Pages

Saturday, October 29, 2011

BBC ပြည်သူ့တို့၏ ယုံကြည့်မှုကို ရောင်းစားနေပြီး....


ဂုဏ်သိက္ခာကင်းမဲ့တဲ့ BBC News နှင့် BBC Burmese တို့ ပူးပေါင်းလိမ်လည်တဲ့လုပ်ရပ်ကို ဒီပုံမှာ အထင်းသားတွေ့နိုင်တယ်...
ပထမဆုံးပုံမှာ Anna Jones ရဲ့ Bleak outlook for Burma's ethnic groups ဆောင်းပါးကို တင်ထားတဲ့ ရက်စွဲ 06 November 2010 ကိုတွေ့နိုင်ပါတယ်.... အားလုံး ၀ိုင်းပြီး Complain တင်ပြီးတဲ့အချိန်မှာ၊ ဒုတိယပုံမှာတော့ 18 November 2010 နဲ့ Who are Burma's minority groups ဆိုပြီးတော့ မြေပုံကို ခပ်တည်တည်နဲ့ ပြန်ပြင်လာပီး တင်ထားတာကိုတွေ့ရတယ်... တတိယပုံမှာတော့ Anna Jones ရဲ့ ဆောင်းပါးမှာ မြေပုံကို 27 October 2011 မှာ အချို့အချက်တွေ ပြင်စရာရှိလို့ဆိုပြီး မြေပုံကိုဖယ်ထုတ်ထားပြီး အသစ်ပြင်ထားတဲ့ မြေပုံကို ပြန်အစားထိုးထားတယ်လို့ ရေးထားတယ်...
28 October 2011 မှာပြင်တဲ့ မြေပုံဟာ 18 November 2010 မှာထုတ်ပြန်ထားတဲ့ ရေးသူမဲ့ သတင်းထဲမှာ ဘာလို့ပြင်ပီးသားဖြစ်နေလဲ ရှေ့နောက်မညီတာ မရှက်ဘူးလား... နောက်ပီးတော့ BBC ကပြန်ရေးလာတဲ့ စာထဲမှာလည်း ရခိုင်တိုင်းရင်းသားတွေကို ဖယ်ရှားချန်ထားပြီး ရိုဟင်ဂျာကို ရခိုင်ပြည်ရဲ့လူမျိုးလို့ ဆိုလိုရင်းမဟုတ်ဆိုပီးတော့ Rohingya to Arakan state was not intended to imply ownership of the state or to marginalise the Rakhine people, but simply to show readers the state in which the Rohingya live. ဆိုပြီးရေးထားတယ်....
ဒါပေမဲ့ Anna Jones ရဲ့ ဆောင်းပါးခေါင်းစဉ်နဲ့ တင်ထားတဲ့ပုံနဲ့ စာသားတွေနဲ့ လုံးဝလိုက်ဖက်မှုမရှိကတည်းက ကမန်းကတန်း လုပ်ကြံပြီး ပြန်ပြင်ထားတာ တအားသိသာတယ်... ဘီဘီစီ အရှက်မရှိသလို ဘီဘီစီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာဝန်ထမ်းတွေလည်း ဒီလိုကိစ္စမျိုးကို အမျိုးသားရေး စိတ်ဓါတ်ကင်းမဲ့ပြီး တာဝန်မဲ့ငြိမ်နေကတည်းက ကပ်ဖားရပ်ဖား ခံယူချက်မရှိတဲ့ သာရာစားတွေမှန်း တအားသိသာတယ်.... ရွံဖို့ကောင်းတယ်....

BBC >>> http://www.bbc.co.uk/news/world-asia-pacific-11620652

1 comments:

Anonymous said...

So upset with BBC!!! Our nations, time to be united!!!