Pages

Sunday, April 29, 2012

BBC သို့ ..

မြန်မာ လူမျိုးများ အမြဲနားထောင်လေ့ရှိသော BBC သည် ရိုဟင်ဂျာတွေကို ရခိုင်လူမျိုးပါလို့ စွပ်စွဲထားခြင်းဟာ မြန်မာနိင်ငံ ရခိုင်လူမျိုးတွေ အတွက် စဉ်းစားစရာပဲ...ဒါတောင်လူတော်တော်များများဟာ ဘာကြောင့် BBC ကို နားထောင်နေကြတာလဲ အဟုတ်ကြီးတွေထင်နေကြတာလဲ.???????

ရိုဟင်ဂျာဟူသော အနှီဇာတ်လမ်းသည် မည်သို့ စတင်ခဲ့လေသနည်း။ ရိုဟင်ဂျာများအကြောင်းကို ဆွေးနွေး မည်ဆိုပါက ဘီဘီစီ သတင်းဌာနအကြောင်းကိုပါ အတန်ငယ် ထည့်၍ ပြောလိုပါသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ မြန်မာအများစုနှင့် အကျွမ်းတဝင်ရှိနေပြီး ဖြစ်သည့်အတွက် အထူးတလယ် မရေးသား လိုတော့ပါ။ ရိုဟင်ဂျာဘင်္ဂလီများအကြောင်းကို ဆက်ကြပါစို့ ။

၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတွင် ဘီဘီစီမှ Anna Jones ရေးသားတင်ဆက်သော "Bleak Outlook for Burma's Ethnic Groups" ဟူသော ဆောင်းပါးနှင့် ယှဉ်တွဲ၍ မြန်မာပြည်မြေပုံနှင့်တကွ အချို့ သော တိုင်းရင်းသားလူမျိုးစုများ၏ပုံကို ယှဉ်တွဲဖော်ပြခဲ့သည်။ အဆိုပါပုံတွင် ရခိုင်ပြည်နယ်အား ဘင်ဂလီ ကလေးတစ်စု၏ပုံဖြင့် ကိုယ်စားပြုထားသည်။ ယင်းကဲ့သို့ သော အမှားသည် ရခိုင်လူမျိုးများအား စော်ကားခြင်းဖြစ်သည်ဟု မျိုးချစ်ရခိုင်များက ယူဆသည်။ သို့ ဖြစ်၍ မျိုးချစ်ရခိုင်များသာမက ပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာနိုင်ငံသားများသည် ဘီဘီစီကို အပြင်းအထန် ဝေဖန်ရုံမက ရခိုင်ပြည်သူလူထုကိုပါ တရားဝင်တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ သို့ ပါသော်လည်း ဘီဘီစီမှ ယနေ့ ထက်ထိ တောင်းပန်ခြင်း မရှိသေးသည့်အပြင် ယင်းမြေပုံသည် မြန်မာနိုင်ငံရှိ ထင်ရှားသော တိုင်းရင်းသားများကို သရုပ်ဖော်ထားသော မြေပုံဖြစ်သည်ဟူ၍ မြန်မာတို့ အား ထပ်မံစော်ကားလိုက်ရုံမျှမက ရိုဟင်ဂျာ ဘင်ဂလီ ဟူသည် မြန်မာပြည်သားဖြစ်သည်ဟူသော သမိုင်းအလိမ်ကို စတင်စေခဲ့သည်။ ထိုစဉ်မှစ၍ အနှီ ဘင်ဂလီများကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာကြသည်။


မျိုးချစ်မြန်မာ ပညာရှင်များဖြစ်သော ဒေါက်တာအေးချမ်း၊ ဒေါက်တာအေးကျော်တို့မှ အထောက်အထား ခိုင်လှုံစွာဖြင့် ရိုဟင်ဂျာ ထိုအမှားကို ထောက်ပြခဲ့ကြသည်။ တဆက်တည်းမှာပင် မျိုးချစ်မြန်မာများမှ ဘီဘီစီကို ကန့် ကွက်သော၊ ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်သော blog များ၊ website များ ပြုလုပ်ခဲ့ကြသလို ဘင်ဂလီဘက်မှ ရပ်တည်သော အငိုကောင်းသော ရိုဟင်ဂျာ blog များလည်း အလျှိုအလျှို ပေါ်ပေါက် လာကြသည်။

ပြည်ပရောက် ၈၈မျိုးဆက်ဟောင်း၊ အရိုးတွန်သံ ဆောင်းပါးများတွင် လူသတ်မိန့်  ပေးခဲ့သည်ဟု သတင်းကြီးနေသော အနှီကျောင်းသားခေါင်းဆောင်ဟောင်းဆိုသူမှ ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သည်ဟု ပြောဆိုခဲ့သည်။ ထို့ နည်းတုစွာ ပက်စီကိုလာဖြင့် နာမည်ရလာသူ ဒေါက်တာဆိုသူမှလည်း ရိုဟင်ဂျာဘင်ဂလီများကို လက်မခံသော မျိုးချစ်မြန်မာများ ကို စက်ဆုပ်ဖွယ်ကောင်းသော အစွန်းရောက်ဖက်ဆစ်ဝါဒီများဟု အမည်တပ် သမုတ်ခဲ့သည်။ မြန်မာပြည်သား စစ်စစ်များ ဖြစ်ပါလျက်နှင့် ထိုသူတို့ ၏ မျိုးချစ်စိတ်ကား ဆန်းကြယ်လှချေတကား။ မျိုးချစ်စိတ်ဟူသည် အမိမြေနှင့် ကာလတာရှည် ခွဲခွာလျှင် မှိုတက်တတ်ပါသလား။
By: Kyaw Min

0 comments: