Pages

Thursday, November 24, 2011

မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူလူထုမှ ဘီဘီစီသတင်းဌာနအား ကန့်ကွက်ဆန္ဒပြ

ဘီဘီစီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းအစီအစဉ်တွင် Anna Jones က ရခိုင်လူမျိုးများနေထိုင်သည့် ရခိုင်နယ် မြေပြ မြေပုံတွင် ဘင်္ဂလားဒေ့ရှ်မှဝင်ရောက်လာကြသည့် ဘင်္ဂါလီလူမျိုးများပုံကို ထည့်သွင်းထားသဖြင့် ကမ္ဘာတ၀ှန်းရှိ မြန်မာလူမျိုးများအနေဖြင့်များစွာဒေါသထွက်လျက်ရှိကြရာ ဘီဘီစီသတင်းဌာနနှင့် ကမ္ဘာတ၀န်းရှိ ဗြိတိသျှသံရုံးများရှေ့ တွင် ကန့်ကွက်ပွဲများ...ပြုလုပ်လျက်ရှိကြသည်။

ယနေ့(24.11.2011)နံနက်(၁၀)နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အန်ပန်းရှိ ဗြိတိသျှသံရုံးရှေ့ တွင် မလေးရှားရောက် ရခိုင်လူမျိုးများမှ ဘီဘီစီသတင်းဌာနအားကန့်ကွက်ပွဲကိုကျင်းပခဲ့ရာ စုစုပေါင်း အင်အား (၁၀၀) နီးပါး ပါဝင်ခဲ့ကြသည်။ ဆန္ဒပြသူများမှ ဗြိတိသျှသံအမတ်ကြီးထံလိပ်မူကာ အဆိုပါ သတင်းအား ရှုံ့ချကြောင်းနှင့် သတင်းမှားကြောင်း ကမ္ဘာ့လူထုက မိမိတို့အပေါ်နားလည်မှု လွဲမှားမှုမျိုးကို မဖြစ်စေလိုကြောင်း၊ အန်နာဂျုံး အနေဖြင့် တရားဝင်တောင်းပန်ရမည်ဖြစ်ကြောင်း၊မိမိတို့အနေဖြင့် လူ့အခွင့်အရေးကို လက်ခံပြီးလေးစားပါကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေးကိုအကြောင်းပြုပြီး မိမိတို့ ဘိုးဘွားပိုင်နယ်မြေကိုလုယူရန် လိမ်လည်သတင်းဖြန့်ချီမှုကိုမူလုံးဝလုံးဝ ရှံ့ ချပါကြောင်း ရေးသားထားသည့် စာကိုပေးပို့ခဲ့သည်။ သံရုံး၏ပထမအတွင်းဝန်ဆိုသူအမျိုးသမီးတစ်ဦးမှ အဆိုပါစာကို သံအမတ်ကြီးကိုယ်စား လက်ခံယူခဲ့ပါသည်။

အဆိုပါ ဆန္ဒပြရာသို့ မလေးရှားရဲ တပ်ဖွဲ့ မှ အနီးကပ်စောင့်ကြပ်မှုများရှိခဲ့ ပါသည်။

(၁)အန်နာဂျုံး -ချက်ချင်းဖြုတ်)၂
(၂)လုပ်ကြံသတင်းမှား -အလိုမရှိ)၂
(၃)ရခိုင်မြေသည် -ငါရို့ မြေ )၂


စသည့်ကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒပြပွဲကို နံနက်(၁၁)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

1 comments:

Htwe said...

THANKS TO EVERY BODY