Pages

Monday, November 7, 2011

BBC ၏ မြန်မာ့မြေပုံနှင့် ပတ်သက်သည့် ဖော်ပြချက် မှားယွင်းခဲ့၍ တောင်းပန်ရန် ပြည်သူအချို့ အင်တာနက်မှ တောင်းဆို

BBC သတင်းဌာန၏ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့က သတင်းထောက် အင်နာဂျုံစ် (Anna Jones) ရေသားသော သတင်းတွင် မြန်မာ့မြေပုံကိုပါ ပူးတွဲ ဖော်ပြခဲ့သည်။ ထိုမြေပုံတွင် ဖော်ပြပါရှိသော လူမျိုးစုများ နေထိုင်ရာအရပ်နှင့် ပတ်သက်၍ တင်ပြချက်သည် မှန်ကန်မှုမရှိပဲ မှားယွင်းစွာ ထုတ်လွှင့်ထားသည်။ ထင်ရှားသည့် အချက်မှာ ရခိုင်ပြည်နယ် နေရာတွင် ရခိုင်လူမျိုးသာ အဓိက နေထိုင်သည် မဟုတ်ပဲ ရိုဟင်ဂျာများကိုသာ လူမျိုးတစ်မျိုးဖြစ် ထည့်သွင်း၍ နေထိုင်သူများအဖြစ် မှားယွင်းစွာ တင်ပြထားသည်။ ထို့ပြင် ရှမ်းပြည်နယ်တွင် လည်းကောင်း၊ ကယားပြည်နယ်တွင် လည်းကောင်း မှားယွင်းစွာ ဖော်ပြထားသည်များ ပါရှိနေခဲ့သည်။ သို့ဖြစ်၍ အင်နာဂျုံစ်၏ သတင်းတွင် ပါရှိသော မမှန်ကန်သည့် အချက်အလက်များ ပြုပြင်ပေးရန်နှင့် ထိုမှားယွင်းမှု အတွက် ဘီဘီစီ သတင်းဌာနမှ တောင်းပန်ချက် ဖော်ပြပေးရန် မြန်မာနိုင်ငံ ပြည်သူအချို့က အင်တာနက်မှ ပေးစာများ ပေးပို့၍ တောင်းဆိုခဲ့ကြသည်။ ဘီဘီစီ၏ သတင်းဖော်ပြချက်ပါ ရိုဟင်ဂျာ လူမျိုးစုကို မြန်မာနိုင်ငံ၏ တိုင်းရင်းသား စာရင်းတွင် ပါဝင်ခြင်း မရှိသည့်ကိစ္စကို အရှိလုပ်၍ ဖော်ပြခြင်းသည် ကောင်းမွန်သော ဖော်ပြချက်မျိုး မဟုတ်ပေ။ ပြဿနာများ ရှုပ်ထွေးလာနိုင်သည့် ထင်ယောင်ထင်မှား ဖြစ်စဉ်များ၏ သတင်းမျိုး ဖြစ်နေသည်။ ထို့ကြောင့် အင်တာနက် အသုံးပြုနိုင်သူ မြန်မာတိုင်းရင်းသားများက ဘီဘီစီ သတင်းဌာနသို့ ကန့်ကွက်ကြောင်း၊ မကျေနပ်ကြောင်း၊ အမှန်နှင့် ပြုပြင်ဖော်ပြ ပေးသင့်ကြောင်း၊ တောင်းပန်သင့်ကြောင်း၊ ရှုထောင့်အမျိုးမျိုးမှ တင်ပြကာ တောင်းဆိုကြခြင်း ဖြစ်သည်။ ထိုသို့တင်ပြရာတွင် ဥာဏ်မြင့်အောင် ဆိုသူလည်း ပါဝင်သည်။ ၎င်းက မကျေနပ်ကြောင်း ဖော်ပြသည်။

သတင်းရေးသားသူသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးသားသည်ကို မိမိမသိကြောင်း၊ သို့ရာတွင် အင်နာဂျုံစ်၏ ရေးသားချက်သည် လုံးဝမှားယွင်းနေကြောင်း၊ထို့ကြောင့် ၎င်း၏ရေးသားချက်ကို မိမိဆန့်ကျင် ကန့်ကွက်ကြောင်း၊ ဦးဥာဏ်မြင့်အောင်က ဆိုထားသည်။ ဦးအေးမောင်ဆိုသူ ရခိုင်အမျိုးသား ကျောင်းသား တစ်ဦးကလည်း ဦးဥာဏ်မြင့်အောင် ကဲ့သို့ပင် ကန့်ကွက် တင်ပြထားသည်။ ဦးနိုင်ဇော် ဆိုသူကလည်း ၎င်း၏အမြင်ကို ဥပမာနှင့်တကွ တင်ပြ၍ ကန့်ကွက်ထားသည်။ ထိုင်းနိုင်ငံ၌ မြန်မာတိုင်းရင်းသား (၄)သန်းမှ(၆)သန်း အထိရှိနေကြောင်း ၎င်းတို့သည် လူ့အခွင့်အရေးများ မရဘဲ အမျိုးမျိုး အနှိမ်ခံနေရကြောင်း ထိုလူဦးရေသည် ထိုင်းလူဦးရေ၏ ဆယ်ရာခိုင်နှုန်းမျှပင် ရှိကြောင်း ဦးနိုင်ဇော်က ဆိုသည်။ အကယ်၍ ဘီဘီစီအနေဖြင့် လူ့အခွင့်အရေးနှင့် နစ်နာချက်များကို မှန်မှန်ကန်ကန် တင်ပြလိုလျှင် ထိုင်းနိုင်ငံ၌ ရှိနေသော မြန်မာများ၏ အရေးကိုပါ အသိအမှတ်ပြု ရေးသား တင်ပြသင့်သည်ဟု ၎င်းက ထောက်ပြထားသည်။ ဘီဘီစီမှ သတင်းရေးသားသူ အနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို မှန်မှန်ကန်ကန်သာ သတင်းပေး ဖော်ပြလိုသည့် ဆန္ဒရှိလျှင် ဖော်ပြပါ ကိစ္စများကို ရဲရဲရင့်ရင့် အတွင်းကျကျ လေ့လာ၍ ရေးသားသင့်ကြောင်း ၎င်းမှ တောင်းဆိုထားသည်။ ဖော်ပြပါ တောင်းဆိုချက်များ အပြင် အခြားကန့်ကွက်မှု များကြောင့် ဘီဘီစီသည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်တွင် မှားယွင်းနေသော မြေပုံဖော်ပြချက်ကို ပြင်ဆင်ပေးခဲ့သည်။ သို့ရာတွင် မှားယွင်း ဖော်ပြမှုကြောင့် တောင်းပန်မှုကိုကား တင်ပြခြင်း မပြုခဲ့ပေ။ တောင်းပန်ရန် ကျန်ရှိနေသေးသည် ဆိုသောအချက်ကို လူပေါင်း (၁၀၀)ခန့်က ဘီဘီစီသို့ အင်တာနက်မှ တစ်ဆင့်ပေးပို့၍ တောင်းပန်မှု ပြုလုပ်ပေးရန် အကြောင်းကြား တောင်းဆိုခဲ့ကြသည်။ မှားယွင်းသော သတင်းကို ဖော်ပြခြင်းအားဖြင့် စာရှုသူကို အသိမှားအမြင်မှား ဖြစ်စေနိုင်သည်။ သမိုင်းအပေါ် အမြင်ကိုလည်း ကမောက်ကမ ဖြစ်စေနိုင်လောက်အောင် အရေးကြီးသော ကိစ္စဖြစ်သည်။ ထို့ကြောင့် မြေပုံကို ပြုစုသူအနေဖြင့် သတင်းသမား တစ်ဦးအနေဖြင့် မိမိ၏အမှားကို မဖြစ်မနေ တောင်းပန်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့ကြသည်။


Ref:
http://news.yatanarpon.com.mm/news/news-42030

2 comments:

Anonymous said...

ဘီဘီစီ ဒီဗွီဘီက ကောင်တွေသတိထား ဖင်လိုးခံရမယ် တနေ့ တော့ မင်းတို့ နဲ့ တွေ့ ဦးမှာပါ။

Anonymous said...

မြန်မာလူထူတရပ်လုံးက မင်းတို့ ကို ဟုတ်လှပြီမှတ်နေတာမင်းတို့ က ကုလားတွေ လိုးတာကိုခံပြီး ဒေါ်လာတွေယူနေကြတယ် မင်းတို့ မရှက်ဘူးလား မင်းတို့ လုပ်စားဖို့ ဒါတွေဘဲရှိတယ်ထင်တယ် သန်းလွင်ထွန်း မင်း ကိုသတိပေးလိုက်မယ် ဘီဘီစီက ထွက် ရင်ထွက်မထွက်ရင် မင်း ဆွေမျိုးတွေကို အရင်ဖြုတ်မယ် မင်း ဆွေမျိုးတွေကို ကုလားတွေဆီကယူထားတဲ့ဒေါ်လာတွေနဲ့ ခြံသာအမြန်ခတ်ပေတော့၊