Pages

Sunday, May 6, 2012

ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ

လွန်ခဲ့တဲ့ တနှစ်ကျော်ကပင် ဒီဆောင်းပါးရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီဆောင်းပါး အကြောင်းကို ကျနော့်ရဲ့ မိတ်ဆွေတဦးကို ရှင်းပြခဲ့ဖူးတယ်။ သူကတော့ အဲဒီဆာင်းပါးရးပြီးရင် သူ့ဆီကိုပို့ပေးဖို့ သူ့ဆိုဒ်မှာ ဖော်ပြဖို့ပြောပါတယ်။ ကျနှော် မရေးဖြစ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးကို ပြန်ရေးဖို့ တွန်းအားတွေပေး လာတာကြောင့် နှစ်ပါတ်လောက်နောက်ကျပြီး မှ ရေးဖြစ်ပန်တယ်။ ဆိုတော့ ခုတလောဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ အဖြစ်အပျက်တွေ အပေါ်မှာ ၀ုန်းဒိုင်းထကြဲခြင်း မဟုတ်ဘူးဆိုတာ ထင်ရှားစချင်လို့  ပြောတာဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ် ၀န်းကျင်က မိတ်ဆွေတဦး ကျနော့်ကို မေးဖူးတယ်။ ခင်ဗျားတို့ ပြောနေတဲ့ ဘင်္ဂလီတွေဟာ သူတို့ကို သူတို့  ရိုဟင်ဂျာလို့ ပြောင်း ပိုင်ခွင့် မရှိဘူးလား။ သူတို့ ကိုသူတို့  ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ပြောတာကို ခင်ဗျားတို့ အနေနဲ့  ငြင်းပယ်ခွင့် ဟန့်တား ပိုင်ခွင့် မရှိဘူး ထင်တယ် လို့ ပြောပါတယ်။ အဲဒီကိစ္စကို ခင်ဗျား ဘယ်လို မြင်သလိုပေါ့။ ကျနော့် မိတ်ဆွေ ပြောတာ ကတော့ အများကြီးပါ။ နိုင်ငံတကာမှာ နိုင်ငံ အမည်တွေ ပြောင်းတဲ့ ကိစ္စတွေနဲ့  ဝေေ၀ဆာဆာ ပြောပါတယ်။ ကျနော့် မိတ်ဆွေဟာ (၈၈) ကာလတုန်းက ဗမာ နိုငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂရဲ့ ခေါင်းဆောင်တွေထဲ ခေါင်းဆောင် တဦးဖြစ်သလို ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေး ထဲမှာလည်း ခေါင်းဆောင် တဦးပါ။ သူ့နာမည် ဖော်ပြခြင်း မဖော်ပြခြင်းထက် သူ့ ဆွေးနွေးချက်ကိုသာ ပြောလိုခြင်းကြောင့် သူနာမည်က အရေးမကြီးသလို သူကိုယ်တိုင်က ရိုဟင်ဂျာ ကိစ္စကို ထောက်ခံသူ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူ့ရဲ့အမေး သူ့ရဲ့ဆွးနွေးချက်တွေကို စကားပြော မကောင်းတဲ့ ကျနော့်အစား ကိုကျော်ထင် (ယခု VOA သတင်းထောက်) ၀င် ပြောပါတယ်။ ဆိုတော့ ကျနော့် မိတ်ဆွေပြောလိုက်တဲ့ သူတို့ ကို သူတို့  နာမည် ပြောင်းပိုင်ခွင့် ကိစ္စအပါအ၀င် တချို့  ဆောင်းပါးတွေထဲက အချို့ကိစ္စတွေဟာ ကျနော့် အယူအဆတွေနဲ့  လွဲကောင်း လွဲနိုင်ပါတယ်။

ဒီနေရာမှာ မြင်နိုင်ရမှာက နာမည်ကိစ္စ အပေါ်မှာ ငြင်းပယ်နေခြင်း မဟုတ်ဘူး ဆိုတာပါဘဲ ။ နာမည်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို မြင်နိုင်စွမ်း ရှိရပါမယ်။ နာမည်ရဲ့ နာက်ကွယ်က ရည်ရွယ်ချက်တွေဟာ မြန်မာနိုင်ငံအတွက် သိပ်ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။ ဒီ အန္တရာယ် အပေါ်မှာ ငြင်းပယ်ခြင်း လက်မခံခြင်းဟာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေကို လက်မခံခြင်း ဖြစ်တယ်။ ဆိုတော့ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ အနေနဲ့  တိုင်းပြည်အပေါ်မှာ တကယ်တမ်း သစ္စာရှိရင် ကျုပ်တို့ ဘင်္ဂလီများကို ယနေ့ မှစ၍ ရိုဟင်ဂျာဟု ပြောင်းလိုက်ကြောင်း ထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။ ခု ဒီလိုမဟုတ်ဘူး ။ ရိုဟင်ဂျာ အမည်ဟာ ပြောင်းထားတဲ့ နာမည် မဟုတ်သလိုလို ရခိုင်ပြည် ဘက်မှာ နှစ်ထောင်နဲ့ ချီပြီး နေခဲ့သလိုလို ၀ါဒဖြန့် လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးတမျိုး ဖြစ်ရေးကို ကြိုးပမ်းခြင်း ဖြစ်ပြီး ယင်းကတဆင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ အတိုင်း တဆင့်ပြီး တဆင့် လုပ်သွားမယ့် စီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ်တွေ ဆိုတာကို မြင်နိုင်စွမ်းဖို့ လိုပါတယ်။ ဒီလို တိုင်းပြည်ရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် မည်သည့် အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွါး အတွက်ဖြစ်ပါတယ်။ တဘက်မှာလည်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို အားပေး ကူညီနေတဲ့ မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်မဆို တိုင်းပြည်ရဲ့ ရန်သူအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ထို့ အတူ သမိုင်း တရားခံတွေ တိုင်းပြည်ရဲ့ သစ္စာဖောက်တွေ အဖြစ်လည်း သတ်မှတ် ရပါလိမ့်မယ်။

ဆိုတော့ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို တိုင်းပြည်ရဲ့ အဆိပ်အတောက်တွေ တိုင်းပြည်ကို ဖဲ့ထုတ်သွားမယ် (သို့မဟုတ်) တိုင်းပြည်ကို လွှမ်းမိုး သွားနိုင်တယ် ဆိုပြီး နိုင်ငံတကာ အဖြစ်အပျက်တွေကို ချပြရင်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တား ကာကွယ်ခြင်း တွေဟာ မူဆလင် ဆန့်ကျင်ရေးတွေဖြစ်တယ်လို့  မမြင်ဖို့ အထူး လိုအပ်ပါတယ်။ မူဆလင်အချို့က ရိုဟင်ဂျာကိစ္စဟာ ရခိုင်ပြည်ထဲမှာ လက်ရှိ ရှိနေတဲ့ ကိစ္စဖြစ်တယ်။ သူတို့ ကို တယောက် မကျန် သတ်ပစ်မယ်။ သို့ မဟုတ် မောင်းထုတ်ပစ်မယ် ဆိုတာ မဖြစ်နိုင်ဘူးလို့  ထောက်ပြတယ်။ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး ကိစ္စ အပါအ၀င် တကယ့် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တက်လှမ်းတဲ့ ကာလတွေမှာလည်း ဒီကိစ္စကို မဖြစ်မနေ ဆွေးနွေး ဖြေရှင်းရမယ်ပေါ့ စသည်ဖြင့် ရေးတာတွေ ဖတ်ရတယ်။ အကြမ်းအားဖြင့် ကြည့်ရင် ဒီကိစ္စဟာ ဟုတ်သလို ထင်ရပေမယ့် ရိုဟင်ဂျာ ကိစ္စကို လက်ခံလာအောင် ကျုံးသွင်းခြင်း ဖြစ်တယ်ဆိုတာကို တွေ့ ရမှာဖြစ်တယ်။ ဒီနေရာမှာ မြင်နိုင်တာက မြန်မာပြည် တနံတလျား (ရန်ကုန်၊ မန္တလေး၊ ဘားအံ စသည်ဖြင့်) နေရာ အနှံ့ အပြားမှာ နေထိုင်ကြတဲ့ အချို့သော (အားလုံးကို မဆိုလို) မူဆလင် ဘာသာဝင်အချို့ဟာ ရခိုင်ပြည်ထဲက ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရေး လုပ်ဆောင်မှုတွမှာ မသိမသာ အားပေး အားမြှောက် ရှိနေတာတွေကို တွေ့ ရပါတယ်။ တနည်းအားဖြင့် တစုံတရာ ကူညီတာတွေ ရှိကောင်း ရှိမှာပါ။

ခေတ်သစ် မြန်မာ့သမိုင်းမှာ မြန်မာပြည်ဖွား မူဆလင် ဘာသာဝင်အချို့ဟာ တိုင်းပြည်အပေါ်မှာ သစ္စာ ရှိခဲ့ဖူးတယ်။ ဦးရာဇတ်မှသည် ကိုမြအေး အထိလို့ ပြောရမယ် ထင်တယ်။ ကိုမြအေးဆိုလို့  ဝေနှင်းပွင့်သုန် ကိစ္စဟာ မပြောမဖြစ်တဲ့ ကိစ္စတခုအနေနဲ့ ပြောရပါလိမ့်မယ်။ ရိုဟင်ဂျာအမည်ခံ အုပ်စုခေါင်းဆောင် အချို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို ကျနော် လက်ခံရရှိပါတယ်။ ဝေနှင်းပွင့်သုန်အနေနဲ့  ဘယ်လောက် ပတ်သက်မှုရှိ မရှိ ကျနော် အတိအကျမသိပါ။ ရှိတယ် မရှိဘူး စသည့် ဝေဖန်သံတွေ ကြားရပါတယ်။ ဆိုတော့ (တကယ်လို့ ) ဝေနှင်းပွင့်သုန်ဟာ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရေး လုပ်ဆောင်တဲ့ ရေစီးကြောင်းထဲမှာ ပါဝင်မှု ရှိရင်တော့ ကျနော် အထက်က ပြောခဲ့သလို မည်သည့် အဖွဲ့ အစည်း မည်သည့်ပုဂ္ဂိုလ် ဖြစ်ပါစေ တိုင်းပြည်ရဲ့ မျက်နှာကိုကြည့်ပြီး ဆန့်ကျင်ရပါလိမ့်မယ်။ ဒေါက်တာစိန်ဝင်းပဲ ဖြစ်ဖြစ် ဟန်ညောင်ဝေပဲ ဖြစ်ဖြစ် ဒေါက်တာဇာနည်ပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ အကျိုးစီးပွါး တိုင်းပြည်ရဲ့ အနာဂတ် ဆိုးကျိုး ကောင်းကျိုးစတဲ့ အချက်အလက်တွေကိုသာ ကြည်ပြီး ဆန့်ကျင်ရပါလိမ့်။ တိုင်းပြည်ရဲ့ ရန်သူအဖြစ် သတ်မှတ်သင့်ရင် သတ်မှတ်ရပါလိမ့်မယ်။ ဆိုတော့ ဝေနှင်းပွင့်သုန် ကိုတော့ ဘာဖြစ်တယ် စသည်ဖြင့် ကျနော် အတိအကျ မသိဘဲ မပြောလိုပါ။ (တကယ်လို့များ) ဝေနှင်းပွင့်သုန်ဟာ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ဖြစ်ရေးကိစ္စမှာ တစုံတရာ ပါဝင်ပတ်သက်မှု ရှိခဲ့ရင်တော့ အပွင့်လင်းဆုံးပြောမယ် ဒါဟာ တံခါး လာခေါက်ပြီလို့။

ပြန်ဆက်ရရင် ခေတ်သစ် မြန်မာပြည်အပေါ် သစ္စာရှိခဲ့တဲ့ မြန်မာပြည်ဖွား မူဆလင်တွေရှိတယ်။ ဦးရာဇတ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ တိုင်းပြည် အတွက် အသက်ပေးပြီး သစ္စာ ရှိပြခဲ့တယ်။ သခင်ဘသောင်း၊ ဦးဖေခင်၊ ဒဂုန်ဦးဘတင်၊ ဘကြီးဘဖေ၊ ဒေါက်တာမောင်ဒီ၊ ဗိုလ်မှူးကြီး ဘရှင် စတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည် အတွက် သစ္စာ ရှိပြခဲ့တယ်။ (၁၉၃၁ )ခုက ဖွဲ့စည်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးကျော်ခင်ဟာ မူဆလင် တဦးဖြစ်သလို အဲဒီသမဂ္ဂရဲ့ အလုပ်အမှုဆောင်ရွေးကောက်ပွဲက ဦးစိန်ထွန်းကို ဥက္ကဋ္ဌအဖြစ် တင်မြှေက် ခဲ့ဖူးတယ်။ သူဟာလည်း မူဆလင်တဦးပါပဲ။ ဆိုတော့ တိုင်းပြည် အပေါ်မှာ သစ္စာ ရှိခဲ့ကြတဲ့ မူဆလင်တွေဟာ ခေတ်သစ် မြန်မာနိုင်ငံမှာ ဦးရာဇတ်မှသည် ကိုမြအေးအထိလို့ ပြောရ ပါလိမ့်မယ်။ သို့ သော် မြန်မာပြည် အပေါ်မှာ သစ္စာဖောက်ချင်တဲ့ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ ပေါ်လာပြီ ဒီအပေါ်မှာ ရပ်တည် ထောက်ခံတဲ့ မည်သူ့ကို မဆို တိုင်းပြည်မျက်နှာ ထောက်ပြီး ဆန့်ကျင် ရပါလိမ့်မယ်။ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို လက်မခံခြင်းကို အစွန်းရောက်တွေ ဖြစ်တယ်လို့  ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ ချေပတာကိုလည်း ကြဖူးတယ်။ အစွန်း မရောက်ပါဘူးဗျာ တို့  ရယ်လို့ ပြောပြီး တိုင်းပြည်ရဲ့ နေရာအချို့ကို ဖဲ့ပေးရမှာလားဆိုတာ မေးရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို အနာဂတ်မှာ ကျရောက် လာမယ့် ဘေးအန္တရာယ်ကို ကာကွယ်ခြင်းဟာ အစွန်းရောက်ပြီး ကိုယ့်တိုင်းပြည်အပေါ်မှာ လာနေပြီး တိုင်းပြည်ကို ဖဲ့ပေးရမယ် (သို့မဟုတ်) အပိုင်စီးမယ့် လုပ်ရပ်ကျတော့ အစွန်း မရောက်ဘူးဆိုရင်တော့ သိပ် မလွန်လွန်းဘူးလား နည်းနည်းပါးပါး လျော့ပေါ့ပြီး ပြောစေချင်တယ်။

ဆိုတော့ မြန်မာပြည်ကို အသက်ပေးပြီး သစ္စာရှိခဲ့တဲ့ ဦးရာဇတ်ရဲ့ မျိုးဆက်တွေအနေနဲ့  ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မြန်မာ တိုင်းရင်းသား ဖြစ်ရေးမှသည် နိုင်ငံကို ဖဲ့ထုတ်ရေးအား ထောက်ခံ၏ မထောက်ခံဆိုတာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တရပ် ဖြစ်နေတယ်လို့ မြင်တယ်။ ဒီနေရာမှာ ဦးရာဇတ် မျိုးဆက်တွေဆိုတာ မြန်မာနိုင်ငံရှိ မူဆလင် ဘာသာဝင်တွေကို ညွန်းလိုတာဖြစ်တယ်။ တဆက်တည်း ပြောချင်တာက ရခိုင်ပြည်ထဲရှိ မူဆလင်တွေ ဟာလည်း ရိုဟင်ဂျာဆိုတဲ့ အမည်ဟာ အသစ်အဆန်း ဖြစ်နေလိမ့်မယ်လို့  ပြောရဲ ပါတယ်။ ဒါကြောင့် ရခိုင်တွေနဲ့ အေးအတူ ပူအမျှ နေထိုင်ချင်တဲ့ မူဆလင် ဘာသာဝင်တွေအနေနဲ့ လည်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ လုပ်ရပ်တွေကို ဆန့် ကျင်ဖို့ လိုအပ်မယ် ထင်တယ်။ ရိုဟင်ဂျာ အမည်ခံသူတွေဟာ နိုင်ငံရေး တက်ကြွ အစွန်းရောက်သူတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်ထဲက နေမြေအချို့ကို ဖဲ့ထုတ်ရေးအတွက် လုပ်ဆောင် နေကြတာဖြစ်တယ်။ ဒ်ီလုပ်ရပ်ဟာ ရခိုင်ပြည်ထဲရှိ အေးအတူ ပူအမျှ နေထိုင်ကြတဲ့ မူဆလင်တွေနဲ့ မြန်မာပြည်တလွှားမှာ နေထိုင်ကြတဲ့ မူဆလင်တွေရဲ့ ဘ၀တည်ငြိမ်မှုကို ဂယက် ရိုက်နိုင်ပါတယ်။ ပြည်တွင်းရှိ မူဆလင်တွေကို သားကောင် အဖြစ် အသုံးချနိုင်တယ် ဆိုတာကိုလည်း သတိထားကြပါ။

နိုင်ငံသားအဖြစ် သတ်မှတ်ရေး မသတ်မှတ်ရေး စတဲ့ လိုအပ်ချက်တွေ အပေါ်မှာ ပြောဆို ဆွေးနွေးရမယ့်အစား တိုင်းရင်းသား အဖြစ် လက်ခံရေးအဆင့်ကို ကျော်ပြီး လုပ်ဆောင်မှုတွေရဲ့ ရည်ရွယ်ချက်တွေဟာ ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်စရာ မလိုဘဲ တွေးပြီး သိနိုင်ပါတယ်။ တက္ကသိုလ်နေ၀င်းရေးတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ဒီစာအုပ်က ကျနော့်အနားမှာ မရှိတော့ အတိအကျ ကိုးကားခွင့် မရဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖတ်ဖူးတဲ့ စာအုပ်ပါ။ တက္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သူပါ။ သူရေးတဲ့စာအတိုင်း အတိအကျ မပြောနိုင်ပေမယ့် သူရေးတာကို မှတ်မိသလောက် ပြန်ပြောရရင် ဗိုလ်ချုပ် အောင်ဆန်းဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဖို့ သွားတုန်းက အန္ဒိယ ပါကစ္စတန်ဘက်ကို လှည့်ဝင်ခဲ့တယ် ။ ပါကစ္စတန်ရောက်တော့ ပါကစ္စတန်ရဲ့ လွတ်လပ်ရေးဖခင် အလီဂျင်းနားက ဗိုလ်ချုပ်ကို ပြောတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရင် မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဘူးသီးတောင်၊ မောင်တောကို ပါကစ္စတန်နိုင်ငံဘက်ကို ပေးရမယ်လို့ ပြောသတဲ့။ အဲဒီတုန်းက အလီဂျင်းနားရဲ့ တာင်းဆိုမှုဟာ မူဂျာဟစ် မှသည် ယခု ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ အုပ်စုတွေ အတွက် တိုင်းပြည် ဖဲ့ထုတ်ရေး အိပ်မက်ရှည်ကို မက်စေခဲ့တာ ဖြစ်တယ်လို့  ပြောရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး အကြို ကာလကလိုပဲ ယခု ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ကြိုပမ်းမှု ကာလမှာလည်း အချိန်နဲ့ တပြေးညီ မြန်မာနိုင်ငံ တိုင်းရင်းသား ဖြစ်ရေး လှုပ်ရှားမှုဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတယ် ဆိုတာ သတိထား စေချင်တယ်။

 နိဂုံးချုပ် အနေနဲ့ ပြောရရင် ရိုဟင်ဂျာ လူမျိုးလို့ပဲ ပြောင်းပြောင်း မဟာဂျာလူမျိုးလို့ပဲ ပြောင်းပြောင်း ကိစ္စမရှိပါ။ ပြောင်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီ နာမည်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက် ပန်းတိုင်ဟာ တိုင်းပြည် အတွက် ဆိုးကျိုးကို ဖြစ်စေမယ်ဆိုရင် အမျိုးသား အကျိုးစီးပွါးကို ကာကွယ်တဲ့ အနေနဲ့ ဆန့်ကျင်ရမယ်။ အမျိုးသား အကျိုးစီးပွါးကို ကြည့်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို ပူးပေါင်းကာကွယ်ရမယ်။ ။



ခိုင်လင်း (မေဃ၀တီ)
ည (၁၁း ၀၄)၊ နိုဝင်ဘာလ (၇) ရက်၊ (၂၀၁၁)။




(စာရေးသူ ခိုင်လင်း (မေဃ၀တီ) သည် (၂၀၀၂) တွင် စတင်ထုတ်ဝေခဲ့သည့် Voice of Arakan သတင်းစာ၏ အယ်ဒီတာတဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရခိုင်ဒီမိုကရေအဖွဲ့ ချုပ် (အမေရိကန်) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါသည်။)

0 comments: