Pages

Sunday, April 29, 2012

စစ်တကောင်းဘင်္ဂါလီများကို ရင်ဆိုင်နည်း ၁ + ၂

လူတစ်ဦးချင်းဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်၊ စွမ်းဆောင်ရည်ကို ယုံကြည်ဖို့ အထူးပဲလိုအပ်ပါတယ်။ ကိုယ်ဟာ သာမန်ကျောင်းသားလေးမို့၊ လက်လုပ်လက်စားအလုပ်သမားလေးမို့ ကိုယ့်စကားကို ဘယ်သူမှ အရေးမထားဘူးလို့ ယူဆစရာအကြောင်းမရှိပါ။

အဲ့သလိုယူဆဖို့များ တစ်ဦးတစ်ယောက်က ပြောတာမျိုးလုပ်လာခဲ့ရင် ဒါဟာ လူသားတစ်ဦးရဲ့ ဖြစ်တည်မှုနဲ့ လွတ်လပ်ခွင့်ကို အစွမ်းကုန်နှိမ်ချ စော်ကားလိုက်တာပဲဖြစ်ပါတယ်။ အချို့ဟာဆိုရင် "မင်းက ဒီလိုစကားမျိုးပြောရအောင် မင်းမျိုးရိုးက ဘာမို့လို့လဲ" ၊ "မင့််ရာထူးဌာန အလုပ်အကိုင်က ဘာမို့လို့လဲ" စသဖြင့် ပြောတတ်ကြတယ်။ ဒါဟာ တစ်ဖက်သားကို အစွမ်းကုန်နှိမ့်ချလိုတဲ့ အောက်တန်းကျတဲ့ စိတ်ထားမျိုးဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာ့နိုင်ငံရေးအင်အားစုတွေအနေနဲ့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အားထုတ်မှုကနေ စစ်အစိုးရအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖြစ်အောင် စုပေါင်းစွမ်းဆောင်နိုင်ခဲ့ကြတယ်။

အဲ့ဒီအထဲက အချို့ဟာ လမ်းခုလတ်မှာပဲ အဂတိလိုက်စားလို့ ရခိုင်ပြည်နယ်ကို ဘင်္ဂါလီဇာတ်သွင်းရေး လမ်းစဉ်မှာ ကျဆုံးနစ်မြုပ်သွားကြတယ်။

 Burma Coalition က မောင်ဇာနည်ဆိုရင် မန္တလေးသားဖြစ်တယ်။ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ ကြိုးပမ်းအားထုတ်ခဲ့တဲ့သူဟာ အခု ရခိုင်ပြည်နယ်ကို ကျွန်ဇာတ်သွင်းရေးစွမ်းဆောင်တဲ့နေရာမှာ ဦးစီးဦးဆောင်လုပ်ပြနေသလိုဖြစ်နေပါတယ်။ အလားတူစွာပဲ ပြည်ပ မီဒီယာတွေဖြစ်တဲ့ ဘီဘီစီတို့ ဗွီအိုအေတို့ဟာဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကာလမှာ လူထုဖက်က ကူညီရပ်တည်ပေးခဲ့ပေမယ့် အခုဆိုရင် ရခိုင်ပြည်နယ်ကို မူအားဖြင့် စစ်တကောင်းဘင်္ဂါလီတွေထံ ရောင်းစားလိုက်ကြပြီဖြစ်ပါတယ်။


သေချာစဉ်းစားကြည့်၇င် စစ်ကျွန်ဘဝက လွတ်ဖို့ အားထုတ်ခဲ့တဲ့သူတွေက တိုင်းတပါးကျွန်ဘဝရောက်အောင် ဇာတ်သွင်းနေတာဟာ ကိုယ့်အရိုးနဲ့ကိုယ်အထိုးသတ်ခံရသလို ၇င်နာဖွယ်ကောင်းလှတယ်။ ဖွတ်ထွက်မှသိရတဲ့ တောင်ပို့ ဆိုတဲ့အဖြစ်ထက် ဆိုးတယ်။


ဒါကြောင်င့်္မို့လို့ လူတွေဟာ ကိုယ့်မှာရှိတဲ့ အသံကို ယုံကြည်မယ်ဆိုရင်၊ ကိုယ့်ရပိုင်ခွင့်ကို ယုံကြည်မယ်ဆို၇င် ရခိုင်ဒေသကို စွမ်းတဲ့နေရာက ကာကွယ်စောင့်ရှောက်ကြပါ။ ဘာသာရေး ပဋိပက္ခမဟုတ်ဘဲ ရခိုင်ဒေသကို ကျူးကျော်လိုသူတွေဘေးကနေ ယဉ်ကျေးသိမ်မွေ့စွာ၊ ပြတ်သားစွာ စောင့်ရှောက်ကြပါ။

ပြည်ပရောက်နေတဲ့ မျိုးချစ်အများအပြားရှိပါတယ်။ ဒီရိုဟင်ဂျာကိစ္စကို ဘင်္ဂါလီတွေထဲက လူနှစ်ယောက်တစ်ပိုင်းလောက်က အမေရိကန်နဲ့ အင်္ဂလန် မှာ သက်ဆိုင်ရာ အစိုးရတွေထံ ပေါက်ရောက်အောင်တင်ပြနိုင်ရင် ကိုယ့်ဖက်ကလည်း ဘာဖြစ်လို့ မတင်ပြနိုင်ရမှာပါလဲ။

ရခိုင်ပညာရှင်တွေဟာ စံနစ်တကျ ပြုစုထားတဲ့ အကယ်ဒမစ်ကျကျ စာတမ်းတွေနဲ့ ချက်ကျလက်ကျ တုန့်ပြန်ခဲ့ကြပါတယ်။ ဒါကြောင့်င်မို့ လက်ရှိမြန်မာနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများအရ ၁၉၄၇၊ ၁၉၇၄ ၊ ၁၉၉ဝ ဥပဒေများအရလည်း ဘယ်လို အချက်အလက်တွေရှိနေခဲ့သလဲဆိုတာ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူတွေထံ တိုင်ပင်ပြီး အဲ့ဒီ လော်ဘီလုပ်နေတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေဆီ အီးမေးလ် (သို့မဟုတ်) စာ လိပ်မူပေးပို့ကြပါ။

ကုလသမဂ္ဂကိုလည်း သူတို့ လိမ်လည်ထားတာတွေကို စံနစ်တကျ စာရင်းပြုစုပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့အထိ ဖြစ်နိုင်ချေရှိလာနိုင်ကြောင်းတွေကို ယခင် လွတ်လပ်ရေးရကာစ ကာလမှာ သောင်းကျန်းခဲ့တဲ့ အထောက်အထားများ၊ အရှေ့တောင်အာရှအယ်လ်ခေးဒါးအဖွဲ့ နဲ့ဆက်စပ်မှု တွေကို ကိုးကားပြီး စာတစ်တန် ပေတစ်ဖွဲ့ ပညာရှင်အများက ရေးသားပေးပို့ကြပါ။ သက်ဆိုင်ရာ ရခိုင် ပညာရှင်များ အစည်းအရုံးများကလည်း ပြည်တွင်းက ထင်ရှားတဲ့ နိုင်ငံရေးအဖွဲ့များ ဥပမာ ၈၈ မျိုးဆက်ကျောင်းသားများလို အဖွဲ့များနဲ့ တိုက်ရိုက်စကားပြောပြီး စုပေါင်းလက်မှတ်ရေးထိုး ကာ ကန့်ကွက်လွှာတွေကို ပို့ကြပါ။

မိမိရဲ့ ထောင့်တစ်ထောင့်က အသံကို ယုံကြည်မှုရှိပါ။ တစ်ဖြည်းဖြည်း များလာရင် ဘာဖြစ်လို့ မအောင်မြင်ရမလဲ။ မိမိတို့ဟာ မှန်ကန်တဲ့ သမိုင်းကြောင်းအပေါ် ရပ်တည် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ သူတစ်ပါး နယ်မြေကိုသွားရောက်သိမ်းပိုက်ပြီး မတရားသတင်းလွှင့်နေတာမဟုတ်တဲ့အတွက် မုချ အောင်မြင်ပါလိမ့်မယ်။

ဒါကပြည်ပပိုင်းပါ။

ပြည်တွင်းဖက်ကလည်း မိတ်ဆွေတစ်ချို့ အကြံပြုခဲ့သလို လူဝင်မှုကြီးကြပ်ရေးဌာနကို ရခိုင်ဒေသမှာ အထူးဇုန်အဖြစ်သတ်မှတ် တင်းကြပ်ထားတာမျိုး၊ အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်များနဲ့ ညှိနှိုင်းမှုရယူကာ ဗလီများကို ရှောင်တခင်စစ်ေ်ဆးတာမျိုး၊ ရခိုင်ဒေသဖက်က ဝင်လာတဲ့ ရေယာဉ်၊ မော်တော်ယာဉ်များကို အထူးစိစစ်တာမျိုးကို လုပ်ပေးသင့်ပါတယ်။

အထူးအရေးအကြီးဆုံး အချက်တစ်ချက်ကတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံကို အကြီးအကျယ်ဒုက္ခပေးလာနိုင်တဲ့ "လူဝင်မှုကြီးကြပ်ရေး" ပြဿနာတစ်ရပ်ကို ရင်ဆိုင်တိုက်ပွဲဝင်နေခြင်း ဆိုတာကိုပဲ သိရှိလက်ခံထားဖို့ လိုပါတယ်။ ကျနော်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ဖို့ လုပ်နေတာလည်းမဟုတ်ပါ။ ကမ္ဘာ့ဘာသာကြီးတစ်ခု ဖြစ်နေတဲ့ အစ္စလာမ်ဘာသာကို သွားရောက်စော်ကားနေရန်လည်း မလိုပါ။ ကျနော်တို့ဟာ လက်ရှိကျနော်တို့ မြန်မာပြည်ဖွား နို်င်ငံသား၊ တိုင်းရင်းသားညီအစ်ကို တွေ အားလုံး ပိုင်ဆိုင်တဲ့ သယံဇာတတွေကိုပင်လျှင် ဘာမှ ခံစားခွင့်မရှိသေးပါ။ လက်တစ်ဆုပ်စာ လူတန်းစားနဲ့ ခရိုနီများကြောင့် လူးလိမ့် နင်းပြားဖြစ်နေရဆဲပါ။ ဒီလိုအနေအထားမှာ သန်းနဲ့ချီပြီး ကိုယ်နဲ့ ဘယ်လိုမှ အစပ်အဟပ် မတည့်နိုင်တဲ့ မတူခြားနားလှတဲ့ ယဉ်ကျေးမှုရှိတဲ့ ဒေသက လူတွေ ဝင်လာရင် ဒုက္ခပင်လယ်ဝေမှာဖြစ်လို့ ကျနော်တို့ဟာ ကိုယ့်မျိုးဆက်တွေအတွက် ဘဝကပေးတဲ့ အသိနဲ့ ကာကွယ်နေကြခြင်းဆိုတာကို နားလည်ထားရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနည်းနာနိဿယျတွေကို ယဉ်ကျေးပြတ်သားစွာ သုံးစွဲကြရင်း အမိမြေကိုကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

စစ်တကောင်းဘင်္ဂါလီများကို ရင်ဆိုင်ရန်နည်းလမ်းများ (၂)

by Myo Set on Tuesday, 1 May 2012 at 17:41

ဘယ်ကိစ္စမျိုးမဆို အကောင်အထည်ဖော်ရင် နည်းဗျူဟာ၊ မဟာဗျူဟာတွေ လိုအပ်ပါတယ်။ စစ်တကောင်းဘင်္ဂါလီတွေဟာ ရခိုင်ဒေသကို အနာဂါတ်စီမံကိန်းအတွက် ကြီးကြီးမားမား ရည်ရွယ်ပြီး စံနစ်တကျ ပြင်ဆင်လာကြတာကိုတွေ့ရမယ်။အဲ့ဒီမှာ သူတို့ ဘာနည်းစံနစ်တွေ သုံးနေသလဲ။ သုံးလာနိုင်သလဲ ဆိုတာကို ကိုယ့်ဖက်က သေသေချာချာ သဘောပေါက်ထားဖို့လိုတယ်။ အဲ့ဒါမှ ကိုယ့်ဖက်ကနေ စံနစ်တကျ တုန့်ပြန်နိုင်မှာဖြစ်တယ်။

(က)ဘင်္ဂါလီတို့သုံးသော ဖြစ်နိုင်ဖွယ်နည်းလမ်းများ
----------------------------------------------------

(၁)သူတို့ဘာနည်းစံနစ်တွသုံးသလဲ?

သူတို့သုံးတဲ့ နည်းစံနစ်တစ်မျိုးက ဝါဒဖြန့်ချိရေးဖြစ်တယ်။ ဝါဒဖြန့်ချိရေးဆိုတာ သက်ဆိုင်ရာ မီဒီယာအမျိုးမျိုး (အသံလွှင့်မီဒီယာ၊ ရုပ်မြင်သံကြား၊ ဂျာနယ်၊ ဘလော့၊ လက်ကမ်းစာစောင်) စတဲ့နေရာတွေကနေ အချက်အလက်အမှားတစ်ခုကို ထပ်ပြန်တလဲလဲ လွှင့်ပေးခြင်းဖြစ်တယ်။ လူရဲ့ ဆိုက်ကိုလိုဂျီကကို ခဏခဏ ကြားရပါများ၇င် ယုံလာတတ်တဲ့သဘောရှိတယ်။ နောက်ပြီး လိမ်နေသူကိုယ်တိုင်ကလည်း ကိုယ့်လိမ်ဆင်ကိုကိုယ် တစ်ကယ်ပြန်ယုံကြည်သွားတတ်တဲ့သဘောရှိတယ်။ ဒါကြောင့် ဒီ ဝါဒဖြန့်ရေးစံနစ် (Propaganda) ဆိုတာကို စစ်တကောင်းဘင်္ဂါလီများက မြန်မာတွေ အများစု နားထောင်တဲ့ ပြည်ပမီဒီယာတွေကို ငွေနဲ့ပေါက်ပြီး အသုံးချနေတာဖြစ်တယ်။

(၂)ဘယ်လိုအသုံးချတာလဲ၊ ဘယ်ကပိုက်ဆံတွေနဲ့လည်း?

အများဆုံးဖြစ်နိုင်တာကတော့ OIC လို့ခေါ်တဲ့ နိုင်ငံတကာအစ္စလာမ်အဖွဲ့လိုဟာမျိုးကနေ ထောက်ပံ့ကြေးတွေရနိုင်တာဖြစ်နိုင်တယ်။ မြန်မာပြည်မှာက မီဒီယာဟာ လုံးဝမဖွံ့ဖြိုးဘူး။ အပိတ်ဆို့ခံထားရတယ်။ လူမဖတ်တဲ့ သတင်းတွေနဲ့ အပေါစားဝါဒဖြန့်မှုကိုသာ နှစ်ပေါင်းနှစ်ဆယ်ကျော်လုပ်လာတဲ့အတွက် လူတွေက ပြည်ပမီဒီယာကိုပဲ မရှိသုံး အားထားရတယ်။ အဲ့ဒီတော့ကာ ဒီပြည်ပ မီဒီယာတွေဟာ ဒီလို အဖွဲ့တွေအတွက် မျက်စိကျစရာဖြစ်လာရပေတယ်။ ဒိလိုမီဒီယာတွေက ထုတ်လွှင့်ပေးခြင်းအားဖြင့် တံခါးပိတ်တိုင်းပြည်တစ်ခုထဲက အရေးအခင်းတွေကို နိုင်ငံတကာက ကိုးကားမယ်ဆိုရင် BBC, VOA, Mizzima, DVB, RFA, Irrawaddy စတဲ့ မီဒီယာတွေရဲ့ အာဘော်ကိုသာ ကိုးကားရစမြဲဖြစ်လာတယ်။ ဒါသည် ကိုယ့်ပြည်တွင်းမီဒီယာတွေကို စံနစ်တကျ ဖျက်ဆီးခဲ့တဲ့ မောင်ကျော်ဆန်းတို့အပြစ်တွေအများကြီးပါတယ်။ အဲ့လို ပြည်ပမီဒီယာတွေရဲ့ အာဘော်ကို ကိုးကားနေရတဲ့အဖြစ်ကနေ စစ်တကောင်းဘင်္ဂါလီတွေ အမြတ်ထုတ်နိုင်တာက တော့ ကမ္ဘာ့နိုင်ငံတွေ အမြင်ထဲကို ရိုဟင်ဂျာ လို့ခေါ်တဲ့ စကားလုံးနဲ့ သမိုင်းတုတွေကို ရွှေနားတော်သွင်းနိုင်ခဲ့ခြင်းပဲဖြစ်တယ်။ ဒီလို မီဒီယာတွေကို ပိတ်ဆို့မှု ရလာဒ်ကို လက်ရှီ အေဘီမြောက်ပိုင်းကိစ္စမှာလည်း အလားတူတွေ့နိုင်ပါတယ်။

(၃)ဘာတွေကိုအသုံးချနေတာလဲ?

အဓိက အသုံးချနေတာကတော့ ကုလသမဂ္ဂလို အဖွဲ့တွေနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံကြီးတွေဆီကတစ်ဆင့်လာတဲ့ Diplomatic Pressure ဖြစ်တယ်။ မြန်မာအစိုးရရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးညံ့ဖျင်းမှုအရ ဒီစစ်တကောင်းဘင်္ဂါလီများသည်သူတို့ကိစ္စကို ကျန်တဲ့ ပိတ်ဆို့မှု အရေးအခင်းတွေနဲ့ အတူရောနှောပြီး အသုံးချနေကြတာဖြစ်တယ်။ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးအထူးကောင်းမွန်နေရင် သူတို့အနေနဲ့ ဒီကိစ္စတွေကို တတ်နိုင်သလောက်လက်ေ၇ှာင်မှာဖြစ်တယ်။

နောက်တစ်ချက်က မြန်မာအစိုးရရဲ့ နိုင်ငံရေးအရ ညံ့ဖျင်းမှုကြောင့် ကချင်တွေနဲ့ စစ်ပြန်ဖြစ်ရခြင်းဖြစ်တယ်။ ဒီလို တိုင်းရင်းသားတွေကို စစ်ရေးအရ ချေမှုန်းနေတဲ့အတွက် သူတို့ဟာလည်း ကချင်တွေလိုတိုင်းရင်းသားမျိုးဖြစ်ပြီး အလားတူ ဖိနှိပ်ခြင်း ခံနေရပါတယ်လို့ နာမည်ယူ အသံဟစ်ချင်လာတာဖြစ်တယ်။ လိုအပ်လို့ လက်နက်ကိုင်နေရတာပါ ဆိုတဲ့အထိ အသံကောင်းဟစ်လာနိုင်တယ်။


(၄)စစ်ရေးအရမတည်ငြိမ်၇န်ဖန်တီးခြင်း

ရခိုင်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေအဖြစ် နှစ်ပေါင်းများစွာကတည်းကရှိခဲ့တာ အားလုံးအသိပဲဖြစ်တယ်။ လက်ရှိ နရူးအစ္စလာမ်လို့နာမည်ခေါ်တဲ့ ဘင်္ဂါလီသည် အင်္ဂလန် ရိုဟင်ဂျာအဖွဲ့မှာ အလုပ်လုပ်နေတယ်။ သူသည် အမေရိကန်သံရုံးအစီရင်ခံစာအရ တာလီဘန်တွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အဖွဲ့ဝင်ဖြစ်တယ်။ ဒီလို အကြမ်းဖက်အဖွဲ့တွေကို ဖန်တီးထားပြီး ဒေသတွင်းမတည်ငြိမ်ရန် ပြုလုပ်ပေးထားခြင်းအားဖြင့် ဒေသတွင်း တည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကို ပိုမို ဖန်တီးနိုင်မှာဖြစ်တယ်။ လိုအပ်လို့ စစ်ရေးအရ မြန်မာအစိုးရကို ရင်ဆိုင်ဖို့ အသင့်ဖန်တီးထားတဲ့အနေအထားလည်းဖြစ်တယ်။

(၅)ရည်ရွယ်ချက်က ဘာလဲ?

ရခိုင်ပြည်နယ်ကို သိမ်းပိုက်ပြိး သီးသန်နိုင်ငံ ဒါမှမဟုတ် ကိုယ်ပိုင်ဒေသ တစ်ခု တည်ထောင်ဖို့ဖြစ်တယ်။ အဲ့ဒီဒေသမှာ ၇ခိုင်မဟုတ်ဘဲ ရှမ်း၊ ကရင်လူမျိုးများနေထိုင်နေရင်လည်း ဒီလိုမျိုး အရှင်းခံရမှာပဲ။

(၆) ဘယ်လို စိမ့်ဝင်ကျူးကျော်နေသလဲ?

ပြည်မရှိ ဘင်္ဂါလီ သူဌေးများနဲ့ ပူးပေါင်းပြီး တရားမဝင် ခိုးဝင်နေတာတွေက အဓိက လမ်းကြောင်းဖြစ်နိုင်တယ်။ တရားမဝင် ဝင်ရောက်ပြီး သက်ဆိုင်၇ာတွေကို လာဘ်ထိုးပြီး ဘင်္ဂါလီသူဌေးများထံမှာ အလုပ်လုပ်ရင်း ဒေသစုံဖြန့်ကျက်လာနိုင်ဖို့ဖြစ်တယ်။ ဗလီအချို့မှာ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဝှက်ထားတာမျိုးတွေ ရှိနေတယ်လို့ မကြာခဏ သတင်းကြားသိနေရတယ်။ ဒီလမ်းကြောင်းတွေကို တိတိကျကျ ပိတ်ဆို့ပစ်ဖို့လိုတယ်။ ဒီလမ်းတွေကို အဓိက ဒကာခံနေတဲ့ သူဌေးတွေကိုလည်း ခြေရာခံဖို့လိုတယ်။

(ခ) ဘယ်လို ရင်ဆိုင်မလဲ
------------------------------

(၁)နိုင်ငံပိုင် စာနယ်ဇင်းများကနေ တရားဝင် မြန်မာ့လူဝင်မှုကြီးကြပ်ရေးဥပဒေများနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ သုံးသပ်ချက်များ ပြစ်ဒဏ်များကို စံနစ်တကျ ရေးသားဖော်ပြဖို့လိုအပ်တယ်။ လူဝင်မှုကြီးကြပ်ရေး ပေါ့လျော့၇င် ဖြစ်လာနိုင်တဲ အနာဂါတ် အန္တရာယ်များကိုလည်း ပုဂ္ဂလိက နာမည်ကြီးမီဒီယာများမှာ လစဉ်အတိုင်း ဖော်ပြနေဖို့လိုအပ်တယ်။ တစ်ခါတည်း ရေး တစ်ခါတည်းပျောက်ဖြစ်သွား၇င် ဘာမှ ထိရောက်မှုရှိမှာမဟုတ်။ လစဉ် ဒီလိုဆောင်းပါးမျိုးသည် နာမည်ကြီးဂျာနယ်တစ်စောင်စောင်မှာ အမြဲပါနေရမှာဖြစ်တယ်။

(၂) ဆိုရှယ်မီဒီယာများကနေ ပညာတတ်မြန်မာလူငယ်အများစုကို လက်ရှိရခိုင်ဒေသ ရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ပတ်သက်လို့ တိတိကျကျ ပြောဆို ပညာပေးဖို့ လိုအပ်တယ်။ အန္တရာယ်တွေက ဘာလဲ၊ အကြောင်းရင်းက ဘာလဲ၊ ဖြစ်လာနိုင်ချေတွေက ဘာလဲ၊ ဘာကြောင့် ဆန့်ကျင်နေရသလဲဆိုတာကို ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း ပညာပေးဖို့ တိုက်တွန်းစည်းရုံးဖို့လိုအပ်တယ်။

(၃) လက်ရှိစစ်တကောင်းဘင်္ဂါလီအရေးကို အဓိက အရေးဆိုနေကြတာက အမေရိကန်၊ အင်္ဂလန် နဲ့ နော်ဝေဖြစ်တယ်။ အမေရိကန်က မြန်မာနိုင်ငံကိုသဘောပေါက်နားလည်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေနိုင်တယ်။ ဒါကြောင့် အမေရိကန် သံအမတ်တွေ မြန်မာပြည်လာရင် ရခိုင်ပါတီများနဲ့ အစည်းအရုံးကိုယ်စားလှယ်များမှ သမိုင်းစာတမ်းများကို စံနစ်တကျ ပြုစုထားပြီး ဟီလာရီကလင်တန်လာတုန်းက ပေးသလိုမျိုး ပေးဖို့လိုအပ်တယ်။ မကြုံဆုံရင်လည်း မြန်မာသမိုင်းနဲ့ ရခိုင်သမိုင်း စာတမ်းဘတ်ပွဲတွေ ကျင်းပပြီး အနောက်နိုင်ငံသံရုံးတွေရဲ့ ကိုယ်စားလှယ်တွေကို အထူးဖိတ်ကြားဖို့ မြန်မာ့ လဝက အဆင့်မြင့်အရာရှိတွေကိုပါ ဖိတ်ကြားဖို့ နိုင်ငံတကာ သမိုင်းပညာရှင်တွေကိုပါ ဖိတ်ကြားဖို့ လုပ်သင့်တယ်လို့ မြင်တယ်။ နိုင်ငံတကာသမိုင်းပညာရှင်တွေကို မဖိတ်ကြား၇င်တောင် သံရုံးတာဝန်ခံတွေကို ဖိတ်ကြားခြင်းသည် ထိရောက်နိုင်တယ်။

(၄) ပြည်ပမီဒီယာများဟာ မြန်မာလူထုကို မျက်စိပိတ် နားပိတ်ဖြစ်နေတယ်လို့ ယူဆနေပုံရပြီး အင်မတန် မျက်နှာပြောင်ကြတယ်။ ဒါကြောင့် သူတို့ကို မှတ်လောက်သားလောက်အောင် ဆုံးမ ပေးဖို့လိုတယ်။ ဒီအထဲမှာ BBC နဲ့ VOA တို့က ထိပ်ဆုံးကဖြစ်တယ်။ ဒီမီဒီယာတွေကို ဆုံးမနည်းက
-လူစုလူဝေးနဲ့ ဆန္ဒပြခြင်း

- ထိုမီဒီယာများအား လုံးဝ သပိတ်မှောက်ခြင်း ဆိုပြီး ခွဲခြားနိုင်တယ်။

ဆန္ဒပြခြင်းကိုတော့ လက်ရှိ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ကျေးဇူးကြောင့် သိရှိရပြီးဖြစ်တယ်။
အဲ့ဒီမီဒီယာတွေကို သပိတ်မှောက်ဖို့ အားထုတ်မှုကတော့ နည်းနေသေးတယ်။ အဲ့ဒီ မီဒီယာတွေကို နားသောတ ဆင်ခြင်း မပြုဖို့ နိုင်ငံအဝန်း စည်းရုံးမှုတွေ လုပ်သင့်တယ်။ အစိုးရပေါ်လစီနဲ့မငြိရင် ဒီမီဒီယာနှစ်ခုကို ဆန္ဒပြဖို့ သင်တန်းတွေ၊ ကျောင်းတွေ၊ ဈေးတွေမှာ လက်ကမ်းစာစောင် ဝေခြင်း၊ ကြော်ငြာစာကပ်ခြင်းများကို ကန်ပိန်းသဘော လုပ်ပေးသင့်တယ်။ မြန်မာပြည်တွင်းက နာသောတ ဆင်မှု သိသိသာသာ ကျသွားရင် ဒီမီဒီယာတွေအပေါ် ဖိအားများစွာကျရောက်လာပါတယ်။

(၅) ကိုယ့်ဖက်က မလုပ်သင့်တဲ့အမှားတွေကတော့ စိတ်ခံစားချက် လွန်ကဲစွာနဲ့ မလုပ်မိဖို့လိုတယ်။ အဓိက အရေးအကြီးဆုံးသည် ဘာသာရေးစော်ကားမှု မလုပ်မိဖို့ပဲဖြစ်တယ်။ အဲ့ဒီအမှားကို အတော်များများ လွန်ကျူးနေကြတာကို တွေ့နေရတယ်။ ကျုပ်တို့နိုင်ငံထဲမှာ ရိုးသားစွာအသက်မွေးနေကြတဲ့ မွတ်စလင်တွေ အများပဲရှိတယ်။ ထိုနည်းတူစွာပဲ ဘင်္ဂါလီတွေကို တင်သွင်းဖို့လုပ်နေတဲ့ သစ္စာဖောက်တွေလည်းရှိနေကြတယ်။ ဘင်္ဂါလီတွေကိုတင်သွင်းတဲ့ မွတ်စလင်တွေနဲ့ လဝက အရာရှိတွေကို တစ်တန်းတစ်စားတည်း ပြစ်မှုကျူးလွန်သူများလို့သာမြင်ရမယ်။ အေးအေးချမ်းချမ်း နေထိုင်နေတဲ့မွတ်စလင်များကို မိမိတို့နဲ့ ထပ်တူ ရှိနေတဲ့ ကိုယ့်ဘက်သား နိုင်ငံသားများ အဖြစ်သာမြင်ရမယ်။ ဘာသာရေး ပဋိပက္ခမျိုးကို ကိုယ်က ကျူးလွန်မိလေလေ ကိုယ့်ဖက်က အမှားဖြစ်လေလေ ဆိုတာ သဘောပေါက်ရမယ်။ ဒီအမှားကို သူတို့ဖက်က ထိထိမိမိအသုံးချမယ်ဆိုတာ နားလည်ထားရမယ်။

(၆) အစိုးရအဆင့်အနေနဲ့ကတော့ ၂၀၁၄ မှာ သန်းခေါင်စာရင်းကောက်ဖို့ရှိပါတယ်။ လက်ရှိတည်ဆဲ လဝက ဥပဒေများကို ဘင်္ဂါလီများနဲ့ ပူးပေါင်းထားတဲ့ ပါတီမှ လွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်တို့ကို ခုတုံးလုပ်ပြီး ပြင်ဆင်ဖို့ ကြိုးစားလာနိုင်တာကို သတိမူ၇မှာဖြစ်တယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်သည် ဘင်္ဂါလီများအတွက် သေရေးရှင်ေ၇း အချိန်ဖြစ်တဲ့အတွက် ကိုယ့်ဖက်က ဥပဒေပညာ၇ှင်များ၊ သမိုင်းပညာရှင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။ အစိုးရပိုင်းက သက်ဆိုင်၇ာ လဝက အရာရှိများနဲ့လည်း ညှိနှိုင်းတိုင်ပင်တာမျိုးကို လုပ်ဖို့လိုအပ်တယ်။ ခြစားမှုကို တိတိကျကျ ထိန်းသိမ်းဖို့လိုအပ်တယ်။

(၇) လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ နီးစပ်နေတဲ့ ကရင်အဖွဲ့၊ ကယန်းနီအဖွဲ့တို့ထံ ဒီ မူဂျာဟစ်လက်နက်ကိုင်တွေ လာရောက်ပါတ်သက်ဖို့ကြိုးစားခဲ့ဖူးတယ်။ဒီအဖွဲ့တွေရဲ့ သဘောတူညီမှုကို ရအောင်ကြိုးစားဖို့လိုအပ်ပြီး သူတို့ဆီက တရားဝင်အချက်အလက်တွေနဲ့ မူဂျာဟစ်တွေနဲ့ တာလီဘန်၊ အလ်ခေးဒါးတွေ အဆက်အစပ်ရှိတဲ့အချက်အလက်တွေကိုပေါင်းစပ်လို့ နိုင်ငံတော်လုံခြုံေ၇းကို ခြိမ်းခြောက်နေတဲ့ ပြည်ပအန္တရာယ်အဖြစ် ရှင်းလင်းတဲ့ မက်ဆေ့ခ်ျကို နိုင်ငံတကာအသိုင်းအဝိုင်းအထိ ပေးလိုက်ဖို့ လိုအပ်တယ်လို့မြင်တယ်။

Myo Set

1 comments:

Anonymous said...

Seems good approach. The real danger of Muslims r overpopulation n they force others to worship their religion. Sorry to say this. They must remain minority in our country. But we still need to respect them n restrain them in humane way