မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန်
အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့ သို့  စတင် ထွက်
ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင် နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀
နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင်
ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား
ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။
ည ၁၁ နာရီ ကျော် အချိန် တွင် လက်နက် ကိုင် ဆောင် ထား သည့် ရိုဟင်ဂျာများ က ဝေသာလီ ကျေးရွာ
ကို မီးရှို့ ဖျက် ဆီး သွား ရာ နေ့ လည် ၂ နာရီ အချိန် မှ စပြီး မီးရှို့ ဖျက်ဆီး ခံရသည့် ရွာ များ အနက် ၁၆
ရွာ မြောက် ကျေးရွာ ဖြစ်နိုင် သည် ဟု စစ်တွေ မြို့  မှ အလွတ် သတင်း ထောက် တစ်ဦး ဖြစ်သူ ဦးအောင်
မော် က FNG သို့  ပြောသည်။
တစ်ဖက် နိုင်ငံ တွင် အခြေစိုက် သည့် ရိုဟင်ဂျာ လက်နက် ကိုင် များ မှာ ည ၈ နာရီ ကျော် အချိန် တွင် နယ်
စပ် ကို ဖြတ် ကျော် ပြီး ကြိမ်ချောင်း အပိုင် လောင်ဒုံ ရဲစခန်း ကို ပိတ် ဆို့ ထား ကာ ခရေ မြိုင် ၊ ရွှေရင် အေး
အစရှိသည့် ရွာများ ကိုလည်း မီး ရှို့ ဖျက် ဆီး ခဲ့ သည် ဟု သတင်း ရရှိသည်။
ရိုဟင်ဂျာ အကြမ်းဖက် သမား များ ၏ အကြမ်းဖက် မှု ကြောင့် ရွာများစွာ
ပျက် စီးသွား ပြီး အမျိုးသမီး နှင့် ကလေး ငယ်များ သေဆုံးသည် ဟု စစ်တွေ ဆေးရုံကြီးမှ ကျန်းမာရေး ၀န်
ထမ်း တစ်ဦး က ပြောသည်။
မောင်တောမြို့ပြင် ကားလမ်းတစ်နေရာ ကညင်တန်းတွင် ဘင်္ဂလီ RSO ပျောက်ကျားများနှင့် မြန်မာ့ တပ်မတော်တို့ထိပ်တိုက် တွေ့ဆုံလျက်ရှိပြီး လက်နက်ကိုင် RSO စစ်တကောင်းမှဘင်္ဂလီဦးရေ တစ်ရာဝန်းကျင်ခန့်နှင့် ဒေသတွင်း ဘင်္ဂလီများ ပါဝင်ကြောင်း သိရသည်။ မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွများ အကျအဆုံးများကြောင်း သိရှိရသည်။ ရေချမ်းပြင်မှ မြန်မာ့တပ်မတော်နေဗီဘုတ်နှစ်စီး ထပ်မံလိုက်လာကြောင်း သိရှိရသည်။
FNG
0 comments:
Post a Comment