Pages

Thursday, June 14, 2012

ဝါဒဖြန့်ချိမှု မပြုရန် ကန့်ကွက်ဆန္ဒပြမှုတစ်ခုဖြစ်ပွား

Popular Myanmar News Journal
လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ပ မီဒီယာများ၏ ရေးသားဖော်ပြမှုများတွင် ဘက်လိုက်မှုများရှိနေသဖြင့် ဘက်မလိုက်ရန်၊ ဘက်လိုက်မှုရပ်တန့်ရန်၊ မီဒီယာ အနေဖြင့် ၀ါဒဖြန့်ချိမှု မပြုလုပ်ရန် ကန့်ကွက်ဆန္ဒပြမှု တစ်ခုအား ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒပြမှုတွင် ပြည်တွင်း၌ လုပ်ကိုင်နေကြသည့်မီဒီယာများပါဝင်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မည်သည့် ပြည်တွင်းမီဒီယာမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရသည်။ — (5 photos)







Eleven Media Group
ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ဗြိတိန်သံရုံးရှေ့တွင် လူဦးရေ ၁၀ ဦးခန့်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် "ရိုဟင်ဂျာသည် မြန်မာမဟုတ်" ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား အဓိကရုဏ်းဖြစ်စေမည့် စကားလုံးများ အသုံးပြုခြင်း ရပ်တန့်ရန်နှင့် BBC ၊ DVB အစရှိသည့် ပြည်ပ မီဒီယာများမှ ဘင်္ဂါလီနှင့် ပတ်သက်၍ ၀ါဒဖြန့်မှုများ ချက်ချင်းရပ်တန့်ရန် စသည့် စာတန်းများ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောဆိုခဲ့သဖြင့် ဆန္ဒထုတ်ဖော်မှုကို ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။













0 comments: