Pages

Saturday, December 7, 2013

မြန်မာနိုင်ငံ၏ လ၀က ဒုဝန်ကြီး ၂ ယောက်က တစ်ယောက်တစ်မျိုးစီ ပြောနေကြပါလား


တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ အား အရေးယူမည်မဟုတ်ဘဲ တည့်မတ် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး( ဦးဝင်းမြင့် )က ပြော သည်။

”နိုင်ငံသား စိစစ်ရေးကတ်ပြား အရေးယူမယ့်ကိစ္စ မဟုတ်ပါဘူး။
စိစစ် ပြီးတော့မှ မဖြစ်လည်း တည့်ပေးလိုက် တာ မျိုးပါ။
ဖမ်းပြီး အရေးယူတဲ့ ကိစ္စက မဟုတ်ပါဘူးခင်ဗျ” ဟု ၂ဝ၁၄ ခုနှစ် လူ ဦးရေနှင့် အိမ်အကြောင်း အရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး( ဦးကျော်ကျော်ဝင်း) က ပထမအကြိမ် ပြည်ထောင် စုလွှတ်တော် ၁၁ ရက်မြောက်နေ့တွင် တိုင်းရင်းသား မဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း ကို ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဝန်ထမ်း များအား ထုတ်နုတ် ရွေးချယ် ကာ မန္တ လေး တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်း များနှင့် ပူးပေါင်း စစ်ဆေးေ နပြီဖြစ် ကြောင်း ၄င်းအစီအစဉ်ကို ဇန်နဝါရီလ အတွင်းက ရေးဆွဲ ခဲ့ပြီး ဖေဖော်ဝါရီလ ဆန်းကစတင်လုပ်ဆောင်ခဲ့ကာ စိစစ် မှု တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ သာမက တိုင်းရင်းသား မဟုတ်သော သူများကို ထုတ်ပေးထားသည့် နိုင်ငံ သားစိစစ်ရေးကတ်ပြား၊ အမျိုးသား မှတ်ပုံတင်ကတ်ပြားပုံစံ ၁ဝ နှင့် ဧည့် စာရင်းများကို တိုက်ဆိုင် စစ်ဆေးနေ ကြောင်း ဥပဒေနှင့် ညီညွတ်ခြင်းမရှိ သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ တွေ့ ရှိပါက လိမ်လည်လျှောက်ထားသူ သို့မဟုတ် လိမ်လည် ထုတ်ပေးထားသည့် ဝန်ထမ်းအား ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ေ ကြာင်း ပြောကြားခဲ့သည်။


တည်ဆဲ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေမှာတော့
----------------------------------------------
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ

# ပုဒ်မ( ၁၈ )…နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန် ဖေါ်ပြခြင်း ၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကိုရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ် နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည် ။

# ပုဒ်မ( ၁၉ )…နိုင်ငံသားတစ်ဦးသည် မသမာသော နည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် ။ သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် ၊ သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျင်
ထောင်ဒဏ် ခုနှစ်နှစ် နှင့် ငွေဒဏ် ကျပ်တစ်သောင်းကျခံစေရမည် ။ လို့
အတိအကျဖေါ်ပြထားပါတယ် ။

* အရေးမယူဘဲ တည့်မတ်ပေးလိုက်မယ် လို့မပါပါဘူး ။
ဥပဒေအထက်မှာ မည်သူမျှမရှိရ တို့ ၊ တရားဥပဒေစိုးမိုးရေး တို့ကို
ဝန်ကြီးတွေ နဲ့ တိုင်းရင်းသားမဟုတ်သူတွေ လိုက်နာစရာ မလိုဘူးထင်တယ် ။

( Than Tun Than )

1 comments:

Unknown said...

မှတ်ပုံတင် နိုင်နဲ့ ပြုနဲ့ခံစားခွင့်ကအတူတူဘဲလား