Pages

Tuesday, December 10, 2013

မြန်မာ.အချုပ်အခြာအာဏာကိုထိပါးလာသော ပြည်ပစွက်ဖက်မှုနှစ်ခု



ယခုတစ်လော မြန်မာနိုင်ငံအပေါ်သွေးတိုးစမ်း ထိုးနှက်တိုက်ခိုက်မှုနှစ်ခုပေါ်ပေါက်လာသည် ။ တစ်ခုက မြန်မာတို.၏ အိမ်နီးချင်း တရုတ်ပြည်မှလာသည် ။ နောက်တစ်ခုက မြန်မာတို.၏ အိမ်နီးချင်းပင်ဖြစ်တော်မူသော ဘင်္ဂလားဒေ.ရှ် နိုင်ငံသား ဘင်္ဂလီများနှင်.ပါတ်သက်ပြီး ဝေးလံခေါင်ဖျား ကုလသမဂ္ဂမှလာသည် ။

တရုတ်ပြည်သည်မြန်မာနှင်.ပါတ်သက်လာလျင် ဘက်ပေါင်းစုံမှ အကျိုးအမြတ်ထွက်နေတာကြာပေပြီ ။ မြန်မာပြည်အမှောင်ခေတ်တွင်နေခဲ.ရစဉ်က အာဏာလက်ရှိစစ်အစိုးရကိုကျောထောက်နောက်ခံ ကာကွယ်ပေးခဲ.မှုအတွက် ကျေးဇူးတုန်.ပြန်မှု လက်ဆောင်အဖြစ် မြန်မာတစ်နိုင်ငံလုံးမှ သယံဇာတများကိုလုပ်ချင်သလို လုပ်ခွင်.ရခဲ.သည် ။ မြန်မာ.မြေမှ ကျောက်စိမ်းတုံးများသည်လည်းကောင်း ၊ သစ်ပင်တောတောင်တို.သည်လည်းကောင်း ၊ ကျား ၊ ဆင်(စွယ်) ၊ မြွေ ၊လိပ် ၊ တောက်တဲ.၊ ခွေး ပါမချန် မျိုးတုန်းလုနီးပါး သတ်ဖြတ်ခံကြရသည် ။တရုတ်ပြည်သို. ကားကြီးကားငယ်များဖြင်.ပို.ကြသည် ။ ကြောင်လျာသီး ၊ လဲမှို. မှအစ ရေနံနှင်.သဘာဝဓါတ်ငွေ.အထိ ပေါက်ဖော်ကြီးများကိုကျေးဇူးဆပ်ကြရသည် ။ ပေါက်ဖော်ကြီးတို.၏ကျေးဇူးသည်စစ်အစိုးရ နှင်. အရပ်သားတစ်ဖြစ်လဲ ဒီမိုကရေစီအစိုးရ( ယခင် စစ်ဗိုလ်ချုပ်များ ) အပေါ် ကြီးမားလွန်းရကား တစ်လုပ်စားဖူးသူ.ကျေးဇူးကိုဘယ်တော.မှမမေ.တတ်သော ပုဂ္ဂိုလ်များ ဖြစ်သဖြင်. ဧရာဝတီမြစ်ကြီးကိုသော်လည်းကောင်း ၊ မြွေတောင်ဖားတောင်ကိုသော်လည်းကောင်း ၊ လက်ပံတောင်းတောင် ၊ကြေးနီတောင် ၊စံပါယ်တောင်များကိုသော်လည်းကောင်း ထပ်မံထိုးကြွေးဖို. ကြံစည်အားထုတ်လာကြရာ ကံကြီးပေ၍ မေခ ၊ မလိခ မြစ်နှစ်မွှာမှာ သေရွာမှ ပြန်၍ သတိလည်လာပေသည် ။ သို.သော်ကြက်ကလေးကို စွန်သုတ်ဖို.ချောင်းသလို ဧရာဝတီကို နဂါးကြီး ချောင်းနေသည်ကား လုံးဝလက်လျှော.သေးသည်.အရိပ်လက္ခဏာမရှိပေ ။

အမိမြန်မာပြည်သည် သမိုင်းတစ်လျောက် သူပိုင်ဆိုင်သော ရုပ်ဝတ္တုပစ္စည်းများကို ဂန္စာလရာဇ်တိုင်းပြည်သို. အများဆုံး ထောက်ပံ.ဆက်သခဲ.ရာမှ ၂၁ ရာစုဆန်းသောအခါ “ ထုတ်ကုန်နှစ်ဆ တိုးမြှင်.ကြ “ ဟူသော စစ်အစိုးရ၏ဆောင်ပုဒ် ကိုအားကျ၍ပေလောမသိ ပို.ကုန်အမယ်သစ်တစ်ခုကို ထပ်မံတိုးချဲ.ခဲ.ပြန်လေသည် ။ ထိုပို.ကုန်ကား ခါတိုင်း ဂုတ်သွေးစုတ်သလို သစ်တော ၊ ကျောက်စိမ်း ၊ ပတ္တမြား၊ နီလာ ၊ ကြေးနီ ၊ သဘာဝဓါတ်ငွေ.တို.မဟုတ် ။ မြန်မာနိုင်ငံမှသက်ရှိလူသားမိန်းကလေးများကို Inport /Export လုပ်ကြခြင်းပေတည်း ။ တစ်အိမ်ထောင်ကလေးတစ်ယောက်နှုန်းမူဝါဒအရ မျိုးရိုးအမည်ဆက်ခံရန် သားယောက်ကျားလေးများကိုသာ မိသားစုတိုင်းလောက်နီးပါးလောက်က ရယူခဲ.ကြခြင်းအကျိုးဆက်အဖြစ် ယနေ.တရုတ်ပြည်ကြီးဝယ် ယောက်ကျားနှင်.မိန်းမ အချိုးမမျှတော.ပဲ လက်ထပ်စရာ သတို.သမီး ရှားပါးလာရာ မှ မြန်မာ ၊ လာအို ၊ ဗီယက်နမ် ၊ကမ္ဘောဒီးယားစသည်. ဆင်းရဲသည်.နိုင်ငံများမှ မိန်းကလေးများကို ခေတ်သစ် ကျေးကျွန်ပြုမှုအဖြစ် လူကုန်ကူး လာကြခြင်းပေတည်း ။ မြန်မာနိုင်ငံ မှ အသိပညာဗဟုသုတနည်း၍ ရိုးသားကြရှာသော မိန်းကလေးများမှာ ပြည်တွင်းမှ အသားထဲကထွက်သောလောက်ကောင်များကြောင်. တရုတ်ပြည်သို.လိမ်ညာ ရောင်းစားခံကြရ၏ ။ ဘ၀ပျက်ကြရ၏။ခေတ်သစ် လိင်ကြေးကျွန်ပြုခံကြရ၏ ။ သို.သော် ထိုကိစ္စများသည် ဥပဒေ ဘောင်ကိုကျော်၍ ခိုးကြောင်ခိုးဝှက် လုပ်နေကြသော ရာဇ၀တ်မကင်းသောလုပ်ငန်းတစ်ခုအဖြစ်မှ မြန်မာ.မြေ မြန်မာ.ရေ ၊မြန်မာ.ပိုင်နက်ထဲအထိ အောက်ပါဆိုင်းဘုတ်များကိုတရုတ်ဘက်မှ မကြာသေးမီက ဗြောင်ကျကျ တရုတ်မြန်မာ နှစ်ဘာသာဖြင်. ရေးသားဖြန်.ဝေကြေငြာလာကြသည်အထိအတင်.ရဲလာကြလေသည် ။ကြော်ငြာ၌ ရေးသားထားသည်မှာ

“ ပူးပေါင်းဆောင်ရွက်ရန်မိတ်ဆွေများအလိုရှိသည် ။
အိမ်ထောင်ရေးမိတ်ဆက်ပေးခြင်း
တရုတ်ပြည်မကြီးတွင်အိမ်ထောင်ပြုလျင်သာလွန်မှု - အဖေ မိဘ၊ ညီအစ်ကိုမောင်နှစ်မတို. တရုတ်ပြည်မကြီးအတွင်းသို. ဆွေမျိုးသားချင်း တွေ.ဆုံနိုင်ခြင်း၊အလုပ်လုပ်နိုင်ခြင်း ။
တရုတ်ပြည်မကြီးတွင် စီးပွားရေးဖွံ.ဖြိုးတိုးတက်ခြင်း ၊စက်ရုံများပြားသည် ။
အမျိုးသမီးလစာငွေသည် ၂၅၀၀ ယွမ်ခန်.ရှိသည် ။ ယောက်ျားလစာငွေသည် ၄၅၀၀ ယွမ်ရှိသည် ။
အကယ်၍ သင်.တွင်ဆွေမျိုးပေါက်ဖော်မိတ်ဆွေသူငယ်ချင်း များ တရုတ်ပြည်တွင်အိမ်ထောင်ပြုချင်လျင် ကျွန်တော်နှင်.ဆက်သွယ်ပါ ။အောင်မြင်လျင် ကျေးဇူးတင်ငွေ ၃၀၀၀ ယွမ်ပေးမည် ။(မှတ်ချက်။ မြန်မာငွေ ငါးသိန်းခန်.နှင်.ညီမျှသည် )
တရုတ်ပြည်တရားဝင်မှတ်ပုံတင်၍ အိမ်ထောင်ပြုလက်မှတ်ရယူနိုင်သည်
ဖုန်း 130 9521 6697
ဖိတ်ခေါ်ခြင်း - တရုတ်စကားပြောတတ်သည်.အမျိုးသမီးဝန်ထမ်းအလိုရှိသည် “

ေ၇ွှလီ ၊ကြယ်ခေါင်မှာသာမက မူဆယ်ကဲ.သို.သော မြန်မာ.မြေ မြန်မာ.ရေ ၊ နယ်စပ်မြို.များတွင် ဤသို. ဗြောင်ကြေငြာလာကြခြင်းသည် မြန်မာတို.၏အချုပ်အခြာအာဏာကိုဗြောင်ကျကျ စိမ်ခေါ်ထိပါးလာခြင်းဖြစ်သည် ။ လူကုန်ကူးခြင်းသည် ကြီးလေးသောရာဇ၀တ်မှုဖြစ်သည် ဟုသတ်မှတ်ထားသော မြန်မာ.မြေ၀ယ် ဥပဒေကိုလာရောက်စိမ်ခေါ်ခြင်းဖြစ်သည် ။ သွေးတိုးစမ်းကြည်.ခြင်းလည်းဖြစ်ပါသည် ။ ဤ ကြော်ငြာများကိုသာ အရေးမကြီးဟု အာဏာပိုင်တို.လစ်လျူ ရှုလိုက်ပါက မြန်မာအမျိုးသမီးများတရားဝင်လူကုန်ကူးခံရဖို. လမ်းဖွင်.ပေးလိုက်သကဲ.သို. ရှိပြီး မရေမတွက်နိုင်သော ရိုးသားသည်. မြန်မာမိန်းကလေးများ တရုတ်လက်ကျရောက်၍ ဘ၀ပျက်ပါလိမ်.မည် ။ အဆိုးဆုံးသောကိစ္စမှာ မြန်မာဘက်မှ မိန်းကလေးများ တရုတ်ပြည်သို.တရားမ၀င်ပို.နေခြင်းကိုမြန်မာ.ဥပဒေကသာ လူကုန်ကူးရာဇ၀တ်မှုအဖြစ်သတ်မှတ်ထားသော်လည်း တရုတ် အစိုးရက သူ.နိုင်ငံသားများကိုအရေးမယူပဲ သာမန် လက်ထပ်ထိမ်းမြားမှုတစ်ခုအဖြစ်သာခပ်ပေါ.ပေါ.သဘောထားပြီး လူကုန်ကူးမှုတွင်ပါဝင်ခဲ.သောတရုတ်နိုင်ငံသားများကို အရေးမယူ ခြင်းဖြစ်သည် ။ ယခုအခါတစ်ဆင်.တက်၍ မြန်မာဘာသာဖြင်. လူကုန်ကူးရန်သွေးဆောင်ဖျားယောင်းလာကြခြင်းမှာ မြန်မာ.အချုပ်အခြာအာဏာကို နားရွက်တံတွေးဆွတ်လာခြင်းဖြစ်၍ သက်ဆိုင်ရာမှ ခပ်ပေါ.ပေါ.သဘောမထားပဲ သံတမန်ရေးအရ ပြင်းထန်စွာကန်.ကွက်သင်.ပါသည် ။ ထိုသို.မဟုတ်ပဲ တရုတ်ကျေးဇူး တွေ ကျွန်တော်တို.မှာရှိပါသည် မပြောဝံ.ပါ ဟုဆိုလာပါလျင်မူကား မြေမျို၍လူမျိုးမပြုတ် ၊လူမျိုမှလူမျိုးပြုတ်မည်ဟူသော လူဝင်မှုကြီးကြပ်ရေးရုံးများမှ ဆိုင်းဘုတ်များကိုဖြိုချဖျက်ဆီး၍ သင်္ချိုင်းတွင် မြေမြှုပ် သင်္ဂြိုဟ်ပစ်လိုက်ကြဖို.ပဲ ရှိပါသည် ။ ဤကား မြန်မာ.အချုပ်အခြာအာဏာကိုထိပါးလာသော ပထမကိစ္စပေတည်း ။

နောက်ကိစ္စတစ်ခုကား ကုလသမဂ္ဂ အထွေထွေညီလာခံ လူ.အခွင်.အရေးကော်မတီက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင်.ပေးရန် ၂၀၁၃ နိုဝင်ဘာလ ၁၉ ရက်တွင် မြန်မာအစိုးရအားတိုက်တွန်းခဲ.သည်.အဆို ဖြစ်သည် ။ တကယ်တော.အိုးကမပူ စလောင်းကပူ ဆိုသလို မဆီမဆိုင်လက်ပံသားဓါးနှင်.ချိုင်သောဆုံးဖြတ်ချက်ဖြစ်သည် ။ အဘယ်.ကြောင်.ဆိုသော် ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံတွင် မည်သည်.လူတစ်စုကိုတော. နိုင်ငံသားပြုခွင်.ပေးလိုက်ပါ ဟု သြဇာပေးညွှန်ကြားနိုင်သော အဖွဲ.ဟူ၍ ကုလသမဂ္ဂအပါအ၀င် မည်သည်.အဖွဲ.အစည်းမျှ ဤကမ္ဘာပေါ်တွင်မပေါ်ပေါက်ဖူးသေးပါ ။ နိုင်ငံသားဖြစ်ခွင်.လို ဘ၀နှင်.ချီ၍ အရေးကြီးသောကိစ္စကိုမဆိုထားနှင်. အမေရိကန် ၊အင်္ဂလန် စသောနိုင်ငံများသို.အလည်အပတ်တစ်ခါသွားဖို. ပြည်ဝင်ခွင်.ဗီဇာရဖို.ပင် သံရုံး၏တစ်မိန်.တစ်အာဏာ ဆုံးဖြတ်ချက် ဖြင်. ဗီဇာရဖို.ပင်ဘယ်လောက်ခက်သလဲဆိုတာလူတိုင်းသိပါသည် ။ ထိုကိစ္စကို ကုလသမဂ္ဂ က ၀င်၍ ဟိုလူတွေကိုတော. ဟိုဗီဇာပေးလိုက် ၊ ဟို တိုင်းရင်းသားတွေကိုတော. မင်းတို. D.V ဗီဇာ ပေးလိုက် ကြ ဟုပြော၍ ရမည်လော ။ မြန်မာသည် ဆင်းရဲသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရေး အင်အား ၊ စီးပွားရေးအင်အားချွတ်ခြုံကျနေသဖြင်. ခပ်လွယ်လွယ်ဝေဖန်ကြခြင်းဖြစ်သည် ။ သြစတေးလျသို.ရောက်လာသော လှေစီးဒုက္ခသည်များအား လက်မခံတော.ပဲ ပါပူဝါနယူးဂီနီကျွန်းသို.ပို.ဆောင်ထားတော.မည်ဖြစ်ကြောင်း သြစတေးလျ (သူဌေး )အစိုးရ ကကြေငြာလိုက်သောအခါ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ.နိုင်ငံများသည် အာခံတွင်း ၌ ဆူပါဂလူး ( Super Glue ) ထည်.လိုက်သည်.သဖွယ် ၀ဇီပိတ်အဓိဌာန်ဝင်ကြတော.သည်မှာတရားကျဖွယ်ကောင်းပါသည် ။ တရုတ်ပြည်မကြီးက လူနည်းစု တိဘက်များကို အနိုင်အထက်ပြုမူနေကြသည်များအား စီးပွားရေးတရုတ်နဂါးကြီး မျက်စောင်းရှမှာစိုးသဖြင်. မည်သူမျှမပြောကြပါ ။ ယခုအခါ မြန်မာနိုင်ငံလိုအဘက်ဘက်မှအားနည်းသောနိုင်ငံတစ်ခု ကျမှ ကြံကြီးစည်ရာ ပေါက်ပေါက်ရှာရှာ ရွာလွန်ရွက်တိုက်သော ဆုံးဖြတ်ချက်ကို ချလာခဲ.လေသည် ။

ဤဆုံးဖြတ်ချက်ထွက်လာလာခြင်းပင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ အပါအ၀င် သမ္မတရုံးပြောခွင်.ရပုဂ္ဂိုလ် ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီး ၊ နိုင်ငံရေးပါတီအသီးသီးမှခေါင်းဆောင်များ နှင်.ပြည်သူလူထုကလက်မခံပါယ်ချခဲ.လေသည် ။ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေညီလာခံ လူ.အခွင်.အရေးကော်မတီ သည်မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေကြောင်း တုံ.ပြန်ပြောဆိုလိုက်ပေသည် ။ ထို.အပြင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်းလူနည်းစုတို.သည် တိုင်းပြည်မဲ.များမဟုတ်ဟုငြင်းဆိုလိုက်သည် ( စောင်.ကြည်.ဂျာနယ် အတွဲ ၈ - အမှတ် ၂၅ ) ။ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ်ဥက္ကဌ ဦးအေးသာအောင်ကလည်း ကုလသမဂ္ဂလူ.အခွင်.အရေးကော်မတီ၏ တိုက်တွန်းချက်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုထိပါးစော်ကားခြင်းဖြစ်သည်ဟု ပြောကြားခဲ.ပါသည် ။ NLD ပြောရေးဆိုခွင်.ရှိသူ ဦးဥာဏ်ဝင်းကလည်း

“လူသားတစ်ယောက်အနေနဲ.နိုင်ငံသားဖြစ်ခွင်.ရတာကိုနားလည်တယ် ။ဒါပေမယ်. ရိုဟင်ဂျာဆိုတာ ကျွန်တော်တို.လက်မခံဘူး ။ရိုဟင်ဂျာဆိုတာရှိတာမဟုတ်ဘူး ၊ဗမာ.သမိုင်းမှာလည်းမရှိဘူး ၊ အဲဒိနာမည်တပ်ပြောရင်တော.ကျွန်တော်လက်မခံဘူး “

ဟုပြောကြားခဲ.သည် ( Daily Eleven သတင်းစာ ၂၀၁၃ နိုဝင်ဘာ ၂၁ ရက် ) ။
ကုလသမဂ္ဂလူ.အခွင်.အရေးကော်မတီ၏မယောင်ရာဆီလူးဆုံးဖြတ်ချက်ကို အဘယ်ကြောင်. အစိုးရရော အတိုက်အခံရော ၊ပြည်သူကပါ သောသောညံအောင် ကန်.ကွက်နေကြသနည်း ။ အဖြေမှာရှင်းသည် ကုလသမဂ္ဂသည် ကိုယ်.အလုပ်ကိုယ်မလုပ်ပဲ အဖွဲ.၀င်နိုင်ငံတစ်နိုင်ငံကို ကြားဝင်သြဇာပေးနေသောမမှန်ကန်သည်.ကိစ္စကိုကန်.ကွက်နေခြင်းဖြစ်သည် ။ နိုင်ငံခြားသားများသည် မြန်မာ.မြေကို ရောက်ဖူးသူများလဲမဟုတ်ကြ ။မြန်မာ.သမိုင်းကြောင်းကိုလဲမသိကြ ။ ကြားဖူးနားဝနှင်. တစ်ယိုထဲယို ၊ တစ်ဟင်ထဲဟင်ကာ ၊ တစ်ဂျာထဲဂျာနေကြခြင်းဖြစ်သည် ။ မည်သည်.နိုင်ငံမဆို လူဝင်မှူဥပဒေရှိရာ ထိုဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင်.ကိုဆုံးဖြတ်မည်ဖြစ်သည် ။ ဟိုလူ.ကိုဟိုထဲထည်.လိုက်စမ်းပါ ၊ဒီလူ.ကိုဒီဘက်ပို.လိုက်စမ်းပါတို.လုပ်၍ မရ ။ မြန်မာနိုင်ငံသားဖြစ်မှုကို မြန်မာနိုင်ငံက တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ နိုင်ငံသား ဥပဒေဖြင်.တိုက်ဆိုင်ဆုံးဖြတ်ရမည်ဖြစ်သည် ။ ဥပဒေအထက်တွင်မည်သည်.တိုင်းရင်းသားမှမရှိပါ။ မည်သည်.ပြည်ပစွက်ဖက်မှုမှမရှိပါ

မြန်မာနိုင်ငံတွင် ပျူခေတ်ကျောက်စာများတွင်လည်းကောင်း ၊ ပုဂံခေတ်ကျောက်စာတွင်လည်းကောင်း ၊ ပင်းယ ၊အင်းဝ ၊စစ်ကိုင်း ၊အမရပူရ ၊ရတနာပုံ ၊ ကိုလိုနီ ခေတ် ၊ ဂျပန်ခေတ် ၊ ၊ အင်္ဂလိပ်ပြန်ဝင်သော S.A.S (B) ခေတ် ၊ လွတ်လပ်ပြီးခေတ် ၊ ဖဆပလခေတ် ၊ မဆလ ခေတ် တို.တွင် အနှီရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား (၁၃၅ )မျိုးတွင် မကြားဖူး ၊မမြင်ဖူးပါပဲလျက် န.၀.တ ၊ န.အ.ဖ ခေတ်ဒီင်္မိုကရေစီအစိုးရလက်ထက်တွင်မှ ခေါင်းထောင်ထလာသည် မှာ အလွန် ထူးဆန်းသောမျိုးစိတ်သစ်တစ်ခုသို.ဖြစ်နေပါသည် ။ ရိုဟင်ဂျာဟူသောအမည်ကိုမြန်မာပြည်၌ ပထမဆုံးသုံးခဲ.သည် မှာ မူဂျာဟစ်ပါတီဝင်တစ်ဦးဖြစ်သူ အဗဒူလာဂါဖါ ရေးသည်. ၁၉၅၁ သြဂုတ် ၂၀ ရက်နေ.ထုတ် ဂါးဒီးယန်းနေ.စဉ် သတင်းစာပါ “ The Sudeten Muslim “ ဟူသည်.ဆောင်းပါးတွင် စတင်တွေ.ရပါသည် ။ တဖန် ရိုဟင်ဂျာဟူသောစကားအဓိပါယ်မှာလည်း ရိုဟင်(Rohin ) သည် ဘင်္ဂလီလို ရခိုင် ဒေသကိုခေါ်ဝေါ်ခြင်းဖြစ်ပြီး ၊ ဂျာ( Gya ) ဆိုသည်မှာ ပြန်လာသူဟုအဓိပါယ်ရပါသည် ။ ထို.ကြောင်.ရိုဟင်ဂျာ ဟူသည် မှာ ရခိုင်ဒေသမှပြန်လာ သောသူဟုအဓိပါယ် ရပါသည် ။လူမျိုးတစ်မျိုးအမည်မဟုတ်ပါ ။ ဥပမာအားဖြင်. ဆိုဗီယက်ပြန် ဦးမောင်မောင် ၊ ဂျာမဏီပြန်မောင်မောင်ကြီး ၊ယိုးဒယားပြန်အမာစိန်ဟူသောနာမည်များ၌ ဆိုဗီယက်ပြန် ၊ ဂျာမဏီပြန် ၊ ယိုးဒယားပြန် ဟူသော စကားလုံးများမှာ လူမျိုးတစ်မျိုး၏အမည်ဖြစ်သည် ဟု ပြောဆိုနေသလိုမျိုးဖြစ်သည် ။ အကယ်၍ ဘင်္ဂလီတစ်စုသည် နယ်မြေခြင်းနီးစပ်ခဲ.၍ အင်္ဂလန် ၊အမေရိကန် ပြည်များသို. မကြာခနသွားရောက်နိုင်ခဲ.လျင် ထိုသို.တိုင်းကြီးပြည်ကြီးမှပြန်လာသူများကို သူတို.ဘင်္ဂလီအချင်းချင်း အင်္ဂလန်ဂျာ ( Englandgya ) ၊ အမေရိကန်ဂျာ ( Americangya ) ဟူ၍ ခေါ်ရပေလိမ်.မည် ။ နှစ်ပေါင်းများစွာကြာသောအခါ နယ်စပ်တွင်နေနေသောထို အင်္ဂလန်ဂျာ ၊ အမေရိကန်ဂျာ များမှာ အင်္ဂလန်နိုင်ငံသား ၊ အမေရိကန်နိုင်ငံသားဖြစ်ကြရမည်လော ။ မဖြစ်ခဲ.ပါက မဖြစ်ရကောင်းလောဟု ကုလသမဂ္ဂ လူ.အခွင်.အရေးကော်မတီမှ တိုက်တွန်းသော ဆုံးဖြတ်ချက်ချမည်လော ဆိုသည်မှာ တွေးစရာကောင်းလှသည် ။ အကယ်၍ လူမျိုးတစ်မျိုးသည်ဘိုးစဉ်ဘောင်ဆက် နှစ်နိုင်ငံနယ်စပ်တွင် တကယ် နေထိုင်ခဲ.လျင် ဟိုဘက်နိုင်ငံ ၊သည်ဘက်နိုင်ငံ နှစ်နိုင်ငံစလုံးတွင် ထိုလူမျိုးသည် နှစ်ဖက်စလုံးသို.ပျံ.နှံ.ရောက်ရှိသွားလေ.ရှိ၏ ( ဥပမာ နာဂလူမျိုး သည် မြန်မာ နှင်. အိန္ဒိယ နှစ်ဘက်စလုံးတွင်ရှိသည် )။ သို.သော် နယ်စပ်တွင်နေနေပါလျက် ရိုဟင်ဂျာဟူ၍ မြန်မာဘက်မှာသာ တစ်ဖက်သတ်တောင်းဆိုနေကြပြီး ဘင်္ဂလားဒေ.(ရှ်)ဘက်၌ ရိုဟင်ဂျာ လူမျိုးမရှိခြင်းကလည်း လိမ်ဆင်ကြီးမှန်းသိသာပေ၏ ။

နိုင်ငံတိုင်းတွင် နိုင်ငံသားပြုရေး ဖြစ်စဉ် ၌ သတ်မှတ်မှတ်ထားသော စံချိန်စံညွှန်းများ ၊ ဥပဒေ များရှိကြပါသည် ။ နိုင်ငံသားဖြစ်မှုလို ကိစ္စကြီးကို အသာထား၍ ကားမောင်းသောကိစ္စလေး ကိုပင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ဆော်ဒီဥပဒေဖြင်. အမျိုးသမီးများကားမမောင်းရ ၊ ခေတ်ပညာမသင် ရ ဟူသောအချက်များကို ကန်.သတ်ပြဌာန်းထားပါသည် ။ နိုင်ငံသားဖြစ်ရေးကိစ္စဆိုလျင်တော.ပြောစရာပင်ရှိတော.မည်မဟုတ်ပါ ။ အချို.နိုင်ငံများသည် နိုင်ငံသားနှစ်ခုခံယူခြင်းကိုလက်ခံပါသည် ။အချို.နိုင်ငံများက နိုင်ငံသားနှစ်ခု ဖြစ်နေခြင်းကိုလက်မခံပါ ။ တစ်နိုင်ငံသာလက်ခံပါသည် ။ နိုင်ငံသားပြုမှု ၊ဖြစ်မှုသည် ကုလသမဂ္ဂနှင်.မဆိုင်ပါ ။ လူ.အခွင်.အရေးကော်မတီ၏အလုပ်လည်းမဟုတ်ပါ ။ နိုင်ငံတစ်ခုချင်း၏ပြည်တွင်းရေးဖြစ်ပါသည် ။ နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်.နက်အတွင်းကျရောက်ပါသည် ။

လူ.အခွင်.အရေးကော်မတီအနေဖြင်. လူ.အခွင်.အရေးအကြောင်း ပိုမိုဇောင်းပေးပြောကြားလိုပါက ဆီးရီးယားတွင်အသတ်ခံနေရသော ပြည်သူများအကြောင်းကိုပြောနိုင်ပါသည် ။ ကျောက်တော်နှင်.ပေါက်တောမြို.နယ်တွင်လူမဆန်စွာအသတ်ခံခဲ.ရသော ငါးနှစ် ၊ခြောက်နှစ်အရွယ် မိန်းကလေးများအကြောင်းကိုပြောသင်.ပါသည် ။ ဂွမ်တာနာမိုအကျဉ်းစခန်းတွင် အမေရိကန်တို.ကတရားမစွဲပဲ အကျဉ်းချထားခံ၇သော မွတ်ဆလင်အကျဉ်းသားများ ကိစ္စကိုပြောသင်.ပါသည် ။ပညာသင်ချင်သဖြင်.ကျောင်းသို.သွားသောမိန်းကလေး၏ဦးခေါင်းကိုသေနတ်ဖြင်.ပစ်သော နိုင်ငံမှလူများကို ပြောသင်.ပါသည် ။ ယောက်ကျားရင်.မာကြီးများက မိန်းကလေးတစ်ဦးအား အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ မြေကြီးထဲတွင်ဦးခေါင်းပေါ်ရုံမြှုပ်ကာမသေမချင်း လူမဆန်စွာခဲဖြင်.၀ိုင်းပေါက်သတ်ကြသောနိုင်ငံများသို.သွား၍ ပြောစေလိုပါသည် ။ မြန်မာနိုင်ငံမှ ဘင်္ဂလီများ မြန်မာနိုင်ငံသားဖြစ်ဖို.ကိစ္စသည် သင်တို.ပြောရမည်.ကိစ္စမဟုတ် ။ မြန်မာ ၏အချုပ်အခြာအာဏာကိုလာ၍ ထိပါးနေသောကိစ္စဖြစ်ပါသည် ။

မြန်မာကား အနောက်ဖက်မှရော အရှေ.ဘက်မှပါ အရာကြီးရော ပေါက်ဖော်ကြီးကပါ ညှပ်ပူးညှပ်ပိတ် ဒုက္ခပေးနေမှုကို တစ်ပြိုက်နက်ခံနေရသောအခါသမယဖြစ်သည် ။ မြန်မာ.စိတ်ရင်းသည်းခံခြင်းသည် ဤလိုနေရာမျိုးမှာ ထားရှိရမည်.သဘောထားမဟုတ် ။ ပြတ်သားစွာ တုန်.ပြန်ရမည်.အခါကာလဖြစ်သည် ။ အားနာတော.ခါးပါဆိုသလို ကျွန်တော်တို. မျိုးဆက်တွင်ညံ.ခဲ.ကြပါက နောင်အနာဂါတ်ဝယ် မြန်မာနိုင်ငံတော်ကြီးသည်” ပြည်ထောင်စု အစ္စလာမ်မစ်သမ္မတမြန်မာနိုင်ငံတော် “ သော်လည်းကောင်း “ တရုတ်ပြည်သူ.သမ္မတ မြန်မာနိုင်ငံတော် “ သော် လည်းကောင်း ဖြစ်ကုန်ကြပေအံ. ။

သရ၀ဏ် (ပြည်)
News Watch ဂျာနယ် ၁.၁၂.၂၀၁၃

0 comments: