Pages

Saturday, June 9, 2012

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများ၏ ကျူးကျော်စော်ကားမှု

၈ရက်၊ ဂျွန်လ၊ ၂၀၁၂ခုနှစ်သည် မြန်မာနိုင်ငံသားများအတွက် အင်မတန်မှ ဂုဏ်ငယ်ရသော နေ့ဖြစ်ပေသည်။ နာမည်ကြီးကမ္ဘာ့မီဒီယာများဖြစ်ကြသည့် BBC, VOA အပါအဝင် အခြားသော မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်နေကြသော သတင်းဌာနများမှ မဟုတ်မမှန် စွပ်စွဲခံရခြင်း၊ တရားခံများကဲ့သို့ ဖော်ပြခံရခြင်း၊ မြန်မာ့ဌာနေ မျိုးရင်းတိုင်းရင်းသားများ ဖြစ်သည့် ရခိုင်လူမျိုးများ အကြမ်းဖက်ခံရခြင်း၊ ထိုအဖြစ်အား ပြောင်းပြန်ပြောင်းလဲ၍ မြန်မာ့လုံခြုံရေး ဝန်ထမ်းများမှ ရခိုင်ဒေသတွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် ဘာသာလူမျိုးခြားများ (အကြမ်းဖက်သမားများ)အား နှိမ်နှင်းသည့် သတင်းအား ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြခံရခြင်း စသည့် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြုနေသော အချက်အလက်များကိုသာ ဖော်ပြ၍ စော်ကားခံရခြင်းတို့ကြောင့် ဖြစ်ပါသည်။

မြန်မာတိုင်းရင်းသားများ(အထူးသဖြင့် ရခိုင်)သည် ပင်ကိုယ်ဗီဇအားဖြင့် အေးချမ်းစွာဖြင့် မတူညီသော ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှုများအား နှစ်ပေါင်းကြာရှည်စွာဖြင့် ပဋိပက္ခအသွင် မရောက်စေရန် သီးခံနိုင်သမျှ အေးအေးလူလူသာ ရင်ဆိုင်ခဲ့ကြသည်သာ ဖြစ်သော်လည်း၊ အကြမ်းဖက်မှုကို လိုလားကြသည့် အဆိုပါ ဘာသာလူမျိုးခြားများနှင့် ပြဿနာများကို ရင်ဆိုင်ခဲ့ကြရသည်များသာ ရှိကြရှာပါသည်။ ဘာသာလူမျိုးခြား အများစုမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂလီ (အမည်ခံ ရိုဟင်ဂျာ) များက အများဆုံးဖြစ်ပါသည်။

နောက်ခံဖြစ်စဉ်အကျဉ်း
ယခု ဖြစ်ပွားရသော ပဋိပက္ခများ၏အစမှာ  ၂၈ရက်နေ့၊ မေလတွင် ကျောက်နီမော်ရွာမှ ရခိုင်တိုင်းရင်းသူတစ်ဦးအား ဘာသာလူမျိုးခြား သုံ့းဦးမှ လုယက်၊ မုဒိမ်းကျင့်၍ ဓါးဖြင့် အချက်ပေါင်းများစွာ ရက်ရက်စက်စက် ထိုးသတ်သွားသည့် အမှုမှ စတင်ပါသည်။ အဆိုပါ တိုင်းရင်းသူမှာ စက်ချုပ်သမတစ်ဦးဖြစ်ပြီး ဇာတိဖြစ်သည့် သပြေချောင်းရွာသို့ အလည်အပတ်ပြန်လာစဉ်တွင် ထိုသို့အဖြစ်ဆိုးဖြင့် ကြုံဆုံရခြင်းဖြစ်သည်။ အဆိုပါ အဖြစ်အပျက်ကြောင့် များစွာသော ဒေသခံတို့မှာ ခံပြင်းဒေါသထွက်ခြင်းတို့ကို ခံစားရသော်လည်း တစုံတရာအကြမ်းဖက်ခြင်း မရှိဘဲ တရားဥပဒေအရ စီရင်ပေးနိုင်ရန်သာ ဒေသအာဏာပိုင်များအား တောင်းဆိုခဲ့ကြပါသည်။

မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ပြီး ရမ်းဗြဲမြို့ခံ လူထု ၇၀၀ ကျော်ခန့် က မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မေလ ၃၀ ရက်နေ့ နေ့လည်တွင်  ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး  မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါသည်။ ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း၊ ဒေသဆိုင်ရာတရားရုံးတွင် ရုံးတင်စစ်ဆေးနေကြောင်း သိရသည်။

သို့သော် ထိုဖြစ်ရပ်ဖြစ်ပွားပြိးနောက် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာမှန် လုံယာဉ်၌ လိုက်ပါလာသော အစ္စလာမ် ဘာသာဝင်များအား သံတွဲ-တောင် ကုတ်လမ်းဆုံတွင် လူ ၃၀၀ ခန့်က ပိတ်ဆို့ကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ်၌ လိုက်ပါလာသော အစ္စလာမ်ဘာသာဝင်များအား ဆွဲချရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ယာဉ်ပေါ် ၌ လိုက်ပါလာသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း တောင်တွင်းကြီးမြို့မှ ခြောက်ဦး၊ မြောင်းမြမြို့မှနှစ်ဦးနှင့် သံတွဲမြို့မှ နှစ်ဦးဖြစ်ကြောင်း အစိုးရသတင်းစာက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်မှာ မဖြစ်သင့်သော လက်တုန့်ပြန်မှုသာဖြစ်၍ ထိုဖြစ်ရပ်အတွက် ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များက မကျေနပ်သောကြောင့် တရားဥပဒေအရ စီရင်ဆုံးဖြတ်ပေးရန် စုဝေးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အာဏာပိုင်များ၊ လုံခြုံရေးတာဝန်ရှိသူများက တရားဥပဒေအရ ဆုံးဖြတ်စီရင်ပေးမည်ဟု ဂတိများပေးအပ်ခဲ့ပြီး အမှန်တကယ်တွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်နယ်တာဝန်ရှိသူများ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း၍ စစ်ဆေးစေခဲ့ပါသည်။

ဇွန်လ ၃ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ စက်ရုံ စုဈေး ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးသူ ဦး အောင်သန်းဝေ ပျောက်ဆုံးရာမှ အဓိ ကရုဏ်းတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဦးအောင်သန်းဝေသည် စစ်တွေ မြို့ရှိ စက်ရုံစုဈေး (ယခင်အခေါ် နာဇီ ဈေး)တွင် ကောက်ခံသည့် အခွန် ကောက်ခံမှုနှုန်း များပြားမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံစု ဈေးသည် ဇွန်လ ၂ ရက်နေ့တွင် ပုဂ္ဂလိကသို့ လေလံဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့သော ဈေးဖြစ်သည်။

ဇွန်လ ၃ ရက်နေ့တွင်စက်ရုံစုဈေး၌ ဈေးကောက် ကောက်ခံမှုနှင့် ပတ်သက်သည့် ပြဿနာတစ်ခုကို ဦးအောင်သန်းဝေက ဖြေရှင်းပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် ဦးအောင်သန်းဝေရှိနေသည့် လက်ဖက်ရည်ဆိုင်သို့ လေလံလုပ်ခွင့် ရထားသော အဖွဲ့မှလူအချို့ လာရောက်ပြီး ရန်လိုသည့် အပြုအမူများ ပြုခဲ့ကြကြောင်း။ ထို့နောက်၎င်းအနေဖြင့် ညီဖြစ်သူ နေအိမ်သို့ ခေတ္တတိမ်းရှောင်နေခဲ့ကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက် အရ သိရသည်။

ဇွန်လ ၃ ရက် ည ၇ နာရီခွဲတွင် ဦးအောင်သန်းဝေ၏ ဇနီးဖြစ်သူ ဒေါ်အောင်သန်းမြ အပါအ၀င် အမျိုးသမီး (၁၀)ဦး အမှတ်(၁)ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်းပျောက်ဆုံး နေကြောင်း အကြောင်းကြားစဉ် လူအင်အား ၅၀ ခန့်မှ ၂၀၀ ခန့်အထိစု ဝေးရောက်ရှိလာကြောင်း၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီမှ စစ်တွေမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြကျော် ရောက်ရှိလာပြီး ဦးအောင်သန်းဝေအား ၎င်းကိုယ်တိုင် ရှာဖွေပေးမည်ဟု ပြောဆိုခဲ့သဖြင့် ဒေါ်အောင်သန်းမြတို့ ပြန်သွားခဲ့ကြောင်း။

ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဦးအောင် သန်းဝေသည် ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်းမှာ ဦးအောင်သန်းဝေ ဖြစ်ကြောင်း မှတ်ပုံတင်ပြကာ စောင့်ဆိုင်းနေသော လူအုပ်ကြီးအား ပြောဆိုပြီး ရဲစခန်းအတွင်း ၀င်ရောက် သွားခဲ့ကြောင်း၊ စောင့်ဆိုင်းနေသူ များက ဦးအောင်သန်းဝေအား ဖမ်းဆီးသွားသူများကို ရှာဖွေစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ တောင်းဆိုသူများမှ လူစုမခွဲဘဲ ရဲစခန်းအား ဝိုင်းရံ၍ စီးနင်းရန်ကြိုးပမ်းသဖြင့်  ည ၁၂ နာရီကျော်အချိန်တွင် ရဲတပ်ဖွဲ့ဝင် များက သေနတ်များကို မိုးပေါ် ထောင်ပစ်ခတ်ပြီး လူစုခွဲခဲ့ကြောင်း၊ သေနတ်များ မိုးပေါ်ထောင်ပစ်ခတ်သဖြင့် လူစုကရဲစခန်းအား ခဲများဖြင့် ပြန်ပစ်ခဲ့ကြကြောင်း၊ ရဲစခန်းအတွင်း အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း။ ထို့နောက်တွင် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် အခြေအနေရှုပ်ထွေးကာ နံနက် ၃ နာရီဝန်းကျင်တွင် မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး နံနက် ၅ နာရီဝန်းကျင် တွင် လူစုကွဲသွားခဲ့ကြောင်း မျက်မြင် သက်သေများ၏ ပြောကြားချက်အ ရသိရှိရသည်။ အဆိုပါအဓိကရုဏ်းတွင် ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖြစ်အပျက်အထိ အမှားများမှာ နှစ်ဦးနှစ်ဖက်လုံးတွင် တာဝန်ရှိနေပြီး အစိုးရအနေဖြင့်လည်း တရားဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးနိုင်ရန် အတတ်နိုင်ဆုံး တာဝန်ယူဆောင်ရွက်နေသည့် အနေအထားဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ယနေ့ဖြစ်စဉ်

၈ရက်၊ ဂျွန်လ၊ သည် သောကြာနေ့ဖြစ်ပြီး ထုံးတမ်းစဉ်လာအရ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲများကို ဗလီများတွင် ကျင်းပမြဲကဲ့သို့ပြင် လူဦးရေ၏အများစုမှ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီများဖြစ်ကြသည့် ရခိုင်ပြည်နယ် မောင်တောမြို့တွင်လည်း  နံနက်ပိုင်း ဗလီတက်၍ ဝတ်ပြုဆုတောင်းသည်။ သို့သော်ဗလီမှ ဆင်းချိန်တွင် အဆိုပါ ဘာသာလူမျိုးခြားတို့မှာ လူစုလူဝေး ဖြင့် မြို့ စွန်ရှိ ဗိုလ်မှုးကျေးရွာမှ နေအိမ်များ ကို မီးရှို့ ဖျက်ဆီး ပြီး အနည်းဆုံး လူ ၁၀ ဦးခန့် ကို အုတ်ခဲများ တုတ်များဖြင့် လိုက်လံပြစ်ခတ် သောကြောင့်  ဆရာဝန်နှစ်ဦးနှင့် အခြားအသက် ၆၀ကျော် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါသည်။



သေဆုံးသူများမှာ ဓားဖြင့် ခုတ်သတ်ခံရခြင်းကြောင့် သေဆုံးခြင်းဖြစ်ပြီး ၊ ဒဏ်ရာရရှိသူ လေးဆယ်ဦးခန့်  ရှိသည်ဟု သိရသည်။ ထို့ပြင် တည်းခိုခန်း နှစ်ခုအပါအဝင် ဒေသခံ ရခိုင်နှင့် ဗမာအပါအဝင် အခြားတိုင်းရင်းသားများ (လူနည်းစု)မှ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ၊ နေအိမ်အဆောက်အအုံများကိုလည်း ဆက်လက်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်း အပါအဝင် အကြမ်းဖက်မှုများအား ကျူးလွန်ကြသည်။

အနီးအပါးရှိ ကျေးရွာငယ်အချို့မှ ဒေသခံများ၊ တိုင်းရင်းသားများကိုလည်း အထက်ပါကဲ့သို့သော အကြမ်းဖက်မှုများအား ကျူးလွန်ခဲ့ကြသဖြင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များမှ တာဝန်ယူ၍ ရှင်းလင်းခြင်း၊ နှင်ထုတ်ခြင်းများကို လုပ်ခဲ့သော်လည်း ပြဿနာမှာ ထောင်နှင့်ချီသော လူအုပ်စုအင်အားကြီးမားလွန်း၍ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အချိန်တိုအတွင် နိုင်နင်းအောင် ကိုင်တွယ်ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ပါသည်။

ဒေသခံခြေလျှင် တပ်ရင်းတစ်ခု ၊ အကျဉ်းဦးစီးနား ရဲဘက်စခန်း တစ်ခုအတွက် အကစ လုံခြုံရေး ၀န်ထမ်း နှင့် ရဲတပ်ဖွဲ့ တစ်ခုသာရှိသည်။ တစ်နေ့ထဲတွင် မီးရှို့ဖျက်ဆီးခံရသော ကျေးရွာ ၁၄ရွာရှိပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများလည်း ပါဝင်သည်ဟု သိရသည်။

သိရှိရသမျှသော ဖျက်ဆီးမှုများမှာ-

မောင်တောမြို့မ ကျောက်ဗလီမှ ၀တ်ပြုပြီး ဆင်းလာသည့် အစ္စလာမ်ဘာသာကိုးကွယ်သူ အင်အား (၁၀၀၀)ကျော်ခန့်သည် ကမ္ဘောဇ ဘဏ်အဆောက်အအုံ၌ အဖီချထားသည့်အမိုးအား ဆွဲချပြီး ဆူပူအော်ဟစ်ခဲ့သည့်အပြင် ယူနိုက်တက်တည်းခိုခန်းနှင့် နေအိမ်တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊

နေ့လည်(၂)နာရီခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြားရှိ ဘုန်းတော်ကြီးကျောင်း(ဗဟိုကျောင်း)အနောက်ဘက် ဗိုလ်မှူးရွာသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ဆက်လက်၍ မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု ခရေမြိုင်(နတလ)ကျေးရွာနှင့် ညောင်းချောင်းကျေးရွာအုပ်စုရှိ ရွှေရင်အေး (နတလ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား မီးရှို့ခဲ့ကြောင်း၊

ညနေပိုင်းတွင် ဆူပူသူ (၂၀)ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ၀င် ရောက်နှောက်ယှက်ခဲ့သာည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ်(၂)လုံးအား ထပ်မံမီးရှို့ခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများမှာ အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်း ရွှေ့တိမ်းရှောင်ခဲ့ရကြောင်း၊

ထို့ပြင် ဆူပူသူတို့၏ ရန်ပြုမှုများကြောင့် ဗိုလ်မှူးရွာမှ အောက်ပါ ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း

(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ

(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ

(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ

(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ

(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင် ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ

တို့ဖြင့် ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ပါသည်။

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာ အနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တောမြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။



မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

အထက်ပါ အဖြစ်အပျက်များအရ ရန်ငြိုးရန်စဖြင့် ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအား ဘာသာလူမျိုးခြား နယ်စပ်ဖျက်ကျော် ဘင်္ဂလီများက အကြမ်းဖက်ကျူးလွန်ခဲ့ကြောင်း ထင်ရှားပါသည်။ အများလိုလားတောင့်တနေသည့် တရားမျှတစွာစီရင်ရေးအား သွေဖီကာ လူအုပ်စုဖြင့် အကြမ်းဖက်ခြင်း၊ သူတစ်ပါးပိုင်နက်နေအိမ်များအား ကျူးကျော်ဖျက်ဆီးခဲ့ခြင်း၊ သူတစ်ပါး အသက်အား သတ်ဖြတ်ခြင်း၊ ဘာသာရေး အဆောက်အဥိးများအား ဖျက်ဆီးခြင်းတို့မှာ လက်ခံနိုင်ဖွယ်မရှိသော အကြမ်းဖက်မှုများသာဖြစ်ပါသည်..။

အဆိုပါ အကြမ်းဖက်မှုများမှာ လူမျိုး ဘာသာ နယ်နိမိတ်ကိုကျော်လွန်၍ ဆိုးရွားသော လူမဆန်သည့် အကြမ်းဖက်မှုဟုသာ မြန်မာတို့က ယူဆကြပါသည်။ ထို့အတူ ကျူးလွန်သူများမှာလည်း မြန်မာဌာနေ တိုင်းရင်းသားမဟုတ်သည့် ဘင်္ဂလီ(အမည်ခံ ရိုဟင်ဂျာ)များသာ ဖြစ်ကြပါသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာ့တပ်မတော်မှ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းနေကြောင်း သိရှိရပါသည်။ မည်သို့ပင်ဆိုစေကာမှု အကြမ်းဖက်တိုက်ခိုက်မှုဆိုသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် အန္တရယ်ကြီးဖြစ်၍ နိုင်ငံသားတိုင်း ဝိုင်းဝန်းဆန့်ကျင် သွားရမည်သာဖြစ်ပါသည်။ ပြည်တွင်းရှိ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင်များ အနေဖြင့်လည်း အကြမ်းဖက်မှု လုပ်ရပ်များကို ဆန့်ကျင်ရှုံချကြောင်း ထုတ်ပြန်ကြေညာချက်များ ပြုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

ထို့အပြင် နာမည်ကြီးကမ္ဘာ့မီဒီယာများဖြစ်ကြသည့် BBC, VOA အပါအဝင် အခြားသော မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်နေကြသော သတင်းဌာနများမှ မဟုတ်မမှန် စွပ်စွဲခံရခြင်း၊ တရားခံများကဲ့သို့ ဖော်ပြခံရခြင်းများကို ပြင်းထန်းစွာ ဝေဖန်ရှုံချလိုက်ပါသည်။ အဆိုပါ ပြည်ပမီဒီယာများ၏ အောက်တန်းစား လုပ်ရပ်များ၊ တိုင်းပြည်ကို ရောင်းစာနေသော လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်သွားကြရန်လဲ မြန်မာနိုင်ငံသူ နိုင်ငံသားများကို အလေးအနက်တိုက်တွန်းလိုက်ရပါသည်။

(မင်းသိန်း)

ကိုးကား
https://www.facebook.com/ElevenMediaGroup
https://www.facebook.com/thevoiceweekly
https://www.facebook.com/hmuu.zaw

0 comments: