Pages

Monday, December 2, 2013

ကြည့် ... ဘယ်လောက် လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လဲဆိုတာ။



ဆရာကြီးဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) သည် မွတ်ဆလင်မှ ခရစ်ယာန်၊ ထိုမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့သော သူတော်ကောင်းကြီးပင်ဖြစ်သည်။ အမှောင်တိုက်မှ အလင်းဆောင်လာဝံ့သူ သတ္တိရှင် လူတော် လူကောင်းတစ်ဦး ဖြစ်သည်။ သူ၏ အကြောင်းကို ကိုယ်တိုင်းရေအတ္ထုပ္ပတ္တိအဖြစ်ရေးသားခဲ့သော “ရတနာသုံးပါးကို ကြည်ညိုလာသူတစ်ယောက်အကြောင်း“ တွင်ဖတ်နိုင်သည်။ ဆရာကြီး၏ ဟောပြောချက်များတွင် ကြားနာချက်များအရ မွတ်ဆလင်များက အစ္စလာမ်ဘာသာမှ ယခု ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားသဖြင့် ငရဲရောက်မည်ဟု ခြိမ်းခြောက်ကြသည်၊ ဤလိပ်မူခြင်းခံရသော မူဆလင်ခေါင်းဆောင်ဦးအေးလွင်ဆိုသူကလည်း ဆရာကြီးထံထိုသို့သော ခြိမ်းခြောက်စာမျိုးပေးခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ဤသို့ တုန့် ပြန်စာကို ဆရာကြီးက ပြန်ရေးခဲ့သည်ဟု ဆိုပါသည်။ ဆရာကြီးသည် မိမိကိုယ်တိုင်က ဒသနဆရာကြီးတစ်ဦးပီပီ တွေးခေါ်မြော်မြင် ဆင်ခြင်တတ်သဖြင့်သာ ဤသို့ “ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်“ ဖြစ်လာခဲ့ခြင်းပင် ဖြစ်ပေသည်။ ဆရာကြီးကို ရခိုင်ပြည်တွင်မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဂုဏ်ယူဖွယ်ရာ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ပင် ဖြစ်ပေတော့သတည်း။ အောက်တွင် မူဆလင်ဦးအေးလွင်ထံ ပြန်ရေးသည့်စာကို ပြထားသည်။
+++++++++++++++++++++++++++++++++++++++++++++

သို့
ဦးအေးလွင် (Bsc)

လူကြီးထံမှ ပို့ပေးလိုက်သော စာမျက်နှာ (၃၈) မျက်နှာပါ ကျွန်တော့်သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာကို လက်ခံ ရရှိပါသည်။
လူကြီးမင်းလေ့လာသိရှိထားသည့် အချက်အလက်များကို ကျွန်တော့်အား သိစေလိုသော စေတနာဖြင့် အပင် ပန်းခံကာ ရေးသား သင်ကြားပေးသည့် အတွက်လည်း လူကြီးမင်းကို များစွာကျေးဇူးတင်ပါကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည်။

ကျွန်တော်သည် သိပြီးသူတစ်ယောက်မဟုတ်ပါ။ သိလိုသူတစ်ယောက်သာဖြစ်ကြောင်း ကျွန်တော့်စာမှာ ပေါ်ပါသည်။ ကျွန်တော့်စာတွင် ဘာသာပေါင်းစုံအကြောင်း၊ ဒသနာပေါင်းစုံအကြောင်း ပါပါသည်။ ထိုဘာသာ အယူ ၀ါဒများ၊ ဒသနာများကို ဗုဒ္ဓဘာသာဝင်များ အခြေခံကျကျသိစေလိုရ်သာ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ မည် သူ့ကိုမျှ နစ်နာစေလိုသော စေတနာဆိုး မရှိပါ။

လူတိုင်းမှာ လွတ်လပ်စွာ မိမိကိုးကွယ်လိုရာ ကိုးကွယ်ခွင့်ရှိပါသည်။ ထိုသဘောကို ကျွန်တော့်မိခင် နားလည် သွားသောအခါ ကျွန်တော့်အတွက် စိတ်မချမ်းမသာဖြစ်ခဲ့ရသော မိခင် ကျေနပ်စေရန် ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်သူ တစ်ယောက်အကြောင်း... သို့သော အတုပ်ပတ်တိစာကို ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့် မိခင် ကျွန်တော့်အပေါ်နားလည်ပြီး ခွင့်လွှတ်ပြီးဖြစ်ပါတယ် ခင်ဗျာ...

လေးစားစွာဖြင့် (ဆန်းလွင်)

...........

Photo credit: Aung San Oo

0 comments: