Pages

Monday, May 27, 2013

အရှင်သခင် (မောက်တော်) သို့မဟုတ် တြိပူရ ကို အုပ်စိုးသူများ

၁၆ ရာစု ရခိုင်ဘုရင်များ တန်ခိုးထွားစဉ်က ဘင်္ဂလားဒေသ ကို ကျော်ပြီးတော့ အိန္ဒိယနိုင်ငံ တြိပူရပြည် ကိုပါ သိမ်းပိုက် အုပ်စိုးနိုင်ခဲ့ပါတယ်။

ဒီခေတ် ဒီအချိန်ကတည်းက တြိပူရကို အုပ်စိုးသူများ အဖြစ် ရခိုင်ဘုရင့် နောက်လိုက် နောက်ပါတွေ အခြေချ နေထိုင်ခဲ့ကြတာ အခုချိန် အထိပါပဲ။

ရခိုင်ရာဇ၀င် မှတ်တမ်းတွေမှာတော့ ဝေသာလီနောက်ဆုံးမင်း စူဠစန္ဒြားမင်းလက်ထက်မှာ အမတ်ကြီး ဓမ္မဇေယျနဲ့ နောက်လိုက် နောက်ပါတွေဟာ ယခု တြိပူရ ဒေသကို ရခိုင်ကနေ ထွက်ခွာသွားပြီးတော့ စတင် အခြေချခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ရာဇ၀င်မှာ မင်းညီမင်းသား၊ အုပ်စိုးသူ တွေကို မောက်တော်ကြီး၊ မောက်တော်သျှေ (မောက်တော်လေး) လို့ ခေါ်ပါတယ်။ မြန်မာစာပေမှာ ထင်ရှားတဲ့ ရခိုင်မင်းသမီး ဧချင်းခေါ် မောက်တော် ဧချင်းဟာ ထင်ရှားပါတယ်။ မောက်တော် မင်းသမီးအတွက် စပ်ဆိုထားတာပါ။ မြောက်ဦးမှာ မင်းသား-မင်းသမီး (အရှင်သခင်) ကို ကိုယ်စားပြုတဲ့ မောက်တော် တံခါး ဆိုတာ ယနေ့တိုင် ရှိနေဆဲပါ။

တြိပူရကို ၁၆ ရာစုတုန်းက ရခိုင့်နယ်မြေအဖြစ် အုပ်ချုပ်ခဲ့ကြတဲ့ အဲဒီ ဒေသမှာ အခြေချ နေထိုင်ကြတဲ့ တြိပူရ-ရှေးရခိုင်တွေကတော့ ၁၆ ရာစုက အခေါ်အဝေါ်အတိုင်း သူတို့ကိုယ် သူတို့ မောက်လူမျိုး (တြိပူရရဲ့ အရှင်သခင်လူမျိုး) ယနေ့တိုင် ခေါ်ဝေါ် သုံးစွဲလျက် ရှိနေကြတုန်းပါပဲ။

တရားဝင် စာရင်းဇယားတွေအရ တြိပူရမှာ ရှေးရခိုင်တွေ သုံးသောင်ကျော် နေထိုင်လျက်ရှိပါတယ်။ ရှေးဟောင်း ရခိုင်ဘာသာစကားကို ပြောဆိုသုံးစွဲလျက် ရှိပြီး၊ ရှေးရခိုင် ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းလျက် ရှိနေကြပါတယ်။

လက်ရှိ အခြေအနေမှာတော့ တြိပူရ-ရခိုင် လူငယ်တွေ အတွက် ရခိုင်ဆရာတော် အရှင် ဓမ္မပီယ က ဓမ္မဒီပလို့ အမည်ရတဲ့ စာသင်ကျောင်း တစ်ခု ဖွင့်လှစ် တည်ထောင်ကာ ပညာရည် မြှင့်တင်ရေးနဲ့ သာသနာ ပြုလုပ်ငန်း တွေကို ဆောင်ရွက်လျက် ရှိနေကြောင်း မိတ်ဆက် တင်ပြလိုက်ပါတယ်။

ဆရာတော်ရဲ့ ဆောင်ရွက်ချက်များကိုတော့ အာက်ကလင့်ခ် ကို သွားရောက် ဖတ်ရှုနိုင်ကြပါတယ်။

http://www.ddstripura.org/index.php

0 comments: