Pages

Thursday, May 3, 2012

ကျနော်သိသမျှ ကျူးကျော်ဘင်္ဂလီ ( ရိုဟင်ဂျာ ) တို့ဘ၀ - ၁

ကျနော့်ကို ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ စေတီတောင်ကွင်းရပ်ကွက် တွင် ၁၉၈၇ အောက်တိုဘာ၁၄ ရက်တွင်မွေးဖွားခဲ့သည် ။ မိခင် နှင့် ဖခင်မှာ ရခိုင်လူမျိုးစစ်စစ်ဖြစ်သည်။
ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲမြို့ နှင့် ကျောက်ဖြူမြို့တို့က ကျွန်း၏ တဖက်တချက်စီတွင် တည်ရှိသည် ။ ရမ်းဗြဲမြို့နှင့်ကျောက်ဖြူမြို့တို့၏ ကြားတွင် စနဲ့ ၊ ဇင်ချောင်းစသော မြို့ငယ်သာသာ ရွာကြီးများရှိသည် ။ ကျနော်တို့ ကျောက်ဖြူသည် ရခိုင်ပြည်ရှိ မြို့များတွင် လူမျိုးရေးခွဲခြားမူ့ အနည်းဆုံးမြို့တစ်မြို့ဖြစ်မည်ဟု စာရေးသူ ယူဆသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် လေးတန်းကျောင်းသားအရွယ်မှ စ၍ ကုလားလူမျိုးများနှင့် ခင်မင်ပေါင်းသင်းခဲ့သည် အပြင် ကျနော့်ပါတ်ဝင်းကျင်မှ လူများသည်လည်း ကုလားလူမျိုးများအပေါ် လူမျိုးရေးခွဲခြားမူ့ကို မတွေ့ခဲ့ရ ။
ကုလားလူမျိုးဟု ခေါ်ရခြင်းမှာလည်း သူတို့အားနှိမ့်ချလိုသော စိတ်နှင့်မဟုတ် ၊ သူတို့၏ လူမျိုးအားခေါ်ခြင်းမျှ
သာဖြစ်သည် ဟု စာရေးသူလက်ခံထားသည် ။ မွတ်ဆလင်ဟု ခေါ်ရအောင်ကလည်း ၊ မွတ်ဆလင်ဆိုသည်မှာ ဘာသာရေးနာမည်သာဖြစ်သည် ။ ဘင်္ဂလီလို့ခေါ်ရအောင်ကလည်း ဘင်္ဂလီ
စင်စစ် များမဟုတ် ၊ ရခိုင်ပြည်ထဲတွင်သူတို့နေထိုင်ခဲ့သည်မှာ နှစ်ဆယ်နှင့်ချီင်္ ၊ ရာနှစ်ချီကြာပြီထင်သည် ။ ထိုကြောင့် ကုလားဟု ရိုးရိုးသားသားခေါ်ခြင်းဖြစ်သည်။ သို့သော်ဝန်ခံစရာရှိသည်မှာကျနော့်မိတ်ဆွေ ကုလားများရှေ့တွင် သူတို့အားကုလားဟု မည်သည့်အခါတွင်မှ ကျနော်မခေါ်ဘူးခဲ့ ။

ရခိုင်ပြည်ရှိ ကုလားလူမျိုးများ၏ စိတ်ကို စာနာပါသည် ။ ကျနော်ငယ်စဉ်က ရန်ကုန်တွင်တလှည့် ၊ ရခိုင်တွင်တခါ ကျောင်းနေခဲ့ရသည့်အတွက်လူမျိုးရေးခွဲခြားမူ့များကိုလက်တွေ့ခံစား
ခဲ့ဖူးသည် ။ ရခိုင်ပြည်မှ ရန်ကုန်သို့ကျောင်းလာတက်သည့်အခါ စကားဝဲ၀ဲ နှင့် ကျနော့်ကို ရခိုင်ရခိုင် ကုလားထိုင် အထိုင်မတတ်ဂွေးစိညပ် ဟု ရန်ကုန်သားများ လနှင့် နှစ်နှင့်ချီ၍
စနောက်ခဲကြသည် ။ရန်ုကုန်တွင် ကျောင်း၁နှစ် ၂နှစ်ခန့်တက်ပြီး ဗမာစကားကို ကောင်းမွန်ပီသစွာပြောနိုင်သောအခါ ၊ ကျနော့်အား အဘွားနှင့်အဒေါ်ရှိရာ ရခိုင်ပြည်သို့ပြန်ပို့ပြန်၏။

ရခိုင်ပြည်ရောက်သောအခါရခိုင်စကားရုတ်တရက်မပြောတတ်တော့ပဲ  ဗမာစကားပြောသော ကျနော့်ကို ဗမာဗမာ ဖင်ပြာပြာ ၊ဗမာသေလမ်းမှာ မြှပ်ဟု စကြပြောင်ကြပြန်သည် ။
ကျနော်ငယ်စဉ်က ဤ ကဲ့သို ၀ဋ်ဒုက္ခကြီးကို နှစ်စဉ်ခံစားခဲ့ရဖူးသည် ။ ကလေးများ၏ စိတ်တွင် ဒဏ်ရာအနာတရဖြစ်ပါက ကြီးသည့်အထိ မပျောက်ပေ ။ ကျနော်ဆိုလျှင် လူမျိုးရေး
ခွဲခြားသူများကို အင်မတန်မုန်းသည် ။ ကြီးသည့်အထိ လူမျိုးရေးခွဲခြားသူများနှင့် အပေါင်းအသင်းမလုပ် ။ သို့သော် ရိုဟင်ဂျာကိစ္စမှာမူကား ဤကဲ့သို့ ယူဆ၍ မရ ။ ရိုဟင်ဂျာသည်ရခိုင်ပြည်တွင် နှစ်ရာနှင့်ချီ ရှိခဲ့ပြီးဖြစ်သော ကုလားလူမျိုးများနှင့် လားလားမျှ မပါတ်သက် ။ ရိုဟင်ဂျာသည် ဘင်္ဂလီမွတ်ဆလင်များ က ရခိုင်ပြည်ရှိ ဒေသခံကုလားများမျက်နှာဖုံးစွပ်လျှက် ရခိုင်ပြည်ထဲသို့ ၀င်ရောက်လာခြင်းသာ ဖြစ်သည် ။ တနည်းအားဖြင့်ဆိုရလျှင် ရိုဟင်ဂျာသည် ဘင်္ဂလားဒေခ်ျ့တွင် လူဦးရေ ထူထပ်လာသောကြောင့် လူဦးရေဗုံးပေါက်ကွဲလာသောကြောင့် ရခိုင်ပြည်ကို ခေတ်သစ်နယ်ချဲ့နည်းဖြင့် ၀င်ရောက်လာကြသော ကျူးကျော်သူများသာ ဖြစ်တော့သည် ။


ရခိုင်ပြည်ရှိ ဒေသခံကုလားမွတ်ဆလင်များနှင့် ဘင်္ဂလီရိုဟင်ဂျာဆိုသူများ၏ ကွာခြားချက်ကိုပြောချင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်လေ့လာရသမျှ ဤကိစ္စအပိုင်းတွင် လေ့လာသူများေ ရာထွေးနေသည်ဟု ကျနော်ထင်သည် ။ ရခိုင်ပြည်ရှိဒေသခံကုလားများဆိုသည်မှာ ရခိုင်ပြည်တွင် ရခိုင်ဘုရင် လက်ထက်တော်က မင်းမူ့ထမ်းကုလားများ ၊နယ်ချဲ့ အင်္ဂလိပ်အစိုးရ လက်ထက်တွင် ရခိုင်ပြည်တွင် လာရောက်အခြေချသော ကုလားများ ၊ ရခိုင်လယ်ပိုင်ရှင်များ၏ လယ်ယာများတွင် လာရောက်လယ်ကူလီလုပ်သော ကုလားများဖြစ်သည်။ ထိုကုလားလူမျိုးများသည် ရခိုင်များနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားခဲ့ကြသည် ။ မိတ်ဆွေများဖြစ်ခဲ့ကြသည် ။ ရခိုင်စကားကို ပီပီသသပြောတတ်သည် ၊ ရခိုင်လေးများနှင့်ရေကူးသည်။ ငါးဖမ်းကြသည် ၊ အရက်သောက်ကြသည် ၊ တကယ့်ရခိုင်သား တစ်ယောက်ကဲ့သို့ပင် ဖြစ်နေကြပြီ ဖြစ်သည် ။ ထိုသူများနှင့် ရခိုင်သားများနှင့် ပြသနာဖြစ်ခဲသည် ။ ပြသနာဖြစ်လျှင်တောင် သာမန်တဦးခြင်းတယောက်ခြင်း ရန်ဖြစ်ခြင်းမျှသာရှိသည် ။ လူမျိုးနှင့်လိုက်၍ အဖြစ်နည်းသည် ။ တနည်းအားဖြင့်ဆိုလျှင် သူတို့သည် မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံအတွင်း ဘိုးဘွားစဉ်ဆက် နေထိုင်သူများဖြစ်သည် ။ ထိုသူများကို ကျနော်မည်သည့်အခါတွင်မှ မမုန်းတီးခဲ့ ။ သို့သော် ကျနော်ရခိုင်သားစင်စစ်က ရိုဟင်ဂျာဆိုသည့်စကားကို မကြားဖူး ။ အင်တာနက်ပေါ်ရောက်မှ ရိုဟင်ဂျာ ၊ ရိုဟင်ဂျာ ဟု ကြားရသည် ။ ရခိုင်ပြည်မှ ရခိုင်သားကျနော်က ရခိုင်ပြည်တွင် ရိုဟင်ဂျာဟူသော လူမျိုးတစ်မျိုးရှိသည်မှာ အင်တာနက်ရောက်မှ သိရသည်။များ စွာအံ့သြောဖွယ်ရာပါ တကား ။ မျက်လုံးပြူးသွားသည် ၊ လျှာထွက်သွားသည် ၊ တွတ်ပီစကားနှင့်ဆိုလျှင် ဒီနေ့ ငါတို့ရခိုင်လူမျိုးနဲ့မြန်မာပြည်သားတွေ ကံမကောင်းပါတကားဟု ရေရွတ်ရမည်ထင်သည် ။ ထိုအခါ ရိုဟင်ဂျာလူမျိုးတို့၏ စစ်မြစ်ကို ကျနော်ပြန်တွေးတောရတော့သည် ။

ကျနော်ဆယ်တန်းနှစ်က ဘူးသီးတောင်မို့နှင့် မောင်တောမြို့တို့၏ လမ်းခရီးကြားတွင်ရှိသော အထက လက်ဝဲဒက် ဘူးသီးတောင်ဟုခေါ်သော အထက်တန်းကျောင်းတွင် တက်ရသည်။ ကျောင်းရှေ့တွင် ထောက်လှမ်းရေး တပ်ဆွယ် ၁၈ ရှိသည် ။ မောင်တောမြို့သည် ရခိုင်
ပြည်နယ်တွင် ရခိုင်များ မနေနိုင်သော မြို့ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် မောင်တောမြို့ နှင့်ဘူးသီးတောင် တ၀ိုက်တွင် မြန်မာ့လွတ်လပ်ရေးခေတ်ဦးတုန်းက မူဂျာဟစ်ခေါ် ဘင်္ဂလီအနွယ်မူဆလင်များ အတော်သောင်းကျန်းခဲ့ဖူးသည် ။ အင်္ဂလိပ်များဆုတ်ခွာအပြီးတွင် လက်နက်ရှိသော ဘင်္ဂလီမွတ်ဆလင်သူပုန်များသည် မောင်တောမြို့နှင့်တ၀ိုက်ကို သိမ်းပိုက်ပြီး ရခိုင်
ဗုဒဘာသာများအပေါ်တွင် လူမျိုးတုန်း သတ်ဖြတ်ခဲ့ကြကြောင်း သမိုင်းရှိသည် ။ စေတီပုထိုး နှင့် ဘုရားများ ၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခဲ့ကြသည် ။ ရခိုင်မများကို မဒိန်းကျင့်ရခိုင်များကို သတ်ဖြတ်ခဲ့ကြသည် ။ ကလေးပင် မချန်ခဲ့ ။ ထို အခြင်းအရာကို မည်သူတွေလုပ်ခဲ့သနည်း ။ ရခိုင်စကား တလုံးမှမတတ်သော ၊ မြန်မာစကားတလုံးမှ နားမလည်သော ယခုရိုဟင်ဂျာခေါ် ဘင်္ဂလီမွတ်ဆလင် မူဂျာဟစ်များပင် ဖြစ်လေတော့သတည်း ။ အသေးစိတ်သိလိုလျှင် မြန်မာ့လွတ်လပ်ရေးခေတ်ဦး ရခိုင်ပြည်နယ်သမိုင်းကို ဖတ်ပါ ။ ထိုမူဂျာဟစ်များကို မြန်မာစစ်တပ်မှ အချိန်အတော်ကြာနှိမ်နှင်းခဲ့ရသည် ။ သို့သော် မောင်တောမြို့ကား အကျူးကျော်ခံလိုက်ရပြီ ။ ရခိုင်သားများ အင်အားခြင်း မမျှ၍ နောက်ဆုတ်ပေးလိုက်ရပြီ ။ မိတ်ဆွေမယုံလျှင် မောင်တောမြို့ကို သွားကြည့်ပါ ။ ကုလားအယောက် တရာမြင်ရ၍ ရခိုင်တစ်ယောက်ကို မြင်ရလျှင် ကံကောင်းသည်ဟု ဆိုပြီး ထီထိုးလိုက်ပါ ။ မောင်တော မြို့တွင် .ယခုအခါနေရာအနှံ့ မုတ်ဆိတ်နှင့် အကျီအဖြူဝတ် ဘင်္ဂလီများကိုသာတွေ့ရတော့သည် ။ ထိုသူများထဲမှ အများစုသည် ကျနော်ထိုမြို့မှာရှိစဉ်က ရခိုင်လိုပင်မတတ် ၊ မြန်မာစကားကိုနားမလည် ။
ထိုသူများကို ကျနော်တို့ ရခိုင်ပြည်ရှိ ဒေသခံလူမျိုးတမျိုးဟု မည်ကဲ့သို့ လက်ခံပေးရမည်နည်း ။

( နှစ်ရာချီ ခန့် ရခိုင်ပြည်တွင် ရှိနေပြီးဖြစ်သော ကုလားလူမျိုးများကို နေထိုင်ခွင့် ပေးခြင်းကို မကန့်ကွက်လိုပါ ။ သူတို့မှာ ရခိုင်ပြည်မှ မောင်းထုတ်သော်လည်း သွားစရာနိုင်ငံမရှိ
ဘင်္ဂလားဒေခ်ျ့မှလည်းလက်မခံ ။ ရခိုင်ပြည်သည်ပင် သူတို့ အိမ်ဖြစ်နေပေပြီ ။ ထားပါ ။ ရိုဟင်ဂျာ နာမည်ခံ ဘင်္ဂလီမွတ်ဆလင်များကို ကား လက်မခံနိုင်ပေ ။

အကယ်၍ကျနော်တို့အိမ်ဘေးမှမိသားစုက ငါတို့နဲ့နင်တို့နဲ့ ဘေးချင်းကပ်နေလာခဲ့တာ နှစ်နဲ့ချီပြီ ။ အခု ငါတို့အိမ်မှာ လူများလွန်းတယ် ၊ နင်တို့အိမ်မှာ ငါတို့ ကလေးတစ်ယောက်
နှစ်ယောက်လောက်ပေးနေလိုက် ဟုဆိုလျှင် မိတ်ဆွေ လက်ခံနိုင်မည်လော ။ ရိုဟင်ဂျာကိုပဲ သနားဂရုဏာ မိုးမစွေနေကြပါနှင့် သူတော်ကောင်းမီဒီယာများတို့ ၊ ကျနော်မျိုးကြီးတို့
ရခိုင်လူမျိုးများ နှင့် အဘက်ဘက်မှ အကျူးကျော်ခံနေရသော မြန်မာပြည်သူပြည်သားများကိုလည်း နားလည်ပေးကြပါဦး လို့ ပြောရင်း . . . .. . ။

မာဃလုလင်

0 comments: