Pages

Saturday, January 18, 2014

Global Network Terror

Global Network Terror ဆိုတဲ့အကြောင်းအရာနှင့်ကျွန်တော်တို့ မြန်မာနိုင်ငံ မည်သို့မည်ပုံ ဆက်စပ်မှုရှိနိုင်တယ် ဆိုတာကို အနည်းငယ်သုံးသပ် ကြည့်ချင်မိတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ဘင်္ဂလီများ၏နာမည်ပြောင်းမှု ၊ တိုင်းရင်းသားဖြစ်မှု ၊ နိုင်ငံသားတောင်းမှု ၊ နယ်မြေ စိုးမိုးထူထောင်
လိုမှုများ၏ နောက်ကွယ်၌ ဆက်စပ်နေနိုင်တဲ့အကြောင်းအရာများအဖြစ် ဆက်စပ်မှု ရှိနေနိုင်ပါတယ် ။

အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလီများ မြန်မာနိုင်ငံဘက်ကို ခိုး ဝင်လာပြီး မြန်မာနိုင်ငံသား မူလဘူတ တိုင်းရင်းသားအဖြစ်လိမ်ညာနေမှု မှာ ကူညီထောက်ပံ့ပေးနေတဲ့ ပြည်ပအဖွဲ့အစည်းများ ၏ နောက်ဆက်တွဲ၊ အဖြစ် ဘင်္ဂလားဒေ့ရှ် ၏ နိုင်ငံရေး အခြေအနေတွေ ကလည်းချန်ထားလို့
မရပါ ။


ဘင်္ဂလားဒေ့ရှ့်မှာ ယခုလက်ရှိ အနေအထားအရလည်း နိုင်ငံရေး မတည် ငြိမ်မှု ၊ ပဋိပက္ခတွေဆက်တိုက် ဆိုသလိုဖြစ်နေပြီး အကြမ်းဖက်မှု များက ဆင့်ကဲဆင့်ကဲဖြစ်နေပြီး မြန်မာနိုင်ငံ၏နယ်မြေဖြစ်တဲ့ ရခိုင်ဒေသကိုတွန်း တွန်းတိုက်တိုက် ခိုးဝင်နေမှုများကလည်း စဉ်ဆက်မပြတ်ဖြစ်ပေါ်နေဆဲပဲ ဖြစ်ပါတယ် ။

ဘင်္ဂလားဒေရှ့်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေရဲ့ အစကလွန်ခဲ့တဲ့ ၃-နှစ်လောက်ကတည်းက ပျိုးလာတဲ့ ဇာတ်လမ်း။ သူတို့ ဆီက ဘလော့ဂ်ဂါတွေအစဖော် ရာက ၊ ၁၉၇၁ ခုနှစ်တုန်းကဖြစ်ပျက်ခဲ့တဲ့ ပြည်တွင်းစစ် လူမျိုးတုန်းသတ် ဖြတ်မှု အကြောင်းအရာတွေပေါ်ပေါက်လာပြီး ၊ ကွာဒါးမူလာနှင့် ဂျမားအီ
အစ္စလာမ်မီတွေ ကြိုးပေးခံခဲ့ရပါတယ်။ ကြိုးပေးခံရသော အစ္စလာမ်မီတွေကို ပါကစ္စတန်က နောက်ကွယ် မှနေပြီး ကူညီနေတာပါလို့ သတင်းတွေက ထွက်လာပါတယ်။ ဘင်္ဂလားနိုင်ငံရဲ့နိုင်ငံရေး အကြမ်းဖက်ပဋိပက္ခမှုတွေ ဖြစ်တိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ဒေသဘက်ကို ဘင်္ဂလီတွေအလုံးအရင်းဝင်
ရောက် ခိုးဝင်နေထိုင်လေ့ ရှိတာကို သတိထားရပါလိမ့်မယ် ။



ယနေ့ မွတ်စလင်ကမ္ဘာရဲ့ မွတ်စလင်တိုင်းရပ်တည်နေရတဲ့ လက်ရှိ အနေ အထား အစစ်ဟာ မည်သို့ သဏ္ဍာန်ရှိနေတယ် ဆိုတာ အနည်းငယ်သိထား ကြသင့်လို့ ဖြည့်စွက်ပါရစေ ။

မွတ်စလင်ကမ္ဘာမှာ ရှီယာအတ်ဥပဒေနှင့်နိုင်ငံထူထောင်ချင်နေတဲ့ အစွန်းရောက်တွေရဲ့အရှိန် အဟုန် ပြင်းထန် လွန်းနေ သည့် သောင်းကျန်းဆူပူ မှုများကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လျက် ရှိနေပါတယ် ။

အီဂျစ်မှာဘရားသားဟုဒ် ၊ ပါကစ္စတန်မှာ တာလီဘန် ၊ ဘင်္ဂလားဒေရှ့်မှာ ဂျမားအီ အစ္စလာမ်မီ ၊ ယိုးဒယားမှာပါတာနီသူပုန်များ၊ မလေးရှားဆာဗား မြောက်ပိုင်းမှာ ဆာဗားသူပုန် ၊ အင်ဒိုနီးရှားမှာ အဘူဆေယက် ၊ ဖိလစ်ပိုင် မှာ မိုရို အစ္စလာမစ် အစရှိသော ၊ မွတ်စလင် အစွန်းရောက် အကြမ်းဖက်
အဖွဲ့တွေ၏ နောက်ကွယ်မှာ အယ်ကိုင်ဒါးက ကြိုးကိုင် ပေးလျှက် ရှိနေပါ တယ် ။

ဒါ့အပြင် ၊ အာဖရိက ဒေသတွင်လည်း နိုင်ဂျီးရီးယား မှာ ဘိုကို ဟာရမ် ၊ ကင်ညာ- ဆိုမာလီမှာ အယ်ကိုင်ဒါ နဲ့ အယ်ရှာဘတ် ဒီအဖွဲ့တွေ အားလုံး ချိတ်ဆက်မှုတွေရှိနေပါတယ် ။ အားလုံး နီးပါးဟာ စစ်သွေးကြွ အကြမ်း ဖက်သမားတွေချည်းပါပဲ။

- အဲဒါကို (Global Network Terror) လို့ခေါ်ပါတယ် ။ ဒီလိုမျိုး အဖွဲ့အစည်းတွေကို အာဖဂန်မှာ စစ်သင်တန်းနှင့် သဘောတရား ရေးရာတွေ ပို့ချ ပေးထားခဲ့တယ်။ ၂၀၁၃ ခုနှစ် ၊နောက်ပိုင်း ဒီ အဖွဲ့တွေ
အင်အားကောင်းလာရတဲ့ အကြောင်းအရင်းဟာ ဆီးရီးယားစစ်ပွဲမှာကမ္ဘာ အရပ်ရပ်မှ မူဂျာဟေဒင်တွေ က ဗော်လံတီယာ လုပ်ပေးလာကြလို့ပါပဲ။

ယခု ဆီးရီးယားမှာ အာဆတ်ဘက်ကို ရှီယာတွေက အကူအညီပေးသလို တဖက်မှာလည်း သူပုန်ဘက်ကို ဆွန်နီတွေက အကူအညီပေး နေခဲ့ကြပါ တယ်။ နှစ်ဖက် စလုံးကို လက်နက်နဲ့ ငွေကြေး ကူညီထောက်ပံ့ပေးနေခဲ့ တာကတော့ ဆော်ဒီအာရေးဗီးယားနဲ့ ကာတာနိုင်ငံ တို့ပဲဖြစ်ပါတယ် ။

ထိုစစ်ဆင်ရေးများ အတွက် လိုအပ်သော ငွေကြေးပိုင်းမှာ သူတို့ရဲ့ဇကဒ် လို့ခေါ်တဲ့ အလှူငွေတွေကို ပုံစံပြောင်းပြီး လှည့်ဝင်သွား နိုင်အောင် (OIC) လိုအဖွဲ့အစည်းကြီးအပါအဝင် အခြားအဖွဲ့အစည်းငယ် များက မျက်လှည့် ပြ ၊ ကုလားဖန်ထိုးပြနေတာဟာ တကယ့်ကိုကြောက်စရာကောင်းတဲ့ကိစ္စ
ပဲဖြစ်ပါတယ်။


ဆီးရီးယားသူပုန်များဘက်မှာ အဖွဲ့ (၇) ဖွဲ့နှင့်အထက် ရှိနေပြီး အချင်းချင်း မတည့်ကြပဲ အပြန်အလှန်လည်း တိုက်ခိုက်နေကြပါတယ်။ ထို သူပုန်တွေ ကို အမေရိကန်ကစစ်သင်တန်းပေးနေကာ ဆော်ဒီက ငွေ ၊ စစ်လက်နက် ပစ္စည်းတွေကို အဓိကအများဆုံး ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ထို့အပြင် တစ်ဖက်မှာလည်း အယ်ကိုင်ဒါများ အတွင်းတွင် မှ အာဏာ ပိုမို သက်ရောက်တဲ့အဖွဲ့ကလည်း ရှိနေပြန်ပါတယ် ။

တကယ်တမ်းတွင် အယ်ကိုင်ဒါအဖွဲ့ကြီးတစ်ခုလုံးမှာ အီဂျစ်ကဘရားသား ဟုဒ်တွေကြီးစိုးနေခြင်း သာဖြစ်တယ်။ နိုင်ငံပေါင်း ၁၇-နိုင်ငံမှာ ဘရားသား ဟုဒ်၏ အဖွဲ့ခွဲတွေရှိပါတယ်။ ဒီတော့ ဘရားသား ဟုဒ်နှင့် အယ်ကိုင်ဒါး ဆို တာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလို အပြန်အလှန် ပါတ်သက်မှုတွေရှိနေပြီးခွဲလို့
မရပါ။
ဆက်ပါဦးမည် ။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ၀ါဟာဘီဝါဒဆိုတာ အနုနည်းနဲ့ မွတ်ဇာတ် သွင်းဖို့ ကြိုးစားနေတဲ့ Islamization တစ်မျိုးတည်းကိုသာ ဦးစားပေးကာ ဇောက်ချပြီး လုပ်ဆောင်နေပါတယ်။ သို့ပေမယ့် အခြားတစ်ဖက်မှာတော့ အကြမ်းဖက် အဖွဲ့အစည်းအားလုံးကို တစ် နည်းနည်းနှင့် လက်သပ် မွေး
ထားတဲ့ အဓိက ဌာနချုပ်ကြီး သာဖြစ်တယ် ။ ဒါကြောင့် ရုရှသမ္မတဗလာ တီမာပူတင်က ၊ ဆော်ဒီ နိုင်ငံ မက္ကာမြို့ကို အနုမြူဗုံး နှင့်ကျဲချ ပြမယ်ဆို ပြီး အသံထွက်လာတာ ဖြစ်ပါလိမ့်မယ်။

အယ်ကိုင်ဒါးကတော့ အားလုံးသိတဲ့အတိုင်းခေါင်းဖြတ်သတ်တာ နောက် စေ့ကို သေနတ်နဲ့ ပစ်သတ်တာအပါအ၀င် လူမဆန်သော အင်မတန်ကမ်း ကုန်အောင် ရက်စက်ပြတာတွေကို တီဗွီ-ဗွီဒီယို ရိုက်လွှင့်ပြသတာက ၎င်း တို့ရဲ့အကြမ်းနည်း သုံး Islamization ပါ ။ အယ်ကိုင်ဒါးတွေက အဆုံးစွန်
တဲ့ထိ ရက်စက်ပြတာဟာ သူတို့ကို ကမ္ဘာကအကြောက်ကြီးကြောက်လန့် သွားစေဖို့ ရည်ရွယ်ချက် ပဲဖြစ်ပါတယ် ။

ဆီးရီးယားသူပုန်တွေ စစ်ရေးသင်တန်းပေးနိုင်ရန် ဆော်ဒီအာရေးဗီးယား မှာ အမေရိကန်တွေ တပ်စွဲထားတာကို အယ်ကိုင်ဒါတွေကသဘောမကျပါဘူး။ ဒီတော့ အမေရိကန်တပ်တွေကို ဖိတ်ခေါ်ထားတဲ့ လက်ရှိ ဆော်ဒီဘုရင့် မိသားစုကို ဖြုတ်ချ ဖို့အယ်ကိုင်ဒါက ကြိုးစားနေပါတယ် ။ အပြန်အလှန် -
လုပ်ကြံမှုတွေ ကျူးလွန်နေကြပြီး ဇာတ်လမ်းတွေရှုပ်ကုန်ကြတော့တာပါပဲ။

အကြမ်းဖက် အဖွဲ့တွေ အချင်းချင်း ပြန်လည် တိုက်ခိုက်ကြ ၊ မသင့်မြတ် ကြရတဲ့ နောက်ခံသမိုင်းက အထက်က အတိုင်းပါပဲ ။ ဆော်ဒီမှာ အမေရိကန် တပ်စွဲနေခြင်းနှင့် ဆီးရီးယားသူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့ က ငွေ -ပစ္စည်း ထောက်ပံ့ပေးပြီး စစ်သင်တန်းပေးနေတာတွေကြောင့်ပဲ
သူတို့ အချင်းချင်းကို ပြန်ပြီး သတ်ဖြတ်ခိုင်းသလို ဖြစ်စေခဲ့ပါတယ် ။

ဒီအထဲမှာအမေရိကန်က စစ်အင်အားကြီးနိုင်ငံ ဖြစ်နေတော့ တော်ရုံလက်နက်ကိုင် အဖွဲ့တွေကို ဂရုမစိုက် ပါဘူး ။ သူတို့ နှိမ်နင်းချင်ရင် အချိန်မရွေး ချေမှုန်းပစ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားပါတယ် ။ ဒါ့ကြောင့်လည်း နှစ်ဖက် လုံးကို မြှောက်ပေးနေခဲ့တယ် ။ ဒါတွေက အမေရိကန်တို့ လုပ်နေကျ
ပါ ။ ဥပမာ - ၁၉၅၈-လောက်မှာ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား တို့ ပြည်တွင်း
စစ်ဖြစ်တော့ အမေရိကန်တွေ တောင်ဖက်က စစ်ကူ တိုက်ပေးတဲ့အခါမှာ တရုတ်ကြီးက မြောက်ဖက်က ကူခဲ့ပါတယ် ။ အဲဒီလိုနဲ့ ပဲ တောင် / မြောက်ဆိုပြီး ကိုရီးယားနှစ်နိုင်ငံ ကွဲသွားရတယ် ။

ဒီနေ့ ဒီအချိန်မှာ မြောက်ကိုရီးယားက တောင်ကိုးရီးယား ၊ အမေရိကန်၊ ဂျပန်တို့ကို လိုက်စွာပြီး ခြိမ်းခြောက်နေခြင်း၏ နောက်ကွယ်မှာ တရုတ် နိုင်ငံက နောက်ကွယ် ကနေပြီး ထိန်းသိမ်း နေရတာ တွေ့ရပါလိမ့်မယ်။ မြောက်ကိုရီးယားမှာ တည်ငြိမ်အေးချမ်းနေဖို့အလိုချင်ဆုံးသူက တရုတ်ပဲ ဖြစ်နေတာတွေ့ရပြန်ပါတယ် ။ ၎င်း (က) မိတဲ့ ဇာတ် ကိုယ်တိုင်လိုက် ရှင်းပေးနေရင်း အကျပ်ရိုက် နေရတာမျိုးတွေပြန်လည်ကြုံတွေ့နိုင်တာမျိုးပါ ။

ဒီလိုဘဲ ကျွန်တော်တို့ ဆီမှာလည်း ယခင် န၀တအစိုးရဟာ မြောက်ကိုရီးယားလုပ်ခဲ့သလိုမျိုး အနုမြူကို ကိုင်ထားပြီးတော့ဒေသတွင်းအင်အားကြီးအောင် လုပ်ချင်ခဲ့ဖူးတယ် ။

ဒါတွေကို အကောင်အထည်မပေါ်လာအောင် တားဆီးခံရတော့ တဖြည်းဖြည်းနဲ့ အသွင်ပြောင်းဖို့ နည်းလမ်းရှာရပြန်တယ် ။ အခုချိန် နိုင်ငံရေးပုံစံ ပြောင်းလိုက် တော့လည်း ၊ အမြန်ဆုံးဝင်စွက်ဖက် ချင်နေတာက အမေရိကန်နိုင်ငံနဲ့ အင်္ဂလိပ်ဖြစ်နေတာကို တွေ့ရပြန်တယ် ။

အကယ်၍တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ရရှိသွားနိုင်ခဲ့ လျှင်တရုတ်ပြည်၏ နောက်ကြော ဖက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာကိုလမ်းပွင့်သွားပါလိမ့်မယ် ။ ဒါကို အနောက် အုပ်စုက မရ ရအောင်ဖျက်မှာသေချာ ပါတယ်။ ရရှိ သွားခဲ့မယ့်ဆိုရင် တရုတ်တို့နဲ့ နီးနီးနားနားမှာအထိုင်ချထား
လို့ရနိုင်မယ့် ထောက် (အထိန်း) နယ်မြေတစ်ခုကို လိုအပ်နေပါတယ် ။

အဲဒါကြောင့်ပဲ - တရုတ်ကိုညှစ်ချင်လို့ အနောက်အုပ်စုက ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းမှာ
ဘင်္ဂလီကို နာမည်ပေး ကင်ပွန်းတပ်နေတဲ့ ဇာတ်လမ်း ထွင် လာတယ်လို့ ယုံကြည်ရပါတယ် ။ အဲဒီနေရာမှာ သူတို့ ဆန္ဒဖြစ်မြောက်ပြီး အကောင်အထည် ဖော်နိုင်ခဲ့ရင် အရှေ့အလယ်ပိုင်းက အာရပ်တွေကိုလည်း စည်းရုံးဖို့ ချွေးသိပ်ပေး သလိုလို ၊ လက်ဆောင်ပေး သလိုလိုနဲ့ မွတ်စလင် ကမ္ဘာနှင့် ငြိမ်းချမ်းမှု တစ်ခုကို တည်ဆောက်နိုင်ဖို့ ဗြူဟာကျ ထိုးကျွေးသွားမှာပါ ။

ဒီတော့ အများစု ထင်မြင်နေကြသလို ကျွန်တော်တို့ဆီက ပြည်တွင်း၌ပဋိပက္ခတွေဖြစ်ပွားရာမှာ ပြည်ပ ပယောဂပါနေတယ်ဆိုလျှင်တောင် တရုတ်ထက် အနောက်အုပ်စုမွှေတာ ဖြစ်နိုင်ဆုံးပါဘဲ။ ဒီလောက်ဆိုရင် ဘင်္ဂလီမှသည် လူမျိုးစုတစ်ခု အမည်တပ် လှုပ်ရှားရေးအတွက် မြန်မာနိုင်ငံအတွင်းမှ အနောက်အားကိုး အုပ်စုတစ်စုသည် မည်သို့ မဟာဗျူဟာမြောက်အတိုင် အဖောက်ညီညီ တိုင်ချည် ဖောက်ချည် နဲ့ အကွက်ကျကျ ဘယ်လို အသုံး တော်ခံသွားကြတယ် ဆိုတာကို အခြေအနေတွေနှင့် ပြောစကားတွေအရ
သေချာ သုံးသပ်ကြည့်လျှင် မြင်နိုင်ပါလိမ့်မယ် ။

မွတ်စလင် ကမ္ဘာနှင့် ဆက်စပ်နေတဲ့ Global Network Terror ဟာ သမားရိုးကျစစ်တပ်မဟုတ်ဘူး၊ နိုင်ငံတစ် နိုင်ငံကို ကိုယ်စားမပြုပါဘူး ။ ၎င်းတို့၏ ရန်ရှာခံရမဲ့သူဟာ စစ် မြေပြင်က စစ်သား ၊ ရဲ မဟုတ်ပဲ အပြစ်မရှိတဲ့ အရပ်သား ၊ ကလေး ၊ သက်ကြီးရွယ် အိုတွေနဲ့ ဈေးဝယ်စင်တာ ၊ လေဆိပ် ၊ မီးရထား ဘူတာရုံလို လူအများအ ပြားသွားတတ်တဲ့နေရာမှာ ကြုံရာလူကို သတ်ဖြတ်အကြမ်းဖက်ရန်ပဲ ဖြစ်
ပါတယ် ။
အဲဒါကြောင့် သူတို့ကို ရင်ဆိုင်နိုင်ဖို့ရာ ဥပဒေ၏အကာအကွယ်၊ ကိုယ့် အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်မှု ၊ သတိဝီရိယရှိ နိုးကြားနေမှု စိုက်လိုက်မတ်တပ်မနေပဲ ပါးနပ်သိမြင်လွယ်ပြီး တာဝန် သိတတ်မှု၊  ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအရိပ်အယောင်များတွင်တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်တတ်ဖို့ လိုနေပါတယ်။

ကျွန်တော်တို့ နိုင်ငံရှိ အနောက်အားကိုး အုပ်စုနှင့် ပြည်တွင်းပြည်ပ မွတ်စလင် လက်ဝေခံများ ၏ ဝါဒဖြန့်မှု များ အရ ဘာသာရေး ၊ လူမျိုးရေးအသွင်ဆောင် မွတ်စလင်တွေကို နှိပ်ကွပ်နေခြင်းဟူသောပဋိပက္ခများ၏ ဆွဲ ခေါ်မှု မာယာများကို သတိထားကြဖို့ လိုပါတယ်။ ၎င်းတို့အနေနှင့် ပြဿ နာကို တစ်မျိုးမဟုတ် တစ်မျိုးပုံစံဖော်ပြီး နိုင်ငံတကာဖိအားနှင့် သေနတ် တစ်ချက်မဖောက်ရပဲ အောင်မြင်မှုရအောင် ကြံဆောင်မယ့်အနေအထား မျိုးက တစ်ခု ၊ အခြားတစ်ဖက်မှလည်း အကြမ်းဖက် သမားများမှ မြန်မာ
ပြည်ကို ဝန်းရံနေသယောင်ယောင် လှည့်ဖျားပြီး ခြိမ်းခြောက်သည့် နည်း လမ်းကို တသွယ် ဦးတည်ပြီး ၊ ၎င်းတို့ စီမံချက်များကို အကောင်အထည် ဖော်သွားဖို့ လုပ်ဆောင်နေကြပါတယ်။ ညီညီ ညွတ်ညွတ် ပါးနပ် သိမ်မွေ့ စွာတုန့်ပြန်ဖို့ အစိုးရ သော်လည်းကောင်း ၊ ပြည်သူလူထုမှာ သော်လည်း ကောင်း ထက်မြက်တဲ့ အမြင်တွေရှိနေဖို့ လိုအပ်နေပါတယ်။

အထူးသဖြင့် Global Network Terror ၏ အင်အား(ဝါ)အဖွဲ့ချဲ့ထွင်ပုံမှာ ဘာသာရေးအရ စည်းရုံးခြင်း၊ လာဘ်ပေးခြင်းနဲ့ အစိုးရ ၀န်ထမ်းများအား သိမ်းသွင်း ထားခြင်း ၊ အစိုးရ အတိုက်အခံ အဖွဲ့အစည်းများသို့ အင်အား ပံ့ပိုးပြီး ကျောထောက်နောက်ခံပြုပေးထားတတ်ခြင်း ၊ အဓိက ပြည်တွင်း ညီညွတ်မှုအားကို အနုနည်း အကြမ်းနည်းများဖြင့် ဖြိုခွဲပြီးစစ်မက်ဖြစ်ပွားသာ အခါ ၊ နိုင်ငံ အစိုးနှစ်ဖွဲ့ ပုံမျိုး ဖြစ်လာအောင် လုပ်ဆောင်တတ်ကြ ပါတယ် ။

သေချာတဲ့ အချက်တစ်ခုကတော့ ယခုလက်ရှိ မွတ်စလင်များ၏ အနုနှင့် အကြမ်း အတိုင်အဖောက်ညီညီ လှုပ်ရှားမှုများအရ , မီဒီယာ ဂျီဟဒ်များ အပြင် Global Network Terror ကို သတ်ကွင်းထဲအထိ ဆွဲခေါ်သွားနေ တဲ့ အနေအထားမျိုးကို ဖန်းတီးလိုနေကြတာကတော့ ထင်ရှားပါတယ် ။

ဆိုတော့ - ဘင်္ဂလီများ၏ လူမျိုးစုတိုင်းရင်းသား ဖြစ်ရေး၏ နောက်ကွယ် မှာရှိနေတဲ့ အနောက်အုပ်စု၏ ပါဝင်ပါတ်သက်နေမှုကြောင့် ပြဿနာက ထင်ထားသည်ထက် ပိုမိုနက်နဲလာခြင်းလို့လည်း မြင်လာ မိပါတယ် ။ ဒါ ကြောင့်လည်း အနောက်အုပ်စုနှင့် ကျေးဇူးခံ ကျေးဇူးစား ရှိနေတဲ့ လက် ဝေခံ နိုင်ငံရေး အင်အားစုများမှ နှုတ်ဆိတ် လက်ရှောင်နေပြီး ရခိုင်ပြည် မှာ ရှိနေတဲ့ တရုတ် စီမံကိန်းများ ဘက်ကို ထိုးချပြီး ၎င်းတို့၏ မျက်နှာဖုံး ကို အတင်းဆွဲဖုံးခဝါချနိုင်ဖို့ အာရုံလွှဲချင်နေကြတာပဲ ဖြစ်ပါလိမ့်မယ် ။

မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံတော်ဆိုင်ရာ ကိစ္စရပ်တိုင်းကို ကျွန်တော် တို့ ရဟန်းရှင်လူ ပြည်သူလူထုတွေ လက်လှမ်းမမှီနိုင်တာကသေချာပါတယ် ။ ဒါကြောင့် ဘင်္ဂလီလူမျိုး နာမည်တိုးနှင့် တိုင်းရင်းသား ဖြစ်မှုကို
ဆန့်ကျင်လိုတဲ့ မြန်မာလူမျိုးတိုင်းကကိုယ်တတ်နိုင်တဲ့အပိုင်းကဏ္ဍဟာ မည်သည့်အရာ ဖြစ်နိုင်မလဲ ဆိုတာ သေချာစဉ်းစားသင့်နေပါပြီ ။ ငါတို့ မတတ်နိုင်ဘူးဆိုပြီး ထိုင်ကြည့်နေပြီး နေမြဲ စားမြဲ သွားမြဲ လုပ်နေ ရင်း က တတ်နိုင်သလောက် ဖြစ်တဲ့ မွတ်စလင်ကြီးစိုးအင်အားတောင့်တင်း မှု ပါဝါကို လျော့ချနိုင်ဖို့ လုပ်ဆောင် သင့်နေပါပြီ ။ မည်သည့်နည်းလမ်း က လက်ရှိပြည်တွင်းနေ မွတ်စလင်ပါဝါကို လျော့ကျသွားစေနိုင်လည်း ဆိုတာ စဉ်းစားကြပါ ။ အဖြေပေါ်ပါလိမ့်မယ် ။

ကျွန်တော်တို့ ရဟန်းလူတွေ လက်ချင်းယှက်ပြီး အင်အားမွေးထားကြဖို့၊ မွတ်စလင်နှင့် ပါတ်သက် လာလျှင် သတိကြီးကြီးထားကြဖို့ တကယ်ပင် အရေးကြီးနေပါပြီ ။ ကျွန်တော် ဆိုလိုချင်တာက တုပြိုင် အကြမ်းဖက်ပြီး
တိုက်ခိုက်ဖို့ ဆိုတာမျိုး မဟုတ်ပါ ။ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ မှာ သွေး အေးအေး နှင့် ရင်ဆိုင်ဖြေရှင်း ကြပြီး မိမိတို့ရဲ့အမျိုး ဘာသာသာသနာ၏ စည်းရိုးကို လုံခြုံသထက် လုံခြုံနိုင်အောင် နိုးနိုးကြားကြား သတိရှိနေပြီး တာဝန် ရှိနေသူတွေ ၊ တာဝန်ရှိလာဦးမယ့် သူတွေကို အဓိက တွန်းအား
ပေးနေဖို့က အရေးကြီး နေပါတယ် ဆိုသည့် အကြောင်းကို စဉ်းစား လို့
ကောင်းအောင် ရေးလိုက်ရပါတယ် ခင်ဗျား ။

ဦးယဉ်ကျေး ။ ၁၇၊ ၁၊ ၁၃။

1 comments:

Anonymous said...

အခုလောလောဆယ် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ
ဆိုတာမရှိဘူးလို့ အတိအလင်းပြောနေကြပါတယ်။ အကြံပေးချင်တာကတော့ အခု blog ခေါင်းစဉ် မှာ
လည်း ရိုဟင်ဂျာ လို့ ရေးထားတာကိုတော့
အနည်းငယ်ပြန်စဉ်းစားစေလို ပါတယ်။ ကျနော်
က ရခိုင်လူမျိုးပါ။ မရှိတဲ့ အရာတခုကိုမရှိအောင်
နေတာက ပိုလို့ သဘာဝကျမယ်ထင်လို့ ပါ။
ဆရာလုပ်တာမဟုတ်ပါဘူး။ အမြင်ကိုပြောပြတာပါ။