Pages

Thursday, December 12, 2013

“ရန်ကုန်ကို ကယ်တင်ပါ”


 “ရန်ကုန်ကို ကယ်တင်ပါ” ဆိုတဲ့စကားတစ်ခွန်း ဆရာတော်တွေ မိန့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု အချိန်က ရန်ကုန်ကို ကယ်တင်ဖို့ထက် ကယ်တင် လို့ရနိုင်သေးရဲ့လားဆိုတာ ကျနော်တို့ စဉ်းစားရမယ့် အချိန် ရောက်လို့နေပါတယ်။ ရန်ကုန်မြို့ဟာ မွတ်စလင်အင်အားကြီးတဲ့မြို့၊ အစ္စလာမ် ဥပဒေနဲ့ မသိမသာအုပ်ချုပ်ခံနေရတဲ့ မြို့အဖြစ် ဒီနေ့ ဒီအချိန်မှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပါပြီ။ နိုင်ငံတော်ဘာသာနေ့မှာ သာသနာ့အလံလွှင့်ခွင့်ကို တရားဝင်နီးပါး တားဆီးပိတ်ပင် ခံရတဲ့မြို့။ သံဃာတော်တွေကို ဝေဖန်စော်ကားနေတဲ့ ဂျာနယ် မီဒီယာတွေ အဓိကအခြေစိုက်ရာမြို့။ မြန်မာနိုင်ငံအတွင်းမှာ ရခိုင်ပြည်နယ်ပြီးရင် ဗုဒ္ဓဘာသာ ၀င်တွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံးမြို့။ အခုနောက်ဆုံးတော့ ဘယ်လိုမှနားမလည်နိုင်တဲ့ ဥပဒေ ၂ခု ထွက်လာခဲ့ပါပြီ။ သံဃာတော်တွေကို ဆန္ဒပြစီတန်း လှည့်လည်ခွင့် တားဆီးဖို့ ရန်ကုန်တိုင်းအစိုးရရဲ့ ကျိုးပမ်း ဆောင်ရွက်မှုနဲ့ တရားပွဲဥပဒေသစ်တွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းမှာ ၂၀၁၄ ခုနှစ်၊ ၁ လပိုင်းအတွင်း ကျင်းပပြုလုပ်မယ့် နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ ဓမ္မသဘင်တရားပွဲတစ်ခုကို ကျင်းပပြုလုပ်ခွင့် တင်ရာမှာ အခက်အခဲမျိုးစုံတွေ့ခဲ့ရပါတယ်။ တရားဟောပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာတော် တော်တော် များများကို တရားဟောခွင့် ပိတ်ပင်ထားသလို ဗဟန်းမြို့ နယ် အုပ်ချုပ်ရေးမှူးရုံးက တောင်းဆိုတဲ့အချက်တွေဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ ကျနော်တို့လို တိုင်းပြည်အတွက် သည်းခံခွင့်လွှတ်ပေးလို့ မရတဲ့၊ ၀မ်းနည်းခံပြင်းဖို့ကောင်းတဲ့ အချက်တွေ အများကြီး ပါဝင်လာခဲ့ပါတယ်။ တရားပွဲမှာ ပါဝင်တဲ့ တရားဟောဆရာတော်တွေထဲမှာ အမျိုးသားရေးလုပ်နေတဲ့ နာမည်ကြီးဆရာတော်တွေ၊ ဥပမာ- ဆရာတော် ၀ီရသူနဲ့ ဆရာတော် ပညာဝရတို့လို ပုဂ္ဂိုလ်တွေကို တရားဟောခွင့်မပြုပါဘူး။ တရားပွဲကျင်းပမယ့် တည်နေရာကို မြေပုံနဲ့တကွ တည်နေရာ အတိအကျ ဖော်ပြပေးရပါတယ်။ ဓမ္မသဘင်တရားပွဲမှာ ပါဝင်တဲ့ တရားဟောသံဃာတော်တွေရဲ့ ထေရုပတ္တိအကျဉ်းနဲ့ လက်ရှိနေထိုင်သီတင်းသုံးတဲ့ နေရာရဲ့ ထောက်ခံချက် ပါဝင်ရပါတယ်။ နောက်တစ်ချက်ကတော့ “ဟောကြားမယ့်တရားတော် အကျဉ်းချုပ်” ဖြစ်ပါတယ်။ ဒါဟာ သည်းခံနိုင်စရာ စည်းကမ်း မဟုတ်ပါဘူး။ တရားဟောသံဃာတော်တွေက လူတွေကို တရားမဟောခင် အုပ်ချုပ်ရေးမှူးတွေဆီကို ဟောကြားမယ့် တရားအကျဉ်းချုပ် တင်ပြပြီး သူတို့ကြိုက်မှ သူတို့ခွင့်ပြုမှ တရားပွဲ ကျင်းပရမယ့် အနေအထားတစ်ခုဖြစ်ပါတယ်။ နောက်တစ်ချက်က တရားပွဲကျင်းပတဲ့ လမ်းထဲက လမ်းသူ လမ်းသားများရဲ့ သဘောတူ ထောက်ခံချက်ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက တရားပွဲကျင်းပမယ့် ရပ်ကွက်/ လမ်းထဲက ဘာသာခြားတစ်ချို့ရဲ့ သဘောတူထောက်ခံချက် မပါရင်၊ ကန့်ကွက်မယ်ဆိုရင် ဒီတရားပွဲကို ကျင်းပခွင့်မရှိတဲ့ပုံ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးနဲ့ အဲ့ဒီထဲကမှ ဗဟန်းမြို့နယ်အုပ် ချုပ်ရေးမှူး “ဦးမြတ်သိန်းထွန်း” ရဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် နှိမ့်ချစော်ကားချက်ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်ဆိုတာ တကယ်တော့ ဘုရားပိုင်မြေဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးနဲ့ တန်ခိုးအကြီးဆုံး စေတီတော်မြတ်ကြီးတည်ရှိ နေရာမြို့၊ ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ တကူးတကလာရောက် ဖူးမြော်ရတဲ့ အထွဋ်အမြတ် မြေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံ၊ ရှေးအဆက်ဆက် ဗုဒ္ဓဘာသာ နိုင်ငံအဖြစ်သာမက ဒီနေ့ထက်ထိပါ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကမ္ဘာက သိတဲ့ ဒီနိုင်ငံမှာ လက်ရှိအုပ်ချုပ်သူလူတစ်စုဟာ ဗုဒ္ဓဘာသာကို နှိမ့်ချစော်ကားပြီး အစ္စလာမ်တရားတော်နဲ့အညီ အုပ်ချုပ်ဖို့ မသိမသာ ကူးပြောင်းနေတယ်လို့ ကျနော်မြင်ပါတယ်။ ဒီကိစ္စကိုလဲ နိုင်ငံတော်အကြီးအကဲတွေအထိကို တင်ပြပြီးတော့ ဗုဒ္ဓဘာသာကိုနှိမ်တဲ့ ဒီလိုလူတွေကို အရေးယူနိုင်ဖို့ ကြိုးစားသွား ပါ့မယ်။ —

0 comments: