Pages

Saturday, October 29, 2011

ဗိုလ်ချုပ်ရှိစဉ်ကတည်းက မြန်မာတွေအပေါ် သဘောထားမမှန်ခဲ့တဲ့ BBC

{ဒီဆောင်းပါးဟာ ပြည်တွင်းဂျာနယ်တစ်ခုကို ပို့ဖို့ ရေးထားတာပါ။ အဲဒီမှာပါတာ စောင့်နေရရင် ကြာနေမှာမို့ Facebook ပေါ် ကနေဖြန့်ပါတယ်} 

မကြာသေးခင်ကလေးကမှ BBC ရဲ့ ၀က်ဆိုဒ်စာမျက်နှာတစ်ခုပေါ်က သတင်းကြောင့် ကျွန်တော်အပါအ၀င် မြန်မာတွေ တော်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ ရိုဟင်ဂျာကိစ္စ ရိုဟင်ဂျာဘက်ပင်းပြီး ရေးလို့ပါ။ မသိသေးသူတွေကို ပြန်ဖောက်သည်ချရရင်တော့ မြန်မာပြည်လူမျိုးတွေအကြောင်း ပြတဲ့ မြေပုံမှာ ရခိုင်ဒေသက နေသူလူမျိုးတွေ နေရာမှာ ရိုဟင်ဂျာလို့ ဖော်ပြထားတဲ့ ကိစ္စပါ။ (ကိုးကား http://www.bbc.co.uk/news/world-asia-pacific-11595983)


ယခင်တင်ထားသည့်ပုံ

ဘယ်နှယ့် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေမပါပဲ ကလေက၀ ရိုဟင်ဂျာတွေကို တင်လာတော့ အားလုံး ဒေါသဖြစ်ကုန်ပါတယ်။ ဒါကိုသာ ငြိမ်ခံနေလိုက်ရင် ကျွန်တော်တို့အားလုံးသွားပြီပဲ။ ဒါပေမဲ့ မြန်မာ့သွေးက ဇာတိပြပါတယ်။ ကျွန်တော်တောင် Connection မကောင်းလို့ နောက်ကျမှ သိချိန်မှာ ကန့်ကွက်သူတွေက အပြင်းအထန်  ကန့်ကွက်ကြကုန်ပြီ။ ၀မ်းသာစရာက ကန့်ကွက်သူတွေထဲမှာ  ပြည်တွင်းပြည်ပ အားလုံးပါနေတာပါပဲ။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အားလုံး တစ်စိတ် တစ်သဘောတည်းရှိနေတာ ပြတာပဲလို့ ဂုဏ်ယူရပါတယ်။




BBC မှ ပြန်လည်ပြုပြင်ထားသောပုံ

မြန်မာတွေ ၀ိုင်းကန့်ကွက်လို့ BBC ကသူ့နဂိုပုံကို ပြင်ပေးပါတယ်။ ရခိုင်ပြည်နေတိုင်းရင်းသားတွေနေရာမှာ ရခိုင်လူမျိုးကို ထည့်လာ တယ်။ ဒါပေမယ့် ရိုဟင်ဂျာကိုတော့ ဖြူတ်မပေးပါ။ တောင်းဆိုသူတိုင်းက ဒီကိစ္စ ပြန်တောင်းပန်ပါလို့ ဒီမိုကရေစီအသံလွှင့်ဌာနကြီး BBC ကို တောင်းဆိုပေမယ့် လုံးဝမတောင်းပန်ပါ။ `ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာပိုင်း အစီအစဉ်က BBC News Online ကို ဆက်သွယ် မေးမြန်းတဲ့ အခါ BBC News Online က အောက်ပါ ရှင်းလင်းချက်ကို ဒီကနေ့ ပေးပို့လာပါတယ်´ ဆိုတဲ့ စာသားတစ်ခုနဲ့အတူ မလိမ့်တစ်ပတ်လုပ်လာတယ်။

`ဆောင်းပါးနှင့် ပူးတွဲပါ မြေပုံမှာ မြန်မာနိုင်ငံအတွင်း ရှိနေကြသော လူနည်းစုတွေ အားလုံးအကြောင်း ပြည့်ပြည့်စုံစုံ လေ့လာတင်ပြဖို့ ရည်ရွယ်ခဲ့ခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ နယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။´ ဆိုတဲ့ ဆင်ခြေကို ပေးလာပါတယ်။

ဒါဟာ အင်မတန် အန္တရာယ်ရှိတဲ့ စာသားပါ ရိုဟင်ဂျာကို လူနည်းစုလို့ တံဆိပ်ကပ်ပေးပြီး ကျွန်တော်တို့ မြန်မာပြည်သူ တိုင်းရင်းသား အများစုက လူနည်းစုကြီးကို ၀ိုင်းအနိုင်ကျင့်တယ်လို့ ပြောချင်တာပါလား။ နောက်ပိုင်းမှာ နေတိုးအကူအညီနဲ့ ရိုဟင်ဂျာဘက်ကများ စစ်တိုက်ပေးဖို့ ရည်ရွယ်ပါသလား BBC။ ကြာရင် ကျွန်တော်တို့ မြန်မာပြည်က တိုင်းရင်းသားတွေလည်း ပါလက်စတိုင်းတွေလို တိုင်းပြည်ပျောက်ပြီး ရိုဟင်ဂျာနိုင်ငံရဲ့ ဘေးမှာ သိမ်ငယ်စွာ ပြေားလွှားပုန်းအောင်းနေရမှာမျိုး ဖြစ်စေမယ့်အထိ အစီစဉ်ရှိနေပါ
သလား။ ဘာပဲဖြစ်ဖြစ် BBC ရဲ့ လုပ်ရပ်က ရိုဟင်ဂျာတွေအတွက် မြန်မာတိုင်းရင်းသားအားလုံးကို စော်ကားချင်သလို စော်ကားလို့ ရအောင် လမ်းကြောင်းပေးနေသလို ဖြစ်နေပါတယ်။

`နောက်ဆက်ပြီး  ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြု မထား ကြောင်း´ ဆိုတဲ့စာသားက ပိုဆိုးနေပြန်တယ်။ မြန်မာအစိုးရကို တိုက်ခိုက်သယောင်နဲ့ ဒါဟာ ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံးကို မြန်မာ အစိုးရနဲ့ တစ်တန်းတည်း တစ်စုတည်း ရောချလိုက်တာပါပဲ။ မြန်မာ အစိုးရကို ဒါဏ်ခတ်မယ်ဆိုပြီး ကျွန်တော်တို့မြန်မာပြည်သူအားလုံးကို ဗုံးလာကြဲဖို့များ ရည်ရွယ်နေပါသလား။

တကယ်တော့  `ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထား´ သည်မဟုတ်ပါ `မြန်မာပြည်သူတစ်ရပ်လုံး မြန်မာတိုင်းရင်းသားစစ်စစ် အားလုံးက အသိအမှတ် မပြု ထားခြင်း´ သာဖြစ်ပါသည်။ ဘယ်နှယ့်ကိုယ့်အိမ်နောက်ဘေးပေါက်က တက်လာမယ့် ကလေက၀တွေ ကိုယ့်မြေမောင်ပိုင်စီးလာမှာကို လက်ခံနေရင် ကျွန်တော်တို့ လူမဟုတ်တော့ဘူး။ အဲဒီ ရိုဟင်ဂျာတွေ လန်ဒန်မြို့ကို ဖိတ်ခေါ်လက်ခံထားလိုက်ပါလားလို့ ပြောလိုက်ချင်ပါတော့တယ်။

ရိုဟင်ဂျာကို ကျွန်တော်တို့မြန်မာပြည်သူတရပ်လုံး လက်မခံနိုင်တာ အကြောင်းပြစရာ အများကြီးရှိပါတယ်။ ဒါပေမဲ့ လူပိန်းပြောပြောရရင်-

၁) ကလေက၀တွေမို့ပါ။ ကိုယ့်ပြည်ကိုရောက်လာ ကိုယ့်ပြည်တိုးတက်အောင်လုပ်မယ့် ကိုယ့်တိုင်းရင်းသား ခံယူမယ့် လူတွေဆို Welcome ပါ။ အခုက ငတ်လို့ ဒီမြေပေါ်ပြေးလာ။ ဒီမှာအစာဝရင် ဖုတ်ဖတ်ခါ ပြန်မယ့် သူတွေကို ဘာလို့ လက်ခံနေမှာလဲ။ပညာ သို့ ဥစ္စာတစ်ခုခု မပါပဲ လက်ဗလာနဲ့လာ ကိုယ့်ဆီက ပြန်သယ်မယ့် ကပ်ပါးကောင်တွေကို ဘာကြောင့်လက်ခံရမလဲ။

၂) ဒုက္ခသည်လို့ နာမည်တပ်ရအောင်ကလည်း တစ်ယောက်ချင်း၊ တစ်စုချင်း ဒီနိုင်ငံထဲ ၀င်ပါရစေလို့ တောင်းပန်ခယနေတာမဟုတ်ဘူး။ ခပ်တည်တည် ဒီမြေပေါ် အစုလိုက်အပြုံလိုက် လာနေတဲ့ ကျူးကျော်သူ တွေသာ ဖြစ်တယ်။ ဒါဟာ တရုပ်ဖြူတွေနဲ့ မခြားဘူး။ စကားစပ်လို့ ပြောရရင် နိုင်ငံရေးကြောင့် ကျွန်တော်တို့ဆီက ပြေးရတဲ့ မြန်မာတွေကို အင်္ဂလန်ကရော သိပ်လိုလိုလားလားကြီး လက်ခံပါသလား။ အင်္ဂလန်နိုင်ငံသားခံယူဖို့အရေး ဘယ်နှစ်နှစ်တောင်စောင့်ခိုင်းပြီး ဘယ်လို ငြင်းပန်းပါသလဲ။

၃) နောက်ပြီး ကိုယ်တွေက အင်အားနည်းနေတာမို့လဲ ဒီကိစ္စကို ဒီလောက်ခါးခါးသီးသီး ငြင်းနေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ လွင့်လာခဲ့ရာ ပင်ရင်းနိုင်ငံနဲ့ ဒီကိစ္စအတွက် အချင်းများခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ ခုတောင်တိုင်းပြည်တော်တော် ချွတ်ချုံကျနေပါပြီ။ စစ်ပွဲကြီးတစ်ပွဲသာ နွှဲလိုက်လို့ရတော့ ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံးခွေးဖြစ်ဖို့ ပါပဲ။

၎) ကမ္ဘာနိုင်ငံအသီးသီးမှာပဲ ဘယ်နိုင်ငံကမှ ဒီလို ခိုးဝင်လာတဲ့ကလေက၀တွေကို ကျောသပ်ရင်သပ် လုပ်နေတာ မရှိပါ။ သူများကို သနားပေမယ့် အဝေးကပဲ သနားပါရစေ။ ရိုဟင်ဂျာတွေ သူ့ပြည်မှာငတ်နေလို့ ကျွန်တော်တို့ဆီမှာ အလှုလှည့်ခံရင် မြန်မာဆိုတာ ကိုယ့်မရှိတောင် အငတ်ခံပြီး လှုမှာပါ။ ခုလို ဂုတ်ပိုး တက်ခွလာမယ့် အရိပ်အယောင်၊ သားစဉ်မြေးဆက် ဒုက္ခများမယ့် အရိပ်ယောင်ကိုတော့ ဘယ်မြန်မာမှ ခံလိမ့်မယ်မဟုတ်ပါ။ သူတို့ မူရင်းဒေသ သူတို့နေကြပါ။ ကျွန်တော်တို့ မြေလာမကျူးကျော်နဲ့။ ဒါဆို သနားပါ့မယ်။

BBC နဲ့ ပတ်သက်ရင် ကျွန်တော့်ရင်ထဲမှာ မမေ့နိုင်သေးတဲ့ ကိစ္စကြီးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက BBC ဟာ ဗိုလ်ချုပ်ကို စော်ကားခဲ့ပါတယ်။ ဒီအကြောင်းကို အထောက်အထားနဲ့တကွ ပြပါ့မယ်။ အောက်က စာသားတွေဟာ တက္ကသိုလ်နေ၀င်းရေးတဲ့ `ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း´ ဆိုတဲ့စာအုပ်၊ ဒုတိယအကြိမ်ထုတ်ရဲ့ စာမျက်နှာ ၁၂၅- ၁၂၈ ကနေ ကောက်နုတ်ထားချက်တွေပါ။

`ဘီဘီစီ အသံလွှင့်ဌာနမှာ နာမည်ကြီးသလောက် ကြီးကြပ်အုပ်ချုပ်မှုအပိုင်း၌ ကြိုးနီစနစ် ကို ကျင့်သုံးရာတွင် စာအုပ်ကြီးအတိုင်း တိကျစွာ လိုက်နာသော အစဉ်အလာရှိသဖြင့် ဗိုလ်ချုပ်အောင်ဆန်း
အသံလွှင့်မိန့်ခွန်းပြောခွင့်ရရန် ဦးတင်မောင်နှင့်တကွ အလားတူ မြန်မာ အမျိုးသား ဘီဘီစီ အမှုထမ်း များဖြစ်သူ ဦးသောင်းခင် (နောက်ပိုင်း ရန်ကုန်မြို့ အမေရိကန် ပြန်ကြားရေးဌာန)၊ ဦးအောင်ခင်
(ဘိလပ်ရောက် ဦးမင်း) တို့သည် ဘီဘီစီ အုပ်ချုပ်ရေးပိုင်း အကြီးအကဲများနှင့်အကြိမ်ကြိမ် ကြိုးစားညှိနှိုင်း စီစဉ်ခဲ့ရသည်ဟု သိရပါသည်။

သူတို့တွေ မနားမနေ ကြိုးစားစီစဉ်ချက်ကြောင့် နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း အသံလွှင့် မိန့်ခွန်း ပြောကြားခွင့် ရခဲ့လေရာ ဗိလ်ချုပ် လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများအား ဘိလပ်မှနေ၍ ပူပူနွေးနွေး မင်္ဂလာသတင်ေးကာင်း လက်ဆောင်ပါးနိုင်ရန်အတွက် သူ၏ အသံလွှင့် မိန့်ခွန်းမူကြမ်းကို ကိုယ်တိုင် ကြိုးစားပမ်းစား ရေးသားပြုစုပါလေတော့သည်။

ယင်းသို့ အသံလွှင့်ပြောကြားသည့်မိန့်ခွန်းကို ကြိုတင်ရေးသားရသည့် အြေားအကြောင်းတစ်ရပ်လည်း ရှိပါသေးသည်။ ဘီဘီစီ အသံလွင့် ဌာန၏ အစဉ်အလာစည်းကမ်းတစ်ခုက အသံလွှင့်ပြောကြားချက် အားလုံးကို ကြိုတင်ရေးသား၍ သက်ဆိင်ရာသို့ စိစစ်ခွင့်ပြု ချက် ရရေးအတွက် တင်ပြရခြင်းပင်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ ´မြန်မာနိုင်ငံသို့ သ၀ဏ်လွှာ´ မိန့်ခွန်းကိုလည်း ထုံးစံအတိုင်း သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရမည်ဖြစ်သောကြောင့် ကြိုတင်ရေးသားရခြင်းဖြစ်ပါသည်။ဗိုလ်ချုပ်သည် သူ၏မိန့်ခွန်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသားပြီးနောက် လက်နှိပ်စက်ရိုက်စေကာ ဦးလေးကြီး ဦးတင်မောင်မှ တစ်ဆင့် ဘီဘီစီသို့ ပို့ခိုင်းလိုက်ပါသည်။ အသံလွှင့်ရန် စီစဉ်ထားသည့်အချိန်မှာ ဇန်န၀ါရီလ ၂၈ရက်နေ့၊ မွန်းလွဲ ၁နာရီ အချိန်ဖြစ်၍ ဗိုလ်ချုပ်သည် ဒေါ်ချက်စတာ ဟိုတယ်၌ နေ့လည်စာစားပြီးမှပင် ဘီဘီစီအသံလွှင့်ဌာနသို့ သွားပါသည်။

သို့သော် ဘီဘီစီ အသံလွှင့်ဌာန အဆောက်အဦသို့ ရောက်သွားသည်နှင့် မြန်မာအမျိုးသား အမှုထမ်းများဖြစ်သူ ဦးတင်မောင်၊ ဦးသောင်း ခင်နှင့် ဦးအောင်မင်းတို့မှာ မျက်စ်မျက်နှာ ပျက်နေကြ ကြောင်း တွေ့ရပါသည်။ အကျိုးအကြောင်းမေးကြည့်တော့မှ ဗိုလ်ချုပ်၏အသံလွှင့် မိန့်ခွန်းစာမူကို သက်ဆိုင် ရာက စိစစ်ပြီးနောက် အချက်အလက်အချို့ ဖြတ်တောက်ခြင်း ပြင်ဆင်ခြင်းများပြုလုပ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ကြောင်းသိရပါသည်။

ဘီဘီစီအကြီးအကဲများ၏ အကြောင်းပြချက်က ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်မိန့်ခွန်းတွင် သူတို့ ဘီဘီစီ၏မူဝါဒနှင့် ဆန့်ကျင်သော ပါတီနိုင်ငံရေးကိစ္စတွေပါဝင်နေသဖြင့် မူရင်းအတိုင်း အသံလွှင့်ရန် ခွင့်မပြုနိုင်ဟု ဆိုပါသည်။

အမှန်က ဗိုလ်ချုပ်၏မိန့်ခွန်းမှာ မြန်မာ့လွတ်လပ်ရေးရရှိရေးနှင့် ပတ်သက်၍ ဗြိတိသျှ အစိုးရနှင့် ဆွေးနွေးညိနှိုင်းပြီးရရှိသော သဘောတူညီချက်များနှင့်တကွ `အောင်ဆန်း-အက်တလီ´ စာချုပ်ပါ အချက်အလက်များ၏ အနှစ်သာရကို ဘီဘီစီ အသံလွှင့်ဌာနမှ တစ်ဆင့် မြန်မာပြည်သူတို့အား အရင်းအတိုင်း ဖောက်သည်ချထားခြင်းသာဖြစ်ပါသည်။

သို့သော် ယင်းသို့ အမှန်အတိုင်း (အပိုအလိုမပါ) ဖော်ထုတ်ရေးသားထားသော မိန့်ခွန်းကို ဘီဘီစီ အာဏာပိုင်တို့က တစ်စိတ် တစ်ဒေသ ဖြတ်တောက်မည်၊ ပြန်လည်ပြင်ဆင်ရမည်ဟု ဆိုလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် လက်မခံနိုင်ပါချေ။

ဦးတင်မောင်အစရှိသော ဘီဘီစီမှ မြန်မာ အမှုထမ်းများက အသံလွှင့်အီအစဉ်ပျက်မသွားစေလိုသဖြင့် ဗိုလ်ချုပ်အား မိန့်ခွန်းကို ပြန်လည်ပြင်ဆင်ရေးသားပြီး အသံလွှင့်ရန် ပြောသော်လည်း ဗိုလ်ချုပ်က သူ၏၀ါသနာအတိုင်း ပြတ်ပြတ်သားသားပင် ငြင်းပါသည်။
`ကျုပ်ရဲ့ မိန့်ခွန်းကို မူရင်းအတိုင်း အသံလွှင့်ရရင်တော့ အသံလွှင့်ပြောမ.်၊ မိန့်ခွန်းကို နည်းနည်းကလေး ဖြစ်ဖြစ် ဖြတ်မယ် ပြင်ဆင်မယ်ဆိုရင်တော့ ကျုပ်လက်မခံနိုင်ဘူး၊ အသံလွှင့်ခွင့်မရဘူးဆိုရင်လည်း မလွှင့်ပဲ ပြန်သွားရုံပေါ့၊ ကျုပ်ကတော့ ရှင်းရှင်းပဲ´

ဤသို့ပြောလိုက်ခြင်းဖြင့် ကိစ္စပြတ်သွားကာ ဗိုလ်ချုပ်သည် အသံလွှင့်ရန် အစီအစဉ်ကိုဖျက်ပြီး ချက်ချင်းပြန်လာခဲ့ပါသည်။

သူ့မူရင်းအတိုင်းတစ်လုံးမကျန်ဖော်ပြလိုက်ပါတာ်။ အဲဒီအထောက်အထားကို ကြည့်ခြင်းဖြင့် ...

၁) ဘီဘီစီဟာ အရင်ကတည်းက ကျွန်တော်တို့ မြန်မာတွေအပေါ် စိတ်ထားမမှန်ခဲ့ဘူး။
၂) ဒဲ့ပြောရရင် ဘီဘီစီအာဏာပိုင်တွေ ဟာ မြန်မာတွေအပေါ် လုံးဝကို စေတနာမရှိဘူး။
၃) ဒါပေမဲ့ ဦးတင်မောင်၊ ဦးသောင်းခင်၊ ဦးအောင်ခင် စတဲ့ (ယခင်က) မြန်မာ အမျိုးသား ဘီဘီစီ အမှုထမ်းတွေဟာ မျိုးချစ်စိတ်ရှိတာကိုလည်း မြင်နိုင်ခဲ့တယ်။

ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာတွေအားလုံး မခံမရပ်နိုင်ဖြစ်နေတဲ့ ကိစ္စကို အခုလက်ရှိ  မြန်မာ အမျိုးသား ဘီဘီစီ အမှုထမ်းတွေရော ငြိမ်နေကြမှား။ မြန်မာသွေးပါကြောင်း၊ မြန်မာပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်းမပြတော့ဘူးလား။

တစ်ချို့( BBC ဘက်တော်သားလို့ ယူဆရသူတစ်ချို့) ကလည်း BBC က ပြောလို့ရတာမို့ စွပ်ပြောနေတာ မဟုတ်လား စသဖြင့် ဆိုကြပြန်တယ်။ ကျွန်တော်တို့ ဒီ့ထက်တောင်လုပ်ပါဦးမယ်။ ဒါမှ ကျန်တဲ့ သူခိုး ဓားရိုးကမ်း တွေလဲ နောင်ကျဉ်သွားမှာပါ။ BBC လို ကမ္ဘာကျော်အသံလွှင့်ဌာနကြီးတောင် ဒါလောက် လိမ့်ပိမ့်နေအောင်ခံရရင် မြန်မာတွေကို စော်ကားလို့ကတော့ နည်းနည်းကလေးမှ အစွန်းခံမှာ မဟုတ်ဘူးဆိုတာ အားလုံးမြင်အောင် ပြချင်တာပါ။ကျွန်တော်တို့ဟာ အလောင်းဘုရားခေတ်ကတည်းက ဟိုင်းကြီးကျွန်းကို ၀ါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တဲ့ မြန်မာပါ။ တရုပ်ဖြူကိုတောင် ဘယ်သူ့အားကိုးမှမပါဘဲ ချခဲ့ပြီးပါပြီ။ ရိုဟင်ဂျာကိစ္စလည်း (တိုင်းပြည်ချွတ်ခြုံကျမှာကြောင့် အကြမ်းနည်း မသုံးလိုပေမယ့်) လိုအပ်ရင် ပြည်သူတိုင်းက နောက်တွန့်ဝန်လေးနေလိမ့်မယ် မဟုတ်ပါ။

ဒီစာရေးသူဟာ ဘယ်ဘက်ကမှ မဟုတ်တဲ့ စာရေးဆရာစစ်စစ်သာဖြစ်ကြောင်းလည်း ဘီဘီစီကို သိစေအပ်ပါတယ်။ အစိုးရက အခွင့်အရေးမပေးလိုက်သမှ ကျွန်တော့်စာမူတွေတောင် အပိတ်ခံထားရတာ အများကြီးပါပဲ။ ဒါပေမဲ့ ဒီနေရာမှာတော့ ဒါဟာ အစိုးရကို ချတာ မဟုတ်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးကို ထိပါးတာလို့ မြင်တဲ့အတွက် ဘီဘီစီကို လူသိရှင်ကြား ထပ်မံ ကန့်ကွက်ပါတယ်။

ရိုဟင်ဂျာဘက်က သူခိုးဓားရိုးကမ်းသူမှန်သမျှ ကမ္ဘာမကျေ။

သွန်းနေစိုး။
ပြည်တွင်းနေ စာရေးဆရာ။

2 comments:

Anonymous said...

ရိုဟင်ဂျာတွေကို မြန်မာမြေကနေပြန်နှင်ထုတ်ပါ။
မြန်မာတိုင်းရင်းသားထဲမှာဘယ်တုန်းက မှရိုဟင်ဂျာလူမျိုး မရှိဘူး။
တိုင်းရင်းသားအားလုံးက တညီတညွတ်ထဲ ကန့်ကွက်လျှင် လက်ခံလိမ့်မယ်လို့ထင်ပါတယ်။

Anonymous said...

ဘင်္ဂလီ (သို့) ခေါ်တောမဟုတ်တဲ့ အခြားလူမျိုး မူစလင်တွေလည်း ဒီပြသနာကို လ ဝ က ပြသနာ (သို့) illegal immigrants ပြသနာလို့ဘဲမြင်ပါတယ် ရခိုင်တိုင်းရင်းသားတွေနဲ့အတူတူရှိနေပါတယ် ကျေးဇူးပြုပြီးဘာသာရေးပြသနာအသွင်ဆောင်မသွားပါစေနဲ့ခင်ဗျား။