ရခိုင်သား
(  ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရခိုင်သားရဲ့ အမြင် ဖြစ်ပါတယ်။ ဒီပြဿနာနဲ့  ပတ်သက်ပြီး ပိတောက်မြေ အနေနဲ့ နောက်ထပ် လေ့လာစုဆောင်းလို့ ရတာတွေလည်း  တင်ပြပါဦးမယ်။ လောလော ဆယ်ဆယ်တော့ ရိုဟင်ဂျာကို မွေးစားနေသူ တွေအပေါ်  ရခိုင်သားရဲ့ သဘောထားကို နားထောင်ကြည့် ရအောင် )
ပြီးခဲ့တဲ့  လဆန်းတုံးက ရိုဟင်ဂျာကို ဘယ်သူ မွေးစားခဲ့သလဲ ဆိုတဲ့ ပို့စ်တစ်ခု  ပိတောက်မြေမှာ ရေးတင်ခဲ့တယ်။ ပါလီမန်ခေတ်က အာဏာရူးခဲ့တဲ့  နိုင်ငံရေးသမားတွေ၊ နအဖကို တိုက်ကွက်ရရင် ပြီးရောဆိုပြီး လုပ်နေတဲ့  ဒီမိုကရေစီရေး လှုပ်ရှားသူဆိုတဲ့ သူတွေကြောင့် ကျွန်တော်တို့  ရခိုင်ပြည်နယ်မှာ မုတ်ဆိတ်နဲ့ လူမျိုးစုတစ်စု အပိုင်ရတော့မယ်။ ဒါဟာ နအဖကို  တိုက်ဖို့နဲ့သာ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အမျိုးသားရေး၊ ပြည်ထောင်စုအရေး  ဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်လို့ မီးမောင်းထိုးပြ ခဲ့တယ်။ ဒါပေမယ့်  ပြီးခဲ့တဲ့ အပတ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကျွန်တော်တို့ ရာသက်ပန်  စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း တို့က ရိုဟင်ဂျာ  ကိုယ်စားလှယ်ကို စင်ပေါ် တင်ပေးပြီး ရိုဟင်ဂျာအရေး ဖြေရှင်းဖို့  တောင်းဆိုနေတာ တွေ့ရတော့ ဒီလူတွေ လုပ်ပုံကို သြချမိတယ်။ ဒီလောက်တောင်  ရိုဟင်ဂျာကို သနားစရာ လူမျိုးစုလေး အဖြစ် ပုံဖော်နေတဲ့ သူတော်ကောင်း  ကြီးများအတွက် ရိုဟင်ဂျာအကြောင်း ဖောက်သည် ချလိုက်ဦးမယ်။ 
ရိုဟင်ဂျာကို ထောက်ခံမယ်လို့ စဉ်းစားရင် အလယ်သံကျော်  ကွန်ဖရင့်ဆိုတာကို အရင်သိဖို့ လိုတယ်။ အလယ် သံကျော်ရွာ ဆိုတာ  မောင်တောမြို့နယ်မှာ ရှိတယ်။ အရင်က ရခိုင်ရွာ၊ ကုလား မရှိဘူး။ ၁၉၄၂  အင်္ဂလိပ် အဆုတ်၊ အုပ်ချုပ်ရေးမဲ့ နေချိန်မှာ ဖြစ်တဲ့ ကုလား-ရခိုင်  အဓိကရုဏ်းမှာ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ အလယ်သံကျော် တစ်ရွာလုံး  ပျက်သွားတယ်။ အဲဒီတုံးက ရခိုင်တွေက တောင်ကိုကျော်ပြီး ဘူးသီးတောင်၊  ရသေ့တောင်ဘက်ကို ပြေးဖို့ ကြိုးစားတယ်။ အင်္ဂလိပ်က V force ဆိုပြီး ကာကွယ်ရေး  တပ်ဖွဲ့ပေးခဲ့တဲ့ ကုလားတွေက ရွာတွေကို ဖျက်တယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့  ရခိုင်တွေကို  တောင်ကျော်လမ်းတွေက စောင့်သတ်တယ်။  ဒါ့ကြောင့် ရခိုင်တွေက စစ်တွေဘက်ကို မပြေးနိုင်ဘဲ ကုလားပြည်က ဒိန္နာပူရ်  ဘက်ကို ထွက်ပြေးရတယ်။ အဲဒီမှာ ရခိုင် လေးထောင် လောက်ကို အင်္ဂလိပ်က  ဒုက္ခသည်စခန်း ထားတည်ပေး ခဲ့ရတယ်။ အဲဒီ သတ်မှုကြီးမှာ ရခိုင် သုံးသောင်းလောက်  သေခဲ့တယ်။ အဲဒီ အချိန်က စပြီး အလယ်သံကျော်ဟာ ကုလားရွာ ဖြစ်သွားခဲ့တယ်။  အခုသွားကြည့် တစ်ရွာလုံး ကုလားတွေဖြစ်၊ ရခိုင် လယ်တွေက ကုလားပိုင် လယ်တွေ  ဖြစ်ကုန်ပြီ။ အဲဒီ အလယ်သံကျော်မှာ ၁၉၅၁ခုနှစ်  ဇွန်လမှာ မွတ်ဆလင် ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို ဦးနုမွေးထားတဲ့  ကုလားအမတ် စူလတန် မာမွတ် ခေါင်းဆောင်တဲ့ ကုလား ပါလီမန် အမတ်တွေက စီစဉ်ပေးတာ  ဖြစ်တယ်။ အဲဒီ ညီလာခံမှာ ကုလားတွေက ဒါတွေကို တောင်းဆိုခဲ့တယ်။
၁။          ရခိုင် မြောက်ပိုင်းကို ရှမ်းပြည်နယ်၊  ကရင်ပြည်နယ်၊ ချင်းတောင်တန်း၊ ကချင်ဒေသ တွေလို လွတ်လပ်သော မူဆလင်  ပြည်နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးရန်။ ပြည်နယ် စစ်တပ်၊ ပြည်နယ်ရဲ  တပ်ဖွဲ့၊ ပြည်နယ် လုံခြုံရေးတပ်ဖွဲ့များ ထားရှိရန်။
၂။         စစ်တွေမြို့ကို ရခိုင် တောင်ပိုင်းနှင့်  မြောက်ပိုင်း ပူးပေါင်းမြို့တော် အဖြစ် သတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်း  ကွပ်ကဲမှုကို ရခိုင်နှင့် မူဆလင် ငါးဆယ် ရာခိုင်နှုန်းစီ အုပ်ချုပ်ခွင့်  ပြုရန်၊ ပထမဆုံး မြို့တော် ၀န်နှင့် တိုင်းမင်းကြီးကို မူဆလင် လူမျိုးအထဲမှ  ခန့်ထားရန်။
၃။          ရခိုင်ပြည်နယ် လက်နက်ကိုင် တပ်ဖွဲ့တွင် မူဆလင် ငါးဆယ်  ရာခိုင်နှုန်း ပါဝင်ရန်။
၎။          ဗဟို အစိုးရတွင် မူဆလင်ဆိုင်ရာ ၀န်ကြီး ခန့်ထားရန်။
၅။         လူမျိုးစု လွှတ်တော်သို့ အခြားပြည်နယ်များ နည်းတူ  ကိုယ်စားလှယ် အညီအမျှ စေလွှတ် ခွင့်ပြုရန်။
၆။         မူဆလင်ကောင်စီထားရှိခွင့်ပြုရန်။
၇။         မူဆလင်အထက်တန်းကျောင်းနှင့်  ကောလိပ်များတည်ထောင်ခွင့်ပြုရန်။ 
အဲဒါတွေက  ကျွန်တော် မှတ်သားထားတဲ့ အချက်မျှသာ ဖြစ်တယ်။ မှတ်မိ သလောက်တော့ အားလုံး  ၁၄ ချက် ပါတယ်လို့ ဆိုတယ်။ သိသူများရှိရင် အပြည့်အစုံ ရေးပေး စေချင်တယ်။ ဒီ  ၇ ချက်ကို ကြည့်ရင် ဘင်္ဂါလီ ကုလားများဟာ ဘယ်လောက် ရည်မှန်းချက် ကြီးခဲ့တယ်  ဆိုတာ သိနိုင်တယ်။ အဲဒီ အစည်းအဝေးမှာ ဘင်္ဂါလီ  ကုလားများက သူတို့ကိုယ် သူတို့ ရခိုင်မူဆလင် ဆိုတဲ့ စကားလုံးကို စပြီး  သုံးခဲ့တယ်။ ဒါပေမယ့် ဒါကို ရခိုင် ပြည်သူတွေက  လုံးဝ  လက်မခံ ခဲ့ဘူး၊ ရခိုင်လူမျိုးဟာ ဘယ်တုံးကမှ မူဆလင် မဖြစ်ခဲ့ဘူးလို့  အကြီးအကျယ် ကန့်ကွက်ခဲ့တယ်။ ဒါ့ကြောင့် မူဂျာဟစ်၊ ရခိုင် မူဆလင် ဆိုတဲ့  နံမည်တွေ အလုပ် မဖြစ်တော့တဲ့ နောက်မှာ ရိုဟင်ဂျာ ဆိုတဲ့ နံမည်ကို ဘင်္ဂါလီ  တွေက တီထွင်ခဲ့တာ ဖြစ်တယ်။ 
နောက်ပြီး  ရခိုင်ကို ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရှိနေတဲ့  မူဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လောက် ယုတ်မာတယ်  ဆိုတဲ့ သာဓကလေး တစ်ခု ပြောပြ ချင်တယ်။ ၁၉၈၅ ခုနှစ် တုံးက  ရိုဟင်ဂျာ လွတ်မြောက်ရေး အဖွဲ့  (RLO)   ဥက္ကဌ အာမက်ရှားရဲ့ မိန့်ခွန်းကို အသံသွင်း ထားတဲ့ ကက်ဆက်ခွေတွေ  ဘူးသီးတောင်၊ မောင်တောနယ် ထဲမှာ ပြန့်ခဲ့ဖူးတယ်။ လှုံ့ဆော်စာ တွေလည်း  ထွက်ခဲ့တယ်။ ကက်ဆက်ခွေ ထဲမှာ မူဆလင် ဘာသာရေး  ခေါင်းဆောင်က မေယု နယ်မြေမှာ ရှိတဲ့ မူဆလင် ဘာသာဝင် မဟုတ်တဲ့  သူတွေကို သည်ဒေသက ထွက်သွားအောင် နည်းမျိုးစုံ သုံးဖို့၊ သူတို့ နေရာတွေမှာ  မူဆလင်တွေနဲ့ အစားထိုးဖို့၊ နောက်တစ်ကြိမ် ရခိုင်-ဗမာ တွေက နှိပ်စက်ရင်  ထွက်မပြေးဘဲ ရင်ဆိုင်ဖို့နဲ့ အလ္လာက ရိုဟင်ဂျာတွေ ဘက်မှာ ရှိကြောင်း ဟောပြော  ထားတာတွေ ပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှာ ဖြန့်တဲ့စာတွေ ထဲမှာတော့  ရခိုင် အမျိုးသမီး လေးတွေပုံနဲ့ 
သင်တို့နေထိုင်ရာ ဒေသတွင် အစားအစာ ရှားပါးသည်။ သင်တို့ နေရာ၏  တစ်ဘက်ကမ်း မြန်မာ ဘက်တွင် ဆန်နှင့် အစားအစာ ပေါများလှသည်။ လမ်းဘေးတွင်  လုံချည် ရင်လျားနှင့် ရေခပ်နေသော မိန်းမလှလေး များကို တွေ့နိုင်သည်။  သင်တို့ အစာဝအောင် စားဖို့ အဲဒီနေရာကို သွားကြ၊ အမျိုးသမီလေး များကို  အိမ်ထောင်ပြု၍ အစ္စလမ်ဘာသာ ပြန့်ပွားအောင် လုပ်ကြ  လို့ ရေးထားပါတယ်။ အဲဒီစာ တွေနဲ့ ကက်ဆက် တွေကြောင့် စစ်တွေ၊ ရသေ့တောင်  ဘက်မှာ အဓိကရုဏ်း ဖြစ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ပါတီကောင်စီက ၀င်ထိန်းလို့  ပြီးသွားတာ ဖြစ်တယ်။ 
နောက်ထပ်  ကုလားတွေ ယုတ်မာတဲ့ အဖြစ်က ၈၈ မှာဖြစ်ခဲ့တဲ့ မောင်တော အရေးအခင်း ပါပဲ။ ၈၈  မေ ၁၃ရက် နေ့မှာ မောင်တောမြို့ ၀န်းကျင် ကုလားရွာတွေက ကုလားတွေနဲ့  မြို့ထဲက ကုလားတွေ ပေါင်း အင်းအား ငါးသောင်းလောက်နဲ့ မြို့ကို  စီးဖို့လုပ်ခဲ့တယ်။ (၄) ရပ်ကွက်က ဘုန်းကြီးကျောင်း အဖျက်ခံရတယ်။ ရခိုင်  ရပ်ကွက်တွေကို ၀ိုင်းပြီး မီးရှို့ဖို့ သတ်ဖို့ လုပ်တယ်။ ရဲစခန်းနဲ့  ဘူးသီးတောင်- မောင်တောလမ်းမှာ ရှိတဲ့ လုံထိန်းတပ်က အတင်း ၀င်ပစ်ပြီး  ကာကွယ်လို့ မြို့မကျ ခဲ့တာဖြစ်တယ်။ မဟုတ်ရင် မောင်တောက ရခိုင်တွေဟာ ၄၂  ခုနှစ် တုံးကလို အပြတ်ရှင်း ခံရမှာ ဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်ကို မောင်တော  ဒေသခံ ရခိုင်တွေကို မေးရင် သိနိုင်ပါတယ်။ မေ ၁၃  ဟာ ၄၂ ခုနှစ် ကုလား - ရခိုင် အဓိကရုဏ်း စဖြစ်တဲ့နေ့ ဖြစ်တယ်။ ၈၈ မှာ  ပြည်၊ တောင်ကြီး တို့မှာ ကုလား- ဗမာ ပြဿနာ ဖြစ်ခဲ့တာကို အခွင့်ကောင်း  ယူပြီး အဲဒီနေ့မှာ ကုလား-ရခိုင် အဓိကရုဏ်း ဖန်တီးဖို့ အကြံကြီး ကြံခဲ့တာပါ။  
အဲဒီအဖြစ်အပျက် သုံးခုကတော့ ရိုဟင်ဂျာ  ဒုက္ခသည်များ ဆိုပြီး နိုင်ငံတကာက သနားအောင် ကုလားမူ၊ ကုလားချွဲ လုပ်နေတဲ့  ဘင်္ဂါလီများရဲ့ စရိုက်အမှန်ကို ပြနေတာပါပဲ။ သမိုင်းလည်း  မသိ၊ သိအောင်လည်း မလေ့လာ၊ ကိုယ်အာဏာ ရဖို့ အတွက်ပဲ သိပြီး ရိုဟင်ဂျာကို  စင်ပေါ်တင် ပေးနေတဲ့ သူတွေကို အမျိုးဖျက်မယ့် အာဏာရူး  တွေလို့  ပြောရင် လွန်မယ် မထင်ပါဘူး။
ရခိုင်သား
http://padaukmyay.blogspot.com/2009/03/blog-post_23.html မှကူးသည်။ 
1 comments:
ကျွန်တော်ရို့ ရခိုင်သားတိအားလုံး နိုးကြားစီးလုံးဖို့လိုပါဗျာယ် အခုအခြေနေက ကောင်းအန္တရာယ်များပါရေ
Post a Comment