Pages

Saturday, November 5, 2011

ရောမသား ပြဿနာ

ဗမာနိုင်ငံ ရဲ့ နိုင်ငံရေးပြဿနာကြောင့် ကျနော်တို့ ဗမာနိုင်ငံသားတွေ နိုင်ငံ အသီးသီးကိုပြန့် လွင့်ခဲ့ကြရတယ်။

ရောက်ရာအရပ်မှာ ရောက်ရာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခါ် ရဲ့ ဖုံးလျွှမ်းခြင်းခံကြရတယ်။
တချို့ ကဆင်းရဲတဲ့ ဗမာနိုင်ငံကလာပြီး စူပါပါဝါ အမေရိကန်နိုင်ငံသားဖြစ်လာကြတော့ ငါအမေရိကန် နိုင်ငံသားဆိုပြီး ဘ၀င်မြင့်လာကြရုံမကဖူး ငါတို့ မြန်မာနိုင်ငံသား ဆိုတာကိုမေ့လာကြတယ်။

ရွှပ်ရှက်ဒွပ်ဒက်လုပ်ကြရင်း (လုပ်) အမေရိကန်တွေဖြစ်ကုန်ကြတယ်။
ကြီးမှ မြန်မာစကားမပြောတတ်တော့တဲ့ သူတွေတောင်ရှိတယ်။
Cheese နဲ့ Burger ၀ါးရင်း ငပိကို မေ့ကုန်ကြတယ်။
အံ့သြော်စရာ… ဗမာနိုင်ငံသား၊ မြန်မာနိုင်ငံသားလို့ ပြောရမှာကိုရှက်ကြသတဲ့

တချို့ကတော့ ပညာလေး နဲနဲတတ်လာကြတော့ အော်တိုမစ်တစ် ဒီမိုကရက်တွေ ၊ Human Rights အက်တစ်ဗစ်တွေဖြစ်ကုန်ကြတယ်။
နေရင်ထိုင်ရင်း ပညာတတ် လူတတ်ကြီးတွေဖြစ်ကုန်ကြပြီး
 ဟေ့... မတရားဖူး ဒီမိုကရက်တစ် principles တွေနဲ့မညီဖူး ဘာညာ ကွိကွ တွေဖြစ်ကုန်ကြရော။

ရောမ ရောက်ရင် ရောမသား လိုကျင့် ဆိုတဲ့စကားကိုကြားဖူးပါရဲ့။
ဒီမိုကရေစီဆိုကိုကိုလည်း အနဲအကျဉ်းလေ့လာဖူးပါရဲ့။
Human Rights ဆိုတာကိုလည်း ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ဖူးပါရဲ့။

ဒီမိုကရေစီပဲဖြစ်ဖြစ်၊ Human Rights ပဲဖြစ်ဖြစ်၊ နိုင်ငံတခုပဲဖြစ်ဖြစ် အားလုံးဟာ ဒါဝင် (Darwin) ရဲ့ Evolution သီအိုရီ အတိုင်းတဖြည်းဖြည်းတိုးတက်လာကြရတာပါ။



ဘယ်အရာမှ ပလို့ဂျိ ဆိုပြီး ချက်ချင်းကြီးထွားလာကြတာမဟုတ်ပါဖူး။

အမေရိကန် စနစ်ကို ကိုလေးလေးနက်နက်မလေ့လာသူတွေအဖို့ကတော့ အိမ်ကြီးကြီး ကားကြီးကြီး နဲ့ ငွေရွှင်ရွှင် သုံးနိုင်ကြတာကို မြင်ပြီးတော့ OMG! (မြတ်စွာဘုရား) ဆိုပြီး အရှင်လပ်လပ် နိဗ္ဗန် ရောက် သွားပြီလို့ ထင်တဲ့သူတွေရှိကြပါတယ်။

အမေရိကန်ကို မထိနဲ့ ဓါးကြည့်ဆိုသူတွေလည်း အများကြီးပဲ။
ပညာတတ်တာ မတတ်တာနဲ့မဆိုင်၊ ပါရဂူ ဘွဲ့ရထားသူတွေတောင်ပါသေးရဲ့။

စာရေးသူအဖို့ကတော့  Material ချမ်းသာမှုတွေကို တန်ဖိုးထား လှသည် မဟုတ်
အမေရိကန်ကို စတင်တည်ထောင်ခဲ့ တဲ့ အမေရိကန်ပြည်ထောင်စု လွပ်လပ်ရေး ဖခင်တွေ ရေးဆွဲပေးသွားတဲ့ American Constitution နဲ့ ဒီအထဲမှာပါတဲ့ ဒီမိုကရေစီရဲ့ အနှစ်တွေဖြစ်တဲ့ Democratic Principles တွေသာ အဖိုး မဖြတ်နိုင်တာလို့ ထင်မိတယ်။

ဒီလောက်လေးစားစရာကောင်းလှတဲ့၊ ဥါဏ်ကြီးသူ တွေ၊ တရားမျှတမှုကို လေးစားပါတယ် ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီး တွေဟာ သူတို့ခေတ်၊ သူတို့အချိန်အခါ ရဲ့ ယုံကြည်မှုကိုမကျော်နိုင်ပဲ၊ (ကျွန်) စနစ်ကို မပယ်ဖြစ်နိုင်ခဲ့ကြဖူး။ လူမဲတွေကို လူတယောက်လို့မမြင်နိုင်ခဲ့ကြဖူး။

ထိုစဉ်အခါက ဒီမိုကရေစီ ဆိုတာက လူဖြူအမျိုးသား တွေအတွက် သက်သက်ပဲ မဟုတ်လား။
သမ္မတကို ထိုက်ရိုက်ရွေးချယ်မှု နဲ့မဟုတ်ပဲ Electoral College အရရွေးချယ်ရမယ်ဆိုတာကလည်း လူတိုင်းကို စိတ်မချရလို့ မဟုတ်လား။
နောက်ဆုံး The Rights to Pursue Happiness ဆိုတာက တိုင်းပြည်အတွင်းနေထိုင်ကုန်သော လူဖြူယောက်ျားတွေ အတွက်သာ လာဖြစ်တာပါပဲ။

ထို့နည်းတူစွာပဲ Separation of Power ကို Constitution မှာအတိအကျ ဖေါ်ပြခဲ့ပေမဲ့ အမေရိကန် ရာဇ၀င် မှာ အလွန်ထင်ရှားတဲ့ သမ္မတ Andrew Jackson လက်ထက်မှာ အမေရိကန် Supreme Court Chief Justice က အမေရိကန် Red Indians တွေကို မစ္စစ္စစ်ပီ မြစ်ရဲ့ အရှေ့ခြမ်းကနေ အနောက်ခြမ်း ကို ရွှေ့ပြစ်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဂျော်ဂျီရာပြည်နယ်မှာဖြစ်တဲ့ အမှုနဲ့ပတ်သက်ပြီး Chief Justice John Marshall ကဆုံးဖြတ်ချက်ပေးရာတွင် သမ္မတ Andrew Jackson က "John Marshall has made his decision; now let him enforce it!" ဆိုပြီးပြောခဲ့တယ်လို့ဆိုကြတယ်။

ဒီဖက်ခေတ်မှာသာ ဒီလိုပြောဝံ့ရင် သမ္မတယောက်ဟာချက်ချင်း Impeach အလုပ်ခံရမှာသေချာတယ်။
ဒါနိုင်ငံရော၊ ဒီမိုကရေစီတိုးတက်မှုဟာ evolution ဆိုတာကိုပြသ နေတာပါ။
ဒီတိုးတက်ပြောင်းလဲချက်တွေကို နားမလည်ပဲ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံကို အထင်ကြီးပြီး ပုံတူကူးချ လိုက်တာ ငါးပါးမှေက်တာပဲမဟုတ်ပါလား။

Lebanon -  Palestinian တို့မှာ ဒီမိုကရေစီကို ဖေါ်ထုတ်လိုက်ကြတာ သတ်လိုက်ကြတာ မြင်မကောင်းအောင်ပဲ။

ဒီမိုကရေစီဆိုတာ တကယ်တော့ မိမိနိုင်ငံသားတွေအပေါ် မျှမျှတတ ဖြစ်စေချင်တဲ့ စေတနာအရ လွပ် လပ်မှုကို ရွေးချယ်တဲ့ (ရွေးချယ်မှု) CHOICE သာလျှင်ဖြစ်တယ်။ လူတိုင်းအတွက်  အော်တိုမစ်တစ် RIGHTS မဟုတ်။
ဒါကြောင့် Gitmo က အကြမ်းဖက်သမားတွေကို အမေရိကန်မြေပေါ်မှာ တရားမစွဲပဲ Gitmo မှာပဲ စစ်ခုံရုံးနဲ့ တရားဆွဲဖို့ စီစဉ်ကြရတာမဟုတ်လား။

ဒီဘာသာရေး အကြမ်းဖက်သမားတွေကိုဘာကြောင့် အမေရိကန်နိုင်ငံသားတဦးရဲ့ အခွင့်အရေးပေးရမှာ လဲ ဆိုတဲ့ကန့်ကွက်မှုတွေတောင်ရှိတယ်မဟုတ်လား။

ရှင်းအောင်ထပ်ပြောရရင် အမေရိကားမှာတောင် ဒီမိုကရေစီဟာ အမေရိကန် နိုင်ငံသားတွေ အတွက်သာလျှင်ဖြစ်တယ်။ နိုင်ငံခြားသားတွေ အားလုံးအတွက် မဟုတ်။

ဒီမိုကရေစီဟာ ရွေးချယ်ချက်ဖြစ်ပေမဲ့ မွေးရာဇာတိကတော့ ပကတိပဲဖြစ်တယ်။
ကြိုက်ကြိုက် မကြိုက်ကြိုက် DNA ကိုညာလို့မရပါ။

တချို့ အတွက် ရင်ကြိုးစရာက Michael Jackson လို Bleach ပဲလုပ်လုပ်၊ ထုံးဖြူပဲသုတ်သုတ် ဗမာပြည်မှာ မွေးရင် သွေးဖေါက်လိုက်ရင် ငပိ အနံ့က ဖျောက်လို့ရမယ် မထင်ဖူး။

ဒါကြောင့် လူအများစု ဟာ ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ဘာသာ ဆိုတာကို (သိ) ကြပါတယ်။
ဒါကြောင့် (မျိုးချစ်စိတ်) ဆိုတာပေါ်လာရတာပဲ။

ဒါဟာ လူတယောက်ရဲ့ IDENTITY ပဲ။ ဒီ IDENTITY ကရွေးလို့ မရ မွေးရာပါပဲ။

စီးပွားရေး၊ လူမှုရေး၊ ပညာရေး … အားလုံးဟာ  နိုင်ငံရေးအောက်မှာရှိပါတယ်။
နိုင်ငံရေး ယုံကြည်ချက်က ပေါ်လစီအားလုံး ကို စိုးမိုးထားတာကိုး။

နိုင်ငံရေးအထက်မှာ (အမျိုးသားရေး) ဆိုတာရှိပါတယ်။

ဘာကြောင့်လဲ။

နိုင်ငံရယ်၊ အမျိုးရယ်၊ ဘာသာရယ် မရှိရင် လူဆိုတာ IDENTITY ပျောက်သွားလိမ့်မယ်။

စာဖတ်သူများကို လေးလေးနက်နက် စဉ်းစားစေချင်လို့လို့ပါ။

RED INDIANS  နဲ့ ABORIGINES တွေကိုလူဖြူတွေက မြိုလိုက်တော့ ကိုယ့်နိုင်ငံမှာကိုယ် လူနဲစု လာဖြစ်နေကြရပြီ။ ခြံခတ်ပြီး တရိစ္ဆန်တွေလို Reservation တွေမှာ အမွေးခံရပြီ။

ဟန်တရုတ် (Han Chinese) တွေ တိဗက်ကိုသိမ်းပြီး လှိမ့်ဆင်းလာလိုက်ကြရုံမက တိဗက်မတွေကို ယူပြီး ခလေးတွေမွေးလိုက်ကြတာနောက် အနှစ် ၅၀-၁၀၀ မှာ တိဗက်လူမျိုး ဆိုတာ အိနြိယမှာ ပဲ ကျန် တော့မယ် ထင်တယ်။

တချိန်က Afgan ဆိုတာ ဗုဒ္ဓ ဘာသာနိုင်ငံ။ Afgan ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို မွတ်သလင် ပလီဆရာ တွေကလိုက်သတ်လို့ မြှုပ်ခဲ့ရတဲ့ လဲလျောင်းနေတဲ့ မဟာ ဗုဒ္ဓရုပ်ထုတော် ကိုယနေ့ အထိရှာမရသေးဖူး။
အလွန်ကြီးမားတဲ့ ရပ်တော် ဗုဒ္ဓရုပ်ထုတော် တွေကိုတော့ ငရန်မန်ကန်း တာလီဘန် မိစ္ဆာကောင် Mular Ohmar မသာကောင် ဗုံးနဲ့ခွဲပြစ်လို့ ပျက်စီးကုန်ရပြီ။

အင်ဒိုနီးရှား ဆိုတာကလည်းတချိန် က ဗုဒ္ဓဘာသာနိုင်ငံပဲ။

ဒါကြောင့် လူမျိုးရေးအရသော်၎င်း၊ တိုင်းပြည်အနေအထားရသော်၎င်း၊ ဘာသာရေးအရ၎င်း ၊ အမြို မခံနိုင်ပါ။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ပြင်သစ်မှာ အလုပ်သမားတွေလိုတော့ ပြင်သစ်ပညာတတ်တွေ တွေးတာ က ပြင်သစ်ကိုလိုနီဟောင်း Morroco -  Tunisia -  Algeria တို့က အလုပ်သမားတွေ ခေါ်လာ၊ ပြင်သစ်မ တွေနဲ့ယူ၊ ကပြားကလေးတွေမွေး၊ Assimilate ဖြစ်သွားမယ်လို့ တွက်ကြတယ်။

လက်တွေ့မှာတော့ ဘသားချောတွေက ပြင်သစ်မတွေကို တကယ်မယူပဲ ကိုယ့်တိုင်းပြည်က မွတ်စလင် မိန်းကလေးတွေကိုပဲ ခေါ်ယူကြတယ်။ လစ်ဖရယ် Human Rights အရ ငြင်းလို့ မရ။ ဒီတော့ ပြင်သစ် မဟုတ်တဲ့ အဖြူမဟုတ်တဲ့ ပြင်သစ်ကလေးတွေဖွားလာပြီး ကြီးလာတော့ ပညာမတတ် ဘာသာကွဲ လေးတွေ ပေါလာပြီး အလုပ်လက်မဲ့ တွေစုပြုံနေကြတဲ့ Ghetto တွေ ပါရီမြို့ပြင်မှာ ပေါ်လာတယ်။ အလုပ်မရှိ အစိုးရ ထောက်ပံ့ ငွေနဲ့ပဲ အလေလိုက်နေကြတာပေါ့။ တချို့ Ghetto တွေမှာ ပလိပ်တောင် မ၀င်ရဲဖူးတဲ့

လွန်ခဲ့တဲ့ နှစ်နည်းငယ်က ဆူပူမှုတွေဖြစ်ပြီးကားတွေမီးရှို့နဲ့ ၀က်ဝက်ကွဲသွားတာပဲ။ ယ္ခုသမ္မတ Sarkozy ကထိုစဉ်က ပြည်ထဲရေးဝန်ကြီး။

ဟော ဥရောပ မှာ မွတ်စလင်ဘာသာဝင် ၆သန်းကျော်လာတော့ (Sharia) ဥပဒေတောင်းဆိုလာကြပြီ။

ပြင်သစ်တွေကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းပူးမခြုံရ ဥပဒေ ထုတ်နေရပြီ။

ဒါတချိန်က ပညာတတ် အတွေးခေါ်ပညာရှင်တွေ ရွှေဥါဏ်တော် စူးရောက်ကြပြီး အတွေးချော်လိုက်တာ နောင်လာနောင်သားတွေ ပြဿနာတက်နေရပြီ။

ဥရောပအတွင်း တံခါးမရှိ ဒါးမရှိ ပေါ်လစီ ချမှတ်ခဲ့ကြတာ လစ်ဗျားနဲ့ တူနီးရှားက မွတ်စလင်တွေ စုပြုံဝင်လာတော့ ဥရောပ အတွင်းမှာ Passport ပြန်စစ်နေရပြီ။

Germany မှာပြဿနာတက်နေကြတာလည်း Turkish တွေပဲ။ ဒါကြောင့် Turkey က EU ၀င်ခွင့် လျှောက် တာနည်းမျိုးစုံနဲ့ လှည့်ညစ်နေရတာ သနားစရာ။

မွတ်စလင်တွေ လှိမ့်ဝင်လာမှာကိုတော့ ကြောက်ကြတယ်ဗျို့။

အဲ သူများနိုင်ငံတွေဆိုရင်တော့ Human Rights တွေဘာညာ ကွိကွ လုပ်ကြပါလိမ့်မယ်။

အမေရိကန်တွေ Iraq နဲ့ Afgan မှာလှိမ့် သတ်နေတာကိုတော့  ICC ကဘာမှ မပြောရဲပါ။

အမေရိကန် အားကိုးနဲ့ Israel က Palestinians တွေကို ရက်ရက်စက်စက် နှိမ်နင်းးတာကိုတော့ ဘာမှ အရေးမယူရဲကြဖူးလေ။

ရုရှားတွေ Chechen မှာ ကိုင်တော့ရော ပြောရဲသလား။
တရုတ်တွေ တိဗက်မှာ ကြမ်းတော့ကော ရေငုံနှုတ်ပိတ် နေကြရတယ်လေ။

အင်အားကြီးရင် ကြောက်တတ်သတဲ့။
အဲတာ အဖြူတွေရဲ့ Human Rights ပဲ။

ဒါကို နောက်ရောင်လိုက်ပြီး ကျနော်တို့ရဲ့ so called ပညာတတ်တွေနဲ့ Activists တွေက လိုက်အော်ကြသဗျှ။ Rohingya အခွင့်အရေးတဲ့

အဲ (ငွေ) ရဖို့ဆိုရင် အာရပ် ဖင်လည်း နမ်း ဖို့ဝန်မလေး သူတွေရှိတယ်လေ။

ဟော၊ Rohingya ဘင်္ကာလီ ကုလားတွေ ကို ဗမာပြည်သား ပါဆိုပြီး ရင်ကော့ ကာကွယ်မဲ့ ပညာတတ် တွေလည်း ပေါ်လာပြန်ပြီ။

စာရေးသူကို မျက်ကန်းမျိုးချစ်ပဲ ပြောပြော ကြိုက်ရာပြောစေတော့ မိသားစု ရခိုင် တွေဖက်က ရဲရဲကြီးရပ်ရမှာပဲ။ ရခိုင်မြေကြီး တစ်လက်မ မှ အပါမခံနိုင်ဖူး။

ရခိုင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်၊ မြန်မာ၊ ဗမာ အားလုံးဟာ ဒို့ ညီအကိုတွေပဲ။
ဒီကနေ့ မတဲ့ကြရင်တောင် တနေ့ တဲ့ ရ မှာပဲ။ တစ်ပြည်ထဲအတူနေသူတွေ။

လူမျိုးခြားတွေ ၀င်လာမှာတော့ နဲနဲမှ သည်းညည်းမခံနိုင်။

Rohingya တွေဟာ အာရပ် အမျိုးအနွယ်တွေပါဆိုရင် Libya ဟာအကြီးကြီး၊ လူဦးရေက နဲနဲလေး
ပြည်တွင်းစစ်အပြီး ပြန်လည်ထူထောင်ဖို့  လုပ်အားလိုမှာပဲ Rohingya တွေကို နေရာပေးဖို့ UN မှာတောင်းဆိုကြရအောင်။

Saudi တွေကတော့ အရင်အပတ်ကပဲ ဘင်္ကာလီ ကုလား ၃ ယောက်ကို ဓမြတိုက်လို့ဆိုပြီး လူလည်ခေါင်မှာ ခေါင်းဖြတ် လိုက်တာတွေ့လိုက်ရတယ်။ Sharia ဥပဒေ အရထင်ပါရဲ့

အရပ်တွေ သင်္ဘောပျက်ပြီးရောက်လာတာ ဆိုရင် ၀မ်းပမ်းတသာ အာရပ်တွေစီပြန် ပို့ပေးကြရအောင်။

သြော် မေ့တော့မလို့ … ဗမာ နိုင်ငံက သံဃာ တော် ၄ သိန်းကျော်ဟာ တမင်း အလကား စားနေကြတာ မဟုတ်။

ဝိနည်းကြီးတဲ့ ဒီ ထေရ၀ါဒ သံဃာတော်တွေ ရှေ့ကခံ နေလို့ ဗမာနိုင်ငံ ဗုဒ္ဓဘာာနိုင်ငံအဖြစ် ရပ်တည် နေနိုင်တယ်ဆိုတာကိုလည်း မမေ့လိုက်ကြပါနဲ့ဦး။

ရောမရောက်တာနဲ့ ရောက်မ သားတွေဖြစ် သွားကြသူ ပညာတတ်ကြီးတွေရေ.....။

တောကဂွက်ထော်

3 comments:

Anonymous said...

ရှယ်ပဲ ဖတ်ရတာ အရသာရှိတယ်ဗျာ။

ကိုဇော် said...

ကောင်းလိုက်တဲ့ စာဗျာ။
လေးစားပါတယ်။

Lyn Lyn said...

မြန်မာပြည်သားတိုင်းအတွက် အလွန်တန်ဖိုးရှိတဲ့စာပါပဲ။ မှန်ပါတယ် မိသားစုဖြစ်တဲ့ ရခိုင်မြေကို တစ်လက်မမှ အပါမခံနိုင်ပါဘူး။ ကျွန်တော်တို့ ပြည်သူအားလုံးက ရိုဟင်ဂျာဆိုတာကို လက်မခံနိုင်ပါဘူး။