Pages

Tuesday, June 12, 2012

မြင်ကွင်းသစ်

ပရိတ်သတ်တဦး ပေးပို့လာသော ကဗျာအား တင်ဆက်လိုက်ပါသည်။ နောက်ကျမှ တင်ပြဖြစ်သည်ကို ခွင့်လွှတ်ပေးပါရန်။ 
မြင်ကွင်းသစ်  
 
အရိပ်ခို အခက်ချိုး
စိစိကြီလားအောင် ခြံတပ်တိုး ကျူးကျော်
နီမြီ  အိမ်ယာကို လုယက်
အမျိုးကိုပါ တခါကျီ အစအနမကျန်
ဖျောက်ဖျက် ပစ်လိုက်ဖို့လား
အရှိပါ အနောက်ပါ နယ်ချဲ့လို့လာနီရေ ဝါဒဆိုးတိ…

လောင်းရိပ်အောက်ကနီ ကာခံ မောင်ထုတ်ဖို့ဖြစ်စီ
ပြင်ပရပ်ဝန်းကနီ ကြားဝင် တိုက်ထုတ်ပီးဖို့ဖြစ်စီ
ရက္ခိတရို့ ဇာနည် နီသွီးတိ ဒေဂုချိန်
အရေးတကြီးကို လိုအပ်လို့ လာနီဗျာလ်၊

အချင်းချင်း  ချစ်ခင်  ရင်းနှီးကတ်ပါမေ
အချင်းချင်း ချစ်ခင်သွီးစည်း ညီညွတ်ကတ်ပါမေ
အချင်းချင်း လက်ချင်း ဆက်ကတ်ပါမေ
အချင်းချင်း လက်ဆင့် ကမ်းကတ်ပါမေ

နီလောင်ဒဏ်သင့်နီရေ သစ်တစ်ပင်ဧ့ သမိုင်း
အကိုင်းအခက်ဖြာဝီ နိုင်စီဖို့ အခွင့်ကရာ မသာ
အမြစ်ကိုရာ မြီလှန်ထုတ် ကလော်ပစ်ဖို့
ချောင်းမြောင်း လုပ်ကြံ ခံနီရရေ အထဲ...

ထော…ဒေဂု….
စပါးသျှင်ကို မျောက်နှင် ဝိုင်းကိုက်သတ်တေ မြင်ကွင်းက
အနိဌာရုံ အကျဆုံး ထင်ယင့်။

ဝါသု (အမျိုးသားသစ္စာဖြင့်)

0 comments: