Pages

Wednesday, November 9, 2011

ဘီဘီစီ သတင်းဋ္ဌာနကို ကန့်ကွက်လို၍ ဗြိတိသျှသံရုံးရှေ့တွင် လူစုရုံး

ရန်ကုန်-နိုဝင်ဘာ ၉၊ ၂၀၁၁ (YPI) မွန်းလွဲ ၃း၃၀
ယနေ့နေ့လည် ၁ နာရီခွဲတွင် လူငယ် အယောက် ၂၀ ခန့် ရန်ကုန်မြို့ ဗြိတိသျှသံရုံးမျက်နှာချင်းဆိုင် ကားလမ်းဘက်မှ ဆန္ဒပြရန် စုရုံးခဲ့ကြသည်။
ယမန်နှစ်က ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းဝက်ဆိုက်တွင် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများ ဆိုသည့် သတင်းဓါတ်ပုံတွင် ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရိုဟင်ဂျာ ဟုဖေါ်ပြထားခြင်းကို မကျေနပ်သဖြင့် ဆန္ဒပြဖို့ စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
 
ဗြိတိသျှ သံရုံးရှေ့ စုဝေးနေသူများ

ဆန္ဒပြဖို့ လူစုလာသူများထဲမှ ကိုစစ်ငြိမ်းအေး က “ ကျွန်တော်တို့က ဒီသံရုံးက တဆင့် ဘီဘီစီ သတင်းဋ္ဌာနကိုပြမှာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ရခိုင်ပြည်မှာ နေလာတာ နှစ်ပေါင်း ထောင်ချီနေပြီ၊ တောင်းဆိုချင်တာက ဘီဘီစီက မြန်မာနိုင်ငံကို တရားဝင် တောင်းပန်ပါ။ အဲဒီသတင်းရေးတဲ့ သတင်းထောက် အန်နာဂျုံးကို အလုပ်ဖြုတ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
၎င်းက ကျန်တဲ့ဘာသာရေးတွေ မပြောလိုကြောင်း ၊ ယိုးဒယားဟု ခေါ်ဆိုသည့် ထိုင်းနိုင်ငံတွင် မြန်မာလူများ 


အများအပြား နေထိုင်သော်လည်း နယ်မြေတောင်းခွင့်မရသကဲ့သို့ ရိုဟင်ဂျာများ အနေဖြင့်လည်း ကျွန်တော်တို့ဆီမှာ လာနေလို့ဆိုပြီး နယ်မြေ တောင်းလို့မရနိုင်ဟု လည်းပြောဆိုသည်။
ဆန္ဒပြဖို့ စီစဉ်သူများသည် အောဟစ်ခြင်း၊ ကြေညာစာတန်းများ ကိုင်ဆောင်ခြင်း ပြုလုပ်သည်ကို မတွေ့ရှိရပဲ နေ့ခင်း ၂ နာရီတွင် လူစုခွဲသွားကြသည်ကိုတွေ့ရသည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဘီဘီစီ ၀က်ဆိုက်မှ သတင်းကြောင့် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင် ပြည်ပမှ အင်တာနက် သုံးစွဲသူများက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာလူမျိုးများနေထိုင်သည့်နေရာဟု ဖေါ်ပြခဲ့ခြင်း အတွက် လွန်ခဲ့သည့် သတင်းပတ်များကတည်းက ဝေဘန်၊ ရှုတ်ချ ရေးသားချက်များ ပေါ်ထွက်ခဲ့သည်။
End//
 
ဆန္ဒပြရန် စုဝေးနေသူများကို ဗြိတိသျှ သံရုံးရှေ့တွင်နေ့လည် ၁နာရီခွဲဝန်းကျင် တွေ့ရစဉ်
Ref: Yangon Press International (facebook မှ)

2 comments:

Myo Tha Gee said...

http://www.youtube.com/watch?v=lij1llTRzyE&feature=results_video&playnext=1&list=PLCAFFA96739D4C071

Could you please show the statement of Dr.Aye Chan from youtube so that people can see it easily. Thanks!

Anonymous said...

တော်စမ်းပါ ခေါ်တောကုလားတွေ တတိုင်းပြည်လုံးက ခေါ်တောအားလုံးကိုဖမ်းပြီး ဘူးသီးတောင်ပို့ရမယ်။