Pages

Thursday, December 5, 2013

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမှ White Card ကိစ္စကို ကန့်ကွက်


မည်သည့်နိုင်ငံတွင်မှမရှိသော ဘင်္ဂါလီများအပါအ၀င် white card ကိုင်ဆောင်ထားသူအား နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းမှုအား အာဏာရပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ ကန့်ကွက်သဖြင့် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန်ရွှေ့ဆိုင်း

http://news-eleven.com/politics/22533-မည်သည့်နိုင်ငံ၌-မရှိသော-ဘင်္ဂါလီများ-အပါအ၀င်-white-card-ကိုင်ဆောင်ထားသူအား-နိုင်ငံရေးပါတီ-တည်ထောင်ခွင့်ကို-ပြင်ဆင်သည့်-ဥပဒေကြမ်း-တင်သွင်းမှုအား-အာဏာရ-ပြည်ခိုင်ဖြိုးပါတီ-လွှတ်တော်ကိုယ်စားလှယ်-ဦးလှဆွေ-ကန့်ကွက်သဖြင့်-အမျိုးသား-လွှတ်တော်တွင်-မဲခွဲဆုံးဖြတ်ရန်-ရွှေ့

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့သဖြင့် အမျိုးသားလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအေးမောင်က ယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခြင်း ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ)တွင် ပါရှိသော "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သောပါတီ တည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်" ဆိုသည့် စကားရပ်အစား "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွှတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်" ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


"ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့သူတွေနဲ့ အရွေးခံနိုင်သူများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅(က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ထိုသို့ ဥပဒေကြမ်း တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးလှဆွေက ပြင်ဆင်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သလို ဖြစ်နေသည့်အတွက် ကန့်ကွက်ကြောင်း ပြောကြားသည်။

"ဒီနိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုတာ အခြေခံဥပဒေမှာ အခန်း ၁၀ ပုဒ်မ ၄၀၄(က)မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဒ်မ ၄၀၄(ခ)မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုဖြစ်တဲ့ သူတွေဟာ ဒီမှာဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာ ဖော်ပြထားတာ ဖြစ်တဲ့အတွက်ကြောင့် တန်းတူအခွင့်အရေး ရတယ်၊ ဒါတွေကို အခြေခံ ဥပဒေကို ချိုးဖောက်ပြီးတော့ ဒီလိုမျိုး ပြန်ပြင်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအဆိုကို ကန့်ကွက်ပါတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ပြောကြားခဲ့သည်။

ထို့နောက် ဥပဒေကြမ်း တင်သွင်းမှု အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြုလုပ်ခဲ့သော်လည် လူမစုံသည့်အတွက် မဲခွဲဆုံးဖြတ်သည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူဘင်္ဂါလီများက မဲပေးခဲ့ကြသဖြင့် ဒေသခံ တိုင်းရင်းသား ရခိုင်အများစုမှ ကျေနပ်ခြင်း မရှိဘဲ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါ white card ကိုင်ဆောင်သူများနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသားအဓိပ္ပာယ် သတ်မှတ်ချက်ကို တိတိကျကျ သတ်မှတ်ရန် တိုင်းရင်းသားပါတီ တစ်ခုအနေဖြင့် ကြိုးပမ်းလာခြင်း ဖြစ်သည်။

0 comments: