Pages

Friday, April 27, 2012

စစ်တကောင်း ဘင်္ဂါလီတွေရဲ့ အန္တရာယ်

(၁)မေး-ရိုဟင်ဂျာဆိုတာဘာလဲ?
ဖြေ-ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဘင်္ဂါလီလူမျိုးတွေဖြစ်ကြပါတယ်။



(၂)မေး-သူတို့က ဘာဖြစ်လို့ မြန်မာနိုင်ငံထဲကိုဝင်ချင်ကြတာလဲ?
ဖြေ-မြန်မာနိုင်ငံထဲမှာ စိုက်ပျိုးရန် မြေပေါများတယ်။ စီးပွားရှာလို့ကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံလူဦးရေ (သန်းငါးဆယ်)ထက် သုံးဆနီးပါး ပိုများတယ်။ (သန်းတစ်ရာ့ငါးဆယ်၇ှိတယ်)။ ဒါကြောင့် ကမ္ဘာမှာ လုပ်သားတင်ပို့မှုမှာ ဗိုလ်စွဲနေတယ် (ကိုယ့်တိုင်းပြည်ထဲမှာ သူတို့ကိုပေးစရာအလုပ်မှမရှိတာကိုး)။ ဒါကြောင့် မြန်မာနိုင်ငံထဲကိုအသည်းအသန် ဝင်ချင်နေကြတာဖြစ်တယ်။


(၃)မေး- သူတို့ကို ရိုဟင်ဂျာလို့ ရခိုင်တွေက လက်မခံဘူးဆို။ ဘာကြောင့်လဲ?
ဖြေ-(က)ရိုဟင်ဂျာဆိုတဲ့ နာမည်က ၁၉၄၇ နောက်ပိုင်းမှ ရခိုင်ပြည်နယ်တွင်းမှာ အခြေချနေထိုင်ချင်တဲ့ စစ်တကောင်းဘင်္ဂါလီတွေက သမိုင်းအတုဖန်တီးခဲ့တာကြောင့်ဖြစ်ပါတယ်။ အစဉ်အဆက် နေထိုင်လာတဲ့ ရခိုင်လူမျိုးတွေက ဘင်္ဂလားဒေ့ရှ်ကနေကျူးကျော်ပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက်စိုးမိုးနေသလို လုပ်ကြံနေပါတယ်။

      (ခ) ရခိုင်တွေဟာ တစ်ထီးတစ်နန်းနဲ့ နေထိုင်ခဲ့ကြတဲ့ လူမျိုးကြီးတစ်ရပ်ဖြစ်ပါတယ်။ အစဉ်အဆက်သော ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်ကြပါ။ ဒါကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထပ်မံစော်ကားလာတဲ့ အသုံးအနှုန်းဖြစ်တဲ့ "ရခိုင်မွတ်စလင်" ဆိုတာကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။

  (၄) မေး- အဲ့ဒါ ရခိုင်-ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ) ပြဿနာပဲမဟုတ်ဘူးလား။ ကိုယ်နဲ့ဆိုင်သလား?
ဖြေ- ဆိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲနှုန်းဟာ ကြောက်စရာကောင်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံလူဦးရေထက် သုံးဆနီးပါးရှိပေမယ့် သူ့ရဲ့ နယ်နိမိတ်အကျယ်အဝန်းဟာ မြန်မာပြည်ထက် များစွာ သေးငယ်ပါတယ်။ ဒီလို ကြောက်ခမန်းလိလိ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတစ်ရပ်နဲ့ အိမ်နီးချင်းအဖြစ် နေထိုင်ရတဲ့ နိုင်ငံတွေအားလုံးဟာ သတိနဲ့ ထိန်းသိမ်းရလေ့ရှိပါတယ်။


(၅)မေး- ဘာဖြစ်လို့ထိန်းသိမ်းရတာလဲ။ အိန္ဒိယနဲ့ တရုတ်က သူတို့ထက်လူဦးရေပိုများတာပဲ။ ဘာကြောင့် ရိုဟင်ဂျာခေါ် စစ်တကောင်းဘင်္ဂါလီတွေကို စိုးရိမ်နေရတာလဲ။
အိန္ဒိယနဲ့ တရုတ်ဟာ လာမယ့် အနှစ်နှစ်ဆယ်မှာ လက်ရှိကမ္ဘာ့နံပါတ် တစ် အမေရိကန်ကို စီးပွားရေးအရ ကျော်တက်သွားမှာ ဖြစ်တဲ့ ကြီးထွားနေသော နိုင်ငံကြီးများဖြစ်ကြပါတယ်။ သူတို့ဆီမှာ ကျယ်ဝန်းတဲ့မြေဧရိယာတွေများစွာရှိပြီး သဘာဝသယံဇာတတွေလည်း စုံလင်ပါတယ်။ မြန်မာနိုင်ငံထက်ပိုမိုချမ်းသာကြတဲ့အတွက် အရင် အင်္ဂလိပ်ကိုလိုနီခေတ်လိုမျိုး အိန္ဒိယနွယ်ဖွားများ အလုံးအရင်းလိုက်ဝင်ရောက်နေတာမျိုးမရှိတာကိုတွေ့ရမှာပါ။ လက်ရှိပြည်တွင်း တရုတ်များသည် နအဖ စစ်ဗိုလ်ချုပ်များရဲ့ ပေါ်လစီကြောင့် တရုတ်ပြည်က မြန်မာ့စွမ်းအင်ကို သူ့ရဲ့အနာဂတ်စီမံကိန်းထဲ ထားချင်လို့ ဖြစ်ပါတယ်။ ရှေးခေတ် မော်စီတုန်းခေတ်တုန်းကလို တရုတ်တွေ တစ်အုပ်တစ်မကြီး ထွက်ပြေးလာကြတာမျိုးမရှိတာကိုတွေ့နိုင်ပါတယ်။ ဘင်္ဂါလီတွေကတော့ ဒီလိုမဟုတ်ပါဘူး။ နဂိုမူရင်းဒေသ ဘင်္ဂလားဒေ့ရှ်သည် သဘာဝဘေးဒဏ်မကြာခဏ ခံနေရတဲ့ဒေသဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်တွင်းခြေချ စီးပွားရေးလုပ်ပြီးရင် မူရင်းဒေသကို ပြန်သွားသူ အလွန်နည်းတာ ကိုတွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုအတွင်းကို ပြည်ပကနေ ဝင်တာသိပ်များလာရင် အဲ့ဒီနိုင်ငံရဲ့ လူနေမှုပုံစံအပေါ် အများကြီးသက်ေ၇ာက်မှုရှိပါတယ်။ စစ်တကောင်းဘင်္ဂါလီတွေဟာ ယဉ်ကျေးမှုဖွံ့ဖြိုးခြင်းအားနည်းပြီး မြန်မာနိုင်ငံထဲက အစဉ်အလာယဉ်ကျေးမှုနတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ကိစ္စတွေ တော်တော်များများကိုရှိနေပါတယ်။ ဒါကြောင့် သူတို့ အုပ်လိုက်ဝင်လာရင် မြန်မာ့လူ့ဘောင်အပေါ် ဆိုးဝါးစွာထိခိုက်လာနိုင်ပါတယ်။



(၆) မေး-ခွဲထွက်ရေးကိစ္စဆိုတာဘာလဲ?
ဖြေ-မြန်မာနိုင်ငံသည် ဒီမိုကရေစီအစိုးရလို့ ကမ္ဘာကိုကြေငြာထားပါတယ်။ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်လာ၇င် သက်ဆိုင်ရာဒေသမှာမှီတင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ခွဲထွက်ရေးကို တောင်းဆိုလာ၇င် အလေးအနက်စဉ်းစားပေးရစမြဲဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင်းကို ဘင်္ဂလားဒေ့ရှ်ကနေ သန်းနဲ့ချီတဲ့ စစ်တကောင်းဘင်္ဂါလီတွေဟာရောက်ရှိနေပြီး ရိုဟင်ဂျာလို့ အမည်ခံပြီးကမ္ဘာကို အသိပေးလိမ်လည်နေကြပါတယ်။ သူတို့တွေနဲ့ ဆက်စပ်တဲ့ပါတီကိုလည်း ထောင်ထားပါတယ်။ ဒါကြောင့်မို့ ဒီဒေသအတွင်းမှာ ရခိုင်တွေကို အင်အားနည်းအောင်လုပ်ပြီး ခွဲထွက်ရေးအတွက် တောင်းဆိုလာခဲ့ရင် အစိုးရအနေနဲ့ နောင်အနာဂါတ်မှာ အများကြီး အကြပ်အတည်းကြုံလာဖွယ်ရှိပါတယ်။ မူရင်းပိုင်ဆိုင်သူ ရခိုင်များရှုထောင့်ကနေကြည့်လိုက်ရင် အင်မတန် စိတ်နာဖွယ်ရာကောင်းသလို လာမယ့်အနာဂါတ်မှာ ၇ခိုင်ဒေသ သူတိုပလက်အောက်ကျရောက်သွား၇င် မြန်မာနိုင်ငံအတွက်လည်းအင်မတန်အန္တရာယ်ကြီးလှပါတယ်။


(၇) မေး-မူဂျာဟစ်ဆိုတာဘာလဲ?
ဖြေ-လက်ရှိရိုဟင်ဂျာလို့ နာမည်ခံထားတဲ့ စစ်တကောင်းဘင်္ဂါလီတွေဖြစ်ပါတယ်။ လက်နက်ကိုင်သောင်းကျန်းရေးအဖွဲ့ဖြစ်ပြီး ဒေသခံ ရခိုင်တွေကို နှိပ်စက်သတ်ဖြတ်နေသူတွေဖြစ်ပါတယ်။ တာလီဘန်တွေနဲ့အဆက်အသွယ်ရှိတယ်လို့ အမေရိကန်သံရုံးက သတင်းပေးပို့တာကို ဝီကီလိခ်ကနေ ဖော်ထုတ်ထားတာကိုတွေ့ရပါတယ်။

(ဂ) မေး-သူတို့က ရခိုင်ဒေသကို ဘာကြောင့်လိုချင်တာလဲ?
ဖြေ-ဖြစ်နိုင်ဖွယ်အချက်အလက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒက်ကာ ဟာ လာမယ့်အနှစ်ငါးဆယ်အတွင်းမှာ ရေအောက်ကျရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝသယံဇာတလည်းကြွယ်ဝတဲ့ ရခိုင်ဒေသကို ခြေကုပ်ရယူရေးဟာ လျှို့ဝှက်အစီအမံတစ်ခု ဖြစ်နိုင်ဖွယ်ရှိပါတယ်။


(၉) မေး-လက်ရှိအစိုးရက ဘာတွေနဲ့ သူတို့ကို ထိန်းချုပ်ထားသလဲ။
ဖြေ-နယ်စပ်ဒေသမှာ ခြံစည်းရိုးခတ်နေပါတယ်။ နယ်စပ်လုံခြုံရေး အဖွဲ့ နစက တွေကိုခန့်အပ်ထားပါတယ်။

 (၁ဝ) မေး-ထိရောက်ပါသလား။
ဖြေ-ထိရောက်သင့်သလောက်ထိရောက်ပါတယ်။ ဒါပေမယ့်် ငွေကြေးထောက်ပံ့သူတွေရှိနေတဲ့ အတွက် ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံထဲကို ခြစားတဲ့ ဝန်ထမ်းတွေကတစ်ဆင့်ဝင်ရောက်နေကြတာဟာ ကြာမြင့်နေပြီဖြစ်ပါတယ်။


(၁၁)မေး- သက်သေတွေရှိသလား။
ဖြေ-စက်ပျက်သွားတဲ့ မော်တော်တစ်စင်းကို ဝင်ရောက်စစ်ဆေးရာမှ ဘင်္ဂါလီရှစ်ဆယ်ကျော်ပါရှိကြောင်းတွေ့ရပါတယ်။ အတည်မပြုနိုင်သေးသော သတင်းများအရ ရန်ကုန်ရှိဗလီများအတွင်းမှာ ရောက်င်္ရှိလာတဲ့ ဘင်္ဂါလီတွေကို ဝှက်ထားပေးတယ်လို့ ဆိုကြပါတယ်။

(၁၂)မေး- လဝက က ဘာလုပ်နေလဲ။ ရဲနဲ့ အတူအလုပ်မလုပ်ဘူးလား။
ဖြေ-CJ Myanmar သတင်းအရ လဝက ဥပဒေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးထောင်ချခွင့်ရှိပေမယ့် အခုအချိန်မှာ ကိုယ့်တာဝန်နဲ့ကိုယ် သူတို့ကို မူရင်းဒေသပြန်ပို့ပေးဖို့လုပ်ပေးနေရတာကြောင့်ရဲတွေအခက်တွေ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီရဲတွေ ကိုယ်တိုင်လည်းပဲ ငွေကြေးအခက်အခဲရှိနေနိုင်ပါတယ်။ ဒါဟာ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုလို့ဆိုနိုင်ပါတယ်။

(၁၃)မေး-ပြည်ပ မီဒီယာတွေက စစ်တကောင်းဘင်္ဂါလီတွေကို တော်တော်လေး ပွဲထုတ်နေပါလား။
ဖြေ-မှန်ပါတယ်။ ပြည်ပမီဒီယာတွေအားလုံးဟာ ဒီရိုဟင်ဂျာဘင်္ဂါလီတွေနဲ့ ဘာကြောင့်မှန်းမသိ ဆက်စပ်မှုရှိနေပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ OIC လို ငွေကြေးကြွယ်ဝတဲ့ အစ္စလာမ်အဖွဲ့အစည်းတွေရဲ့ ရံပုံငွေပံ့ပိုးမှုနဲ့ လော်ဘီလုပ်မှုတွေကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ နောက်တစ်ချက်က လက်ရှိပြည်ပ မီဒီယာတွေအားလုံးဟာ ယခင်က စစ်အစိုးရ အကြပ်တွေ့ဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ မူနဲ့ လှုပ်ရှားခဲ့ကြတာဖြစ်ပြီး သူတို့မှာ မြန်မာ့ရှေ့ရေးအတွက် ရေရှည်သိမြင်နိုင်တဲ့ အမြော်အမြင်ရှိသူ မတွေ့ရပါဘူး။ BBC က ဒေါ်တင်ထားဆွေဟာဆိုရင် အာဏာ၇ှင်အကျင့်စရိုက် ပြင်းထန်သူလို့ အတွင်းစကားတွေအရ သိရှိရပါတယ်။ ယခင်ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုန်းက ဘီဘီစီက မြန်မာဝန်ထမ်းတွေဟာ မျိုးချစ်စိတ်ထက်သန်ပြီး အမြော်အမြင်ရှိသူတွေ ၇ှိခဲ့ပေမယ့် ယနေ့အချိန်မှာတော့ ပြည်ပမီဒီယာ ဝန်ထမ်းတွေအားလုံးဟာ သက်ဆိုင်ရာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝါဒဖြန့်ချိရေးယန္တယားမှာ ခွေးသွားစိတ်ငယ်ကလေးတွေအဖြစ်သာလျှင်အသုံးတော်ခံနေရပါတယ်။အဲ့ဒါကလည်း သိပ်မထူးဆန်းပါ။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနမှာအမှုထမ်းမယ့်သူတွေဟာ မျိုးချစ်စိတ်ဓါတ်ပြင်းထန်ပြီး မြန်မာနိုင်ငံအပေါ် အထူးချစ်မြတ်နိုးသူထက် သူတို့နိုင်ငံအကျိုးကိုသာဆောင်ရွက်ပေးမည့် သူများကိုသာရွေးချယ်စမြဲဖြစ်ပါတယ်။



(၁၄) မေး-အဲ့ဒီမီဒီယာတွေကို ပံ့ပိုးထားတဲ့နိုင်ငံကြီးတွေကရော ဒီရိုဟင်ဂျာကိစ္စ ယုတ္တိတန်မတန် မသိဘူးလား။
ဖြေ- သေချာပေါက်သိပါတယ်။ အထူးသဖြင့် ဗြိတိန်လို မြန်မာနိုင်ငံကို ကာလရှည်ကြာ အုပ်စိုးသွားတဲ့နိုင်ငံက ကောင်းကောင်းသိပါတယ်။ မဟုတ်မမှန်ဘဲ ဘာကြောင့်ပံ့ပိုးနေရသလဲဆိုရင် မြန်မာ့နိုင်ငံရေးနဲ့ တစ်ချိန်က သူတို့ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတစ်ခုကို လိုအပ်လာတဲ့အချိန်မှာ ကစားဖို့ နိုင်ငံရေးဖဲချပ်တစ်ချပ် ဖြစ်နိုင်ပါတယ်။ မမျှော်လင့်ဘဲ မြန်မာအစိုးရဖက်က သူတို့နဲ့ရန်ဘက် တရုတ်နဲ့ လုံးဝပူးပေါင်းလိုက်ရင် ဒုက္ခပေးဖို့ ဖဲချပ်တစ်ချပ် ချန်ထားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာ သူတို့ ခြေရှုပ်ချင်တဲ့ ကိစ္စတွေ သူတို့ကိုင်ထားတဲ့ ဖဲချပ်တွေအမြောက်အများရှီပါတယ်။ KIA အဖွဲ့ နဲ့ ဝ တပ်ဖွဲ့ဟာ တရုတ်ကို သြဇာခံရတဲ့ စစ်ရေး Proxy တွေဖြစ်ပြီး က၇င်တပ်ဖွဲ့တွေနဲ့ ရှမ်းတပ်ဖွဲ့တွေကတော့ အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ ကာကွယ်မှု ပံ့ပိုးမှုရရှိထားတဲ့သူတွေဖြစ်ပါတယ်။

(၁၅)မေး- ရိုဟင်ဂျာကိစ္စကို ကိုင်တွယ်ဖို့ ဘယ်အဖွဲ့မှာ တာဝန်ရှိသလဲ။
ဖြေ-လူဝင်မှုကြီးကြပ်ရေး (လဝက) မှာတာဝန်အရှိဆုံးဖြစ်ပါတယ်။ သန်းခေါင်စာရင်းအသစ် ထပ်မံကောက်ယူသင့်ပါတယ်။ အတိုင်းအဆမရှိ မှတ်ပုံတင်ထုတ်ပေးတာမျိုးကို ပြန်လည်စိစစ်သင့်ပြီဖြစ်ပါတယ်။ လဝက ဝန်ထမ်းတွေကိုလည်း ခံစားခွင့်တွေ ပံ့ပိုးပေးရမှာ ဖြစ်သလို လာဘ်စားသူတွေကိုလည်း နောင်ကြဉ်သွားအောင် ပြင်းထန်စွာ အရေးယူပေးရမှာ ဖြစ်ပါတယ်။ တွေ့ရှိတဲ့နိုင်ငံခြားသားတွေကို နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားနဲ့ ရိုဟင်ဂျာတွေအတွက် ဒုက္ခသည်ကဒ်ပြားစီစဉ်ပေးပြီး ရိုဟင်ဂျာစစ်တကောင်းဘင်္ဂါလီတွေနေဖို့ ဒုက္ခသည်စခန်း သတ်မှတ်ပေးထားရင် ပိုသင့်လျော်ပါတယ်။

(၁၆) မေး-ရိုဟင်ဂျာခရိုနီတွေရှိတယ်ဆို။ ဟိုတစ်ခါ ဦးသာအေးဆိုတဲ့သူကလည်း ဗြိတိန်ဝန်ကြီးချုပ်လာတုန်းက ပြောတယ်ဆို?
ဖြေ-လက်ရှိနာမည်ကြိး ဘင်ဂါလီ ခရိုနီကတော့ နိုင်ဂရု လို့ခေါ်တဲ့ အုပ်စုပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သားနဲ့နီးစပ်တဲ့သူလို့ အမည်ပေါက်နေပါတယ်။ ငွေကြေးတောင့်တင်းတဲ့ ဘင်ဂါလီများဟာ ပြည်တွင်းကို ခိုးဝင်လာတဲ့ စစ်တကောင်းဘင်္ဂါလီများကို သူတို့ခိုနားရာမြို့များမှာ အစားအသောက်များ သွားရောက်ကျွေးမွေးလေ့၇ှိတယ်လို့သိရပါတယ်။ ပြည်ပအဖွဲ့အစည်းထဲမှာတော့ မြန်မာ့အရေး ကန်ပိန်းလို့ခေါ်တဲ့ Burma Camapign UK, Burma Campaign US စတဲ့အဖွဲ့များဟာ ရိုဟင်ဂျာများနဲ့ ပတ်သက်နေပါတယ်။ အဓိက ဖြစ်နိုင်ချေကတော ရံပုံငွေရရှိရေးကြောင့်ဖြစ်နိုင်ပါတယ်။ နောက်ပြီး ပြည်ပကနေ ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ မီဒီယာတွေကတော့     (၁) ဘီဘီစီ                            
                              (၂) ဗွီအိုအေ

                             (၃)အာရ်အက်ဖ်အေ

                             (၄)ဧရာဝတီ

                             (၅)ဒီဗွီဘီ

                             (၆) မဇျွိမ တို့ပဲဖြစ်ကြပါတယ်။ ဒီမီဒီယာတွေမှာ လွန်ခဲ့တဲ့နှစ်တွေက စလို့ မသိမသာရော..သိသိသာသာပါ ရိုဟင်ဂျာအရေးကို ဇောင်းပေးလာခဲ့ကြတာဖြစ်ပါတယ်။


(၁၇) မေး- ခင်ဗျားက မီဒီယာတွေကို ငြိုးနေသလိုပဲ။ ဘာဖြစ်လို့လဲ။ ၇ိုဟင်ဂျာတွေကိစ္စ ရေးပေးတာ ဘာများအပြစ်ရှိလို့လဲ။
ဖြေ- ရိုဟင်ဂျာကိစ္စကို မီဒီယာအနေနဲ့ သတင်းလိုဖော်ပြတာဟာ အပြစ်မဟုတ်ပါ။ Propaganda (ဝါဒဖြန့်ချိရေး) အသွင်အနေနဲ့ လုပ်လာတာကြောင့် နံပါတ်တစ်အပြစ်သင့်ပါတယ်။ ကျနော်ပြောခဲ့သလို မတူညီတဲ့ ယဉ်ကျေးမှုက ပေါက်ဖွားလာတဲ့ နိုင်ငံခြားသားတွေ အုပ်လိုက်ကြီးဝင်လာရင် မြန်မာ့လူ့ဘောင်အများကြီးဒုက္ခရောက်သွားနိုင်လို့ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီမီဒီယာတွေရဲ့ ကျင့်ဝတ်ပါ။ ကျနော်တို့ညီအစ်ကို ရခိုင်အမျိုးသားတွေဟာ ၁၉၄၂ ကုလား-ရခိုင် အဓိကရုဏ်းကစလို့ အနိုင်ကျင့်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ စစ်အစိုးရအနေနဲ့လည်း ဒီရခိုင်အမျိုးသားတွေကို အပြည့်အဝ ကာကွယ်ပေးခြင်းမရှိခဲ့တဲ့အတွက် လည်စင်းခံရသလိုဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာ ရခိုင်တွေရဲ့ ခံစားချက်ကို သူတို့နယ်မြေဆုံးရှုံးရမယ့်အရေးမှ ကာကွယ်ပေးရန်သည် အမိမြေကိုချစ်မြတ်နိုးသောနိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီမီဒီယာတွေဟာ ရခိုင်အမျိုးသားတွေထဲက ထင်ရှားသူပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေနဲ့ ဘင်္ဂါလီသမိုင်းကိုထုတ်ဖော်ပေးခဲ့တဲ့ ရခိုင်သမိုင်းပညာရှင်တွေကို ဘက်မျှစွာ မီဒီယာပီသစွာ မေးမြန်းစုံစမ်းပေးခြင်းမရှိဘဲ အခုလို တစ်ဘက်သတ်လုပ်နေတာ နှစ်လရှည်ကြာ ဖော်ပြပေးခြင်းသည် ဝါဒဖြန့်ချိရေးလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီဝါဒဖြန့်ချိရေးသည် ကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက်မဟုတ်...ရခိုင်ဒေသ ဆုံးရှုံးရေး၊ ကိုယ့်တိုင်းပြည်နစ်နာရေးတို့ပဲ ဖြစ်နေတဲ့အတွက် ဒီမီဒီယာတွေကို ဆန့််ကျင်ရတာဖြစ်ပါတယ်။

Source: Myo Set

1 comments:

Myanmar Nationalist 711 said...

သို့ >>>လေးစားအပ်ပါသော ဘင်္ဂလားအနွယ်တို့ ...ကျွန်တော်သည် သမ္မာဒိဌိ အလယ်လမ်း ကြားနေ လူသားဆန် ၀ါဒသမား ဖြစ်သည် ... လူသားတိုင်း၏ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာပညာသင်ကြားခွင့် ၊ လွတ်လပ်စွာ စီးပွားရှာခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ပိုင်ခွင့် အစရှိသော အခွင့်အရေးများအား ညီတူ ညီမျှ ခွဲဝေ ခံစားရန် အသင့်ရှိပါသည် .. ထို့အပြင် အစ္စလာမ်များ နိုင်ငံရေးပါတီများတွင် ၀င်ရောက် ပါဝင် ခြင်းအား လည်း လူနည်းစု အခွင့်အရေး အနေဖြင့် ကြိုဆိုပါသည် .. သို့သော် တိုင်းရင်းသား လေသံ ပစ်ပြီး ဘာသာရေး မှိုင်းတိုက် ထားသော မွတ်စလင် သီးသန့် နိုင်ငံရေး ပါတီများ ပေါ်ပေါက် လာမည်ကိုတော့ ကျွန်တော်...ဘယ်တော့မှ ထောက်ခံ လိမ့် မည်မဟုတ်ပါ ... (၇၁၁)