Pages

Sunday, June 17, 2012

ရခိုင်အရေးဟာ ပြီးဆုံးလုသော်လည်း . . . ဆက်ရန်ရှိဆဲ

ရခိုင်အရေး ကတော့ တစတစ ပြီးဆုံးသွားပြီ ။ ရန်ကုန်မြို့မှာ အကြမ်းဖက်အစီအစဉ်တွေ ဖြစ်လာမယ် ၊ မဖြစ်လာဘူး ၊ ဖြစ်နေပြီ စသည်ဖြင့် ပြောခဲ့ကြပေမယ့်ရန်ကုန်ဟာလည်း အေးအေးချမ်းချမ်းရှိနေဆဲပါပဲ ။ စစ်တွေ မြို့မှာလည်း လုံခြုံမူ့ဟာ အရင်နေ့တွေကထက် တိုးတက်လာနေခဲ့ပေမယ့် ၊ စစ်တွေတစ်မြို့လုံးဟာမီးခိုးတွေ ၊ ပြာတွေ၊ စိတ်ချမ်းသာမူ့ တစ်စက်မှ မရှိတဲ့ ဒေသခံတွေပဲ ရှိနေပါတော့တယ် ။ လုပ်ငန်းတွေ ဟာလည်း အကုန်နီးပါး ရပ်ဆိုင်းထားရပါတယ် ။ တမြို့လုံး
ဟာ ကြောက်လန့်သွေးပျက်ဖွယ် အဖြစ်အပျက်တွေကို စိတ်ထဲက ဖျောက်ပြစ်လို့မရသေးပါဘူး ။ ခန်းမတွေ ၊ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ ဒေသခံရခိုင်အိမ်အချို့မှာ ဒုက္ခသည်တွေနဲ့ ပြည့်နှက်နေပါတယ် ။ အချို့ ဒုက္ခသည်စခန်းတွေမှာလည်း ၀မ်းရောဂါတွေ ဖြစ်နေဆဲပါပဲ ။


ကုလသမဂ္ဂ နဲ့ အခြားအန်ဂျီအိုတွေက အကူအညီပေးမယ်လို့ ပြောနေခဲ့ကြပေမယ့် ၊ တကယ်တမ်းလိုအပ်နေချိန်ထိ ဘာအကူအညီမှ ရောက်မလာခဲ့ပါဘူး ။နိုင်ငံရပ်ခြားက မြန်မာနိုင်ငံသားတွေ ၊ ရခိုင်လူမျိုးတွေ ရဲ့ အကူအညီဟာ UN နဲ့ NGOs တို့ထက် ပိုမိုစောလျှင်စွာ လူမူ့ရေးအသင်းတွေ ၊ လူမူ့ဖူလုံရေးတွေ၊ ရခိုင်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ ရခိုင်အသင်းတွေက တဆင့် တဖွဲဖွဲရောက်ရှိလို့လာပါတယ် ။ နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်အရှိဆုံးအစိုးရကတော့အစိုးရလေတပ်မှ တဆင့် စားနပ်ရိက္ခာ နဲ့ ရိက္ခာခြောက်အချို့ ဖြန့်ဝေပေးနေပုံကို နိုင်ငံပိုင်မီဒီယာတွေမှ တဆင့် ပြသခဲ့ပါတယ် ။ တကယ်တမ်းလိုအပ်နေတဲ့ နေရာတွေကိုရောက်မရောက် ကတော့ ဘုရားမှ သိနိုင်တော့မှာပါပဲ ။

ရခိုင်အမျိုးသမီးတစ်ဦး မတရားကျင့်ခံရပြီး အသတ်ခံရတဲ့ဖြစ်စဉ်နောက်မှာ ၊ အပြစ်မဲ့ ဘင်္ဂလီမဟုတ်တဲ့ ပြည်တွင်းနေ မွတ်ဆလင်မ် ၁၀ဦး အသတ်ခံခဲ့ရတယ် ။အဲ့ဒီနောက်တော့ ဘင်္ဂလီတွေအများစုရှိတဲ့ မောင်တော ၊ ဘူးသီးတောင် မြို့နယ်တွေမှာ လူမျိုးရေး မီး ကူးစက်လောင်ကျွမ်းခဲ့တယ် ။ ရာဇ၀တ်မူနဲ့လူမျိုးရေးဟာရောထွေးသွားတဲ့နောက် အမည်တပ်လို့မရတဲ့ လူသတ်မူ့တွေ ၊ တရားခံဖော်လို့မရတဲ့ လူသတ်မူ့တွေ အများကြီး ဖြစ်ခဲ့တာပါ ။ အေးချမ်းစွာနေခဲ့ကြတဲ့ရွာတွေ ၊ ရပ်ကွက်တွေ ဟာ မီးဟုန်းဟုန်းတောက်လောင်ကျွမ်းခဲ့တယ် ။ နယ်စပ်ဖက်က ရခိုင်ရွာသူရွာသားတွေဟာ ဘင်္ဂလီတွေရဲ့ ပိတ်ဆို့ထားမူ့ကြောင့်
ကယ်သူ ကူသူမဲ့ ထွက်ပေါက်ပိတ်နေခဲ့ကြပါသတဲ့ ။ ဒုက္ခသည်စခန်းကိုရောက်လာတဲ့ ဒေသခံတွေမှာ ယောင်္ကျားပျောက်သူ ၊ မိန်းမပျောက်သူ ၊ ကလေးတွေပျောက်သူ ၊ မောင်နှမသားချင်းတွေ ပျောက်သူတွေနဲ့ ပြည့်နှက်နေခဲ့ကြပါတယ် ။

ဒီပြသနာအားလုံးရဲ့တရားခံဟာ ဘယ်သူလည်းဆိုတာ လက်ညိုးထိုးပြနေစရာမလိုတော့ပါဘူး ။ ဟိုးနှစ်ပေါင်း ဆယ်နဲ့ချီကတည်းက တဖွဲဖွဲဝင်ရောက်လာနေတဲ့ ဘင်္ဂလီတွေဟာ အခုဆိုရင် အင်အားတောင့်တင်းတဲ့ အဖြစ်က နေပြီး အင်အားသာလွန်တဲ့ အခြေအနေကိုတောင်ရောက်နေပါပြီ ။ နိုင်ငံခြားသို့တစိမ့်စိမ့်ယိုစီးနေတဲ့ ရခိုင်သွေးသစ်တွေ ၊ ရန်ကုန်မြို့ကြီးနဲ့ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ ပြန့်နှံ့နေတဲ့ ရခိုင်အိမ်ထောင်စုတွေကြောင့် ရခိုင်ပြည်ဟာ အရင်ကလောက်
မတောင့်တင်းတော့ပါဘူး ၊ အရင်ကလောက် ဘင်္ဂလီတွေရဲ့ ဖိလာမူ့ကို တောင့်မခံနိုင်တော့ပါဘူး ။ ဒါ့အပြင် တင်းကျပ်မူ့မရှိတဲ့ နယ်စပ်အခြေအနေ ၊ငွေရှိရင် ပြီးနေတဲ့ အစိုးရအမူ့ထမ်းတွေကြောင့်လဲ ရခိုင်ပြည်နယ်ကြီးဟာ ဘင်္ဂလီတွေရဲ့ စံပျော်ရာ ၊ အောင်မြေဖြစ်လာနေခဲ့တာကြာပါပြီ ။


ရခိုင်ပြည်သားတွေ အဲ့လို ဒုက္ခသည်ဘ၀ကြရောက်ပြီး ၊ အိပ်ကောင်းခြင်း မအိပ်ရ ၊ စားကောင်းခြင်းမစားရ ဖြစ်နေတဲ့ အခြေအနေမှာ တကမ္ဘာလုံးကို တင်ပြနေတဲ့ နိုင်ငံခြားအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ BBC VOA  DVB စတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခဲ့ကြတာကတော့ အစိုးရစစ်တပ်နဲ့ ရခိုင်ဗုဒ္ဓဘာသာ
အကြမ်းဖက်တွေက ဘင်္ဂလီ(ရိုဟင်ဂျာ)မွတ်ဆလင်မ်တွေကို မျိုးတုန်းသတ်ဖြတ်မူ့ကျူးလွန်နေကြပါသတဲ့ ။ အဲ့ဒီသတင်းဌာနတွေရဲ့ မြန်မာပိုင်းဝန်ထမ်းအများစုဟာဟိုတချိန်က  မြန်မာနိုင်ငံက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဖြစ်ပြီး ၊ အစိုးရရဲ့ ဖမ်းဆီးမူ့ကြောင့် ဖြစ်စေ ၊ မိမိဆန္ဒကြောင့်ဖြစ်စေ နိုင်ငံရပ်ခြားကိုတိမ်းရှောင်ခဲ့ကြသူတွေပါ ။ မြန်မာနိုင်ငံသာ စစ်စစ်ဖြစ်ကြသူတွေပါ ၊ ဗုဒ္ဓဘာသာက အများစုပါ ။ ဟိုအရင်ကသူတို့ကို ပြည်ပရောက်ဒီမိုအင်အားစုတွေလို့ သုံးနုန်းခဲ့ကြပါတယ် ။

ဒါဟာ အမျိုးသားရေးသစ္စာဖောက်တာပါပဲ ၊ နိုင်ငံကို သစ္စာဖောက်တာပါပဲ ။ သတင်းဌာနမို့ သတင်းအမှန်ကိုဖော်ပြတယ်ဆိုရင် ထားတော့ ၊ အခုက တကယ်ဖြစ်နေတာနဲ့ ဆန့်ကျင်ဘက်ကြီးကို တကမ္ဘာလုံးသိအောင်လွှင့်နေကြတာပါ ။ အင်မတန်ကို ရှက်ဖို့ကောင်းတဲ့ ကိစ္စကြီးဖြစ်တယ် ။ ဒီသတင်းဌာနတွေဟာတချိန်တုန်းကတော့ မြန်မာပြည်မှာ အင်မတန် လူကြိုက်များ ခဲ့တဲ့သတင်းဌာနဟာ ရခိုင်အရေးတခုထဲနဲ့ပဲ မြောင်းထဲရောက်သွားခဲ့တယ် ။ အရင်က BBCDVB သတင်းထောက်ဆိုရင် လူတွေလိုလိုလားလား သတင်းပေးခဲ့ကြပေမယ့် ၊ အခုတော့ အမြင်ကပ်တဲ့အဆင့်ရောက်သွားခဲ့တယ် ။ ဒါဟာ သတင်းအမှန်
ကို မဖော်ပြပဲ မြန်မြာ့ပည်နဲ့ မြန်မာလူမျိုးတွေကို သိက္ခာချခဲ့တဲ့ အကျိုးပဲ ဖြစ်တယ် ။

ရခိုင်အရေးမှာ ရလိုက်တဲ့ တန်ဖိုးရှိတဲ့အရာတခုက ပြည်ထောင်စုသားအချင်းချင်း ၊ အရင်ကထက် စည်းလုံးညီညွတ်သွားတာပဲဖြစ်မယ် ။ အရင်က ဘာသိဘာသာနေခဲ့ကြသမျှ အခု သွေးစည်းသွားကြတယ် ၊ ရခိုင်အရေးမှာ အရင်က မသင့်မြတ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးတွေ သင့်မြတ်ကုန်တယ် ။ လည်ပင်းညှစ်ကြရာက လည်ပင်းဖက်သွားကြတယ် ။ မြန်မာနိုင်ငံအရပ်ရပ်က အလှုငွေတွေ အနောက်ဘက်ကမ်းကို တဖွဲဖွဲ တသဲသဲရောက်လာတယ် ။ ဒါဟာ အင်မတန်အကျိုးရှိသွားတဲ့ အချက်ဖြစ်တယ် ။ အဲ့ဒါနဲ့ ဆန်ကျင်ဘက် သိသာထင်ရှားသွားတဲ့ အချက်တစ်ချက်ရှိတယ် ၊ မြန်မာပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူများနဲ့ မြန်မာပြည်သားများ ဆက်ဆံရေး ။

ရခိုင်အရေးမှာ ပြည်ထောင်စုသားတွေနဲ့ ပြည်တွင်းနေမွတ်ဆလင်မ်တွေဟာ စကားစစ်ထိုးပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တယ် ၊ ဆိုရှယ် နက်ဝပ်ခ်တွေဖြစ်တဲ့ဂျီမေးလ်ဂရုလ်တွေ ၊ ဖေ့ဘုတ်တွေ ၊ မီဒီယာတွေမှာ ရန်ဘက်တွေဖြစ်ကုန်တယ် ။ တဖက်နဲ့တဖက် ဆဲကြဆိုကြ ၊ ဘာသာရေးပုတ်ခတ်ကြတဲ့ အဆင့်အထိဖြစ်ကုန်တယ် ၊ ဒီကိစ္စဟာ ဘယ်ကစလဲဆိုရင် တောင်ကုတ်အရေးက စတယ်ပြောရမယ် ။ တောင်ကုတ်မှာ ပြည်တွင်းနေမွတ်ဆလင်ဆယ်ဦး အပြစ်မဲ့သေဆုံးခဲ့ကြရတယ် ။ မုဒိန်းကျင့်ခံရတဲ့ မိန်းမပျိုဓါတ်ပုံနဲ့ဝါဒဖြန့်စာတွေ ၊ တောင်ကုတ်ကလူတွေရဲ့ လူမျိုးစွဲပြင်းထန်မူ့တွေကြောင့် ရခိုင်လူမျိုးတွေမှာ အမဲစက်ထင်ခဲ့ရတယ် ။ အမှန်စင်စစ် ဒီအဖြစ်ဟာ မောင်တောအရေးကိုမီးရှို့ပေးလိုက်တဲ့မီးစပဲဖြစ်တယ် ။ တနေ့နေ့မှာလောင်မယ်မှန်းသေချာနေတော့လဲ ကျောက်နီမော် အရေးနဲ့ တောင်ကုတ်အရေးဟာ မကြာခင်လူမေ့စရာဖြစ်သွားခဲ့ပေမယ့် ၊ ပြည်တွင်းနေမွတ်ဆလင်မ်တွေအတွက် ကတော့ ဒီကိစ္စဟာ ကမ္ဘာမကြေစရာလို့ မှတ်ယူသွားခဲ့ကြတယ် ။

တောင်ကုတ်ကိစ္စဟာ သူတို့ကိုစော်ကားခြင်း ၊ တရားဥပဒေမဲ့ လူသတ်ခြင်းဖြစ်တယ်လို့ ပြည်တွင်းနေ မွတ်ဆလင်မ်တွေက ဆူးလေမှာ ဆန္ဒပြကြတယ် ။ အမှန်စင်စစ် ကိစ္စတွေဟာ ဖြစ်တာမြန်လွန်းတယ် ၊ တခုနဲ့တခုဟာ ဇတ်တိုက်ထားသလိုဖြစ်နေတယ် ။ သေချာတာတခုကတော့ ပြည်တွင်းနေ မွတ်ဆလင်မ်တွေဟာ ရိုဟင်ဂျာနဲ့ ပြည်ထောင်စုသားတွေရဲ့တိုက်ပွဲမှာ လက်ရှောင်နေ သင့်ရဲ့ လက်မရှောင်ပဲ ၊ အင်တာနက်တိုက်ပွဲတွေ ၊ ၀ါဒဖြန့်ပွဲတွေကနေတဆင့်ရိုဟင်ဂျာတွေဘက်က ကူခဲ့ကြတယ် ။ ရခိုင်နဲ့စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်လို့ ထပ်ဆင့်လွှင့်ခဲ့ကြသူတွေဟာ ပြည်တွင်းနေမွတ်ဆလင်မ်အများစု ဖြစ်တယ် ။ ရိုးသားအေးဆေးတဲ့ မွတ်ဆလင်မ်တချို့က ၀င်ရောက်တောင်းပန်ကြ ၊ ဖြန်ဖြေကြ ၊ ရခိုင်အရေးကို စိတ်ပူကြပေမယ့်ပြည်တွင်းနေမွတ်ဆလင်မ်တော်တော်များများကတော့ ရိုဟင်ဂျာတွေဘက်က တတ်နိုင်သလောက် ရပ်တည်မယ်ဆိုတဲ့ ဟန်ပန်ရှိခဲ့ကြတယ် ။

သူတို့ဟာ ဆိုရှယ်နက်ဝပ်တွေမှာ ဘင်္ဂလီဆန့်ကျင်ရေးစာတွေတင်တဲ့အခါ အောက်က နဂတေ့ ကွန်မန့်တွေပေးကြတယ် ၊ ဘင်္ဂလီမွတ်ဆလင်မ်တွေနဲ့ဆက်စပ် ဆောင်းပါးတွေ ရေးတဲ့အခါ ၊ အစ္စလာမ်ဘာသာရဲ့ အကြောင်းပါလာတဲ့အခါ ဒါဟာဘာသာရေးစော်ကားမူ့ပါ ၊ သူတို့ကို ပါရောပြီး စော်ကားတယ်လို့ အော်တယ် ။ ပြည်ထောင်စုသားများအဖို့ကတော့ ဘင်္ဂလီတွေကိုလည်း ဒေါသအလျှောက်ပြောချင် ၊ ပြည်တွင်းနေမူဆလင်မ်တွေရဲ့မျက်နှာ
ကိုကြည့်ပြီးလည်း မပြောသင့်ပြောသင့်စဉ်းစားနေခဲ့ကြရတယ် ။ ဒါဟာ အင်မတန်ဂွကျတဲ့ အချက်တစ်ချက်ဖြစ်တယ် ။ ဒါတွေကြောင့်လည်း ပြည်ထောင်စုသားတွေနဲ့ ပြည်တွင်းနေမူဆလင်မ်တွေကြားမှာ အမြင်မရှင်းမူ့တွေ ထပ်တိုးလာတာပဲ ဖြစ်မယ် ။

ပြည်တွင်းမှစာနယ်ဇင်း မီဒီယာတွေဟာလည်း အရင်ကတက်ပိုပြီး အက်တစ်ဖြစ်လာတယ် ၊ အက်သစ်နဲ့ ညီလာတယ် ။ ဆိုရှယ်နက်ဝပ်ခ်တွေကတော့အထိမ်းအကွပ်မဲ့ ကြီးထွားဆဲပဲ ။ ဒါကြောင့်လည်း ဧရာဝတီမီဒီယာက ရခိုင်အရေးဟာ အင်တာနက်သုံးစွဲသူတွေကြောင့်ပိုမိုကြီးထွားလာတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလာတာဖြစ်တယ် ။ ဧရာဝတီမီဒီယာနဲ့ အွန်လိုင်းအသုံးပြုသူအများစုကတော့ ရန်ဘက်တွေဖြစ်သွားခဲ့တယ် ။

ဘာပဲ ဖြစ်ဖြစ် ရခိုင်အရေးဟာ အနောက်ဘက်ကမ်းကို လူထုနဲ့နိုင်ငံတကာက စိတ်ဝင်စားစေတယ် အမှတ်တမဲ့နေခဲ့ကြသူတွေကလည်း စိတ်ဝင်စားလာကြတယ် ။ ရခိုင်အရေးဟာ လူမျိုးရေး ဘာသာရေးသာမက နိုင်ငံရေး စီးပွားရေး နဲ့လည်းဆက်စပ်နေတယ် ။ ရခိုင်ပြည်က သဘာဝဓါတ်ငွေ့တွေ ၊ရခိုင်ရေနက်ဆိပ်ကမ်း နဲ့ ရေနံ ပရောဂျက်တွေက ရနေတဲ့ ငွေကြေးတွေကို အစိုးရက သိမ်းကြုံးယူပြီး ရခိုင်ပြည်သူတွေကို ဘာမှကာကွယ်မူ့မပေးနိုင်ဘူးလို့ ယူဆလာကြတယ် ။ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး
တက်ရေးပါတီ ဟာလည်းအရင်ကထက်စာရင် တက်ကြွလာတယ် ၊ လူသိများလာတယ် ၊ လူရှေ့
ထွက်လာတယ် ၊ ဆန့်ကျင်ဘက်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရဟာ ရုပ်ပြဆိုတာလည်း တပြည်နယ်လုံးနီးပါးသိသွားခဲ့ကြတယ် ။

ရခိုင်အရေးဟာ ပြီးဆုံးလုပါပြီ ။ ထောင်သောင်းများစွာသော ဒုက္ခသည်များ ၊ မိမိရပ်ရွာကို မပြန်ရဲကြသူများ ၊ စီးပွားပျက်သွားကြသူများ ၊ အိမ်မီးလောင်ပြီးရှိသမျှ ကုန်သွားသူများ များ  များ  များ ဟာ တော့အချီးနည်း ဖြစ်ပြီး ကျန်ခဲ့တယ် ။ ဒီလူတွေကို ရေရှည် ဘယ်လိုပြန်လည်ထူထောင်ကြမလဲ . . . ၊ကျောင်းမတက်ရသေးတဲ့ ကျောင်းသားတွေ . . . ဘာမှ ကုန်းကောက်စရာမရှိတော့တဲ့မိဘတွေ . . . နေ့စဉ်စားနပ်ရက္ခာကို ဘယ်သူကထောက်ပံ့ပေးမလဲ။
ဘယ်အချိန်ထိလဲ . . .ဘင်္ဂလီတွေရဲ့ ခိုးဝင်မှုကို ဘယ်လိုထိန်းသိမ်းကြမလဲ ၊ နောက်တခါ ဒီလိုအကြမ်းဖက်မူ့မဖြစ်အောင်ဘယ်
လိုကာကွယ်ကြမလဲ . . .။ရခိုင်အရေးဟာ ပြီးဆုံးလုသော်လည်း . . . ဆက်ရန်ရှိဆဲ ။


 မာဃလုလင်
https://www.facebook.com/margaluelin

0 comments: