Pages

Friday, April 27, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လမ်းကြောင်းသစ်များဖြင့် ဝင်ရောက်လာ။

April 27, 2012
Photo & News By CJ-088



မြန်မာနိုင်ငံအလယ်ပိုင်းစစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ သို့ ဦးတည်၍ ဘင်္ဂလားဒေရှ့် နိုင်ငံနယ်စပ်ဒေသရှိ
ရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
"ကျတော်တို့ ပုလဲမြို့ နယ်ရဲစခန်းမှာခုလောလောဆယ်ဖမ်းမိထားတာ ၄ ယောက်ရှိတယ်။ သူတို့ ကို ချင်းတောင် နဲ့ ကပ်နေတဲ့ ဂန့် ဂေါမြို့ နယ်နဲ့ မုံရွာခရိုင် ပုလဲမြို့ နယ် နယ်စပ်မှာ ဖမ်းမိခဲ့ တာပါ အရင်တုန်းက ဒီလိုမျိုးအမှုတော်တော်နည်းပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာတော့ ၃ မှုလောက်ရှိပီ သူတို့ ခိုးဝင်တာကိုမိတာ။ လွတ်သွားတာတွေတော့ ဘယ်နှစ်ယောက်ရှိမလဲမပြောတတ်ဘူး။

 ရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး
 မုံရွာ- ဂန့်ဂေါမိုင်တိုင်ပြ မှတ်တိုင်

 အရင်တုန်းကတော့ အခုလိုခိုးဝင်လာတဲ့ သူတွေကို လ.၀.က အက်နဲ့ အရေးယူပီးထောင်ချလေ့ ရှိပါတယ်။ အခုတော့ မူရင်းဒေသကို ရဲကတာဝန်ယူပီးပြန်ပို့ ရမယ်လို့ ညွှန်ကြားထားတော့ ကျတော်တို့  ရဲကဘယ်လိုဆက်လုပ်ရမယ်မှန်းမသိဘူး"ဟု ပုလဲမြို့ နယ်မှ ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှ CJMyanmar သို့ ပြောပြပါသည်။ "ကျတော်တို့လည်း အခုလိုရိုဟင်ဂျာတွေဖမ်းမိထားတယ်ဆိုတာကြားတယ်။ သူတို့ တွေက ဒီဘက်ကိုခြေကျင်တလှည့် ဆိုင်ကယ်ကယ်ရီတလှည့် နဲ့ ခိုးဝင်နေကြတာ"ဟု ပုလဲမြို့ ခံတစ်ဦးကလည်းပြောပါသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံရခိုင်ပြည်နယ်နယ်စပ်ဒေသမရှိ ရိုဟင်ဂျာဒုက္ခသည်များအရေးမှာနှစ်နိုင်ငံအစိုးရများကြားဖြေရှင်းရ ခက်ခဲသောအခြေအနေတွင်ရှိနေကြောင်းသိရှိရပါသည်။

(ယခုတင်ထားသောသတင်းသည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူဝင်မှုကြီးကြပ်ရေး ပြသနာများဖြင့်သာ သက်ဆိုင်သောကြောင့် မလိုလားအပ်သော ဘာသာရေး လူမျိုးရေးမုန်းတီးမှုမှတ်ချက်များမရေးသားကြပါရန် ပန်ကြားအပ်ပါသည်)


Source: CJMyanmar

0 comments: