ရခိုင်အမျိုးသားပိုင် Arakan ဆိုသော ဝေါဟာရကို လွဲမှားစွာ အသုံးပြုနေသော       လူတစ်စုအား ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့       အပြားတွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
 
ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်နေ့တွင်လည်း အဆိုပါ ရှုတ်ချ ကန့်ကွက်ပွဲကို မောင်တောမြို့ မြို့မကျောင်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
" ဟုတ်ပါတယ်။ ဒီကနေ့ ကန့်ကွက် ရရှုတ်ချပွဲကို မောင်တောမြို့       မြို့မကျောင်းမှာ ပြုလုပ်ပါတယ်။ လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။       ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရောက် ဘင်္ဂလီတချို့က Arakan  အမည်အား      အလွှဲသုံးစားလုပ်မှုအပေါ် ကန့်ကွက် ရှုတ်ချတာ ဖြစ်ပါတယ်" ဟု  မောင်တော   ဒေသသခံ    တစ်ဦးက ပြောသည်။
အဆိုပါ အခမ်းအနားအား နံနက် ၉ နာရီ ခွဲမှ စတင်ကာ နေ့လည် ( ၁) နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
" ဟောပြောဆွေးနွေးသူတွေကတော့ - ဦးသာသာမောင် (နတ်မြစ်လှိုင်းပြာ)၊       ဦးညိုလှအောင်တို့ ဖြစ်ကြ ပါတယ်။ ရခိုင်သမိုင်းဆိုင်ရာ ဟောပြမှုတွေနဲ့       Arakan အမည်ကို အလွှဲသုံးစားပြုလုပ်နေကြတဲ့ အပေါ် ရှင်းလင်း ဟောပြောတာ       ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးချက် အပေါ်မှာ တက်ရောက် လာတဲ့ ခမီး       တိုင်းရင်းသားများနဲ့ သက်တိုင်းရင်းသားတွေက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်" ဟု       သူက ဆက်ပြောသည်။
အလားတူ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ဘူးသီးတောင်မြို့ အေးစေတီကျောင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင် ဒေသခံ တစ်ဦးက "အခမ်းအနားက နေ့လည် ၁၂ခွဲ ကနေ စတာ ညနေ ၄နာရီ       ထိုးသွား တာတောင် လူတွေက လုံးဝ မပြန်ချင်ကြဘူး။ ကျွန်တော်တို့ လူထုက       တော်တော် ပေါက်ကွဲနေကြတယ်။ တိုင်းပြည် အလုခံရတယ် ဆိုပြီး    ခံပြင်းနေကြပါတယ်"    ဟု ပြောသည်။
အခမ်းအနားသို့ သံဃာတော် အပါး ၃၀ အပါအဝင် လူပေါင်း ၄၀၀      ခန့်တက်ရောက်ခဲ့သည်ဟု  သူက ပြောသည်။ အခမ်းအနားတွင် ဦးသာသာမောင်      (နတ်မြစ်လှိုင်းပြာ)၊  ဦးစံရွှေမောင်တို့ အဓိက တက်ရောက် ဆွေးနွေး ခဲ့သည်ဟု      သိရသည်။
စစ်တွေမြို့တွင်လည်း အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်လူမျိုးပိုင် Arakan       အမည်အား ပြည်ပရောက် ဘင်္ဂလီ လူမျိုးများ၏ အလွှဲသုံးစား လုပ်မှု အပေါ်       ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ကန့်ကွက်ပွဲနှင့် စာတန်းဖတ်ပွဲ       အခမ်းအနား တရပ်ကို စစ်တွေမြို့ရှိ ရတပ ပါတီ ရုံးခန်းတွင် ကျင်းပ       ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရတပပါတီတာဝန်ရှိသူများ၊ ဂုဏ်သရေရှိ မြို့လူကြီးများ၊       မြို့မိ မြို့ ဖပြည်သူများ၊ ဗမာလူမျိုးများနှင့် မြို၊ ခမီး၊      ဒိုင်းနစသည့်  တိုင်းရင်းသားများ စုစုပေါင်း ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ရတပပါတီမှ စစ်တွေမြို့နယ်      ဥက္ကဌလည်း  ဖြစ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သော       ဦးအောင်မြကျော်က ယခုကဲ့သို့ ပြောသည်။
"အဓိက ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ကို အင်္ဂလိပ်ကို ခေါ်တဲ့      Arakan  အသုံးအနှုန်းကို ပြည်ပ ရောက် ဘင်္ဂလီတွေက အလွှဲသုံးစားလုပ်ပြီးတော့       တကမ္ဘာလုံးမှာ ဒီ Arakan Land ရခိုင်မြေဆိုတာကို သူတို့နဲ့  သက်ဆိုင်ကြောင်း      သူတို့ရဲ့ မြေဖြစ်ကြောင်းလို့ ပြောနေတာဟာ ကျနော်တို့  တမျိုးသားလုံးကို      စော်ကားတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ  ရခိုင်တမျိုးသားလုံးကို      စော်ကားတာဖြစ်တဲ့ အတွက်ကြောင့် ကျနော် တို့က  ရခိုင်တမျိုးသားလုံးကို      ကိုယ်စားပြုထားတဲ့ ပါတီ တစ်ရပ် အနေနဲ့  ရခိုင်ပြည်သူတွေဟာ အခုလို      စော်ကားခံနေရတာကို ဆန့်ကျင် ကန့်ကွက်ဖို့  တာဝန်ရှိသလို ရခိုင်ပြည်သူတွေ      ဒါကို သိရှိအောင် နှိုးဆော်  တိုက်တွန်းဖို့ တာဝန်ရှိတဲ့ အတွက် ပြုလုပ်ရတာ      ဖြစ်ပါတယ်။ ဒါပေမယ့်  ကျနော်တို့မှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု  အတွက်     လုပ်တာ မဟုတ်ပါ။  မိမိတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက်  ကာကွယ်တာ သာ     ဖြစ်ပါတယ် ။  ရခိုင်ကို အင်္ဂလိပ်လို Arakan လို့ခေါ်တာကို  အလွှဲသုံးစား     လုပ်နေတဲ့အပေါ်  ဒီအတွက် ခုလို ကန့်ကွက်  ရှတ်ချရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။
ရခိုင်တိုင်းရင်းသားများ ပါတီမှ အောက်တိုဘာလ ၉ ရက်နေ့ နေ့စွဲဖြင့်      Arakan  နှင့် Arakanse ဆိုသော စကားလုံးမှာ ရခိုင်ပြည်နှင့်      ရခိုင်လူမျိုးများကို  ခေါ်ဝေါ်သော စကားလုံးသာ ဖြစ်ပြီ ပြည်ပရောက် ဘင်္ဂလီ      လူတစုမှ လွဲမှားစွာ  ယူသုံးစွဲနေသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း      ကျေညာချက် တစ်စောင်ကိုလည်း  ထုတ်ပြန် ခဲ့သည်။
  မင်းဆက်ခိုင်
Ref:http://www.narinjara.com/detai
3 comments:
arakan ဆိုတာဘယ်လိုသမိုင်းနဲ့ဘာလူမျိုးလဲဆိုတာကိုမင်းတို့တွေကောင်းကောင်းလေ့လာလိုက်အုံး မြက်စားမနေကြနဲ့ ကုလားယောက်ဖတွေ မင်းတို့မစူးစမ်းမလေ့လာဘဲတစ်ကမ္ဘာလုံးသိအောင်လုပ်နေတဲ့သတင်းတွေထဲမှာ arakan ကိုသိအောင်ရာဇ၀င်နဲ့သမိုင်းတွေကိုတိတိကျကျသိမှကြော်ငြာ သတင်းရရင်ပြီးရောဆိုပြီးခွေးနှစ်ကောင်ကိုက်တာကိုလည်းသတင်းလာတိုင်တဲ့သူရင်ကြောငြာတာပဲလား
အော်.ကိုယ့်လူမျိုးကိုတော့မကာကွယ်ပဲနဲ့ဘာသာတူတာနဲ့ပဲဖအေတော်လိုက်ကြတော့တာပဲ....
ရခိုင်အမျိုးသားပိုင် Arakan ဆိုသော ဝေါဟာရကို လွဲမှားစွာ အသုံးပြုနေသော လူတစ်စုအား ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ အပြားတွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
I support this. Good!!!
Post a Comment