Pages

Thursday, December 5, 2013

“၂၀၁၅-အတွက် အလွန်အရေးကြီးတဲ့ အနေအထားတစ်ခုပါ”

“၂၀၁၅-အတွက် အလွန်အရေးကြီးတဲ့ အနေအထားတစ်ခုပါ”….. ချေးခြောက်ရေနှုးတာတော့ မဟုတ်ပါဘူး…ဒါပေမဲ့ “မပြောမပြီး” “မတီးမမြည်” “မဆွဲမပါ” “မလာမရောက်” ဆိုတော့လည်း……။ White card အကြောင်းကပဲ စရတော့မယ်ဗျ……။ မြန်မာပြည်တွင်းက ဘင်္ဂါလီနဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကို ခွဲခြားဖို့ ဘယ်သူဘယ်ဝါရဲ့သားသမီး ဘယ်မှာနေတယ်ဆိုတဲ့ သက်သေခံကတ်ပြား လိုအပ်တယ် ဘာမှ အထောက်အထား မရှိရင် နောက်ထပ်ခိုးဝင်လာမယ့် ဘင်္ဂါလီတွေကို ဘယ်လိုမှ ခွဲခြားနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်းပြချက်ကို ခေါင်းစဉ်တပ်လို့ စစ်အာဏာရှင်လက်ထက် ကြံဖွတ်ရဲ့ မဟာအကြံတော်ကို လ.ဝ.က ရေမြင်းကြီးတို့က အကောင်အထည်ဖေါ်လို့ white card တွေထုတ်ပေးခဲ့တာ အားလုံး သိပြီးသားကိစ္စပါ…..။ ဒါပေမဲ့White card ထုတ်ပေးရုံသာမက white card ကိုင်တွေကို မိမိပါတီအကျိုးအတွက် လတ်တလော အသုံးချဖို့ တစ်ခုတည်းလောက်ကိုသာတွေးပြီး white card ကိုင်တွေ မဲပေးပိုင်ခွင့် ပါတီထူထောင်ခွင့်တွေ ရရှိဖို့ ၂၀၁၀-မှာနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ဥပဒေအမှတ် ၂ /၂၀၁၀ ကို ထုတ်ပြန်ခဲ့တာဟာ တစ်ကယ့်ပြဿနာကြီးကို ဖန်တီးလိုက်ခြင်းပါပဲ…..။ “ကြံဖွတ်ပါတီ” အကျိုးအတွက် အခြေခံဥပဒေကို အတိအလင်းချိုးဖေါက်တဲ့ “ဥပဒေမဲ့ ဥပဒေတစ်ရပ်”ကိုထုတ်ပြန်လိုက်ခြင်းပါ…။ white card တွေကို မဲပေးပိုင်ခွင့် ပါတီထူထောင်ပိုင်ခွင့်ပြုလိုက်ခြင်းဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့အပြင် သမိုင်းမှာ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အမှားကြီးတစ်ခုကို အသေအချာ ကျူးလွန်လိုက်ခြင်းပါပဲ….။


ခုအခါမှာ……… ကျုပ်တို့နိုင်ငံရဲ့ “အတိုက်အခံပါတီကြီး”ကလည်း ဒီအမှားကြီးကို ဘယ်လို နည်း-နိဿယတွေနဲ့ ဝိုင်းဝန်း ကုစားကြမယ်လို့ စိတ်မကူးပဲ ကိုယ့်ပါတီအကျိုးအတွက် ဒီအမှားကြီးကို လက်ညိုးထိုး--ဒီအမှားကိုပဲ ခုတုံးလုပ်လို့ သူမှားခဲ့တဲ့ အမှားကို ငါအသုံးချလိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခြင်း ဥပဒေကိုတောင်ပြင်ကြဦးမတဲ့…..။ ၁၂-၆-၂၀၁၃ နေ့က YMCA ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ကွန်ယက်ပေါင်းစု (Unity for peace network) ကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို လက်မခံပါဘူးဆိုပြီး အသံတွေ ညီလိုက်ကြပါလေရောလား…။ စဉ်းစားကြည့်ကြပါဦးဗျာ…… မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသား (၁၃၅)မျိုးမှာ သိန်းဂဏန်း ဝန်းကျင်လောက်ပဲ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများကြီးရှိနေပါတယ်..... ဒီအချိန်မှာ ဘူးသီးတောင် မောင်းတောကိုကြည့်လိုက်စမ်းပါ တိုင်းရင်းသား (၇၂,၆၁၆)ဦးသာ ရှိပြီး ဘင်္ဂါလီ နိုင်ငံခြားသား (၇၃၈,၃၉၃) ဦးရှိနေလေပြီ။ ရခိုင်ပြည်နယ် တစ်ခုလုံးအနေနဲ့ဆိုရင် ဘင်္ဂါလီဦးရေ သန်းချီနေပြီပေါ့။ သန်းနဲ့ချီနေတဲ့ ဝှိုက်ကဒ်ကိုင် ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်သွားပြီး လက်ရှိ ပြည်တွင်းက နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေနဲ့ ပေါင်းမိသွားရင်တော့……………….. သူတို့အားကောင်းလာရင် ဘာတွေဘယ်လို လုပ်တော့မယ်ဆိုတာ ခင်ဗျားတို့ ကျုပ်တို့ သိပီးသားတွေပဲလေ…..။ ဒါကြောင့် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် တင်သွင်းတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀)- ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ အမှန်တစ်ကယ်ကို ပြင်ဆင်သင့်တဲ့ ဥပဒေတစ်ရပ်ဖြစ်သလို ဒေါက်တာအေးမောင်ပြောတဲ့ စကားတွေကလည်း အမျိုးသားရေး ရှုထောင့်ကပဲ ကြည့်ကြည့် အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှု အရပဲကြည့်ကြည့် တကယ့် လိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး……..။ ““နိုင်ငံသား တရားဝင် မဖြစ်သေးဘဲ ပါတီတည်ထောင်ခွင့်တွေ မဲပေးခွင့်တွေ ရှိတယ်ဆိုတာတွေကို ပြင်ရမှာပါ။ နိုင်ငံသား မဟုတ်သေးဘဲ ဒို့တာဝန် အရေးသုံးပါး လိုက်နာမယ်လို့ ဘယ်လောက်ပြောပြော ယုံကြည်လို့ မရနိုင်ဘူး””……….။ ““ပါတီ တည်ထောင်လိုသူများ ပါတီဝင်များဟာ ပြည်ထောင်စု အမျိုးသား သစ္စာရှိမှု အမြင့်ဆုံး အဆင့်မှာရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်…… မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင်မှ ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ အနိမ့်ဆုံးဖြစ်ရန် လိုအပ်ပါတယ်””…….။ ““ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ သူတွေနဲ့ အရွေးခံနိုင်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၉ (က) အရ “နိုင်ငံသားများသာ” ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် မ ၃၄၅ (က)အရ နိုင်ငံသားဆိုသည်မှာ “ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ” ဖြစ်ရပါမယ် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသား ဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေး ပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်စေ အခြားတည်ဆဲ ဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်”” လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်…..။ (ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်မှာ ကြံဖွတ်အမတ်က ကန့်ကွက်လို့ ဒီအဆိုကို ဆွေးနွေးရန် သင့်/မသင့် မဲခွဲဆုံးဖြတ်ရာမှာ….NLD ကိုယ်စားတွေက ဆွေးနွေးသင့်ကြောင်းလေးတောင် မထောက်ခံကြတာတော့ စဉ်းစားစရာပါ။) ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာ အချက်အလက်တွေ ရှိတာကို လက္ခံပေမဲ့ အရင်ဆုံး ပထမဆုံး ပြောချင်တာကတော့………. ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခြင်း ဥပဒေကိုပြင်သင့်တာလား ဥပဒေနဲ့မညီတဲ့ ဥပဒေဖြစ်တဲ့ န.အ.ဖ ရဲ့ ၂ /၂၀၁၀ ကို ပြင်သင့်သလားဆိုတာ အန်ကယ် ဦးသိန်းညွန့်ပြောတဲ့စကားလေးနဲ့ အသေအချာ စဉ်းစားကြည့်ကြပေတော့ဗျို့…….။ “၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအား (၅) နှစ် အချိန်ယူ ရေးဆွဲထားခြင်း ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ ရေရှည်တည်တန့်နိုင်ရေးအတွက် ရေးဆွဲထားခဲ့သည့် “အလွန်အရေးကြီးသည့် ဥပဒေတစ်ရပ်” ဖြစ်သောကြောင့် ဥပဒေချိုးဖောက်သူများအား “ခေတ်နှင့်အညီ အရေးယူ အပြစ်ပေးမှုများ ပြင်ဆင်ရန်မှတစ်ပါး” အခြားမရှိပေ….။ အနာဂတ်မြန်မာနိုင်ငံတော်အတွက် အရေးကြီးတဲ့အနေအထားမှာ ရွှေမြန်မာ တိုင်းရင်းသားအပေါင်းတို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အသေအချာစဉ်းစားလို့ ပုဂ္ဂိုလ်စွဲ ပါတီစွဲကင်းရှင်းစွာဖြင့် သွေးနီးကြဖို့ လိုနေပြီဖြစ်ကြောင်း သတိပေး နိုးဆော်လိုက်ရပါတယ်ခင်ဗျား……။ (နဂါးမာန်)

0 comments: