 elections, using temporary registration cards issued for that purpose by the Government. Initial discussions on replacing the temporary documents with cards denoting full citizenship took place at different administrative levels, but did not yield any concrete results. Indeed, there has been no improvement in the legal status or living conditions of the Muslim residents of NRS.



မူရင်းလင့်က ဒီမှာပါ
http://www.unhcr.org/cgi-bin/texis/vtx/page?page=49e4877d6

ဆိုတော့က အနောက်ရခိုင်ဒေသမှာ မွတ်စလင် ရှစ်သိန်းကို အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ယာယီနိုင်ငံသားလက်မှတ် ပေးခဲ့တယ်ဆိုတဲ့ အချက်ကြီးပါ..။ UNHCR ကတော့ ဘင်္ဂလီလို့ ဘယ်ရေးပါ့မလဲ..။ ဒါပေမယ့် ဒါဟာ တကယ့်မှတ်တမ်းတစ်ခုပါပဲ..။

အဲဒီတော့က ... အရေးအခင်းဖြစ်တယ်..။ ကျွန်တော်တို့က ဒီကောင်တွေ တရားမ၀င်ဘူးဆိုပြီး ဟိုဘက်ကကောင်တွေဆိုပြီး ဆန့်ကျင်ကန့်ကွက်တယ်...။ တကယ်ဆို ဟိုဘက်ကို ပြန်ပို့မလို့မရတာ အစိုးရလည်းသိတယ်..။ အဲဒါကြောင့် ဒီကိစ္စကို ကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်ပဲ အချင်းချင်းရန်ဖြစ်လို့ ပြန်ဖြည်တဲ့ ဖခင်တစ်ယောက်လို နှစ်ဖက်စလုံးကို မျှမျှတတ ဖြေရှင်းခဲ့တယ်..။ ဟိုဘက်ကော ဒီဘက်ကော အရေးယူခဲ့တယ်..။
ပြီးတော့လည်း
အစိုးရက သူတို့ကို တရားမ၀င်ဘူးဆိုတဲ့ နိုင်ငံသိ ကြေညာချက်တစုံတရာမထုတ်ခဲ့သလို ... ဟိုဘက်က ခိုးဝင်လာသူတွေ ဆိုပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက် မပြောခဲ့ဘူး..။

အဲဒီတော့ ဖြစ်နေတဲ့ပြဿနာက immigration issue က အဓိကပါ။
အဲဒီပြဿနာတွေရဲ့ ရင်းမြစ်က  ၂၀၁၀ မှာ ပြည်ခိုင်ဖြိုးနိုင်ဖို့အတွက် ယာယီကတ်ပေးပြီး စည်းရုံးရင်း ဖြစ်လာတဲ့ အကျိုးဆက်တွေပါပဲ..။

ထင်တဲ့အတိုင်းပဲ... မောင်တောမှာ ပြည်ခိုင်ဖြိုးအမတ်တွေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့  ပြည်နယ်လွှတ်တော်မှာ အနိုင်ရခဲ့တယ်..။ အဲဒီအမတ်တွေရဲ့ လူဝင်မှုဆိုင်ရာအထောက်အထားတွေ သုံးပြီး ရွေးကောက်ပွဲကော်မရှင်အထိ ဦးဆောင်ပြီးကန့်ကွက်တဲ့ ရခိုင်လူမျိုးတွေ ရှိလာခဲ့တယ်..။ ဒါပေမယ့် ယခုအထိ မထူးခြားခဲ့ပါဘူး..။ ရခိုင်အရေးအခင်းဖြစ်ခဲ့စဉ်မှာလည်း ရခိုင်ပါတီတွေက တက်ကြွနေသလောက် လွှတ်တော်သုံးရပ်က မောင်တောအမတ်တွေ ဘယ်လိုမှ ပါဝင်စွက်ဖက်မှုမရှိခဲ့တာ ထူးခြားတာတစ်ခုပါပဲ..။




မောင်တော ရွေးချယ်ခံ ကိုယ်စားလှယ်စာရင်း

မြန်မာဆိုတာ လူမျိုးမဟုတ်၊ ဗမာဆိုတာလူမျိုး/ မြန်မာဆိုတာ တိုင်းရင်းသားအားလုံး၊ ပြည်ထောင်စုကို ကိုယ်စားပြုပါတယ်ဆိုသူတွေက လူမျိုး= မြန်မာ ဆိုတဲ့ အသုံးအနှုန်းကို လက်ခံပြီး ရွေးကောက်ပွဲဝင်စေခဲ့တာက ပဟေဠိဖြစ်စရာပါ..။



လူမျိုး = မြန်မာ (ရင်နာစရာ)




၂၀၁၂ ဧပြီ မှာ ကြားဖြတ်ရွေးကောက်ပွဲကို NLD ၀င်ပြိုင်အနိုင်ရခဲ့တယ်..။ အဲဒီနောက် ၂၀၁၂ သြဂုတ်လဆန်းမှာ လွှတ်တော်ထဲကို အဆိုတစ်ခုတင်သွင်းခဲ့တယ်..။

အဲဒီအဆိုက

NLD က ဒေါက်တာမြတ်ဥာဏစိုးရဲ့  အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန် ဆိုတဲ့ အဆိုပါ။

လွှတ်တော်မှာ ဒေါက်တာမြတ်ဥာဏစိုးပြောခဲ့တာရှိပါတယ်..။

''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''
အစရှိသဖြင့် အခု ဘင်္ဂလီကိစ္စကြီးဖြစ်ပေါ်လာတဲ့ အသားထဲက လောက်ထွက်နေတဲ့ အရေးအကြီးဆုံးအချက်တစ်ခုကို ထောက်ပြပြီး.. ကိုယ့်တိုင်းရင်းသာတွေ အနာဂတ်အတွက် ...ယိုပေါက်ကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်..။

ဒါပေမယ့် အဲဒီအဆိုကို ကန့်ကွက်သူပေါ်လာတဲ့အတွက် မတ်တတ်ရပ်ပြီး ဆန္ဒခံယူရာမှာ .. အဆိုတင်သွင်းမှု ရှုံးနိမ့်သွားခဲ့ပါတယ်..။ ရခိုင်ကိုယ်စားလှယ် NLD ကိုယ်စားလှယ်အပါအ၀င် ၂၈ ဦးသာ မတ်တတ်ရပ်တဲ့အတွက် အယောက် ၄၀ မပြည့်တာကြောင့်ပါ။ မှတ်တမ်းတင်ထားခြင်းတောင် မရှိခဲ့ပါ..။

အဲဒီတော့က .. မင်းကြီးတာက ထွက်ဆိုတာကို သဘောပေါက်လောက်ကြပြီလို့ထင်ပါတယ်..။

လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ဥက္ကဌက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဖြစ်သလို လက်ရှိအချိန်မှာ ပါတီအရေးတွေမှာ လုပ်ပိုင်ခွင့်အာဏာအရှိဆုံးက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဆိုတာတော့ မမေ့စေချင်ပါ..။

ကျွန်တော် သိချင်တာက အဲဒီတုန်းက (စာဖတ်နေသူကြီး) အမိန့်နဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) အရ လက်ရှိ အစိုးရလက်ထက်မှာ အရေးယူအပြစ်ပေးလို့ မရတော့ဘူးလား ဆိုတာပါ..။

အဲဒီကိစ္စတွေကို အပြစ်ပေးအရေးမယူရင် အနာဂတ်မှာ သမိုင်းတရားခံဖြစ်မယ့်သူက ဘယ်သူတွေ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ နာကျည်းချက်တွေကို မီးစ ထပ်ထိုးပေးသူတွေက ဘယ်သူတွေဆိုတာ...ကို ဖော်ထုတ်ပါဖို့ပဲ....။

ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်..

(၁) ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာ...

(၂) မောင်တောအရေးအခင်းမှာ တာဝန်ရှိခဲ့သူလို့ ယူဆတဲ့ နစက (ဗမက) အောင်ကြီး အဘယ့်ကြောင့် ပျောက်နေသလဲ..။

(၃) တောင်ကုတ်ကိစ္စက ၀ိဝါဒ ကွဲစရာ အခြေအနေများ

(၄) ၂၀၁၄ သန်းခေါင်စာရင်းမှာ ဌာနဆိုင်ရာများရဲ့ အဂတိနဲ့ သမာသမတ်ရှိမှု

(၅)OIC အပါအ၀င် နိုင်ငံတကာဖိအားနဲ့ အတွင်းစည်းပေါက်နေတဲ့ လွှတ်တော်နဲ့ အစိုးရတို့ရဲ့ ဘင်္ဂလီအရေးဖြေရှင်းမှုများ။


အဲဒီအချက်တွေကိုပါ..။

နားလည်သလောက် ဆက်စပ်ပြီးသာ တွေးကြပါတော့ဗျား..။


(သေချာတာကတော့ ဘင်္ဂလီကိစ္စတွေ သမိုင်းနဲ့ချီပြီး ရေးနေပေမယ့် အစိုးရဖက်က အထုပ်အရှုပ်ကို မရေးရဲသူများနဲ့ သက်ဆိုင်သူများအတွက်ကတော့ ဒီစာတွေဟာ ... မျက်လုံးကို မီးစနဲ့ထိုးသလိုဖြစ်နေမှာပါပဲ၊ )

မည်သူမဆို share နိုင်ပါသည်/ ကျွန်တော်ရေးသားသော အချက်အလက်များထဲတွင် မှားတာရှိရင် ထောက်ပြနိုင်ကြပါသည်။


ငရဲသား

0 comments: