Pages

Saturday, June 9, 2012

သူတို့ သဘောထား



" မပြောမဖြစ်တဲ့ကိစ္စတွေလလွဲပြီး တော်တော်များများကို သီးညည်းခံပြီး ကျနော်တို့ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာကိစ္စနဲ့ ပါတ်သက်တဲ့ ကျနော်တို့သဘောထားကို အတိအလင်းပြောပါ့မယ်။ ရိုဟင်ဂျာသည် ကျနော်တို့ တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဗူးသီးတောင် မောင်းတောကိစ္စတွေ နယ်စပ်ကနေတရားမဝင် ဖြတ်ကျော်လာကြတဲ့ ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာများ နဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေပါ ပါနေပါတယ်လို့ပဲမြင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံတကာ နိုင်ငံကြီးတွေအနေနဲ့လည်းပဲ မြန်မာနိုင်ငံရဲ့ အခြေအနေ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေပြသနာကို ကောင်းစွာနားလည်သိကြွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီးတော့ ပြောဆိုနေကြတာတွေဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်တယ်လို့ပဲ ကျနော်တို့သတ်မှတ်ပါတယ်။ ( ရိုဟင်ဂျာဟာ) မျိုးရိုးဗီဇအရရော ယဉ်ကျေးမှုအရရော ဘာသာစကားဓလေ့ထုံးတမ်းများအရရော ကျနော်တို့နိုင်ငံတွင်းမှာနေထိုင်နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ လုံးဝ ပါတ်သက်ခြင်း မရှိပါဘူး။ နိုင်ငံသားအနေနဲ့ ကျနော်တို့ သီးခြားပြောပါ့မယ်။ ကျနော်တို့နိုင်ငံမှာ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အားလျှော်စွာ တရုပ်ရှိတယ် အန္ဒိယလူမျိုး မျိုးနွယ်စုတွေရှိတယ် ကျနော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင်အဆက်ဆက် လာနေတဲ့အတွက်ကြောင့် နိုင်ငံသားအဖြစ်နဲ့ ခံယူခွင့် ရရှိထားသူတွေရှိပါတယ်။ အဲဒါဟာ နိုင်ငံသားဆိုတဲ့ကိစ္စပါ။ အဲ့ဒီတော့ ဘင်ဂါလီပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပုဂ္ဂိုလ်များကိုတော့ နိုင်ငံသားတဦးရဲ့ အခွင့်အရေး နိုင်ငံသားတယောက်ကိုကာကွယ်တဲ့ ကာကွယ်စောင့်ရှောက်ရမဲ့ ကျနော်တို့တာဝန်ကို အပြည့်အဝလက်ခံပါတယ်။ ဒါဟာ ကျနော်တို့ တရုပ်ကုလား မခွဲပါဘူး။ သို့သော်ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ်ဖိအားပေးလာတာမျိုးကိုတော့ ကျနော်တို့ သီးညည်းခံမှာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက် အင်္ဂလိပ်စကားကျွမ်းကျင်မှုကို အစစ်ဆေးခံရပါတယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက် တိုင်းရင်းဘာသာစကားတခုခုကိုတော့ ကျွမ်းကျင်ဖို့လိုပါမယ်။ နောက်သူဟာ မိရိုးဖလာအစဉ်အဆက်နေထိုင်ခဲ့သူဖြစ်တယ် ဒီနိုင်ငံယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို တီးမိခေါက်မိတယ် ဖြစ်တယ်ဆိုတာကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင်မှ အင်တာဗျူးတွေလုပ်ပြီးတော့မှ စစ်ဆေးပြီးတော့မှ စိစစ်ပြီးမှခွင့်ပြုတာပေါ့။ ကျနော်တို့ဆီမှာပေါက်လွတ်ပဲစားလာပြီးတော့ လက်ခံရမယ်ဆိုပြီး ဖိအားပေးတဲ့ ကိစ္စကတော့ လုံးဝသီးညည်းခံမှာမဟုတ်ပါဘူး။ လူမျိုးရေးကိစ္စတွေနဲ့ ပါတ်သက်လို့ အစိုးရအဆက်ဆက်က နိုင်ငံတကာနဲ့ မျက်နှာမပျက်ရအောင် လိုက်လျှောမှုတွေ ပြုခဲ့ပါတယ်။ အဲ့တာဟာ လူသားချင်းစာနာမှုရှူ့ဒေါင့်ကနေ ပြီးတော့ ဒုက္ခသည်များအဖြစ်နဲ့ ကျနော်တို့ဖက်ကလက်ခံခွင့်ပြုခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရိုဟင်ဂျာပြသနာကို ဘယ်ကမှ လက်မခံတဲ့ နယ်နိုင်ငံကမှ လက်မခံမှု ကြောင့် လူသားချင်းအနေနဲ့ ဒုက္ခသည် အနေနဲ့ လူသားချင်းစာနာမှုအနေနဲ့ ကိုယ်ချင်းစာပါတယ် စာနာပါတယ်။ ဒါပေမဲ့ ကျနော်တို့လူမျိုးသဘောကောင်းမှု လိုက်လျှောမှုကို နိုင်ငံကြီးတွေအနေနဲ့ အားနည်းတဲ့ နိုင်ငံက ဒီပြသနာကို လက်ခံရမယ်လို့ဖိအားပေးတာမျိုးကို လုံးဝ သည်းညည်းမခံပါဘူး။ ကိုယ့်အချုပ်အခြာကိစ္စ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို လက်ခံရမယ်လို့ဖိအားပေးလာပြီဆိုရင် တပ်မတော်အင်အားစုနဲ့ အတူ ကျနော်တို့ဒီမိုကရေစီအင်အားစုအားလုံးက အမျိုးသားရေးပြသနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်" 

( ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး)

1 comments:

ဒုဋ္ဌဂါမဏိ said...

ကိုကိုကြီး ကြိုက်တယ်၊ ဒါမှ တကယ် ကျုပ်တို့ ၈၈ ကိုကိုကြီး အစစ်၊ ကျုပ် ကိုကိုကြီးကို ချင်ခင်လေးစားတာ ဒီလို ပြတ်သားတဲ့ ရပ်တည်မှုရှိလို့ပဲ၊ .....