Pages

Monday, April 30, 2012

စစ်တကောင်းဘင်္ဂါလီ ကိုထောက်ခံသူများအား တုန့်ပြန်ခြင်း

မေး- အရင်နေ့က စစ်တကောင်းဘင်္ဂါလီတွေနဲ့ပတ်သက်လို့မေးခဲ့ပြီးပြီ။ ဒီနေ့တော့ စစ်တကောင်းဘင်္ဂါလီအဖွဲ့တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပြန်လည်ဖြေရှင်းချက်တွေအတိုင်း မေးချင်ပါတယ်။ အရင်ဆုံး ခင်ဗျားကိုမေးချင်တာက ခင်ဗျားတို့ဟာ လူမျိုးရေးခွဲခြားတဲ့ (Racists) များဖြစ်ကြတယ်လို့ သူတို့က တွင်တွင်ပြောကြပါတယ်။ အဲ့ဒါ ဘယ်လိုထင်ပါသလဲ?

ဖြေ- လူမျိုးရေးခွဲခြားတယ်လို့ပြောတဲ့သူတွေကို အရင်ဆုံးကျနော် ပြန်မေးရမှာက What is racism? ပါ။ သူတို့ အဲ့ဒါကို ဘယ်လိုနားလည်ထားသလဲ။ အဲ့ဒီအပေါ်မူတည်ပြီး သူတို့စွပ်စွဲချက်တွေ ကွဲပြားသွားမှာဖြစ်ပါတယ်။ Racism ကိုပြောရင် ကျနော်တို့က အရင်ဆုံး Race and ethnics ကို စတင်စဉ်းစားရမှာဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂါလီတွေဟာ သမိုင်းစဉ်ဆက်အထောက်အထားများနဲ့ ပညာရှင်များရဲ့ သက်သေပြချက်များအရ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစာရင်း မပေါက်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကို Immigrants များအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ Illegal Immigrants (တရားမဝင်ကျူးကျော်ဝင်ရောက်သူများ) သူများသာလျှင် ဖြစ်နေကြပါတယ်။ Illegal Immigrants များကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဝင်ရင်ပစ် အမိန့်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဲ့သလို အမိန့်မျိုးမရှိပါဘူး။

သူတို့ပြောတဲပ Racism ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ကိန်းဘရစ်ခ်ျ အဘိဓါန်က ဒီလို ဖွင့်ဆိုပါတယ်။

"the belief that people's qualities are influenced by their race and that the members of other races are not as good as the members of your own, or the resulting unfair treatment of members of other races"



အဲ့ဒီအဓိပ္ပါယ်နဲ့ တိုင်းတာရင် ကျနော်တို့က ဘင်္ဂါလီတွေကို အမျိုးယုတ်တယ်လို့ စွပ်စွဲနေတာမျီုးမရှိပါ။ နောက်ဆက်တွဲ စာကြောင်း Unfair Treatment ဆိုတာကို ကြည့်၇င် ဘင်္ဂါလီဖက်က အုပ်စုများက ပညာသင်ယူခွင့်၊ လွတ်လပ်စွာခရီးသွားလာခွင့်၊ လက်ထပ်ခွင့် စတဲ့ ကိစ္စရပ်တွေမှာ ကန့်သတ်ထားတယ်လို့ ထောက်ပြနိုင်ပါတယ်။ အဲ့ဒီလို အခွင့်အရေးများသည် Racism နဲ့ တိုက်ရိုက် မသက်ဆိုင်ပါ။ Citizenship status လို့ခေါ်တဲ့ နိုင်ငံသား ဖြစ်မှုအပေါ်မှာပဲ သက်ဆိုင်ပါတယ်။ ကမ္ဘာ့သက်ဆိုင်ရာ နိုင်ငံကြီးတွေ ဖြစ်တဲ့ သြစတေးလျ၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် စတဲ့ ဒီမိုကရေစီနိုင်ငံကြီးများမှာတောင်မှ ပဲ ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ပညာသင်ကြားခွင့်၊ ခရီးသွားလာခွင့်၊ ဆေးကုသမှု ခံယူခွင့် စတာတွေကို မပေးနိုင်ပါ။ ဘာကြောင့်လဲ ဆိုရင် Resources များသည် အကန့်အသတ်ရှိနေလို့ဖြစ်ပါတယ်။ သူ့နိုင်ငံသားတွေဆီက ကောက်ယူထားတဲ့ အခွန်တွေနဲ့ လည်ပတ်နေရတာဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေအတွက်သာ စီစဉ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါကို မတရားဘူးလို့ ကျနော်တို့ ပြောနိုင်မလား။

ကုလသမဂ္ဂကတော့ Citizenship Denial လို့ခေါ်တဲ့ နိုင်ငံသားအဖြစ်က ငြင်းပယ်ခြင်းကို မလိုလားပါဘူး။ မှန်ပါတယ်။ ဒါဟာ တစ်ကယ့်ကို လိုလားထိုက်တဲ့ Ideal ဖြစ်ပါတယ်။ တစ်ခုပဲ ကျနော်မေးပါရစေ။ မလေးရှားမှာ မြန်မာလုပ်သားတွေ သန်းနဲ့ချီပြီးရှိနေပါတယ်။ မျှတစွာ ဆက်ဆံခြင်းခံနေရပြီလား? မတရားမှုတွေ ခဏခဏ ကြားနေရပါတယ်။ ဒါဟာ ယနေ့ကမ္ဘာရဲ့ မငြင်းနိုင်တဲ့ ခါးသီးတဲ့အမှန်တရားပါ။ မညီမျှမှုတွေရှိနေပါတယ်။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့လို ဆင်းရဲမွဲတေပြီးကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းပေါက်နေတဲ့ နိုင်ငံတစ်ခုဟာ ပြန်လည်နာလံထူဖို့ ကြိုးစားနေချိန်မှာ သူ့နိုင်ငံသားတွေအတွက်အရင်စဉ်းစားတာဟာ သဘာဝ ကျမကျ ကိုယ်တိုင် စဉ်းစားကြည့်ပေါ့ဗျာ။ ခက်ခဲတဲ့အချိန်မှာ အကောင်းဆုံးထက် လက်တွေ့အကျဆုံးအဖြေကို ကျနော်တို့ ရွေးချယ်နေကြရတာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး မာတင်လူသာကင်းတို့ရဲ့ လှုပ်ရှားမှုကို ခြေရာခံကြည့်၇င် လူမည်းတွေဟာ ကျွန်ပြုခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။ လင်ကွန်းနောက်ပိုင်း လွတ်လပ်ပေမယ့် အမျိုးမျိုးသော ဖိနှိပ်ခြင်းကို ခံနေခဲ့ရတဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ ကားတစ်စီးတည်း အတူမစီးတာ၊ ရေအတူတူ မသောက်တာ စတဲ့ Racial Discrimination တွေကို ပြုလုပ်ခဲ့ကြတာပါ။ လူကို လူလို သဘောမထားဘဲ မျောက်တိရစ္ဆာန်လို့သတ်မှတ်ခဲ့ကြတယ်မလား။ ကျနော်တို့က စစ်တကောင်းဘင်္ဂါလီတွေကို အဲ့သလို အတင်းအဓမ္မခေါ်သွင်း၊ ခိုင်းစေပြီး လူရာမသွင်းများ လုပ်နေမိသလား။ မြန်မာနိုင်ငံသား ဘင်္ဂါလီတွေနဲ့ မွတ်စလင်တွေရှီပါတယ်။ သူတို့ နဲ့ အတူ လက်ဖက်ရည်ဆိုင်မထိုင်တာမျိုး ကုလားမဝင်ရ နေရာမျိုးတွေ လုပ်နေသလား။ ဆန္ဒရှိရင် ဘုန်းကြီးကျောင်းတွေအထိ လွတ်လပ်စွာ သွားလာခွင့်ရှိနေပါတယ်။ တစ်ခုတော့ သတိရစေချင်ပါတယ်။ နိုင်ငံတစ်ခုအတွင်းမှာ အချုပ်အခြယ်မဲ့စွာ လွတ်လွတ်လပ်လပ် သွားလာခွင့်သည်သက်ဆိုင်ရာနိုင်ငံသားများနဲ့ အစိုးရအသိအမှတ်ပြု ဗီဇာရထားတဲ့ နိုင်ငံခြားသားများမှာပဲရှိပါတယ်။ ဒါဟာနိုင်ငံတော် အချုပ်အခြာအာဏာအတွက်လည်း အရေးကြီးတဲ့ အပိုင်းဖြစ်တယ်။ မဟုတ်ရင် နိုင်ငံထဲကို တံခါးမရှိ၊ ဓါးမရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လုပ်နေရင် အဲ့ဒီနိုင်ငံဟာ နိုင်ငံကြီးတွေ ကစားတာခံရဖို့ သိပ်လွယ်သွားလိမ့်မယ်ဗျ။

မေး--ခင်ဗျားတို့ကို ဒီမိုကရေစီနဲ့မတန်သူများလို့ ပြောနေကြတယ်ဗျ။

ဖြေ-အဲ့ဒါဆို ကျနော်ပြန်မေးချင်တယ်ဗျ။ Democracy နဲ့ Multiculturalism ထပ်တူကျသလားလို့ မေးချင်တယ်။ အမေရိကား ယဉ်ကျေးမှုစုံ...အောင်မြင်တယ်။ အလုပ်ဖြစ်တယ်ပေါ့ဗျာ။ ဒါတောင် အဖြူကြီးစိုးရေး ကိစ္စကို အတော်တိုက်ယူလာရသေးတာကိုး။ မြန်မာနိုင်ငံမှာက နဂိုကတည်းက အရောင်အသွေးစုံ တိုင်းရင်းသားတွေရှိပြီး အဲ့ဒါကိုလည်း လက်ခံပြီးသားပါ။ ဗမာကြီးစိုးရေး ဝါဒကိုတောင် ကျနော်တို့ အတော် တိုက်ဖျက်ယူရဦးမှာဖြစ်တယ်။ ဒီမိုကရေစီနဲ့ တန်မတန်ုဆိုတာက ဘာပေတံနဲ့ တိုင်းမှာလဲဗျာ။ ဒီမိုကရေစီဆိုတာ လူထုလက်က အာဏာဆင်းသက်ခြင်းဗျ။ လူနည်းစုအတွက် ကာကွယ်ပေးတဲ့ Minority right လည်းပါတယ်ဗျာ။ အဲ့ဒီဟာတွေအားလုံးက နိုင်ငံတစ်ခုရဲ့ အာဏာစက်အတွင်းမှာ ရှိတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေ အရေးကိစ္စ ကိုတောင် မဖြေရှင်းနိုင်ခင်မှာ တရားမဝင် ကျူးကျော်သူတွေအတွက် Minority right ပြဌာန်းမပေးလို့ ဒီမိုကရေစီနဲ့ မတန်ဘူး လို့ပြောရင်တော့ စပျစ်သိးချဉ်နေတဲ့ မြေခွေးပဲ လို့ပြန်ဆိုရမှာပဲဗျ။ ခင်ဗျားသာ ကိုယ့်အိမ်သားတွေ ထမင်းငတ်ရင် ကိုယ့်အိမ်သားတွေကို အရင်ကျွေးမလား သူများကို မျက်နှာလုပ်သွားပေးမလား။ စဉ်းစားပေါ့ဗျာ။

မေး- ဒါပေမယ့် သူတို့က ဒီမြေပေါ်မှာမွေးတဲ့သူတွေပဲမလား။ စစ်တကောင်း ဘင်္ဂါလီတွေကိုပြောပါတယ်။

ဖြေ-ကောင်းပြီဗျာ။ ခင်ဗျား အရှေ့က ဂျပန်၊ ကိုးရီးယားတို့လို နိုင်ငံတွေ၊ အနောက်ဖက်က အင်္ဂလန်၊ ဂျာမဏီ၊ အီတလီတို့လိုနိုင်ငံတွေက နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေကို နှိုင်းယှဉ်လေ့လာကြည့်ပေါ့ဗျာ။ ဒီမြေမှာမွေးရင် ဒိနိုင်ငံသား ဖြစ်ထိုက်တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့ ပေါ်လစီပါ။ လူဦးရေနည်းနေတဲ့ သြစတေးလျ၊ ကနေဒါလိုနိုင်ငံမျိုးက ဘယ်ပြဿနာရှိမလဲဗျာ။ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်း။ အဲ့ဒီမှာ ထိုင်း၊ မလေးနဲ့ ကျန်တဲ့နိုင်ငံတွေကို ထွက်သွားတဲ့ လုပ်သားအင်အားစုတွေမပါသေးဘူး။ ဒီလို အလုပ်လက်မဲ့တွေများလှတဲ့ တိုင်းပြည်မှာ သန္ဓေတားခြင်းကို ခွင့်မပြုတဲ့ယဉ်ကျေးမှုနဲ့ လှူုဦးရေပေါက်ကွဲမှုနှုန်းမှ ကြောက်ခမန်းလိလိ ဖြစ်နေတဲ့သူတွေကို ခေါ်သွင်းလိုက်ရင် ဘာဖြစ်သွားမယ်ထင်သလဲဗျ။ နိုင်ငံတစ်ခုရဲ့ ဥပဒေဆိုတာ အဲ့ဒီမှာရှိတဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲမလား။ ဒုက္ခပေးသလို ဖြစ်နေတဲ့ ဥပဒေမျိုးကို ရှိသင့်တယ်ထင်လားဗျ။

မေး-ဒါထက် ဒေါက်တာဇာနည်တို့လို ပညာတတ်တွေကတောင် စစ်တကောင်းဘင်္ဂါလီကိစ္စကို ထောက်ခံနေတာပဲ။ စဉ်းစားဖို့ မသင့်ဘူးလား?

ဖြေ- ကျနော်သိသလောက်က ဒေါက်တာဇာနည်က စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဘွဲ့ရလို့ သိတာပဲဗျ။ သူက သမိုင်းပညာရှင်မဟုတ်ဘူး။ မြန်မာသမိုင်းပညာရှင်ထဲမှာ ရခိုင်လူမျိုး ဒေါက်တာအေးမောင်တို့ရှိမယ်။ ဦးအေးချမ်းတို့ရှိမယ်။ ဦးသန့်မြေး ဒေါက်တာ သန့်မြင့်ဦးတို့ရှိမယ်ဗျ။ ထောက်ခံတာက ပုဂ္ဂလိက ပိုင်းအရ လွတ်လွတ်လပ်လပ်ထောက်ခံလို့ရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာလို့ခေါ်နေကြတဲ့ သမိုင်းကို ဖန်တီးထားတာလား သမိုင်းအမှန်လား ဆိုတဲ့ ကိစ္စမျိုးတွေက Research Paper နဲ့ ပြနိုင်မှ စကားထဲထည့်ပြောကြရင်ကောင်းမယ်ဗျာ။ ဒါတောင် အဲ့ဒီ ပေပါ ဘယ်လောက်အဆင့်ရှိသလဲဆိုတဲ့ အပေါ်မူတည်သေးတယ်။ တစ်ပါတ်လောက်အိမ်တွင်းပုန်းရေးပြီး ပရင့်ထုတ်ထားတဲ့ဟာလောက်နဲ့တော့ ဘယ်ရမလဲဗျာ။ ဘယ် ကွန်ဖရင့်မှာဘတ်ကြားထားပြီး ဘယ်မှာ Publicize လုပ်ထားသလဲ ဆိုတာက ရှိသေးတာကိုး။ Citizenship denial နဲ့ ပတ်သက်လာရင်တော့ ကျနော်ကတော့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာအတွင်း ကိစ္စရပ်ကို နိုင်ငံသားတွေနဲ့ သက်ဆိုင်ရာ အစိုးရကပဲ ဆုံးဖြတ်ခွင့်ရှိတာလို့ ယုံကြည်တဲ့အတွက် အထူး မပြောချင်တော့ဘူး။ ခင်ဗျားပြောတဲ့ ဒေါက်တာဇာနည် ရိုဟင်ဂျာတွေအတွက် စံနစ်တကျ အဆင့်မြင့်မြင့် သုတေသန စာတမ်းတစ်စောင်လောက်ရှိရင် ပြောပါ။ ဆက်ပြောကြတာပေါ့။ လေဖမ်းဒန်းစီး ပြောတာလောက်က ကျနော်လည်း ပြောတတ်နေတာပဲ။ ခင်ဗျားလည်းပြောတတ်နေတာပဲ။

မေး--ဒါပေမယ့်ဗျ။ လူ့အခွင့်အေ၇းအဖွဲ့တွေ ဖြစ်တဲ့ Burma Campaign UK တို့လို အဖွဲ့တွေကတောင် အသိအမှတ်ပြုပြီး ရိုဟင်ဂျာအခွင့်အရေးကိုတောင်းဆိုနေကြတာပဲဗျ။ အဲ့ဒါကရော။

ဖြေ-ဒါဆို ခင်ဗျားကို ကျနော်ပြန်မေးမယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဆိုတဲ့နေရာမှာ Reputationရယ် Legal status ရယ်ကို ကြည့်ရအောင်။ နာမည်ပိုင်းအရ Burma Campaign UK က ဘာမှ ထိထိရောက်ရောက် လုပ်ပြထားတာမရှိဘူးဗျာ။ Legal status ကို စစ်ကြည့်၇င် ခင်ဗျားတွေ့ပါလိမ့်မယ်..အဲ့ဒီအဖွဲ့က NGO အဖွဲ့ပါ။ NGO ဖြစ်တာနဲ့ Human Right Watch လိုအဖွဲ့မျိုးဖြစ်သွားရောလား။ လိုအပ်ရင်တော့ အမျိုးမျိုး နာမည်ခံလို့ရတာပေါ့ဗျာ။ ခင်ဗျားအနေနဲ့ ဒီအဖွဲ့ရဲ့ မတ်လ ၂ဝ၁၁ ကတည်းက အစိုးရအာဏာလွဲ့ပြောင်းကတည်းက ဖြစ်လာတဲ့ အပြောင်းအလဲတွေအပေါ် တုန့်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့ရင် ဒီအဖွဲ့ဟာ သာမန် စီးပွားရေးအဖွဲ့သာသာထက်မပိုတဲ့ Profit-Orientated Organization ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ကျနော် ရေးထားတာ တစ်ပုဒ်ရှိပါတယ်။ ဖတ်ကြည့်ပါ။ ကျနော်ကတော့ အဲ့သလို အင်္ဂလန်အစိုးရဆီ လိုင်စင်တင်၊ မှတ်ပုံတင်လုပ်ပြီး NGO ထောင်လို့ လူ့အခွင့်အေ၇းစောင့်ကြည့်နေတာမျိုးထက်စာရင် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာတွေကို ပိုပြီး အားထားသင့်တယ်လို့မြင်တယ်ဗျ။

မေး-ကုလသမဂ္ဂမှာလည်း သူတို့အတွက် အစီရင်ခံစာတွေရှိနေတာပဲ။

ဖြေ-ကျနော်တစ်ခုပြောမယ်ဗျ။ ကုလသမဂ္ဂရဲ့ (ကျနော်နားလည်သလောက်ပေါ့ဗျာ) အဓိက ရည်ရွယ်ချက်က ဒုက္ခသည်တွေဖြစ်နေတဲ့အတွက် အမြန်ဖြေရှင်းပေးစေချင်တာ။ လူသားချင်း စာနာတဲ့ အကူအညီပေးစေချင်တာဗျ။ မြန်မာအစိုးရဖက်က စီမံကွပ်ကဲမှု အားနည်းချက်တွေရယ် နိုင်ငံတကာနဲ့ ဆက်ဆံေ၇း မပေါက်ရောက်တာတွေရယ်ကြောင့် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ မလုပ်နိုင်ခဲ့တာကို တော့ အားနည်းချက်လို့ သဘောတူရမှာပဲ။ ကုလသမဂ္ဂကေ၇ာ အဲ့ဒီ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို တရားဝင်သုံးသလား ခင်ဗျား ပြန်လေ့လာကြည်င့်္စေချင်သေးသဗျ။ သူတို့ကတော့ လူသားတွေဒုက္ခရောက်တာကို အတတ်နိုင်ဆုံးကူညီပေးချင်မှာပဲ။ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ ဥပဒေရေးရာတွေ အထိကတော့ ဝင်စွက်ဖက်စရာလည်းမလိုသလို စွက်ဖက်မယ်လည်းမဟုတ်ဘူးဗျ။


မေး --ခင်ဗျားတို့ကို Xenophobia လို့ စွပ်စွဲတာတွေရှိတယ်နော်။

ဖြေ---ခင်ဗျား တရုတ်ကို ဘယ်လိုထင်သလဲဗျ။ Xenophobic လား Xenophilia လား။ ဘယ်ဟာက ကောင်းတယ်ထင်သလဲ။ Globalization ခေတ်မှာ အလကားနေရင်း Xenophobia လုပ်နေကြတယ်လို့တော့ မထင်ဘူးဗျ။ Foreign Investment တွေကို ဒီလောက်တောင် ဖိတ်ခေါ်နေတာပဲဗျာ။ သို့သော် မြန်မာတွေမှာ အိန္ဒိယနွယ်ဖွားတွေကို အမြင်တိမ်းစောင်းလွယ်တာကတော့ ရှိတယ်ဗျ။ အဲ့ဒါက မကောင်းဘူးပေါ့ဗျာ။ တိုင်းရင်းသားတွေမှာလည်း ဗမာဆို အမြင်စောင်း လွယ်တာပဲမလား။ ဒီကိစ္စတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးစားမှ Institutions တွေထွန်းကားလာအောင်ကြိုးစားမှ လူတွေ ပိုပြီး ပညာတတ်လာမှ ပြေလည်မယ့်ပြဿနာတွေ လို့ပဲမြင်တယ်။ အခုဟာက အိန္ဒိယ နွယ်ဖွားတွေကို မလိုလားတဲ့ စိတ်အခံနဲ့ တစ်ခုခု ဆိုရင် မဲ ကြတာမျိုးရှိတယ်။ ဒါက ကိုယ့်အတွက် အကျိုးယုတ်စေမယ့်် ပြဿနာပဲ။ ပြည်တွင်းမှာ အဲ့ဒီ စစ်တကောင်း ဘင်္ဂါလီတွေကို တင်သွင်းဖို့လုပ်နေတဲ့ အစ္စလာမ်ဘာသာဝင်အချို့ရှိတယ်။ ဘယ်အဖွဲ့မဆို လူကောင်း လူဆိုး ရောနေတာပဲပေါ့ဗျာ။ တစ်ချို့ တင်သွင်းဖို့ လုပ်နေတာနဲ့ အားလုံးကို ရှင်းပစ်မယ်လုပ်လို့တော့ ဘယ်ရမလဲ။ ဒါပေမယ့် အဲ့သလို တစ်ခုခုဆို သိမ်းကြုံးယမ်းပြီး မဲ ကြတဲ့ ကျနော်တို့ နိုင်ငံသားတစ်ချို့ရဲ့ စရိုက်အပေါ် အမြတ်ထုတ်နေတာတော့ ထင်ရှားသားဗျ။ တစ်ခုခု ဆို သိမ်းကြုံးဆဲကြတယ်မလား။ အဲ့ဒါကို ဘင်္ဂါလီ ထောက်ခံေ၇းသမားများက Oppression အနေနဲ့ အသွင်ဖော်ကြတယ်ဗျာ။ လူမျိုးကြီးက မျိုးနွယ်စုအငယ်ကို ဖိနှိပ်တဲ့ပုံဟန်ပေါ့ဗျာ။ အမှန်မှာ ကိုယ့်နိုင်ငံသားတွေကိုလည်း ပြဿနာကို တည့်တည့်မြင်စေ့ချင်တယ်ဗျ။ သူတို့က ပြဿနာနဲ့ အီမိုးရှင်း စိတ်ခံစားချက်ကို ရောချလိုက်ကြတယ်။ ကိုယ့်နို်င်ငံထဲကို တ၇ားမဝင် ဘင်္ဂါလီတွေ ခေါ်သွင်းဖို့လုပ်တဲ့သူတွေသည် တည်ဆဲ လဝက ဥပဒေကို ချိုးဖောက်သူပဲ။ ဗမာပဲဖြစ်ဖြစ် ကုလားပဲ ဖြစ်ဖြစ် အတူတူပဲ။ ဒီလိုမျိုးမြင်တတ်မှ ကိုယ်ပြောတဲ့စကားက ထိရောက်မယ်။ တာသွားမယ်လို့ ထင်တယ်ဗျာ။
Myo Set

0 comments: