Pages

Monday, December 16, 2013

ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အခမ်းအနား - ရန်ကုန်မြို့


ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အခမ်းအနားကို ပုဇွန်တောင်မြို့နယ် စင်္ကာပူ ပရိယတ္တိ စာသင်တိုက်တွင် ဒီဇင် ဘာ ၁၂ ရက် ည ၇း၃၀ နာရီတွင် ကျင်းပ နေပါသည်။ အမည်။ မပိုးဥချို ၁၂/ကတတ နိုင် ---- နေရပ်။ ၃၇ လမ်း ကျောက်တံတားမြို့နယ် လူမျိုး။ ဗမာ ဖြစ်စဉ်။ ၂၀၀၉ ခု သြဂုတ်လ အသက် ၂၀ အရွယ်တွင် မူဆလင် ကုလားတစ်ဦးနှင့် နီးစပ်နေထိုင် ကာ ယုံကြည်မိခြင်းဖြင့် ဗုဒ္ဓဘာသာဟု လိမ်လည်ကာ ခိုးယူ ပေါင်းသင်းခြင်း ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် ကိုယ့်ဘာသာ ကိုယ်ကိုးကွယ်နိုင် သည် ဟူသော စကားကို ယုံကာ ဆက်လက် ပေါင်းသင်း ခဲ့ပါသည်။ သို့သော် တစ်လအကြာ စက်တင် ဘာလ ၂၈ ရက်တွင် ပင် အစ္စလာမ်ထုံးစံဟုဆိုကာ နိကာဟ်ဖတ်ကြားကာ ဘာသာပြောင်းစေ ခဲ့ပါသည်။ နောက်ပိုင်းတွင် မူဆလင် သက်ပိုင် စိုးသည် ညတိုင်း ညနက်မှ အရက်မူးပြန်လာကာ ပြဿနာရှာ ရိုက်နှက်ခြင်းပြုပါသည်။ နောက်ထပ် အမျိုးသမီးများနှင့် ဖောက်ပြန် ၍ ဤသို့ မပြုရန်ပြောသောအခါ သူတို့ ဘာသာထုံးစံဟု ပြောပါသည်။ စိတ်ဆင်းရဲလွန်း၍ ကွာရှင်းခွင့် တောင်းသော်လည်း မ ပေးပါ။ အမျိုးမျိုး ကိုယ်စိတ် ဆင်းရဲအောင် နှိပ်စက် ပါသည်။ ၃ နှစ်သား မောင်နောင်ခေတ်သွေးကိုလည်း မူဆလင် ဘာသာ သွတ်သွင်းရန် ဆောင် ရွက်လာသောကြောင့် မည်သို့မျှသည်းမခံ နိုင်တော့ပါသဖြင့် မိမိနှင့် သားငယ်တို့သည် ဗုဒ္ဓဘာသာသို့ တရားဝင် ကူးပြောင်းခြင်း ကို တရားဝင် ကျင်းပပြုလုပ် ရခြင်း ဖြစ်ပါသည်။ အခမ်းအနားသို့ ထေရဝါဒ ဓမ္မကွန် ရက် နာယကနှင့် အမှုဆောင် များ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ သတင်းထောက်များ ဧည့်ပရိဿတ်များ တက်ရောက်ကြသည်။ ထို့နောက် ဘာသာပြန်လည်ပြောင်းသူ မပိုးဥချိုက ဆရာတော်များရှေ့တွင် လက်မှတ် ထိုးကာ ရှေ့နေကြီး ဦးအေးပိုင် က ဆောင် ရွက်ကာ ဆရာ ဓမ္မစက္က ဦးမောင်မောင် က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးကာ ဆရာတော်များက သရဏဂုံနှင့် သြဝါဒများ ကိုမိန့်ကြားကာ အခမ်းအနားကို အောင်မြင် စွာ ကျင်းပခဲ့ပါသည်။ အထူးအစီအစဉ်အရ ယခင်က ဘာသာ ကူးပြောင်းခဲ့သူ မခင် မျိုးဦးက ကြိုဆို မိတ်ဆက်စကား ပြောကြားသည်။ 
From : Idf Myanmar

0 comments: